Wednesday, April 15, 2015



အခုရက် ပိုင်း ကျွန်မဆီကို message box က တဆင့် ရောက်လာတဲ့ မေးလ်တွေထဲ မှာ တော်တော် များများက သူတို့တွေ ရဲ့ အလုပ်အကိုင်တွေ ထဲမှာ အဆင်မပြေတာတွေ ၊ သူတို့ ရင်ဆိုင်ရတဲ့ လုပ်ငန်းခွင် အခက်အခဲတွေ ကို ရင်ဖွင့်ထားကြပြီး တစ်ချို့ကြတော့ လည်း ကိုယ်ပိုင် လုပ်ငန်းလေးတစ်ခု လုပ်ချင်ကြတယ် ။ ကိုယ်ပိုင်လုပ်ငန်းလေးမှာ ကြုံတွေ့ရမယ့်အခက်အခဲတွေ ၊ ၀င်ငွေ ကောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ တွေ မေး ထားကြပါတယ် ။ အရင်ဆုံး ၀န်ခံထားချင်တာက ကျွန်မ ကိုယ်တိုင် က လည်း ဘ၀မှာ ကြိုးစားဆဲ ၊ ကိုယ်လိုချင်တဲ့   ပန်းတိုင်ကို ရောက်ဖို့ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ် ဆဲ၊ ကိုယ် မသိသေး ၊ မတက်သေးတဲ့ အရာအားလုံးကို သိအောင် ကြိုးစားလေ့လာနေဆဲ ဖြစ်တဲ့ လူ ထဲ က လူ တစ်ယောက်ပါပဲ ။
ကျွန်မ တို့ အားလုံး လူရယ်လို့ ဖြစ်လာရင် ၊ ငယ်ရွယ်စဉ် ဘ၀ အတန်းပညာ သင်ယူနေတဲ့ အချိန်ကစပြီး ကိုယ့်အရွယ် နဲ့ လိုက်တဲ့ အခက်အခဲ ကိုယ်စီကတော့ ရှိခဲ့ ၊ ကြုံခဲ့ ကြဖူးသူတွေ ချည်းပါပဲ။ ဒါပေမယ့် အသက်ကြီးလာလေ ၊ အရွယ်ပိုရောက်လာလေ ၊ လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ် ကိုင် ကြပြီ ဆိုရင်ပဲ  လုပ်ငန်းခွင်ထဲမှာ စိန်ခေါ်မှု့ တွေ ပိုပြီး ကြုံတွေ့လာကြရတယ် ။   လူ တိုင်း လူ တိုင်း ဘ၀မှာ နေထိုင်ရပ်တည် ဖို့ အလုပ်ကိုယ်စီ လုပ်ကြရတယ် ။ လုပ်ငန်း တိုင်း မှာ သူ့အခက်အခဲ နဲ့ သူကတော့ ရှိကြတာချည်းပါပဲ ။ ဥပမာ- လူတစ်ယောက် ဟာ " ငါ့အလုပ်ကတော့ ရာထူးမြင့် တယ် ၊ငါကတော့ တာဝန်ယူထားရတာတွေ က ဘယ်လောက်များ တယ် ၊ သူ့လုပ်နေတဲ့ အလုပ်ကတော့ ဘာမှ မဟုတ်ပါဘုးကွာ " ဆိုပြီးတော့ သူများ ကိုသွားပြီး အထင် မသေးသင့်ပါဘူး  ။

ဘာဖြစ်လို့ ကျွန်မ ဒီစကားကို ပြောရတာလဲ ဆိုတော့ လူတစ်ချို့ပေါ့လေ ( အားလုံးကို ဆိုလိုတာ မဟုတ်ပါ နော် ) ။ ကိုယ့်အလုပ်ကသာ ပိုပြီးတော့ ကြီးကျယ်တာ ၊ ကိုယ်ကသာကြီးမားတဲ့ တာဝန် ၀တ္တရားတွေကို ထမ်းဆောင်နေရတဲ့ သူ ဆိုပြီးတော့ ကိုယ့်ကိုကိုယ် အထင်ကြီးနေကြ သူတွေ ၊ ပညာမာန် အရမ်းကြီးကြသူတွေ ကို  အများကြီးကြုံ  တွေ့နေရလို့ပါ ။ လူတိုင်းဟာ အခြေခံ လူတန်းစားပဲ ဖြစ်ပစေ ၊ရုံးစာရေးပဲ ဖြစ်စေ  လူတစ်ဦးတစ်ယောက်စီမှာ သူ့ ကျွမ်း ကျင်မှု့ ၊သူ့ကိုယ်ပိုင် အရည်အချင်းကိုယ်စီတော့ ရှိကြတာချည်းပါပဲ ။ သူတို့မှာ လည်း သူတို့လုပ်ငန်းခွင် နဲကိုက်ညီတဲ့ ဖိအား တွေ ၊ စိန်ခေါ်မှု့ ကိုယ်စီကတော့  ရှိကြတာ ချည်းပါပဲ ။ လူတိုင်းဟာ ဘ၀ မှာ လုပ်ငန်းခွင် တိုင်းမှာ သူ့နေရာနဲ့သူ အရေးပါနေကြတဲ့ သူ တွေ ချည်းပါပဲ ။
ဥပမာပြောရရင် ကျွန်မ တို့ မိသားစု လုပ်ငန်းလေးမှာ အလုပ်သမား အနည်းငယ်ရှိပါတယ် ။ ဘာလို့ 

