Wednesday, April 15, 2015



"သူမကို ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီးလို့ လူတွေက သမုတ်ခဲ့ကြပေမဲ့.. ဒီအဖြစ်အပျက်ကဘဲ သူမကို ပိုမိုကြံ့ခိုင်စေခဲ့တယ်.."

Lizzie Velasquez ကို Documentary တစ်ခုအဖြစ် ပေါ်ထွက်လာစေခဲ့တဲ့ အတွေ့အကြုံ
YouTube မှာ ကြည့်ရူသူပေါင်း လေးသန်းအထိ ဖြစ်ခဲ့ပြီး ကမ္ဘာရုပ်အဆိုးဆုံး အမျိုးသမီးအဖြစ် မှတ်ချက်ပေါင်း ထောင်ချီသည် အထိ ဖြစ်စေခဲ့တဲ့ ဗီဒီယိုကို Lizzie Velasquez ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး.. အဲဒီအချိန်တုန်းက သူမအသက်က (၁၇) မျှသာရှိပါသေးတယ်။
"ဒီဗီဒီယိုကိုကြည့်တုန်းတဲ့ခဏတုန်းမှာဘဲ ကျွန်မ ကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွား ပြီလို့ခံစားလိုက်ရပါတယ်.." လို့ အသက် ၂၆ နှစ် ရှိပြီဖြစ်သော Lizzie Velasquez က တက်စက်စ် ပြည်နယ် အော်စတင်မြို့ရဲ့ SXSW မှာ စနေနေ့ကဘဲ အကြိုပွဲ အဖြစ် ပြသခဲ့တဲ့ သူမရဲ့ Documentaryအသစ်"BraveHeart"ရိုက်ကူးဖြစ်စေခဲ့တဲ့ အကြောင်းကို  PEOPLE  မဂ္ဂဇင်းကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။ "ကျွန်မ ကိုယ်ကျွန်မ ဒီ အဖြစ်ဆိုးကြီးထဲကနေ ဘယ်လို အဖတ်ပြန်ဆယ်ရမလဲ ဆိုတာ တွေးလို့မ၇အောင်ပါဘဲ" ဟု သူမ ဆက်ပြောခဲ့သည်။ 
ဒါပေမဲ့ ကိုယ်အလေးချိန် တက်ခြင်းကို ဟန့်တားတဲ့ ရှားပါး ရောဂါတစ်မျိုးကြောင့် ကိုယ်အလေးချိန် ၆၃ ပေါင်သာရှိတဲ့ Velasquez ဟာ ဒီအဖြစ်အပျက်ဆိုးကြောင့်ဘဲ အနိုင်ကျင့်သူ တိုက်ဖျက်ရေး လှုပ်ရှားတက်ကြွသူ နှင့် စိတ်ဓာတ်ခွန်အားပေးဟောပြောသူတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။
"ဒီ ဗီဒီယိုဖန်တီးသူတွေကို တွေ့ခဲ့ရင် ကျွန်မ အားရပါးရဖက်ပြီး ကျွန်မဘ၀အတွက် အကောင်းဆုံး အရာကို ယူဆောင်ပေးခဲ့လို့ ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းသာ ပြောလိုက်ချင်ပါတယ်.." ဟုသူမက ပြောခဲ့သည်။
 

"ဒီ ဗီဒီယိုလေးဟာ ကျွန်မ ဘ၀ရဲ့ အရာရာတိုင်းကို ပြောင်းလဲစေခဲ့ပြီး ကျွန်မအတွက် သာလျှင်မက အခြားအနိုင်ကျင့်ခံရတဲ့သူတွေ အတွက် ပါ အရေးဆိုနိုင်တဲ့ လမ်းကြောင်းလေးတစ်ခုဖြစ်လာခဲ့ပါပြီ" ဟုလည်း သူမ ပြောခဲ့သည်။

