Monday, March 16, 2015



ဗဟုသုတအတိုအထွာလေးများ(၂)

      ဝက်ဝံနက်တွေရဲ့ အရောင်ဟာ အမြဲတမ်းအနက်ရောင်မဟုတ်ပါ။ တစ်ခါတစ်ရံ အညိုရောင်၊ အဝါရောင်၊တစ်ခါ တစ်ရံ အဖြူရောင် ပြောင်းတတ်ပါသည်။

      နေဟာ ကမ္ဘာလုံးထက် ၃၃၀၃၃၀ ဆ ပို၍ ကြီးမားပါသည်။

      နွားမတစ်ကောင်ရဲ့ သက်တမ်းတစ်လျှောက်မှာ နွားနို့ခွက်ပေါင်း ၂ သိန်းခန့် ထွက်လေ့ရှိသည်။

      လူတစ်ယောက် အသက်ထွက်ခါနီးအချိန်မှာ တခြားသောအာရုံတွေထက် အကြားအာရုံက အရင်ဆုံး ထွက် လေ့ရှိသည်။

      ခြင်္သေ့တွေဟာ တစ်ရက်ကို အကြိမ်ပေါင်း ၅၀ ထက်မက လိင်မှုဆက်ဆံနိုင်ကြပါသည်။

♠      လင်းပိုင်တွေဟာ အိပ်တဲ့အချိန်မှာ မျက်စိတစ်ဖက်ဖွင့်ပြီးအိပ်လေ့ရှိပါသည်။

     ကမ္ဘာပေါ်မှာ သတ္တဝါအမျိုးအစားပေါင်း ၁၂,၀၀,၀၀၀ ကျော်ရှိပြီး ၊ အပင်အမျိုးအစားပေါင်း ၃၀၀၀၀၀ ကျော် ရှိ ပါသည်။ အခြားသောအမျိုးအစားမှာ ၁၀၀၀၀၀ ကျော်ရှိပါသည်။

♠     လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ညာဘက်ကအဆုတ်ဟာ ဘယ်ဘက်ကအဆုတ်ထက် ပိုပြီး လေရှူသွင်းမှု လုပ် ဆောင်ပေးပါသည်။

      ဝေလငါးတွေဟာ အစာစားလျှင် တစ်ရက်ကို တန်ချိန် ၃ တန်အထိစားနိုင်ကြပါသည်။ နောက်ပြီး  အစားမ စားပဲနဲ့လည်း ၆ လအထိ အသက်ရှင်နိုင်ကြပါသည်။

♠      မျက်စိအပြာရောင်ရှိတဲ့သူဟာ အမှောင်တွေထဲမှာ တခြားသောသူတွေထက် မြင်အားကောင်းပါသည်။

♠      အမေရိကန်က သန်းကြွယ်သူဌေးစာရင်းတွေထဲမှာ ယောင်္ကျားဦးရေထက် မိန်းမဦးရေက ပိုများပါသည်။

♠      ၁၉၃၀ ခုနှစ်မှာ အမေရိကအပြေးသမား Jesse Owens ဟာ ခွေး၊ မြင်းတွေနဲ့ အပြေးပြိုင်ပြီး အသက် မွေးဝမ်းကျောင်း ပြုခဲ့ပါသည်။

♠      ဆင်တွေရဲ့သွား အလေးချိန်ဟာ ၉ ပေါင်ခန့်ရှိကြပါသည်။

♠      လိပ်ပြာတစ်ကောင်မှာ မျက်စိပေါင်း ၁၂၀၀၀ ခန့်ရှိပါသည်။

♠      ဇီးကွက်တွေဟာ သူတို့ရဲ့ဦးခေါင်းတွေကို တစ်ပတ်ပြည့်လုနီးပါး ၂၇၀ ဒီဂရီအထိ လှည့်နိုင်ကြပါသည်။