  • အလုပ်သမား ထားကြရတာလဲ ? 
  • ကိုယ်တိုင်မလုပ်တက်ဘူးလား ?
  • ကိုယ်တိုင် လုပ်ရင် ကော မဖြစ်ဘူးလား  ? 

လို့ မေးရင် မဖြစ်ဘူး မဟုတ်ဘူး ၊ ဖြစ်ပါတယ် ။
 ဒါပေမယ့် ဒီအလုပ်တွေ ဟာ နေ့တိုင်း လုပ်နေရမယ့် အလုပ်တွေ ။ လုပ်ငန်းတစ်ခု ကို ကိုယ် တစ်ယောက်တည်းပဲ လုပ်နေရင် ဘယ်လို လုပ် အလုပ်တွင်ကျယ် နိုင်ပါ့မလဲ ။ အလုပ်သမားဆိုတာကလည်း သူတို့ ရဲ့ ကျွမ်းကျင် တဲ့ အတက်ပညာ " ကာယ" အား နဲ့ အလုပ်လုပ်ပေးရတယ် ။ အလုပ်ရှင် ဆိုတာ ကလည်း လုပ်ငန်းလည်ပတ်အောင် "ညာဏ " အားနဲ့ စဉ်းစားတွေးခေါ်ရတယ်  ။ စီမံခန့်ခွဲရတယ် ။ ဥပမာ -ကိုယ်တိုင် ဆန်ထမ်း ၊ ကိုယ်တိုင် ဆန်ကြိတ် ၊ ကိုယ်တိုင် ကားပေါ်တင် ကိုယ်တိုင် စာရင်းလုပ်  ကိုယ်တိုင်ဆန်စက် ကို စီမံအုပ်ချုပ်တဲ့ လုပ်ငန်း ရှင် မျိုးကြုံဖူးကြလို့လား ။ ဒါတွေဟာ နေ့စဉ်နေတိုင်း လုပ်နေရမယ့် အလုပ်တွေ ၊အရာအားလုံးကို သာ တစ်ယောက်တည်း လုပ်နေမယ် ၊ လုပ်နိုင်တယ် ထင်ရင် ကိုယ် ပဲ လဲကျ သွားမှာပေါ့ ။ 
အလုပ်တိုင်း မှာ သူ့  နေရာနေ့သူ  အရေးပါ မှု့ ကိုယ်စီရှိကြပါတယ် ။  လုပ်ငန်းတိုင်းမှာ ကိုယ်တစ်ယောက် တည်း တော် နေရုံ၊ ကျွမ်းကျင်နေရုံမျှ နဲ့ မပြီးတဲ့ အလုပ်တွေ အများကြီးရှိပါတယ် ။ အခုကျွန်မ တို့ လုပ်ငန်းတွေ မှာ အလုပ်သမားဗဟိုပြု ရင်း ၊လုပ်ငန်း ပုံမှန် လည်ပတ် အောင်ကြိုးစားရင်း နဲ့ ပိုက်ဆံတွေ  အများကြီးစုမိကြတယ်ပဲ ဆိုပါတော့ ။ ၀င်ငွေ တွေ အများကြီး ၀င်တယ် ၊ ပိုက်ဆံတွေ အများကြီး စုမိကြတယ်ဆိုတာ 

