လူတစ်ယောက်ကိုအောင်မြင်စေဖို့ ဘာကလုပ်ပေးနိုင်သလဲ?
အောင်မြင်တယ်ဆိုတာကို
ဘယ်လိုအသိအမှတ်ပြုသလဲ?
လူတစ်ချို့က အောင်မြင်ခြင်းဆိုတာကို ချမ်းသာခြင်းလို့ယူဆတယ်။
လူတစ်ချို့က ကျန်းမာခြင်းလို့ ယူဆတယ်။
လူတစ်ချို့က မိသားစုကောင်းကောင်းရှိခြင်းလို့ယူဆတယ်။
ဒီလိုပဲပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊
ငြိမ်းချမ်းခြင်း စသည်ဖြင့် ယူဆကြတယ်။
ဒါတွေက ဘာကိုပြောသလဲဆိုရင်
အောင်မြင်ခြင်းဆိုတာ ဓမ္မဓိဋ္ဌာန်မကျဘူးလို့ ဆိုလိုလိုက်တာပဲ။ အောင်မြင်မှုဆိုတာ လူကိုလိုက်ပြီး၊
အခြေအနေကိုလိုက်ပြီး၊
အကြောင်းအရာကိုလိုက်ပြီး အမျိုးမျိုးကွဲပြားနိုင်တာပဲ။ အောင်မြင်မှုကို
တိကျတဲ့
အဓိပ္ပာယ်ဖွင့်လို့မရဘူးဆိုပေမယ့် အကြိုက်ဆုံးဖွင့်ဆိုချက်တစ်ခုတော့ ရှိပါတယ်။
"အောင်မြင်မှုဆိုသည်မှာ
သတ်မှတ်ထားသည့်ပန်းတိုင်သို့ မရောက်ရောက်အောင် တက်လှမ်းလာနိုင်ခြင်း"
ဆိုတဲ့
Earl Nightingale ရဲ့အဆိုလေးကိုတော့
သဘောကျမိတယ်။
အဲဒီဖွင့်ဆိုချက်လေးကို
ဆင်ခြင်ကြည့်ရင်
"တက်လှမ်းခြင်း" ဆိုတာရှိတယ်။
အောင်မြင်မှုဆိုတာ ခရီးရှည်ကြီးပဲ။ အတိုင်းအတာ
အကွာအဝေး သတ်မှတ်ထားနိုင်တာမျိုးမဟုတ်ဘူး။
ရောက်ချင်မှလည်း
ရောက်နိုင်လိမ့်မယ်။
ပန်းတိုင်ကိုရောက်ပြီလို့ပြောပေမယ့်
အတိုင်း အတာတစ်ခုအတွင်းကိုပဲရောက်သေးတာ။ နောက်ပန်းတိုင်တစ်ခု၊ အခြားပန်းတိုင်တစ်ခု ရှေ့မှာအများကြီးရှိနေ သေးတယ်။
"မရောက်ရောက်အောင်"
ဆိုတာက စိတ်ရှည် ဇွဲသန် သီးခံမှရမယ်။ အပြင်က တွန်းအားပေးလို့မရဘူး။ အတွင်းက စေ့စော်တဲ့တွန်းအားနဲ့
မရောက်ရောက်အောင်သွားရမှာ။ အတွင်းအားနဲ့လုပ်ရမှာ။ ပြင်ပဖိအားနဲ့ လုပ်လို့မရဘူး။ အပြင်ကပြောလို့၊ ပြင်ပကတိုက်တွန်းလို့ အောင်မြင်တယ်ဆိုရင် လည်း
အနှစ်မဲ့တဲ့အောင်မြင်မှု၊
အဓိပ္ပာယ်မဲ့တဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်မယ်။
