Friday, April 17, 2015



*** မလျော့မတင်း စောင်းကြိုးညင်း ***ဆိုတဲ့စကားပုံပါပဲ

သူငယ်ချင်းတို့ ရေ.....စောင်းသံကို သာသာယာယာ ဖြစ်စေချင်ရင်
စောင်းကြိုး ညှိရသလို အရာရာ အဆင်ပြေချောမွေ့ အောင် မဟုတ်မလွန်
ကျင့်ကြံ ပြောဆိုရတယ်ဆိုတဲ့ ဆုံးမစကားပုံလေးပေါ့ သူငယ်ချင်းတို့ ရေ........
နေရာတိုင်းမှာ အလယ်အလတ် လမ်းစဉ်ကိုပဲ ကျင့်သုံးရမယ်လို့  ဆိုလိုတယ်နော်......

သူငယ်ချင်းတို့ ကို လူကြီးမိဘတွေက ဆုံးမတဲ့အခါ ဒီနည်းလမ်းကို သုံးကြရတာပေါ့
အတင်းအကျပ် ခိုင်းရင် သူငယ်ချင်းတို့ ဘယ်ကြိုက်ပါ့မလဲ အဲ့သလိုပဲ သူငယ်ချင်းတို့ 
အလိုကိုလိုက်ပြီး ခွင့်ပေးနေရမယ် ဆိုတာမျိုးလည်း ဘယ်လိုမှမဖြစ်နိုင်ဘူးလေး.......

လူရယ်လို့ ဖြစ်လာရင် ဆိုဆုံးမတာကိုလည်း ခံရမယ် ထိန်းကျောင်း ပဲ့ပြင်တာကိုလည်း
ခံရမယ် လူဆိုတာ ဝေဖန်တတ်ကြတယ် ဒါကြောင့် ချော့တိုင်းလည်း မပျော့ကြနဲ့ 
လျှော့တိုင်းလည်း မလျော့ကြလေနဲ့  မြှောက်တိုင်းလည်း မမြှောက်ကြနဲ့  ခြောက်တိုင်း
လည်း မကြောက်ကြလေနဲ့  စိတ်ကို တစ်မတ်တည်းထားဖို့  လိုတယ်နော်......

သူငယ်ချင်းတို့  အရွယ်မှာ အဲ့ဒီလို လေ့ကျင့်ဖို့  ခက်ခဲတဲ့ အခါလည်းရှိမယ် ၀မ်းနည်းတဲ့
အခါ ငိုလိုက်ရမှ ပျော်ရင် ရယ်မောလိုက်ရမှ ဆိုတဲ့ လူရဲ့  သဘာဝကလည်း ရှိတတ်တာကိုး
ဒါပေမဲ့ တဖြည်းဖြည်း ထိန်းချုပ်ကျင့်တတ်တဲ့အကျင့်လေး မွေးကြည့် ကြစေချင်တယ် ဘာဖြစ်
လို့လဲဆိုတော့ တကယ့်လူ့ လောကကြီးထဲကို ရောက်တဲ့အခါ ကိုယ်ဆန္ဒအတိုင်း ဖြစ်မလာ
တတ်ဘူးလေ အမြဲတမ်း ငိုနေလို့ ဖြစ်ပါ့မလား ဒေါသထွက်နေလို့ ရော ဖြစ်ပါ့မလား စိတ်ကို
အလယ်အလတ်မှာ ထားနိုင်ဖို့ လိုတယ် သူငယ်ချင်းတို့ ......

အောင်မြင်တဲ့ အခါလည်းရှိ ဆုံးရှုံးတဲ့ အခါလည်းရှိ တတ်တဲ့ လောကကြီးကို ခံနိုင်ရည်နဲ့ 
ရင်ဆိုင်သွားကြရမယ် စိတ်ဓာတ်ဟာ အရေးအကြီးဆုံးပဲနော် စိတ်ဓာတ်ကျမသွားမိစေနဲ့ 
အပျော်လွန် မသွားမိစေနဲ့  လုပ်ချင်တာကို အဆမတန် ထိန်းချုပ်မထားနဲ့  လုပ်ချင်ရာကို
လည်း လက်လွတ်စံပယ် မလုပ်လိုက်ပါနဲ့ ......

