Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ဖြတ်သန်း လာခဲ့တဲ့
အောင်မြင်မှု ခရီးလမ်း ထဲက မှတ်သားဖွယ်ရာ သင်ခန်းစာများကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
Facebook
တည်ထောင်သူ Mark Zuckerberg ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာပဲ အသက် ၃၀ ပြည့်သွားပြီ
ဖြစ်ပါတယ်။
သူနဲ့ ပတ်သတ်လို့ ချစ်သည် ဖြစ်စေ၊ မုန်းသည် ဖြစ်စေ လောလောဆယ်မှာတော့
သူ့ရဲ့ Facebook ဟာ ကမ္ဘာ့ လူဦးရေ အားလုံးတို့ရဲ့ အသုံးစွဲဆုံး Social Media တစ်ခု
ဖြစ်တာကတော့ ငြင်းမရပါဘူး။ ဒါ့အပြင် Mark ဟာ အသက် ၃၀ အရွယ်လေးမှာတင် $24 Billion ကျော်လောက်ကို
ချမ်းသာပြီး ကမ္ဘာ့ အငယ်ဆုံး ဘီလျံနာ လည်းဖြစ်ပါတယ်။
စာဖတ်သူများ အနေနဲ့ Mark အကြောင်းကို အားလုံး မသိရင်တောင်မှ
သူ့ရဲ့ Facebook တည်ထောင်ပုံကို ဇာတ်လမ်းရိုက်ထားတဲ့ "The Social
Network" ကို ကြည့်ဖူးကြမှာပါ။ အဲဒီမှာ သူ Harvard တက္ကသိုလ်မှာ ပညာသင်ကြားနေတုန်း
"Facemash" လို့ခေါ်တဲ့ ကျောင်းသူတွေ ဘယ်လောက် လှတယ် အကြောင်း နှိုင်းယှဉ်တဲ့
Website တစ်ခု လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Mark ရဲ့ Website မှာ ခွင့်ပြုချက် မရဘဲ အ
များဓာတ်ပုံတွေကို သုံးစွဲထားတာကြောင့် လူအများ အမြင်မကြည်ရ လောက်အောင် ခံခဲ့ရပါတယ်။
ဒါပေမယ့် သူ့ရဲ့ ပထမ "Facemash" ဟာ နောင် "Facebook" တီထွင်ဖို့
တွန်းအား ဖြစ်စေခဲ့ပါတယ်။
Mark ဟာ အခုလို Facebook အောင်မြင်မှု မရင်ခင် သူ့ရဲ့ ကုမ္ပဏီကို
ရောင်းပစ်ဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် သူက တော့ ကုမ္ပဏီကို ဆက်လက်ထိန်းသိမ်း
ခဲ့တာကြောင့် အခုလို Billionaire ဖြစ်လာခဲ့တာ ဖြစ်ပြီး Facebook မှာလည်း Markကိုတွေ့
နေခဲ့ရ တာ ဖြစ်ပါတယ်။ ဒ့ါအပြင် Facebook ဟာ အခုလို အောင်မြင်မှု ရဖို့ အခက်အခဲ အများကြီး
ဖြတ်သန်းလာခဲ့ ရပါတယ်။ များစွာသော တရားစွဲ ခံရမှုတွေ၊ နိုင်ငံ အချို့မှာ အပိတ်ခံ ရတာတွေ၊
အဆိုးမြင် တုံ့ပြန်မှုတွေ စသည်ဖြင့် ခရောင်းလမ်း ကြီးပမာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်
Mark ဟာ အရာရာကို ကြံ့ကြံ့ခံခဲ့တာကြောင့် အခုလို ပန်းခင်းလမ်းကို လျှောက်နိုင်ခဲ့တာ
ဖြစ်ပါတယ်။ Mark ဟာ အောင်မြင်မှု များစွာ ရထားတယ် ဆိုပေ မယ့် အမြဲ ကိုယ့်ကိုကိုယ် မြှင့်တင်ပါတယ်။