"သတ်မှတ်ထားချက်" ဆိုတာကကိုယ့်ရဲ့ တန်ဖိုးပဲ။ ပန်းတိုင်မရှိ၊ ဦးတည်ချက်မရှိ၊ သတ်မှတ်ချက်မရှိ လုပ်လို့မရဘူး။ သွားလို့မရဘူး။ သတ်မှတ်တယ်ဆိုတဲ့နေရာမှာ
ဘယ်လမ်းကို ဦးတည်မလဲ၊ ကောင်းတဲ့လမ်းကို
သွားမလား၊ မကောင်းတဲ့လမ်းကို သွားမလား။
သတ်မှတ်ချက်ဆိုတာ
ကိုယ်လျှောက်မယ့်ခရီးလမ်းရဲ့ အရည်အသွေးကို
ဆုံးဖြတ်နိုင်တာလည်းပါတယ်။ အဓိပ္ပာယ်ရှိသောလမ်း၊ ဖြောင့်မတ်တဲ့လမ်းလည်းဖြစ်ရမယ်။ ပန်းတိုင်ဆိုတာ အရေးကြီးတယ်။
ရည်ရွယ်ချက်နဲ့ ဦးတည်လျှောက်ရမယ်။ ပန်းတိုင်ဆိုတာ မရောက်ရင် အလကား၊ မလျှောက်ရင် လည်း
အလကားပဲ။
အောင်မြင်ခြင်းဆိုတာ လူတိုင်းနဲ့ မတန်ဘူး။ လူတိုင်းလက်ခံနိုင်လောက်တဲ့
အရာလည်းမဟုတ်ဘူး။ အောင်မြင်မှု အပေါ် လူတိုင်းသာယာနိုင်လိမ့်မယ်လို့လည်း
ပြောလို့မရဘူး။ အောင်မြင်မှုကို မကြိုက်ရင်၊ မသာယာနိုင်ရင်
အရူးလို့ပြောကောင်းပြောနိုင်တယ်။
အောင်မြင်ခြင်းဆိုတာ ပေါ်ထွက်လာမှ
"ကံကောင်းလို့လား"
ဆိုပြီး သံသယပွားတက်ကြတာ။ အောင်မြင်မှုတစ်ခုခုကို
မရမချင်း
စိတ်အာရုံစူးစိုက်လုပ်ဆောင်ရခြင်း၊ မဖြစ်မနေကြိုးပမ်းလုပ်
ဆောင်ရခြင်း၊ အားစိုက်ခွန်စိုက်
ချွေး သွေးများနှင့်အရင်းစိုက်ခဲ့ရခြင်းဆိုတာတွေနဲ့ ဘယ်လောက်
အတိုင်းအတာအထိ
ပတ်သက်နေခဲ့ရတယ်ဆိုတာ
သိသူနည်းတယ်။
အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတာ လက်တွဲထားတယ်။ အောင်မြင်မှုဆိုတာ လိုချင်တာ။ ပျော်ရွှင်မှုဆိုတာ အောင် မြင်ခြင်းရဲ့ ရလဒ်တစ်ခုအနေနဲ့ ကိုယ်ပိုင်ဆိုင်လိုက်ရတာပါ။
တစ်ယောက်တည်းနေလို့ မအောင်မြင်နိုင်ဘူး။ အများနဲ့နေ၊ ရလဒ်ကိုပြန်သုံးသပ်ကြည့်
ပိုပြီးတော့ ရပ်တည်ချင်ရင်
- အသက်ရှင်ကြည့်ပါ
ပိုပြီးတော့ ထိတွေ့ချင်ရင် - ခံစားကြည့်ပါ
ပိုပြီးတော့ မြင်ချင်ရင် - လေ့လာကြည့်ပါ
ပိုပြီးတော့ နားလည်ချင်ရင်
- စူးစိုက်ကြည့်ပါ
ပိုပြီးတော့ ကြားချင်ရင် - နားထောင်ကြည့်ပါ
ပိုပြီးတော့ နားထောင်ချင်ရင် - နားလည်ပေးပါ
အထက်ကစကားစုလေးကိုတော့ John H.Rhoades ဆိုသူကပြောသွားတာ။



0 comments:
Post a Comment