      တရုတ်ပြည်၊ ရှန်ဟိုင်းမှာ အနီရောင်ကားတွေဟာ တရားမဝင်ပါ။

      ထိုင်းနိုင်ငံမှာ စက္ကူစွန်လွတ်ခြင်းဟာ နိုင်ငံတော်အသိအမှတ်ပြု ထားသော အားကစားတစ်မျိုးဖြစ်ပါသည်။

      ခြေထောက်ရှိသော်လည်း ခုန်လို့မရသည့်တိရ စ္ဆာန်မှာ ဆင် ဖြစ်ပါသည်။

      ပိုလာဝက်ဝံတွေဟာ လမ်းလျှောက်လျှင် နှေးတယ်လို့ထင်ရပေမယ့် ရေခဲပြင်ပေါ်မှာဆိုလျှင် တစ်နာရီကို
မိုင်ပေါင်း ၂၅ မိုင်အထိ ပြေးနိုင်ပါသည်။

      ကမ္ဘာပေါ်မှာ တစ်ပတ်အတွင်း ကုန်ထုတ်လုပ်မှုအများဆုံးနေ့ဟာ အင်္ဂါနေ့ဖြစ်ပါသည်။

ဘ၀အတွက်အဟာရဆေးစာ


၁။ မျှော်လင့်ချက်သာရှိပါစေ = ဘဝတိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပဲ
၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား = ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်

၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ = ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ

၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ

၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ

၆။ ဖန်ခွက်ထဲမှာရေတစ်စက် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်

၇။ ကံတရားပါ ကွာလို့ ပြောနေသ၍ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး

၈။ စေတနာ သည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။

၉။ သံသယ ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့် လုံးဝ ယုံကြည် နေလိုက်ဖို့ပါပဲ။

၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့် မင်းဟာလူမိုက်ပဲ။

၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပြစ်နိုင်ပါတယ်

၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃။ လူတိုင်းအမှားနဲ့ မကင်းပေမယ့် ခဏခဏတော့်မမှားသင့်ဘူးလေ

၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့်ကျောင်းပါပဲ

၁၅။ ဒုက္ခအနီးတွင် သုခရှိ၏

၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့

၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ်သူငယ်ချင်း

၁၈။ ဘဝသည် အစမ်းသဘောနေထိုင်ခွင့်မရှိသော အရာ။

၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့် စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း

၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။

၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာ တရားဆိုတာ မွေးဖွားနေဦးမှာ

၂၂။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံ အကျဆုံးအရာတစ်ခုပါ။

၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျက်ပါ


ဘယ်အရာကအရေးကြီးဆုံးလဲ

တစ်ခါတုန်းက မိန်းကလေးငယ်လေးတစ်ယောက်ဟာ ပန်းခြံထဲမှာ ဆော့ကစားနေတယ် ။ အဲဒီလိုကစားနေတုန်းတုန်း ပန်းခြုံတစ်ခုရဲ့ထောင့်စွန်းမှာ ဓါတ်ပုံလေးတစ်ပုံကိုတွေ့လိုက်ရတယ် ။ အဲဒီကောင်မလေးက ဓါတ်ပုံလေးကို ကောက် ယူသိမ်းထားလိုက်တယ် ။ ပြီးတော့ အရွယ်ရောက်ပြီး လက်ထပ်လိုက်တဲ့အထိ အဲဒီဓါတ်ပုံလေးကို သိမ်းထားခဲ့တယ် ။

တစ်နေ့တော့ခင်ပွန်းဖြစ်သူက မေးတယ် . .။ “ အဲဒီဓါတ်ပုံထဲက ကောင်လေး ကဘယ်သူလဲ ဟင် ” အမျိုးသမီးကပြန်ဖြေတယ် ။ “ ကျွန်မရဲ့ပထမဆုံးအချစ်ဦးပါ ”