  • ကိုယ့်ရဲ့ စီမံ အုပ်ချုပ် မှု့ ကောင်း လို့လား ?  မဟုတ်သေးပါဘူး ။
စီမံခန့်ခွဲ မှု့ က အရေးမပါဘူးလို့ ဆိုလိုတာ မဟုတ်ပါနော် ။ အရေးပါ ပါတယ် ။ ဒါပေမယ့် စီမံ  အုပ်ချုပ် မှု့ ကောင်းရုံနဲ့လည်း ၀င်ငွေ အများကြီး မ၀င်နိုင် သေးပါဘူး ။ ဥပမာ - ကိုယ်က ယာဉ်တစ်ခုခု ကို မောင်းဖို့ ပြင်ဆင်နေတယ် ဆိုပါတော့ ။ ကားတစ်စီးပဲ ထားပါဦး ။ စီမံခန့်ခွဲမှု့ ၊ငွေ စတဲ့ ယာဉ်တစ်စီးလုံး ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ပြည့်စုံတယ် ဆိုပါတော့ ။ ဒါပေမယ့် ဆီ မရှိရင် ဘယ်လိုမောင်းမလဲ ။ ဆီ နဲ့ တူတဲ့  ကိုယ့်လုပ်ငန်းလည်ပတ်အောင် လုပ်ပေး မယ့်အလုပ်သမား ၊ ၀န်ထမ်း  မရှိပဲနဲ့ လုပ်ငန်း ဟာ ကြီးကျယ်လာစရာ ၊ ၀င်ငွေ ပိုကောင်းလာစရာမရှိပါဘူး ။ ဒါကြောင့် ကိုယ့်မှာ ငွေ ရှိရုံ  ၊ စီမံခန့်ခွဲ မှု့ကောင်းရုံနဲ့တင် လုပ်ငန်းတစ်ခု ၊ အလုပ်တစ်ခု အောင်မြင်ဖို့ မဖြစ်နိုင်သေးဘူး ဆိုတာပါ ။ ဒါကြောင့်

  •  ဆီ လို အရေးပါတဲ့ ၀န်ထမ်း အလုပ်သမားတွေ ရဲ့ ကိုယ် အလုပ်ပေါ်မှာ အရေးပါမှု့ ကို အသိအမှတ်ပြုပါ ။ 
  • သူတို့ တွေရဲ့ စွမ်းဆောင်မှု့ကို ချီးကျူးးပါ ။
  • သူတို့ တွေ ကို ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ပေးပါ ။
ဘ၀မှာ တစ်ခုခုကို လိုချင်ရင် ကံကြမ္မာကိုပဲ မျှော် ကိုးပြီး  အခွင့်အလမ်း ကိုယ့် ဆီ ရောက်လာ မယ့် နေ့ ကို စောင့်ဆိုင်း နေလို့ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး ။ 

  • ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲမှ ၊ ကိုယ်တိုင် အခွင့်အလမ်း ကိုရှာဖွေမှ  ကိုယ့် ဘ၀လမ်း ခရီး သာယာနိုင်မှာပါ ။
  •  နောက်တစ်ခုက ဘ၀မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ဖြတ်လမ်း မရှိပါဘူး ။
  • ပန်းတိုင် ကို စိတ်ရှည်ရှည် ထားပြီး ရေရှည် စီမံကိန်း အနေနဲ့ ကြိုးစား လုပ်မှ သာ ကိုယ့်ရဲ့ အလုပ်အောင်မြင်မှု့ ဟာ ကိုယ့် ထံ မှာ ရေ ရှည် တည်တံ့ နေမှာပါ ။
  • ဖြတ်လမ်း နည်းနဲ့ လုပ်ငန်း စတင် ကြသူတွေ ရှိပါတယ် ။  လမ်းလွယ်ကို သုံးပြီး တော့ မြန်မြန် ချမ်းသာလာကြတယ် ။ လူတွေ ကလည်း အဲ့ လိုမျိုးဆို အရမ်းအထင်ကြီးကြတက် ကြတယ် ။ တစ်ခုသတိထားရမှက အဲ့လိုလူမျိုးတွေက ကိုယ့်ရဲ့ ချမ်းသာမှု့၊ လုပ်ငန်း အောင်မြင်မှု့တွေ ကို ရေရှည်ထိန်းမထား နိုင်ကြပါဘူး ။ အမြင့်ကို  လွယ်လွယ် နဲ့ တက်ပြီး အောင်မြင်မှု့  ကို ရေရှည် ထိန်းမထားနိုင်ပဲ မြန်မြန် ပဲ ပြုတ်ကျ လာတက်ကြပါတယ် ။
  • ဒါကြောင့် ဘယ်လုပ်ငန်းပဲစစ ၊ အရင် မလိုပါနဲ့  ၊ ဖြေးဖြေး မှန်မှန် ပဲသွားပါ ။ တစ်နေ့ ကိုယ့်ဆီ အောင်မြင်မှု့ရောက်လာမှာ အသေအချာပါပဲ ။
  • There is no Elevator to success . You have to take the Stairs .
  • အလုပ်တစ်ခု အောင်မြင်ဖို့ မအိပ်ပဲ မနားပဲ ပြုလုပ်တာမျိုးထက်  ပုံမှန်လေးပဲ ကိုယ်လုပ်သင့်တဲ့ အလုပ်ကို အလုပ်ကြွေး မထားပဲ ကြိုးစားနေတာက ကိုယ့်လုပ်ငန်း အောင်မြင် ဖို့ အတွက် အများကြီး အထောက်အကူ ပြုပါတယ် ။
နောက်တစ်ခုက လုပ်ငန်းတစ်ခု စတင်လုပ်တယ် ဆိုတာ က စွန့်စားရတယ် ။ ကိုယ်နဲ့ ကိုက် ညီတဲ့ လုပ်ငန်းဖြစ်ဖို့ ရွေးချယ်မှု့ မှန်ဖို့လည်း လိုအပ်ပါတယ် ။
  • ကိုယ် ဘယ်လိုနေရာမျိုးမှာ လုပ်ငန်း စတင်ဖို့ လုပ်မှာလဲ ?
  • ကိုယ် လုပ်ငန်း စတင် လုပ်မယ့် ဒေသရဲ့ လိုအပ်ချက် က ဘာလဲ ?
  • ကိုယ် က ဘယ်သူမှ မလုပ်သေးတဲ့ အလုပ်ကို ဦးဆောင် လမ်းခင်ပြီး လုပ်မှာလား? 
  • ဒါမှမဟုတ် သူများ ခင်းပြီးသား လုပ်လက်စ လမ်းကြောင်းအတိုင်းပဲ လိုက်မှာလား?

