Monday, February 16, 2015




ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး မိအောင်လိုက်ကိုက် တတ်ပါတယ်။ ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။ မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။

ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။
သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။ အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး ဆက်တိုက်ခိုက်တတ်ပါတယ်။
ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။ 

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!