-
အလုပ်မရှိသူသည် နာရီပျက်နှင့်တူ၏။ ပေါ့ပေါ့ဆဆနေသူသည် ပေါ့ပေါ့သာ
တွေးတတ်၏။
-
သင်ယနေ့လုပ်နိုင်သည့်အလုပ်ကို နက်ဖြန်သို့ ဘယ်တော့မှ
မရွှေ့ဆိုင်းပါနှင့်။
-
မှန်ကန်သော လုပ်ဆောင်ချက်ဖြင့် အထက်တန်းကို
သိမ်းပိုက် ပိုင်ဆိုင်ပါ၏။
-
အထက်တန်းသို့ တက်လှမ်းလိုလျှင် ပညာရှင်တို့
ကဲ့ရဲ့မည့် သေးငယ်သည့် မကောင်းမှုလေးပင် ရှောင်ကြဉ်ပါ။
-
အောင်မြင်လိုသူတိုင်း ဖုံးကွယ်နေသော အစွမ်းသတ္တိကို အလုပ်လုပ်ခြင်းဖြင့် သိအောင်လုပ်ပါ။
-
မည်သည့်လုပ်ငန်းမဆို အောင်ပွဲရယူလိုပါက ပြတ်သားမှု
ရှိရမည်။
-
အောင်မြင်မှုဟူသည် စွမ်းရည်ကြောင့် ဇွဲကြောင့်
ရတတ်သော အရာဖြစ်၏။
-
ကိုယ့်ဘ၀ကို ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့
နေရာက စပါ။
-
ဇွဲသည် အောင်မြင်ခြင်းတည်းဟူသော အမြတ်ကို
မုချ ရရှိစေနိုင်သည့် အရင်းအနှီးဖြစ်သည်။
-
လေ့ကျင့်မှုဆိုတာ တိုးတက်မှုအတွက် လိုအပ်ချက်တစ်ခု ဖြစ်၏။
-
တုသင့်သည်ကို တုမှသာ လူမှာ တိုးတက်၏။ ပြုသင့်သည်ကို ပြုမှသာ
လူမှာ အောင်မြင်၏။
-
စိတ်ရှည်မှုနှင့် စွဲမြဲစွာ လုပ်ကိုင်မှုသည်သာလျှင် အောင်မြင်မှု၏ လျှို့ဝှက်ချက် ဖြစ်သည်။
-
သင့်ဘ၀ကို သင်မြတ်နိုးလျှင် အချိန်ကို
အကျိုးမဲ့မဖြုန်းနှင့် အချိန်သည် ဘ၀၏ အသက်ဖြစ်သည်။
Credit : OW



0 comments:
Post a Comment