Friday, April 3, 2015

ကျွန်တော်မနက်စောစောထခြင်းဟာ အလုပ်သွားဖို့အတွက်လား။ ဒါဆိုရင် ငွေရဲ့ထိန်းချုပ်မှုအောက်မှာကျွန်တော်ရှိနေပါတယ်။
ကျွန်တော်မနက်စောစောထခြင်းဟာ ကိုယ်သဘောနဲ့ကိုယ်လား။ ဒါဆိုရင် ကျွန်တော်ဟာငွေကိုထိန်းချုပ်နေပါပြီ။

၉၉ရာနှုန်းသောလူများဟာ ငွေရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ကမ္ဘာအချမ်းသာဆုံးနိုင်ငံများက လူသားများအပါအ၀င်ပေါ့။  အကြောင်းကတော့ တွေးခေါ်မှု ဖြစ်ပြီး၊ အကျိုးရလဒ်ကတော့ လိုငွေပြနေခြင်းပါပဲ။  အိုင်စတိုင်းက တခါပြောဖူးပါတယ်။ ပြသနာကိုသတိအဆင့်ဆင့်နဲ့ လေ့လာနည်းဟာ ပြသနာကို မဖြေရှင်းနိုင်ပါဘူး။

လူလတ်တန်းစားများကတော့ အခြေခံပညာတတ်ရင် ဥစ္စာကြွယ်ဝခြင်းရဲ့ အဖြေလို့ သတ်မှတ်ကြပါတယ်။ ဟုတ်ပါတယ်။ ကြွယ်ဝချမ်းသာသူများမှာ ပညာတတ်၊ပါမောက္ခများ အလွန်နည်းပါးလှပါတယ်။ ဘွဲ့ဒီဂရီ၊ လက်မှတ်များစွာ ရအောင်လုပ်ခြင်းဟာ ကြွယ်ဝချမ်းသာမှုကို မရစေပါဘူး။

အောက်ခြေလူတန်းစားများဟာ အတိတ်ဖြစ်ရပ်များကို အပြစ်တင်၊ပြောဆိုတတ်ပါတယ်။
အလယ်လတ်လူတန်းစားများက တခြားသူများအကြောင်းကိုပြောဆိုတတ်ပါတယ်။
ကမ္ဘာအဆင့်လူတန်းစားများကတော့ အတွေးအခေါ်များကို ပြောဆိုတတ်ပါတယ်။

သင့်မှာ တွေးခေါ်ချိန်များများ ရှိနေရင်၊ ကြွယ်ဝချမ်းသာလာဖို့ နီးစပ်နေကြောင်း၊ (ငွေမကြွယ်ဝရင်တောင်၊ စိတ်ဝိညာဉ်ကြွယ်ဝမှာဖြစ်ကြောင်း ..ထပ်မံဖြည့်စွတ်လိုပါတယ်)။  သာမန်လူတန်းစားနဲ့ ကမ္ဘာ့အဆင့်လူတန်းစား အတွေးအခေါ် မတူညီပုံများကို 177 Mental Toughness Secrets စာအုပ်မှာ ရေးသားဖေါ်ပြထားပါတယ်။ ဒိစာအုပ်ဟာ တက္ကသိုလ်အချို့မှာ ဘာသာရပ်တခုအဖြစ် သင်ကြားနေကြပြီဖြစ်ပါတယ်။