နှစ်တိုင်း သူ့အတွက် ရည်မှန်းချက် အသစ်တစ်ခု အမြဲ ထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို
ကြီးမား တဲ့ အောင်မြင်မှုကို ဆွတ်ခူးထားတဲ့ သူတစ်ယောက်ဆီမှာ သင်ခန်းစာ ရစရာ အများကြီး
ရှိပါတယ်။ စာဖတ် ပရိသတ် တွေလည်း စာ ရေးသူနဲ့ အတူ သူ့ဆီက ရမယ့် သင်ခန်းစာတွေ ထုတ်ယူကြရအောင်။
၁။ ဘယ်အရာမဆို
စိတ်ပါဝင်စားစွာ လုပ်ရမယ်။
၂။ လောလောဆယ်
အရေးကြီးဆုံး အလုပ်ကို အရင်လုပ်ပါ။
၃။ အောင်မြင်မှုဆိုတာ
ဘယ်တော့မှ လွယ်လွယ် မလာတတ်ဘူး။
၎။ ဘယ်တော့မှ
လွယ်လွယ်ကူကူ မဆုံးဖြတ်ပါနဲ့။
၅။ အခက်အခဲနဲ့
ဝေဖန်မှုကို ခံနိုင်အောင် လုပ်ပါ။
၆။ ကိုယ့်ကိုကိုယ်
ပြိုင်ဆိုင်ပါ။
၇။ အလုပ်ကို
ခွဲလုပ်ပါ။
၈။ ပတ်ဝန်းကျင်ရဲ့
အာရုံစိုက် မခံရအောင် နေပါ။
၉။ ခြိုးခြံချွေတာစွာ
နေပါ။
၁၀။
ကိုယ့်ရဲ့ အရည်အချင်းကို နားလည်သူများနဲ့ မိတ်ဆွေဖွဲ့ပါ။
၁၁။
ပရဟိတ လုပ်ပါ။
၁၂။
ဘ၀ ရည်မှန်းချက် ကြီးကြီး ထားပါ။
၁၃။
လုပ်သမျှ ထူးခြားကောင်းမွန်ပါစေ။
၁၄။
ပြိုင်ဘက်တွေရဲ့ ဖိအားအပေါ် အားလျော့ မသွားပါနဲ့။
၁၅။
ရေရှည်အတွက် တွေးခေါ်ပါ။
၁၆။
လွယ်လွယ်နဲ့ အရှုံး မပေးပါနဲ့။
၁၇။
အမှားလုပ်မိမလား မစိုးရိမ်ပါနဲ့။
၁၈။
ဆုံးရှုံးဖို့အတွက် မကြောက်ဘဲ ရဲရဲရင့်ရင့် ဆောင်ရွက်ပါ။
၁၉။
ကိုယ့် အလုပ်အတွက် အလုပ်သမားကောင်းတွေ ရွေးချယ်တတ်ပါစေ။
၂၀။
ပိုက်ဆံဟာ အရာရာ မဟုတ်ဘူးဆိုတာ သတိရှိပါ။
၂၁။
အဖွဲ့အစည်းလိုက် လုပ်ကိုင်ပါ။
၂၂။
ပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်နေပြီဆိုရင် ချက်ချင်း အဖြေရှာပါ။
၂၃။
ဘေးပတ်ဝန်းကျင်ရဲ့ ကောင်းခြင်း၊ဆိုခြင်း ပြောတာကို အရေးမစိုက်ပါနဲ့။
၂၄။
ကိုယ်လုပ်သမျှ အပေါ် ယုံကြည်ချက် အမြဲထားပါ။
၂၅။
ကိုယ့် စီးပွားရေးနယ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။
၂၆။
ကိုယ့် လက်အောက်ငယ်သားကို တန်ဖိုးထား ဆက်ဆံပါ။
၂၇။
အတွင်း၊ အပြင် ဖိအားမှန်သမျှ လက်မရှောင်ဘဲ ရင်ဆိုင်ပါ။
၂၈။
ပြိုင်ဘက်တွေထက် သာသွားလဲ အနားမယူဘဲ ဆက်ကြိုးစားပါ။
၂၉။
တစ်ခုခုကို စကြိုးစားဖို့ မကြောက်ပါနဲ့။
၃၀။
ဘယ်အလုပ်မဆို ပြည့်စုံအောင် လုပ်နေတာထက် ပြီးအောင်လုပ်ပြဖို့က အရေးကြီးပါတယ်။ ပြီးပြည့်စုံ
တဲ့ အရာဆိုတာ မရှိပါ။



0 comments:
Post a Comment