------------------------------------------------------

အဲဒီဇာတ်လမ်းလေးရဲ့ အဆုံးက ဘာဖြစ်သွားကြတယ်ထင်သလဲဟင် ။

“ ခင်ပွန်းဖြစ်သူက မိန်းမဖြစ်သူကို နင် ငါနဲ့လက်ထပ်ပြီးတာတောင် ဘာလို့ ဒီကောင်လေးပုံသိမ်းထားရတာလဲ ငါ့ကိုနင့် ရင်ထဲမှာမရှိဘူးလား ” ဆိုပြယ့်ီး ဆူပူလို့ နောက်ဆုံးအိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်သွားနိုင်တာပေါ့ ။

ဒါပေမယ့် အခုပြောပြနေတဲ့ ဇတ်လမ်းထဲက ခင်ပွန်းဖြစ်သူက သူ့မိန်းမကိုသိပ်ချစ်တယ်လေ အဲဒီတော့ သူက အောက် ပါစကားလေးတစ်ခွန်းကိုပြောလိုက်တယ်။

“ အဲဒီဓါတ်ပုံလေးက ကိုယ် ခြောက်နှစ်သားအရွယ်တုန်းက ကျပျောက်ခဲ့တဲ့ ဓါတ်ပုံလေး ပေါ့ ” တဲ့ ။

------------------------------------------

တကယ်တော့ ပြဿနာဖြစ်တယ်ဆိုတယ် လွယ်ပါတယ် ပြဿနာ မဖြစ်အောင် ရှောင်တိမ်းရတာကသာခက်တာပါ ။ လမ်းတွေကတော့အမျိုးမျိုးရှိပါတယ် ။

ကိုယ်ဘယ်လမ်းကို ရွေးမလဲဆိုတဲ့အပေါ်သာ မူတည်တာပါ ။ ပုံပြင်ထဲက ခင်ပွန်းဟာ ငတုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် သူ့ဖြေရှင်းမှုကြောင့် သူ့အမျိုးသမီးက အရင်ကထက်ပိုပြီးတစ်သက်လုံးချစ်ခင်သွားသလို သူတို့အိမ် ထောာင် ရေးလည်းအဆင်ပြေချောမွေ့သွားတယ် ။

လောကကြီးမှာ ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာ ကိုသိတဲ့လူတွေက ပြဿနာအားလုံကို သိမ်မွေ့စွာ ဖြေ ရှင်းနိုင်ကြတယ် ။

သက်တန့်ချို
A picture in the bush အားဘာသာပြန်သည်


ဘဝအတွက်သတိပြုချက်များ

  • မပြုလုပ်မီသတိပြုစစ်ဆေးပါ။
  • စကားကိုပြောသင့်မှပြောပါ။
  • ကျေးဇူးအတုံ့အပြန်ကိုမမျှော်လင့်ပါနှင့်။
  • အပြောချိုသာခြင်းသည်အောင်မြင်မှုတစ်ခုဖြစ်သည်ကိုသတိပြုပါ။
  • သူ့ဖက်ကကြည့်မှသူ့အမြင်ကိုစာနာတတ်သည်ကိုသတိပြုပါ။
  • သိတိုင်းပြောခြင်းသည်အန္တရာယ်ဖြစ်စေနိုင်သည်။
  • အပြောကြီးခြင်းကြောင့်သိက္ခာကျစေနိုင်သည်။
  • ဥာဏ်ရှိသော်လည်းလုံ့လကူမှ
  • အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ပါ။
  • နှုတ်မလုံမှုကြောင့်အကျိုးများပျက်စီးနိုင်သည်ကိုသတိပြုပါ။
  • အဟောင်းကိုစွန့်မှအသစ်ကိုရှိခံစားနိုင်မည်။
  • အချိန်ရှိခိုက်ဘဝအရင်းအနှီးကိုရှာသင့်သည်။
  • ခွင့်လွှတ်တတ်ခြင်းသည်အကျိုးများစေသည်။
  • ဖြစ်သမျှအကြောင်းအကောင်းထားတတ်မှစိတ်ချမ်းသာသည်။
  • လူ့လောကတွင်အတုံ့အလှည့်ရှိသည်ကိုသတိပြုပါ။
  • အဘိဇ္ဈာများခြင်းသည်မိမိစိတ်မောရုံသာဖြစ်သည်။
  • မိမိဘဝအတွက်အပြစ်တွေ့သမျှမိမိအပေါ်တွင်အပြစ်တင်ပါ။
  • စိတ်ကိုထိန်းနိုင်ခြင်းသည်ဘဝကိုထိန်းနိုင်ခြင်းဖြစ်သည်။
  • မိမိကိုယ်ကိုမိမိမနိုပ်စပ်မိစေရန်သတိပြုပါ။
  • မလိုအပ်လျှင်ကြားဝင်မဖြန်ဖြေပါနှင့်။
  • မိမိအပြစ်ကိုမိမိအကုစားလျှင်အမုန်းအပယ်ခံရတတ်သည်။
  • အိုနာသေဘေးအချိန်မရွှေးရောက်လာနိုင်သည်။
  • အနိုင်ကျင့်လေသမျှပြန်၍ဆပ်ပေးရတတ်သည်။

