Thursday, February 19, 2015

ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲ ?
၁။ အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်မည်။
၂။ ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေမည်။
၃။ ညဖက် တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။
၎။ ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင် နှလုံးရောဂါဖြစ်ခြင်း၊
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။
၅။ မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ၀မ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင်လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျောသန့်စင်ပေးမည်။

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ ?
ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေခဲရေ၊ ရိုးရိုးရေ နှစ်မျိုးစလုံးပါဝင်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့ အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ့ စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။
ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။
ထို့ ကြောင့် ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို့ အမေရိကန်နှင့် ဂျပန်နိုင်ငံ
တို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!