ကန့် သတ်မှုဆိုတဲ့ လောကနိတိဘောင်ထဲမှာ ကြိုးစားကြည့်ပါ သူငယ်ချင်းတို့ ရေ....
အဲ့ဒီဘောင်ဆိုတာ စည်းကမ်း ၀တ္တရား တာဝန် အချိန်ကာလ အသက်အရွယ် ဥပဒေ
စတာ တွေဖြစ်တယ် သူငယ်ချင်းတို့ တွေ သဘောပေါက်ပါတယ်နော်....

***ဘ၀အောင်ပွဲရရန်***
အပျော်အပါး ဂရုမစိုက်ပါနှင့်
နေ့ စဉ်အချိန် နှင့် အမျှ ပညာ ကုသိုလ် အလုပ်လုပ်ပါ
မိမိ အလုပ်၌ လည်းကောင်း မိမိကိုယ်၌ လည်းကောင်း
ငြီးငွေ့ ခြင်း မဖြစ်အောင် သတိပြုပါ
အကျိုးကျေးဇူးတရား အမြတ်ကိုသာ ရှာပါ
ကိုယ့်ကျေးဇူးကို သူတစ်ပါးက အသိအမှတ်ပြုအောင် လုပ်ပါ
အသေးအဖွဲကိစ္စများတွင် သောက ဗျာပါဒ စိတ်ထိခိုက်မခံနှင့်
ကိစ္စပြဿနာရပ်တို့ ၌ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပါ
ကျွမ်းကျင်မှုရအောင် အစဉ်ကြိုးစားလေ့လာပါ
သူတစ်ပါးတို့  ယုံကြည်မှု အားကိုးမှု လေးစားမှုရအောင်လုပ်ပါ
သူတစ်ပါးတို့ က ကူညီလာအောင် အားပေးလာအောင်ပြုလုပ်ပါ
စာရိတ္တဗလကို သူတစ်ပါးတို့ ထက် သာလွန်လာအောင် အထူးဂရုစိုက်ပါ.....
အားလုံးသော သူငယ်ချင်းတွေ ဆန္ဒနဲ့ ဘ၀ တထပ်ထဲ ကျပါစေလို့ ......