မှတ်သားဖွယ်တန်ဖိုးရှိစကားလေးများ(၂)


အသိလွယ် အကျင့်ခက်
၁။ အကောင်းဆုံးနေ့                 ဒီနေ့
၂။အကောင်းဆုံးအချိန်             လက်ရှိအချိန်
၃။အကောင်းဆုံးနေရာ             အတတ်ပညာသင်တဲ့နေရာ
၎။အကောင်းဆုံးလက်ဆောင်     ခွင့်လွတ်ခြင်း
၅။အသိဆုံးပုဂ္ဂိုလ်                   အလ္လာဟ်အရှင်မြတ်
၆။ကျေးဇူးအများဆုံးပုဂ္ဂိုလ်         မိဘ
၇။အချမ်းသာဆုံးနိုင်ငံ               နိဗာန်(ဂျန္နတ်)
၈။အကြီးမားဆုံးအရာ               မေတ္တာတရား
၉။အရေးအကြီးဆုံးအချိန်          သေဆုံးချိန်
၁၀။ အကြီးဆုံးအဟန့်အတား    အကြောက်တရား
၁၁။အကြီးဆုံးအမှား               လက်လျော့အရှုံးပေးခြင်း
၁၂။အကြီးဆုံးပိတ်ဆို့မှု            အတ္တ
၁၃။ အသုံးမကျဆုံးပိုင်ဆိုင်မှု          မာန
၁၄။အလွယ်ဆုံးအလုပ်              တစ်ဘက်သားကိုအပြစ်ရှာခြင်း
၁၅။အဆိုးဆုံးဆင်းရဲမှု           စိတ်မပါ၊လက်မပါဖြစ်ခြင်း
၁၆။အညံ့ဖျင်းဆုံးသူ              အသိပညာအတတ်ပညာမဲ့သူ၊အချိန်ဖြုန်းတဲ့သူ
၁၇။အငြင်းပွားရဆုံးလူ          အမြဲတမ်းညည်းတွားတတ်သူ
၁၈။အလိုအပ်ဆုံး     အများတွေးသလို၊မြင်သလိုတွေးတတ်မြင်တတ်မှု။
၁၉။စိတ်ချမ်းသာစရာအကောင်းဆုံး   အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ပြီးစီးတဲ့အချိန်။
၂၀။အပျော်ဆုံးနေ့      အောင်မြင်မှုရရှိတဲ့နေ့။
၂၁။အပျက်စီးဆုံးစိတ်      အမုန်းစိတ်။

