တစ်ပါးသူအပေါ် ကောင်းခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများ
အိမ်နီးနားချင်း အတွက် ဈေးဝယ်ပေးခြင်း
လတ်တလော လေ့လာမှု တစ်ရပ် အရ နေ့တစ်နေ့မှာ ကောင်းတဲ့ အလုပ် သုံးခုကို လုပ်ဆောင်တဲ့ သူတွေကို မေး မြန်းကြည့်တဲ့ အခါ စိတ်ဓာတ်ကျတဲ့ လက္ခ ဏာတွေ ၉၄ ရာခိုင်နှုန်းခန့် သိသိသာ သာ လျော့ပါးမှု ရှိတာကို တွေ့ရှိရပါတယ်။ သူတို့ လုပ်လေ့ရှိတဲ့ ကောင်းမွန်တဲ့ အ လုပ်တွေက အိမ်နီးနားချင်း အတွက် ဈေး ဝယ်ပေးတာ၊ သူငယ်ချင်း အတွက် ကော် ဖီဖျော်ပေးတာ၊ ကလေးထိန်းပေးတာ စ တဲ့ ကြင်နာတဲ့ အပြုအမူတွေကို လုပ် ဆောင်လေ့ရှိကြ ပါတယ်။ ဒီလိုလူတွေက အကောင်းမြင် အတွေး အခေါ်တွေ ရှိကြ ပြီး အဆိုးမြင်တဲ့ အတွေးအခေါ်တွေကို တွန်းလှန်နိုင်စွမ်း ရှိတဲ့ အတွက် စိတ်ပျော် ရွှင်ကျေနပ်မှု ရှိတာကို တွေ့ရပါတယ်။
လှုမှုရေးအလုပ် ရွေးချယ်ခြင်း
ပုံမှန် စေတနာ့ဝန်ထမ်း လုပ်တဲ့အ တွက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို ၄ဝ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ကော်နီ မဲလွန်တက္ကသိုလ် လေ့လာမှုအသစ်တစ် ခုအရ သိရပါတယ်။ ဒါ့အပြင် တစ်ပတ် မှာ နှစ်နာရီကြာ စေတနာ့ ဝန်ထမ်း အလုပ်ကို လုပ်ဆောင်တဲ့ သူတွေ အနေနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းမှု ရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ လူမှုရေး အလုပ်တွေကို လုပ်ဆောင်တဲ့ အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကြည်နူးမှုကို ရရှိစေ တာကြောင့် ဖြစ်ပါတယ်။
သူတစ်ပါးကို နုတ်ဆက်ခြင်း
တခြား သူတွေ (ဥပမာ သူစိမ်းတွေ ဖြစ်ရင်တောင်)နဲ့ မျက်လုံးချင်း ဆုံကြည့် ရမှာကို စိုးရွံ့ရှောင်လွှဲနေ သူတွေဟာ အထီးကျန် ဝေဒနာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းမှုတို့ကို ခံစားရ တတ်တယ်လို့ ပါဒူး တက္ကသိုလ်လေ့လာ သူတွေက ဆိုပါတယ်။ လူဆိုတာ သဘာ ဝအားဖြင့် ပေါင်းသင်း ဆက်ဆံရေး သတå ဝါတွေဖြစ်တဲ့ အတွက် အခြေခံကျတဲ့ လူ သားတွေနဲ့ ထိတွေ့ဆက်သွယ်မှု လိုအပ် ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အ သိအမှတ်ပြုတာကို လက်ခံရရှိတဲ့ သူတွေ အနေနဲ့ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ကျန်းမာရေး ကောင်းမွန်မှု ရှိတာကို တွေ့ ရပါတယ်။ ဒါကြောင့် သင့်မိတ်ဆွေသူ ငယ်ချင်းတွေကို စာတိုမက်ဆေ့ခ်ျပို့တာ၊ မိဘထံ ဖုန်းခေါ်တာနဲ့ လမ်းမှာ ဆုံတဲ့သူ တွေကို ပြုံးပြတာတို့ လုပ်ဆောင်ပါ။ သူ တို့ဆီက တုံ့ပြန်မေတ္တာကို ရရှိတဲ့အခါ သင့်အနေနဲ့ ပိုပြီးစိတ်ကျေနပ် ပျော်ရွှင်ရပါလမ့်မယ်။

0 comments:
Post a Comment