Thursday, April 2, 2015

၁။ ဦးနှောက် သည် မီးခိုးရောင်
တစ်ကယ်တော့ ဦးနှောက်ဟာ မီးခိုးရောင် တစ်ခုထဲရှိတာမဟုတ်ပါဘူး။  အမဲရောင်၊ အဖြူရောင်နှင့် အနီရောင် စတဲ့ အရောင်တွေလည်း ပါဝင်ပါတယ်။  ဦးနှောက်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဟာ မီးခိုးရောင်ဖြစ်ပေမယ့် သူ့မှာ အဖြူရောင်လည်း ပါဝင်ပါတယ်။  နောက် အမည်းရောင် အရေးပါတဲ့ အစိတ်အပိုင်းလည်းပါဝင်ပြီးတော့ အနီရောင် သွေးကြောတွေရှိပါတယ်။  ကျွန်တော်တို့ လက်တွေ့စမ်းသပ်ခန်းတွေမှာတွေ့ရတဲ့ ဦးနှောက်တွေဟာ ပိုးသတ်ဖို့နဲ့ မပုတ်မသိုးအောင် တာရှည်ခံရန်အသုံးပြုတဲ့ ဆေးရည်တွေ ကြောင့် မီးခိုးရောင်သာမြင်ရတာပါ။

 ၂။ ကျွန်တော်တို့သည် ဦးနှောက်စွမ်းရည်၏ ၁၀% ကိုသာ သုံးကြသတဲ့
ဒါကို လူတိုင်းလည်းကြားဖူးကြမှာပါ။  လူတွေဟာ ဦးနှောက်ရဲ့ စွမ်းရည်ကို ၁၀%လောက်သာ အသုံးချကြတယ်ဆိုပြီးတော့။  တစ်ကယ်လို့ သင်သည်သာ ကျန်သော ၉၀% ကိုအသုံးချနိုင်မယ်ဆိုရင် ကြီးကျယ်လှတဲ့အလုပ်တွေ လုပ်နိုင်မယ်ပေါ့လေ။  ဒီနှစ်ထဲမှာ အသစ်ထွက်လာတဲ့ ရုပ်ရှင်အသစ် Limitless ထဲမှာတော့ မူးယစ်ဆေးတွေကို သုံးပြီးတော့ ဦးနှောက်ရဲ့ ကျန်သော ၉၀%ကို အသုံးချတယ်ဆိုတဲ့ အကြောင်းလေးရိုက်ထားပါတယ်။  ဒီအယူအဆရဲ့  မူလကတော့ ဟားဗတ် တက္ကသိုလ်က စိတ်ပညာရှင်တွေဖြစ်တဲ့ ဂျိမ်းစ် နဲ့ စီဒစ်(စ်) တို့ရဲ့ အယူအဆကနေဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။  သူတို့က လူတွေဟာ စိတ်ရဲ့ ခံစားမှု့ကို မူတည်ပြီးတော့သူတို့ရှိထားတဲ့ စွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုသာ အသုံးချတယ်လို့ ဆိုပါတယ်။ တစ်ကယ်တော့ MRIs ကနေပြသနေတာက သင့်ဦးနှောက်ဟာ ၁၀၀% အလုပ်လုပ်နေပြီးသာပါ၊  သင်အိပ်နေတဲ့ အချိန်မှာလည်းပဲ ၁၀၀% အလုပ်လုပ်နေပါတယ်။  တစ်ကယ်လို့ ၉၀%သော ဦးနှောက်ကို သင်အသုံးမချဘူးဆိုရင် သင့်ဦးနှောက်ဟာလည်း ပျက်စီးဖွယ်ရာရှိပါတယ်။

