Saturday, February 14, 2015






အလုပ်မှာ အများရှေ့မှာ ရှင်းပြစရာ ကိစ္စတွေရှိသောအခါ ကြောက်ကလည်းကြောက်တော့ မပြောသင့်တာတွေကို ပြောလိုက်မိတဲ့အခါလည်းရှိပါတယ်။

ဘယ်လို စကားတွေကို ပြောမိနိုင်သလဲ။

၀၁. ဟိုလေ၊ အဲ....

ကိုယ်ပြောမဲ့အကြောင်းကို သေသေချာချာ စဉ်းစားပြီးတော့မှ ပြောသင့်ပါတယ်။ မပြောခင်အစမ်းပြောကြည့်သင့်ပါတယ်။

၀၂. ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

ဖြစ်နိုင်တယ်လို့ ထင်ပါတယ်လို့ ခဏခဏပြောနေရင်တော့ ရေးထားတဲ့အချက်အလက်တွေက ဟုတ်ကောဟုတ်သေးရဲ့လားလို့ ထင်မှာပါ။

၀၃. ထင်ပါတယ်။

ထင်ပါတယ်လို့ မပြောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်မယ်လို့ စဉ်းစားထားပါတယ်လို့ ဖြေရင်ကောင်းပါတယ်။

၀၄. XXX ကိုလုပ်ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ်။

ကိုယ့်ရဲ့ထင်မြင်ချက်ကို သိချင်တာကို သိချင်လို့မေးတာကို တိတိကျကျဖြေသင့်ပါတယ်။

၀၅. အခုအရမ်း စိတ်လှုပ်ရှားနေတယ်။

အစည်းအဝေးက မစခင်မှာ မပြောသင့်သောစကားပါ။ သူတပါးရဲ့ ယုံကြည်မူကို အားနည်းစေပါတယ်။

၀၆. မဖြစ်နိုင်ဘူး၊ သူများကိုမေးလဲ အလကားပဲ။

မဖြစ်နိုင်ဘူး၊ သူများကိုမေးလဲ အလကားပဲလို့ ပြောနေရင်တော့ သင့်ပြောနေတဲ့စကားကို နားထောင်နေသူတွေကတော့ သနားစရာပါ။

ဘယ်လိုလုပ်ရမလဲ။

ဒါကြောင့် Presentation လုပ်တဲ့အခါ ကိုယ့်ပြောချင်သောစကား အကြောင်းကို ရဲရဲဝံ့ဝံ့ပြောဖို့လိုပါတယ်။

ရဲရဲဝံ့ဝံ့ပြောဖို့တခုထဲမဟုတ်ပဲ ပြောမဲ့အကြောင်းဟာ သေသေချာချာ လေ့လာထားပြီး အကျိုးအကြောင်း ခိုင်လုံရမှာပါ။

အစည်းအဝေးမှာလည်း ပြောမဲ့အကြောင်းတခုထဲမဟုတ်ပဲ နားထောင်နေသူတွေရဲ့အကြောင်း လိုအပ်ချက်တွေကို သေသေချာချာ လေ့လာထားပါ။

သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြောရတဲ့အခါ ကိုယ်ကပြောမဲ့စကားက ဘာကို အဓိကထားပြီးပြောမလဲဆိုတာကိုလဲ စဉ်းစားထားရန်လိုပါတယ်။

ဒီအကြောင်းလေးက အလုပ်ခွင်ထဲမှာ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ အသုံးချကြည့်လိုက်နော်။


Credit: Chelmo Team

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!