၁။ပင်လယ်ရေဆိုတာများတော့များတယ်သောက်လို့မရဘူး။
 
ဒီလိုပဲအပေါင်းအသင်းတွေများပေမဲ့ မိတ်ဆွေကောင်းရှားပါတယ်။


၂။အမူအကျင့်ဟာအရေးကြီးပါတယ် ဘာမှမဟုတ်တဲ့အမူအရာလေးတွေကပဲ
ပြောင်းလဲမှုတွေအများကြီးပေးပါတယ်။

၃။မျှော်လင့်ချက်ဆိုတဲ့ အရာကို ကူညီအားဖြင့်ပေးနိုင်တာ ယုံကြည်ချက်ပဲ။

၎။ဘ၀ဆိုတာသစ်ပင်တစ်ပင်လိုပဲ မြေသြဇာကိုတော့ ကိုယ်တိုင်ရှာရမှာပါ။

၅။ မည်သည့်ကိစ္စကိုမဆို အချိန်ဖြုန်းလျှင် အကြိမ်ကြိမ် ရှုံးတတ်တယ်။

၆။မိမိကိုယ်တိုင် အရှုံးမပေးရင် မည်သူမှ မိမိကိုရှုံးအောင်လုပ်၍မရပါ။

၇။     အချိန်ကိုမလေစားလျှင်
       
အလုပ်ကိုမလေးစားလျှင်
       
လုပ်သင့်သည်ကိုမလုပ်လျှင်
       
မလုပ်သင့်သည်ကိုလုပ်လျှင်
         
လုပ်သမျှချွတ်ယွင်းမှုနှင့်အပျက်အစီးများလာလျှင်
         
အပျင်းထူလျှင်
       
အလုပ်ကိုခိုကပ်လျှင် ဘေးတွေ့တတ်သည်။

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။
၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ် ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

၆။ ၃ ပုံပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီး အနေ နဲ့ အသုံးပြုတတ် ကြပါတယ်။

၇။ မိုဘိုင်း ဖုန်းဆိုတာ ပြန်လည်အသုံးပြု (Re-cycle)လုပ်လို့ရတယ်ဆိုတာ အမေရိကန် မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်း မျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။

၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက် လွမ်းမိုးနိုင်တဲ့ အတွက် ဘယ်ဘက် နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေ ပြထားပါတယ်။

၉။ ကမ္ဘာ့ အရောင်းရဆုံး ဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

၁၀။ Appleရဲ့ iPhoneတစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိက လေတပ်မှာ အသုံးပြု တဲ့ စက် များအားလုံးရဲ့ လုပ်ဆောင်ချက် များထက် ပိုမိုစွမ်းရည် မြင့်မားပါတယ်။

၁၁။ Nokia ဖုန်းမှာ ဘက်ထရီ ကုန်သွားပြီး အရေးတကြီး ဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကိုနှိပ်ပါက ဘက်ထရီ အားပြန် ပြည့်ပါတယ်။

၁၂။ နံပါတ် 112ကတော့ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကို နှိပ်လိုက်ရင် သူ့နေရာ ဒေသအ လိုက် အရေးကြီး ဖုန်းနံပါတ် များကို Operator မှ ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ ပိုက်ဆံ မကျန်တော့ ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကို ခေါ် ပါက Emergency Number ဟုပေါ်လာပြီး ရဲစခန်း ဖုန်းနံပါတ်၊ မီးသတ် ဖုန်းနံပါတ်၊ အရေးပေါ် လူနာတင် ယာဉ် ဖုန်း နံပါတ် အစရှိ သဖြင့် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။
မှတ်ချက်။    ။ဖေ့ဘွတ်မှပြန်လည်မျှဝေပါသည်။

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။ သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ ရဲ့  ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။ အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။ သြဇာအာဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။ သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ ကိုယ့်အကျိုး သူ့ အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