၁။ သာမန်လူများဟာ ပြိုင်ဆိုင်ကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက ဖန်တီးပါတယ်။
၂။ သာမန်လူများဟာ ဆုံးရှုံးမှုများကိုရှောင်ပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက ဆုံးရှုံးမှုများကို ရင်ဆိုင်ဖြေရှင်းပါတယ်။
၃။ သာမန်လူများဟာ ကြံဖန်ကျေနပ် နေထိုင်ကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက တကယ့်အခြေအနေကိုအတိုင်း နေထိုင်ပါတယ်။
၎။ သာမန်လူများဟာ အေးအေးဆေးဆေး နေထိုင်ကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက အခက်ခဲကြားမှာ အေးဆေးစွာနေကြပါတယ်။
၅။ သာမန်လူများဟာ ထီထိုးခြင်း (ကံတရား) စိတ်ဓါတ်ရှိပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက စွန့်လွှတ်ကြိုးစားတဲ့ စိတ်ဓါတ်ရှိပါတယ်။
၆။ သာမန်လူများဟာ လုံခြုံစိတ်ချတဲ့ဘ၀ကို ဆာငတ်ပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက လုံခြုံမှုဆိုတာ မရှိဘူးလို့ ခံယူပါတယ်။
၇။ သာမန်လူများဟာ ဘေးအန္တရယ်ကင်းချင်ကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက ဘေးအန္တရယ်ရှိပေမဲ့ နည်းလမ်းရှာလုပ်ပါတယ်။
၈။ သာမန်လူများဟာ မကြောက်မရွံ့လုပ်ဆောင်ဖို့ ကြိုးပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက မေတ္တာနဲ့စွန့်လွှတ်လုပ်ဆောင်ဖို့ ကြိုးစားပါတယ်။
၉။ သာမန်လူများဟာ ရယူလိုကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက (ရရ၊မရရ) ဆက်လုပ်လေ့ရှိပါတယ်။
၁၀။ သာမန်လူများဟာ ကိုယ့်ကိုယ်ကို ဓါးစာခံလို့ ခံယူကြပါတယ်။ ကမ္ဘာအဆင့်လူတန်းစားက တာဝန်ရှိသူလို့ ခံယူပါတယ်။
၁၁။ သာမန်လူများဟာ နှေးပစ်လိုက်တယ်။ ကမ္ဘာအဆင့်လူတန်းစားက ငြိမ်သက်စေလိုက်ပါတယ်။

အချက်(၂၅)ချက်ကို အင်္ဂလိပ်လို ဆက်ဖတ်ကြည့်ပါ။

စာရေးသူဟာ ကမ္ဘာတင်းနစ်ကစားသမား ကမ္ဘာ့အဆင့် ၅၀၀အထိ တက်လှမ်းခဲ့ပေမဲ့၊ ထိပ်တန်းဘ၀ကို မရောက်နိုင်ခဲ့ပါ။ ကိုယ်ခန္တာ၊အင်အားတွေမှာ သိပ်ကွာခြားမှုမရှိပေမဲ့ ဘာကွာခြားသလဲဆိုတော့ Mental Toughness မကြီးမားခြင်းဟာ အဓိကဖြစ်ကြောင်း .. ဒီစာအုပ်မှာ ရေးသားထားပါတယ်။  အမြည်း စာ၃ စာမျက်နှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ စာရေးဆရာ Steve Siebold ရဲ့ စာအုပ်မှာ ဇနီး၊မိဘများကို ကျေးဇူးတင်အမှာစာရေးသားထားပါတယ်။ ဒီစာအုပ်ကို မြန်မာတက္ကသိုလ်များမှာ သင်ရိုးညွှန်းတမ်းတခုဖြစ်စေဖို့လည်း မျှော်လင့်လုပ်ဆောင်သူများအတွက်၊ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် စံနမူနာ ပုဂ္ဂိုလ်များ လိုအပ်ချိန်မှာ ကမ္ဘာအဆင့်လူတန်းစားအဖြစ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ Mental Toughness ကို လေ့လာနိုင်ပါတယ်။ ကမ္ဘာ့အဆင့်ရောက်ဖို့ မျိုးဆက်တခုတည်းနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မျိုးဆက်၂ဆက်၊ ၃ဆက်လောက် လက်ဆင့်ကမ်းရပါတယ်။ မိမိအသက်ရှင်နေစဉ် မလုပ်နိုင်ခြင်းများကို နောက်မျိုးဆက်သစ်များအတွက် စံနမူနာလုပ်ပြသွားစေလိုပါတယ်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!