Thursday, April 2, 2015

၁။ ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို မကြာခဏ ပြန်လည်သုံးသပ်ပါ။
Analyse yourself often what you’re doing.
ပြန်လည်သုံးသပ်မှုမရှိရင် ဘယ်အရာပဲဖြစ်ဖြစ် ရလာဘ်ကောင်းကို သိရှိနိုင်ဖို့ခဲယဉ်းလှပါတယ်။ ရလာဘ်ကောင်းတွေကို ပိုင်ဆိုင်ချင်ရင် ကိုယ်လုပ်နေတဲ့ လုပ်ရပ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်ဆန်းစစ်ပါ။ ရလာဘ်ကောင်းတွေ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေ ပိုတိုးလာပါလိမ့်မယ်။

 ၂။ ကျရှုံးခဲ့ရင်တောင် အောင်မြင်ဖို့ ထပ်ကြိုးစားလိုက်ပါဦး။
Strive to succeed Even if failure.
ကျရှုံးတယ်ဆိုတာ ကြိုးစားကြည့်ဖူးတဲ့သူတွေမှ ကြုံဆုံရင်ဆိုင်ကြရတာပါ။ အောင်မြင်ခြင်းအတွက်
ရှုံးနိမ့်ကျရှုံးရခြင်းကိုတစ်ခါတစ်ရံလက်ခံရင်ဆိုင်ရမယ်အောင်မြင်မှုကိုလူတိုင်းက လိုအပ်ကြတယ်။
ရပ်တန့်မနေဘဲ ထပ်ကြိုးစားကြည့်လိုက်ပါဦး။

၃။ အတိတ်ကအကြောင်းတရားတွေကို တတ်နိုင်သလောက်မေ့ထားပါ။
ယခုလက်ရှိ ပစ္စုပ္ပန် အကြောင်းကို သေသေချာချာ စဉ်းစားသုံးသပ်ပါ။
Try to forget past. Try to leave past. Consider present time.
ယခုလက်ရှိ အချိန်သည်သာပိုအရေးကြီးပါသည်။ ဖြစ်ခဲ့တာတွေ ဖြစ်ပြီးခဲ့တာတွေကို မေ့ထား ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ။ ဆင်ခြင်ပါ။ စဉ်းစားပါ။ တန်ဖိုးထားပါ။

၎။ မနက်ဖြန်ဆိုတာ ရှိနေသေးရင် သင့်အတွက် မျှော်လင့်ချက်တွေရှိနေပါသေးတယ်။
There is ray of hope for you if tomorrow never die.
 အားမလျော့ပါနဲ့၊ အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့၊ လက်တွေ့ဆန်ဆန် လက်တွေ့ကျကျ
လုပ်ဆောင်ပါ။မျှော်လင့်ချက်ကိုရင်မှာပိုက်ထား။မျှော်လင့်ချက်ဆိုတာ ဘဝပဲနော်။ဘဝရဲ့ရှင်သန်ခြင်းတစ်မျိုးပေါ့။

၅။ မဆုံးဖြတ်ခင် စဉ်းစားပါ။
Think before decision.
စဉ်းစားနိုင်မှတော်ကာကြမယ်နော်။ ခဏလေး မစဉ်းစားနဲ့၊ များများ စဉ်းစားပေးပါ။ ဆုံးဖြတ်ချက်ကို
အလျင်စလိုမချလိုက်ပါနဲ့။ အမှားတွေ့တတ်တယ်။

၆။ စဉ်းစားပြီးမှဆုံးဖြတ်ပါ။
Decide after thought.
မစဉ်းစားပဲ ဆုံးဖြတ်လိုက်တော့ အမှားသံသရာလည်တာပေါ့။ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတဲ့ အကျင့်ကောင်းလေးကိုတော့ မွေးမြူထားပါ။ တစ်ချို့ဆို အလွယ်တကူဆုံးဖြတ်ချက်ချမိလို့ စည်းစိမ်ဥစ္စာတွေသာမက အသက်ပါဆုံရှုံးခဲ့ကြရသည်။ အဲဒါဘာကြောင့်လဲဆိုတော့ ပြန်စဉ်းစားကြည့်ရင် ဆုံးဖြတ်ချက်တစ်ခုမှားယွင်းသွားခဲ့လို့သာ ဖြစ်သည်။

၇။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။
Be humble yourself.
လူတွေဟာ အသားလွတ်ကြီး ဘဝင်မြင့် အောက်ချေလွတ်တတ်ကြတယ်။ မာနတွေထောင်လွှားကာ တစ်နေ့မသေတော့မယ့် ဒီဇိုင်းမျိုးနဲ့ လုပ်တတ်ကြတယ်။ ဒီအပြုအမူမျိုးတွေကို ရှောင်ကြဉ်ပါ။ စိတ်ကိုအလှဆင်ကြပါ။စိတ်ရဲ့အလှကို ဘယ်လိုအလှအပ မျိုးကမှ ကမ္ဘာမှ ယှဉ်နိုင်ရိုးထုံးစံမရှိပါဘူ။ အလှဆုံးလူ ဖြစ်ချင်ရင် စိတ်ကိုအလှဆင်နိုင်ပါစေ။

၈။ သူတစ်ပါးရဲ့ဝေဖန်မှုကို ခံယူတတ်ပါစေ။
You can be criticized.
ဝေဖန်ပြောဆိုမှုတွေကို စိတ်ရှည်ရှည်ထားပြီး ခံယူပါ။ ဒီဝေဖန်မှုတွေကိုလူတိုင်း ခံယူနိုင်ကြတာ ချည်းမဟုတ်ပါဘူး။ခံနိုင်ရည်ရှိကြသူတွေ အတွက်တော့ သင်ခန်းစာကောင်းတွေချည်းပါပဲ ။ဝေဖန်မှုကိုလက်ခံပြီး ပြန်သုံးသပ်ပါ။

၉။ ကိုယ့်ကိုယ်ကို အားကိုးပါ။
Depend on yourself. Rely on your own foot.
လူကြီးသူမတွေရဲ့ စကားကို အကြွင်းမဲ့မယုံလေနဲ့ဆိုတဲ့ စကားသည် ကိုယ့်ကိုယ်ကို အားကိုးစေချင်ကြောင်းကိုအဓိက ညွှန်းဆိုနေတယ်လို့ထင်ပါတယ်။ လူမှာ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်တဲ့အသိဥာဏ်ရှိတယ်။အဲဒါကြောင့် သူတစ်ပါးကို အမြဲတမ်းအားမကိုးစေလို သူတစ်ပါးကို အားကိုးလွန်းအားကြီးလျှင် အဇာတသတ်မင်းသားလို ဖခင်ကိုပြန်သတ်မိတဲ့ အထိ အမှားကြီးမှားကာ မိုက်တွင်းနက်သွားနိုင်ပါတယ်။

 ၁၀။ အမှန်တရားကို ရှာဖွေပါ။
Seek the truth.
အမှန်တရားကိုရှာဖွေမိတော့ချမ်းသာစစ်ကိုရတာပေါ့။အမှန်တရားကိုလူတိုင်းမြတ်နိုးတန်ဖိုးထား
ကြသည်။ ချမ်းသာစစ်ကိုရှာဖွေတတ်ကြပါ။
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!