ကယ်ဖြစ်ချင် တကယ်လုပ်

“ဒီကောင်စာသင်လို့ကိုမရဘူး ဒါကြောင့်စောစော ကျောင်းထုတ်ပြီး ခိုင်းထားတာ”      
 “အလကားကောင်ပါ ဒီစာလေးတောင် ကျက်လို့မရတာ ထွန်းကားမှာမဟုတ်ဘူး”    
 ဖော်ပြခဲ့တဲ့စကားတွေကို မိတ်ဆွေသူငယ်ချင်းတွေရဲ့အိမ်ရောက်တိုင်း ကြားခဲ့ရတာပါ။ ဒါတွေက သူတို့ သားသမီးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ကောက်ချက်တွေလေ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အဲဒီ မိဘတွေရဲ့ကောက်ချက်ကိုကြားယောင်ရင်း နောက်တစ်ခေါက် သူတို့အိမ်တွေကိုရောက်ခဲ့တယ်။ စာသင်မရလို့ ကျောင်းထုတ်ပြီးခိုင်းထားရတယ်ဆိုတဲ့သူက ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျင်း ဒါရိုက်တာတဲ့။ ထွန်းကားမှာမဟုတ်ဘူး ဆိုတဲ့သူက လက်ရှိကုန်ကား ဆယ်စီးလောက်ထောင်ထားတဲ့ ကားအုံနာ အကြီးစားကြီး ဖြစ်ပြီး တစ်နေ့ သိန်းချီ ဝင်ငွေရှိနေသူ။
ငယ်စဉ်ကအဖြစ်အပျက်လေးတစ်ခုကို မှတ်မိပါသေးတယ်။ မောင်ကြည်ဆိုတဲ့သူငယ်ချင်းတစ် ယောက်။ စာသိပ်တော်တယ်။ အတန်းထဲမှာ ဂုဏ်ထူးဆောင်။ လူရည်ချွန်တွေ ဘာတွေတောင်ဖြစ် သေးသလား မသိဘူး။ ကျွန်တော်က သူ့နားမှာထိုင်ရတယ်။ စာသိပ်ညံ့တဲ့ ကောင်လေး တစ်ယောက်ပေါ့။ ဆရာတွေစာမေးတိုင်းရနေတဲ့သူ့ကိုကြည့်ပြီး အားကျစိတ်တွေနဲ့ ငါဘာဖြစ်လို့ သူ့လို စာမတော်ရတာလည်းလို့ အကြိမ်ကြိမ် ပြန်ပြီး မေးခွန်းထုတ်ခဲ့မိတယ်။
မောင်ကြည်ကစာသိပ်ကျက်တယ်။ အားလုံးအလွတ်ရအောင်ကျက်နေတာ။ သူမကျက်လည်း သူ့အိမ်ကအမြဲစာဆို ခိုင်းနေတတ်တော့ သူအမြဲတန်းစာကျက်နေရတာ အဆန်း မဟုတ်တော့ဘူး။ သူက ကျွန်တော့်ကိုအားကျတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့မိဘတွေက ကျွန်တော့်ကို ဘယ်တော့မှ အတင်းအကျပ်စာကျက်ခိုင်းတာမျိုးမရှိဘူး။ စာကျက်ခိုင်းရမှန်းလည်းမသိကြဘူး။ သူတို့ အလုပ်နဲ့သူတို့ ရှုပ်နေတတ်ကြတာ။ ကျွန်တော်က မောင်ကြည်ကိုအားကျပြီး စာကျက်ဖြေလိုက်တာ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တယ်။ သူကတော့ စာမေးပွဲကျခဲ့တယ်။
နှစ်ကာလတွေကြာလာတော့ တစ်နေ့မောင်ကြည်ကို ပြန်တွေ့လိုက်ရတာ မယုံချင်စရာ ကောင်းလိုက် တာ။ လမ်းဘေးမှာ မူးပြီးပုံလဲနေတဲ့ အရက်သမားတစ်ယောက်ဖြစ်နေတယ်လေ။ လူတွေ့တိုင်း ပိုက်ဆံလက်ဖြန့်လိုက်တောင်းနေတတ်တဲ့သူ့ဘ၀ကို ကျောင်းသားအရွယ် ပြည့်ပြည့် ဖောင်းဖောင်း မျက်နှာလေးနဲ့အစားထိုးရင်း ပြန်ပြီးလွမ်းမောနေမိတယ်။
အတန်းထဲမှာ ဆရာမကဆုံးမတိုင်း “မောင်ကြည်လို ကြိုးစား ဟိုအကောင်လိုမနေနဲ့” တဲ့။ ဟိုအကောင်ဆိုတာ ကျွန်တော့်ကိုပြောတာ။ စာမရလို့ အဲဒီနေ့က ခုံပေါ်တက်ပြီး မတ်တပ်ရပ် နေရတယ်လေ။ ဒီနေ့ ဆရာမ ရှိသေးရင် ကျွန်တော်က မောင်ကြည်ရဲ့ဘ၀ကို ခေါ်ပြချင်လိုက်တာ။ ဆရာမရယ် ကျွန်တော်တို့ ဒီလိုဘ၀မျိုးရောက်အောင် ကြိုးစားရမှာလားလို့ပေါ့။
မောင်ကြည်ရဲ့ဇာတ်သိမ်းကမကောင်းပါဘူး။ ဒီလိုနဲ့ပဲ မိုးရွာကြီးထဲမှာ အရက်မူးပြီးလဲနေရင်း ကွယ်လွန်သွားရရှာတယ်။ မောင်ကြည်နဲ့ ကျွန်တော်ဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အားကျနေကြတာ။ သူက ကျွန်တော့်ရဲ့ လွတ်လပ်မှုမျိုး။ ကျွန်တော်က သူ့ရဲ့ စာတော်မှုမျိုး။ ကျွန်တော်က လွတ်လွတ်လပ်လပ်နဲ့ ကြိုးစားလိုက်တော့ ဒီလိုဘ၀မျိုးကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ မောင်ကြည်ကတော့ မလွတ်လပ်စွာနဲ့ ပေါက်ကွဲရုန်းကန်နေရတာကြောင့် ရတာမလို လိုတာမရနဲ့ ဇာတ်သိမ်းမကောင်းခဲ့ရရှာဘူး။ သူ့ ဘ၀ဟာ အလိုမပြည့်မှုတွေ မိဘကိုဆန့်ကျင်မှုတွေနဲ့ ထင်ရာ စိုင်းရင်း၊ ဖြစ်ချင်တာမဖြစ်လို့ ဖြစ်ချင်သလိုဖြစ်ကွာလို့ ရေစုန်မြောရင်း နစ်မွန်းခဲ့ပြီ။ ကျွန်တော်ကတော့ တကယ်ဖြစ်ချင်လို့ တကယ်လုပ်ပြီး အဟုတ်ဖြစ်ခဲ့ရတာ။
Credit : OW

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!