လူလူချင်းနားလည်မှုရှိစွာ ပေါင်းသင်းဆက်ဆံရေး အကြံပြုချက်(၃)ချက်


၁။ ရှိသင့်ရှိအပ်တဲ့ အရည်အချင်း'စံ'တွေနဲ့ ပြည့်စုံတဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူးဆိုတဲ့ အချက်ကို လက်ခံထားရပါလိမ့်မယ်။
ကိုယ်ကနခြားသူထက်ပြည့်ဝပေမဲ့ ကိုယ်လိုပဲတခြားသူတွေရှိရမယ်လို့ သတ်မှတ်လို့မဖြစ်ပါဘူး။ လူ့သဘာဝကိုက လူဆိုတာမှားတတ်တယ်၊ ချွတ်ယွင်းချက်မကင်းဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။

၂။ တဖက်လူတွေမှာ ကွဲလွဲခွင့်ရှိသလို ဆန့်ကျင်မှုလည်းရှိနိုင်တယ်ဆိုတာသိထားပါ။
ကိုယ်နဲ့ အမူအကျင့်၊ ဓလေ့စရိုက်မတူတာနဲ့ ဒိလူကိုကြည့်မရဘူးလို့ မဖြစ်သင့်ပါ။ အထူးသဖြင့် ဝတ်စားဆင်ယင်မှု၊ ဘာသာအယူဝါဒ၊ အပေါင်းအသင်း ကွဲပြားတာနဲ့ မကြိုက်ဖူးလို့ပြောလို့မရပါ။ တခြားသူတွေ ဘယ်လိုပုံစံရှိရမယ်လို့ 'စံ'သတ်မှတ်လို့မရသလို သူ့အပြုအမူတွေအပေါ်လည်း ကြိုက်မကြိုက် မူချလို့မဖြစ်ပါ။

၃။ ပြုပြင်ရေးသမား မလုပ်ချင်ပါနဲ့။
လူတိုင်းဟာ ကိုယ့်ပုံစံနဲ့ကိုယ် လူဖြစ်လာကြတာချည်းပါပဲ။ ဒီတော့ သူ့ပုံစံနဲ့သူ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ ဒသနကို ခေါင်းထဲသွင်းထားပါ။ လူများစုက 'မင်းမှားနေတယ်'လို့ အပြောခံရမှာကို မလိုလားကြပါ။

ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ထားနိုင်ပေမဲ့ ထုတ်မပြောဘဲ မြုံနေတာပိုကောင်းပါတယ်။

စာရေးဆရာ ညီညီနိုင် (တိမ်မြင့်စံအတွေးများ၏ အံ့ဖွယ်တန်ခိုး) The Magic Of Thinking Big စာအုပ်မှ နှစ်သက်မိသည့်အနည်းငယ်


Khurshiid Baeghum

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ အပိုင်း(၁)

 (၁) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေ နိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ ရာခိုင် နှုန်း၊ ကျောက် ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ်အပိုင်းတွေ မရှိရင် တောင်လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ်။
(၂) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ။
(၃) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီးအရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့ စည်းထားပါတယ်။
(၄) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (၁)ပိုင့် မကထုတ် လုပ်ပါတယ်။
(၅) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်း အရင်းက - အစာအိမ် နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလို အစားထိုးနေလို့ပဲဖြစ်ပါတယ်။
(၆) နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့ အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။
(၇) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင် တည်ဖို့ လုံလောက်ပါတယ်။
(၈) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။
(၉) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။
(၁၀) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက် တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ် ဇီဝ ကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ ကြီးထွားမှုနှုန်းဟာ ခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ ပဲဖြစ်ပါတယ်။

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ အပိုင်း(၂)

 (၁၁) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အ တွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။
(၁၂) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲ နေနိုင် တာပါ ....တဲ့။
(၁၃) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီး တစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလား အလာရှိပါတယ်။
(၁၅) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။
(၁၆) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြု နိုင်သေးပေမယ့်သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းတွေ ရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
(၁၇) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့ မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။
(၁၈) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါ တယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက် ဆီဂျင်ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ။
(၁၉) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်း ပါ။
(၂၀) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!