Sunday, April 5, 2015

ဘဝမှာ ပျော်ပျော်နေထိုင် နိုင်ဖို့ နိုင်ငံတကာက စိတ်နဲ့ ဆေးပညာ ဆရာဝန်များ ညွန်ကြားထားတဲ့ နည်းလမ်းကို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။

Create a Plan for yourself
ဘဝမှာ ရည်ရွယ်ချက် မရှိပဲ ရှင်သန် နေထိုင်ရတာ ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်သလဲ။ ဦးတည်ချက် ရည်ရွယ်ချက်ရှိမှ လုပ်ကိုင်မှု ဘဝက အဓိပ္ပါယ်ရှိတာ ပျော်တာ။ အဲ့ဒါ အမှန်ပါပဲ။ ကိုယ့်အနာဂတ်အတွက် ဘာမှ မစဉ်းစား မပူပင်ပဲ နေတာ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ ကြာရင် စိတ်ကျ ရောဂါ ဝင်လာလိမ့်မယ်။ . ဒီတော့ Plan လေး တစ်ခုဆွဲဖို့ အကြံပေး ချင်ပါတယ်။ Plan ဆွဲလိုက်တိုင်း အဲ့ဒီ Plan ကို အောင်မြင်ဖို့ ရောက်ရှိဖို့ လို့လဲ မယူဆ ထားနဲ့။ ကိုယ်က သွားနေတယ်၊ ကြိုးစား နေတယ် ဆိုတာကပဲ အကောင်းဆုံး ရလဒ် ဖြစ်ပါတယ်။

Surround yourself with Positive People
ဘုရားဟော တရားလိုပဲပေါ့။ သူတော်ကောင်းများနှင့်သာ ပေါင်းပါလို့။ ဒီခေတ်မှာ ဖြူစင် သန့်ရှင်း မွန်မြတ်ပါတယ် ဆိုတဲ့ သူတော်ကောင်း ဆိုတာ ကတော့ ရှားတယ် လေနော်။ ကိုယ်ကိုယ်တိုင် အပါအဝင် အားလုံးက အားနည်းချက် ကိုယ်စီတွေနဲ့ ပါပဲ။ ဒီတော့ လုပ်ရမှာက အကောင်းမြင်စိတ် ထားတတ် သူများနဲ့ ပေါင်းစေဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပေါင်းတဲ့ သူက အတင်း အဖျင်း၊ အပုတ်ချတာပဲ တွေ့တိုင်း ပြော၊ ငြီးငြူပြ၊ စိတ်ညစ်ပြတာကို ကြုံတွေ့ နေရရင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ ကောင်းလိုက်လဲ။ ဒီတော့ ကိုယ်ကိုယ်တိုင် ကလည်း အကောင်းမြင်စိတ် ထားရမှာ ဖြစ်သလို ကိုယ်တွဲတဲ့ မိတ်ဆွေ သူငယ်ချင်း များကလည်း အကောင်းမြင်စိတ် ရှိသူများ ဖြစ်ရ ပါမယ်။

Failure is inevitable
ကျရှုံးမှု ဆိုတာ ရှောင်လွဲလို့ မရဘူး။ ဒါကို ကျရှုံးတိုင်း စိတ်ညစ်၊ စိတ်ဓာတ် ကျနေ ရင် ကိုယ်က လိုချင်တာ များနေလို့။ လောဘ ကြီးနေလို့၊ ကြောက်စိတ် များလို့။ ဒေါသ များနေလို့။ အမလေး.။ များလိုက်တာနော်။ ကျရှုံးမှုကနေ ဆက်လာလိုက်တာ ကိုယ့်ဆီမှာ အဲ့ဒါကို ရင်ဆိုင်ရဲတဲ့ သတ္တိသာ မရှိရင် ဘဝ ဆိုတာ ပျော်စရာ ဆိုတာ မရှိတော့ ပါဘူး။ 'လဲရင် ပြန်ထ ဒါလူ့ဘဝ' နဲ့ အကြိမ် ပေါင်း သောင်းချီ သိန်းချီ ရှုံးတာကို စိတ်ညစ်မနေပဲ နောက်ဆုံး ရရှိလိုက်တဲ့ အောင်မြင်မှုကို တန်ဖိုးထား ပျော်တတ် ဖို့ လိုအပ် ပါတယ်။

Appreciate what/who you have
လူတွေက ကိုယ့်ဆီမှာ ရှိနေတဲ့ ပစ္စည်း၊ ကိုယ်ရည် ကိုယ်သွေးတို့ကို မရောင့်ရဲ မတင်းတိမ် နိုင်ကြပဲ သူများ ရှိတာ၊ ပိုင်တာ လုပ်နိုင်တာတွေကို ကြည့်ပြီး မနာလို၊ အူတို နေကြတယ်။ ကိုယ့်ကိုယ်ကို ငြင်းဆဲ ဝမ်းနည်းနေကြ တယ်။ အမှန်တော့ ကိုယ်လုပ်နိုင်တာ၊ လုပ်ခဲ့တာ၊ ကိုယ့်ဆီမှာ ရှိနေတဲ့ အရာ များကို ကျေနပ်ပြီး အမွမ်းတင် တတ်နေဖို့ လိုပါသေးတယ်။ ဒါမှလည်း ပျော်ရွှင်မှု ရရှိ မှာပါ။

Treat yourself
တစ်ခါတစ်လေ ကျရင် သူများအတွက် တွေချည်း ခေါင်းပူပေး အလုပ်ရှုပ် ပေး မနေနဲ့ ကိုယ့်ကိုယ်ကို ပြုစု ပျိုးထောင်ဖို့လည်း အချိန်ပေးအုံးနော်။ စားချင်တာ စား၊ သွားချင်တာသွား၊ လုပ်ချင်တာ လုပ်။ သို့ပေမယ့် ကောင်းတဲ့ အရာတွေပဲ ဖြစ်ပါစေ.

Be Healthy
ကျန်းမာခြင်းသည် လဘ်တစ်ပါးတဲ့။ အထက်ပါ အချက်တွေနဲ့တော့ လိုက်နာ နိုင်တယ်။ ကိုယ်ကိုယ်တိုင်က မကျန်းမာ နေဘူး ဆိုရင်တော့ ခဲလေ သမျှ သဲရေ ကျရတာပါပဲရှင်။ ဒါကြောင့်မို့ ကျန်းမာဖို့က အင်မတန့်အင်မတန် အရေးကြီးတဲ့ အရာ တစ်ခု၊ ဆုလာဘ် တစ်ခုပဲ ဖြစ်ပါတယ်။ ယင်း ဆုလာဘ် ကို မပျောက်ပျက်အောင်၊ ထိန်းသိမ်း ထားဖို့ လိုအပ် ပါတယ်။အထက်ပါ အချက်များအတိုင်း လုပ်ဆောင်၊ ကျင့်ကြံ နေထိုင်သူများက ဘဝမှာ ဘယ်တော့မှ စိတ်မညစ်ပဲ ပျော်နေရမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြား နိဂုံး ချုပ်လိုက် ရပါတယ်။
အောင်ခမ်း (ရိုးရာလေး)

Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!