တမုဟုတ်ချင်း ပြန့်နှံ့သွားတဲ့ သူမရဲ့ TEXx စကားပွဲ အပြီးမှာ Women Rising အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Sara Bordo က Velasquez ထံ သူမရဲ့ နေ့စဉ် ရပ်တည်မှု နှင့် ကြိုးပမ်းအားထုတ်မှုတွေကို မှတ်တမ်းတင် documentary ရိုက်ကူးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။


Sara Bordo အနေနဲ့ ဒီ မှတ်တမ်းတင် ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ဗဟိုအစိုးရ၏ အနိုင်ကျင့်မှု ဆန်ကျင်ရေး ဥပဒေမူကြမ်းကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပါတယ်။ YouTube ရဲ့ နာမည်ကြီး တစ်ဦးလည်းဖြစ် ထိပ်တန်း ထုတ်လုပ်ဖြန့်ချိသူတစ်ဦးလည်းဖြစ်သော IJustine ရဲ့ အာရုံစိုက်မှုကိုလည်း ခံခဲ့ရပြန်ပါတယ်။

" သူတို့ ရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေကို ရင်ဖွင့်လာကြတဲ့ လူတော်တော်များများနဲ့ ကျွန်မ တွေ့ဆုံခဲ့ရပါတယ် .. အများစုက ရင်ဖွင့် တဲ့ ခံစားချက်တွေက ကျွန်မခံစားခဲ့ရတာနဲ့ ထပ်တူပါဘဲ.. အွန်လိုင်းက ရေးသားချက်တွေဖတ်ပြီး ခံစားရတာမျိုးပေါ့.." လို့ Austin အခြေစိုက် Velasquez က ပြောပါတယ်။ " (သူတို့ဆီက) ဒီအဖြစ်အပျက်တွေကို ကြားသိရခြင်းက ကျွန်မ အခု လက်ရှိလုပ်နေတဲ့ အလုပ်တွေကို တကယ်ဘဲ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်" ဟုလည်း ပြောခဲ့ပါတယ်။
သူမ ရဲ့ ပန်းတိုင်က "ကိုယ်လုပ်ချင်တာကို လုပ်ဆောင်နိုင်ဖို့ မိမိကိုယ်ကို အရင်ချစ်မြတ်နိုးရမယ်" ဆိုတဲ့ အချက်ကို လူတွေ သိစေဖို့ ဖြစ်ပေမဲ့ သူမ ဘ၀ကတော့ ရုန်းကန်မှုတွေ ၊ အဟန့်အတားတွေ မရှိခဲ့တာမဟုတ်ပါဘူး။
"ကျွန်မ မူကြိုကျောင်းသူဘ၀ ရဲ့ ပထမဆုံးနေ့မှာကတည်းက အနိုင်ကျင့်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီး ကျွန်မ ခန္ဓာကိုယ်ကနေ ကျွန်မလွတ်မြောက်ထွက်ပြေးချင်စိတ်လည်း ခဏခဏဖြစ်မိပါတယ်.."လို့ မျက်လုံး တစ်ဖက် မမြင်ရသူ Velasquez ကဆိုပါတယ်။

"ဒါပေမဲ့ ကျွန်မမှာ ကမ္ဘာပေါ်မှာ ယုံကြည်အားထားစရာအကောင်းဆုံး အထောက်အကူပြုစနစ်ကို ပိုင်ဆိုင်နေပါပြီ" ဟုသူမ က ဆက်ပြောသည်။ "ကျွန်မငိုချင်တဲ့ အချိန်တိုင်း သူတို့က ကျွန်မကို ဒီလို အချိန်မျိုးတွေနဲ့ ကြုံစေတယ်။
" ဒီနေ့ဟာ ငါ အတွက် ၀မ်းနည်းစရာကောင်းတဲ့နေ့ ဒါပေမဲ့ နက်ဖြန်နေထွက် ပြီဆိုတာနဲ့ အားလုံးပြီးပြီဆိုပြီး ကျွန်မ ကိုယ့်ကိုကိုယ် ရက်ချိန်းပေးထားလိုက်ပါတယ်.. "

People.com မှ Ana Calderone ရဲ့ ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုသည်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!