Friday, April 10, 2015

(1) မိမိကိုယ်ကို အများထက်ပိုပြီးသိသူ ပိုပြီးထိုက်တန်သူဟုမှတ်ထင်ခြင်း။
(၂) အများသူတွေက မကောင်းစိတ်ဖြင့် ဆက်ဆံပြီး  ကိုယ်တိုင်သာ သာယာကောင်းမွန်မှု့ရရှိလိမ့်မည်ဟု မှတ်ထင်ခြင်း။
(၃) မကောင်းမှုတစ်ခုခုကိုနှစ်ခါ၊.. သုံးခါလောက်လုပ်ပြီးမှ စွန့် လွတ်မည်ဟုစိတ်ကူးပြီးလုပ်ခြင်း။
(၄) လက်တွေ့ လုပ်ရပ်မပါဘဲ နောင်ရေးအတွက်မျှော်ကိုးပြီးပျော်ရွှင်နေခြင်း။
(၅) သူတစ်ပါးအားမိမိလျှို့ဝှက်ချက်ကိုပြောပြီး မည်သူ့ ကိုမှပြန်မပြောရန်ပန်ကြားခြင်း။
(၆) အလုပ်တစ်ခုကိုမပြီးမပြက်ချန်ထားပြီး နောက်တစ်ချိန်မှအပြည့်အ၀လုပ်မည်ဟုဆန္ဒထားခြင်း။
(၇) ၀င်ငွေထက်အသုံးစရိတ်ကိုများအောင်လုပ်ပြီး ဖန်ဆင်းရှင်ထံကရမည်ဟုမျှော်လင့်ချက်ထားခြင်း။
(၈) မိဘကိုမပြုစုဘဲ၊..သားသမီးထံမှပြုစုမှု့ကိုမျှော်လင့် ခြင်း။
(၉) မိမိလုပ်နှိုင်သည့်အလုပ်ကိုမည်သူမှလည်းလုပ်နှိုင်မည်မဟုတ်ဟုထင်မှတ်ခြင်း။
(၁၀) အများဒုက္ခရောက်နေချိန်တွင်မကူညီဘဲ၊...ကိုယ်ဒုက္ခရောက်နေသည့်အခါအများထံမှ
ကူညီမှု့ကိုမျှော်ကိုးခြင်း။
(၁၁) ခိုင်လုံသောအကြောင်းခံမရှိဘဲ..၊အခြားသူ၏ကျိန်ဆိုမှု့ ကိုယုံကြည်ကိုးစားခြင်း။
(၁၂) နှုတ်ချိုသူတိုင်းကိုမိတ်ဆွေအဖြစ်သတ်မှတ်ခြင်း။
(၁၃) လူတိုင်းကိုအတွေ့ အကြုံရှိသူတွေအဖြစ်သတ်မှတ်ခြင်း။
(၁၄) လူတိုင်းကိုမိမိအတွေးအခေါ်အတွင်း ငြိတွယ်ပါဝင်စေရန်ဆွဲဆောင်ကြိုးပန်းခြင်း။
(၁၅) သေသူကိုတွေ့ မြင်ရက်နဲ့  မိမိနှင့် မဆိုင်သလိုမှတ်ယူခြင်း။
(၁၆) မကောင်းမှုကိုကျူးလွန်လုပ်ကိုင်နေစဉ်တွင် တံတိုင်းများကိုနားအဖြစ်လည်းကောင်း တံခါးတိုင်းကို
မျက်စိအဖြစ်လည်းကောင်းအသိမှတ်မပြုခြင်း။
(၁၇) မသေချာသည့် ပျော်ရွှင်ဖွယ်လမ်းကိုမျှော်မှန်းပြီး မလိုအပ်သောနေရာတွင် သုံးစွဲရန်အတွက် အကြွေးယူခြင်း။
(၁၈) ကျောင်းသားတစ်ဦးသည် စာမေးပွဲရက်လိုသေးသည်ဟုသဘောပိုက်ကာမကြိုးစားဘဲနေခြင်း။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!