 ၃။  မသိစိတ်ဟာ ဦးနှောက်ကို လွှမ်းမိုးနိုင်သတဲ့
 မသိစိတ်ဟာ သင့်ရဲ့ အမှန်တစ်ကယ်ဖြစ်ပေါ်လာမယ့် စိတ်ကို နှိုကြားလှုံ့ဆော်ပေးနိုင်ပါတယ်လို့ ယူဆကြသူတွေရှိပါတယ်။  ဒါကတော့ သင့်မှ မသိစိတ်ဖြစ်သွားတာကို သင်ကိုယ်တိုင်မသိလိုက်တာပါ။  ဒါဟာ သင်ဖျတ်ကနဲ တွေ့လိုက်တဲ့ ရုပ်ပုံတစ်ခု ဒါမှမဟုတ် သင် ဖျတ်ကနဲ့ ကြားလိုက်ရတဲ့ အသံတစ်ခု ကနေပြီးတော့ သင့်မသိစိတ်ကနေ လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။  ဒီစိတ်က လှုံ့ဆော်လိုက်လို့ သင့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်ဟာ သင့်ရဲ့ အပြုအမူကို ပြောင်းလည်းပေးနိုင်ပါသတဲ့။  သင် ပစ္စည်းတွေ ၀ယ်ချင်စိတ်ဖြစ်လာအောင် နှိုးဆွပေးပါသတဲ့။မူလ ဒီလို ယုံကြည်ချက်ကို ဖော်ထုတ်သူကတော့ James Vicary ဆိုသူဖြစ်ပါတယ်။  Vicary က ပေါက်ပေါက် အကြောင်းနဲ့ ပါတ်သတ်တဲ့ အကြောင်းကို ရုပ်ရှင်ထဲမှာ ထည့်သွင်းပြသတဲ့အခါမှာ အဲ့ဒီ ရုပ်ရှင်ရုံရဲ့ပေါက်ပေါက် ရောင်းအားဟာ ခါတိုင်းထက် ၆၀% ပိုတက်လာတယ်လို့ အဆိုပြုတာပါ။  တစ်ကယ်တော့ Vicaryဟာ ညာခဲ့တာပါ။  ပိုမိုခောတ်မီလာတဲ့ ရှာဖွေမှု့တွေအရ ဒီလို မသိစိတ်ဟာ သင့်ဦးနှောက်ကို လွှမ်းမိုးနိုင်ခြင်းမရှိပါဘူးတဲ့။

 ၄။  အရက်သောက်ခြင်းသည် သင့်ဦးနှောက် ဆဲလ်များကို ပျက်စီးစေသတဲ့
 အရက်ဟာ သင့်ဦးနှောက် ဆဲလ်တွေကို ပျက်စီးစေမှာ မဟုတ်ပါဘူး။  ဒါပေမယ့် အရက်ဟာ သင့်ရဲ့အာရုံကြောကလပ်စီးတွေရဲ့ အဆုံးဖြစ်တဲ့ dendrites တွေကိုတော့ ပျက်စီးစေပါတယ်။  ဒါဟာ သင့်ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်မှု့ ကို ကျဆင်းစေပါတယ်။  ဒါပေမယ့် တစ်ချို့သော လေ့လာဆန်းသတ်မှု့တွေအရတော့ ဒါဟာ ဆက်သွယ်မှု့ ပိုမိုကောင်းလာစေတယ်လို့ ဆိုပါသေးတယ်။  သို့သော်လည်း တထစ်ချရုံပြီးတော့ အရက်တွေ လှိမ့်မသောက်ပါနဲ့။သို့သော်လည်း အရက်ဟာ သင့်ကိုယ်အတွက် မကောင်းပါဘူး။  သင့်တင့်တာထက် ပိုမိုတဲ့ ပမာဏတွေသင့်ကိုယ်ထဲ ၀င်သွားမယ်ဆိုရင် Wernicke-Korsakoff လို့ခေါ်တဲ့ အာရုံကြောတွေ ကစဉ်ကလျှားဖြစ်တဲ့ ရောဂါကို ရနိုင်ပါတယ်။  ဒီရောဂါဟာ သင့်ရဲ့ အာရုံကြောတွေကို ဆိုးရွားစွာ သေစေနိုင်ပြီး၊ မှတ်ဥာဏ်ချို့ယွင်းခြင်း (amnesia)၊ တွေဝေရှုပ်ထွေးနေခြင်း (confusion)၊ လေဖြတ်စေခြင်း(paralysis)၊ နဲ့ သင့်ကို သေစေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။  ဒါအပြင် အရက်ဟာလည်း သင့် ကိုယ် ရဲ့ အစိတ်အပိုင်းပေါင်းများစွာကိုလည်း ထိခိုက်စေပါတယ်။  ဒါပေမယ့် အရက်ဟာ ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတာကတော့ မဟုတ်ပါဘူး။

၅။ အရွယ်ရောက်ပြီးသူတွေဟာ ကလေးတွေထက်ပိုပြီးတော့ ဦးနှောက်ဆဲလ်များပါသတဲ့  အရွယ်ရောက်လာသူတွေဟာ ပိုမို သိလာကြ၊ တတ်လာကြတယ်။ ဦးနှောက်ကလည်း ပိုကြီးလာတယ်။ ဒီတော့ ဦးနှောက်ထဲမှာရှိတဲ့ ဆဲလ်တွေဟာလည်း ပိုများလာတယ်။  မဟုတ်ပါဘူး။
သင့် တစ်သက်တာမှာ သင့်ဦးနှောက်ရဲ့ဆဲလ်တွေဟာ တသတ်မတ်တည်း တည်ရှိနေပါတယ်။
အရည်အတွက်အားဖြင့် သန်း ၁၀၀ လောက် ပမာဏပါ။  ဒါဟာ အရွယ်ရောက်ပြီးသူရော၊ ကလေးငယ်ရော အားလုံး ပမာဏ အတူတူပဲ ဖြစ်ပါတယ်။  ဦးနှောက်အရွယ် ကြီးလာတာကတော့ ဆဲလ်တွေပိုများလာလို့ မဟုတ်ပါဘူး၊ အာရုံကြောတွေကြားထဲက အခြားသော ဆဲလ်တွေ ပိုမိုကြီးမာလာလို့ ဖြစ်ပါသတဲ့။

 ၆။ သင့်ဦးနှောက်ဟာ ဘယ်သန်လား၊ ညာသန်လား
သင့်လက်တွေတောင် လယ်သန် ၊ ညာသန် ဒါမျိုးတွေရှိတတ်တော့ ဦးနှောက်မှာလည်း ဘယ်သန်လားညာသန်လားဆိုပြီတော့ တွေးခေါ်လာကြတာမျိုးရှိပါတယ်။  တစ်ကယ်လို့ သင်ဟာ ဘယ်သန် ဦးနှောက်ပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လက်တွေ့ကျကျ လုပ်တတ်တဲ့လူ၊  တစ်ကယ်လို့သာ သင်သည် ညာ သန်ဦးနှောက်ပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ စိတ်ခံစားချက်ကို ဦးစားပေးတဲ့လူ၊  ဖန်တီးမှု့အားကောင်းတဲ့လူစသည်ဖြင့် ပြောဆိုလေ့ရှိပါတယ်။  နောက်တစ်ခု ညာသန် ဦးနှောက်သမားတွေဟာ ညာလက်ကို အသုံးချပြီးဘယ်သန် ဦးနှောက်သမားတွေကတော့ ဘယ်လက်ကို အသုံးချတတ်ပါသတဲ့။  ဒါဟာ မမှန်ပါဘူး။ တစ်ကယ်တော့ ဦးနှောက်မှာ ဘယ်ဘက်နဲ့ ညာဘက်ဆိုပြီးခွဲလို့မရပါဘူး။  သူ့လုပ်ဆောင်ချက်ဟာဦးနှောက်တစ်ခုလုံးကို ပြန့်နှုံ့ပြီး လုပ်ဆောင်ရပါတယ်။  တစ်ကယ်လို့ သင့်ရဲ့ ဦးနှောက်တစ်ခြမ်းထဲနဲ့သာအလုပ်လုပ်မယ်ဆိုရင် သင်ဘာမှ လုပ်နိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။

 ၇။  ကိုယ်မရှိပဲ ဦးနှောက်ဟာ ဆက်လက်အလုပ်လုပ်နိုင်ပါသတဲ့
 ဒီ အတွေးအခေါ်ကတော့ သင် ကိုယ်တစ်ခြား ခေါင်းတစ်ခြား ဖြစ်နေချိန်မှာတောင် သင့်ဦးနှောက်ဟာစက္ကန့် အနည်းငယ်အကြာအထိ ဆက်လက် အလုပ်လုပ်နိုင်စွမ်းရှိပါသတဲ့။  ဒါကို ပြင်သစ်တော်လှန်ရေးတုန်းကခေါင်းဖြတ်စက်နဲ့ စီရင်တဲ့ အချိန်မှာ အသတ်ခံရသူတွေဟာ စက္ကန့် ၃၀ လောက်ကြာတဲ့အထိ မျက်တောင် ခပ်နေသေးတာကို ညွှန်ပြကြပါတယ်။ သို့ပေမယ့် ယနေ့ခေတ်မှာတော့ ဆရာဝန်တွေက ဒါဟာ ကြွက်သား ရုံးကြွမှု့ကြောင့်သာဖြစ်တယ်လို့
ယုံကြည်ကြပါတယ်။  အောက်စီဂျင် မရှိတော့တာနဲ့ တစ်စက္ကန့်မရှိခင်အချိန်အတွင်းမှာ သင့် ဦးနှောက်ဟာ coma လို့ခေါ်တဲ့ သတိလစ်မေ့မြောခြင်း အဖြစ်ကို ရောက်ရှိသွားမှာပါ။
Credit : OW

Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!