သေချာ စဉ်းစားသင့်ပါတယ် ။ ကိုယ်က ဘယ်သူမှ မလုပ်သေးတာကို လုပ်မယ်ဆိုရင် အောင်မြင်ဖို့ အတွက် လည်း ပိုကြိုးစားရပါတယ် ။ အဲ့ဒီ့ ဒေသ မှာ မရှိသေးတဲ့ လုပ်ငန်းမျိုးကို လုပ်တဲ့ အတွက်လည်း ကိုယ့်မှာ သာ အရည်အချင်း ရှိရင် အောင်မြင် ဖို့ သေချာပါတယ် ။ အချိန်တစ်ခု အထိတော့ စောင့်ရတာပေါ့ ။ ဘယ်လုပ်ငန်း မဆို အခုချက်ချင်း ရေတွင်းတူး ၊ အခုချက်ချင်းရေကြည်သောက်လို့မရပါဘူး ။
ဘယ် လုပ်ငန်း  ပဲ စ စ ၊ လုပ်သမျှ အရာရာဟာ ဖြောင့်ဖြူး နေမှာချည်းပဲ မဟုတ်ပါဘူး ။ လုပ်ငန်းတစ်ခုခုကို စတင်နေတဲ့ အချိန် မှာ အနှောင့်အယှက် တစ်ခုခုကို ကြုံတွေ့ရရင် ပဲ လူတော်တော် များများက ကိုယ်လုပ်မယ့် အလုပ်ပေါ်မှာထားရှိတဲ့ စိတ်အားထက်သန်မှု့တွေ လျှော့နည်းသွားကြတယ် ။ စိတ် အားထက်သန်မှု့ နည်းလျှင် လည်း ကိုယ် စတင်မယ့် လုပ်ငန်း အကြံအစည်တွေက အောင်မြင် သင့်သလောက် အောင်မြင်မှာ မဟုတ်ပါဘူး ။ အလုပ်အောင်မြင်ဖို့ အတွက် စွန့်စားရတယ် ။  အခက်အခဲ စိန်ခေါ်မှု့တွေ ပြည့်နေမှ လည်း ဘ၀ ကို ဖြတ်သန်းရတာ ရင်ခုန်ဖို့ကောင်းပါတယ် ။
  • မစွန့်စားပဲ နဲ့ တော့  သူများအလယ်မှာ ထင်ရှားအောင်မြင်မှာ မဟုတ်ပါဘူး ။
  • ဒါပေမယ့် စွန့်စားခြင်း ဆိုတာကလည်း  မစဉ်းစား မဆင်ခြင် ၊ မတိုင်ပင်ပဲ ဆင်ကန်း တောတိုး  ကမူးရူးထိုး ပြုလုပ်တက်တဲ့ စွန့်စားမှု့ မျိုး ကို ဆိုလိုတာ မဟုတ်ပါဘူး ။
  • လုပ်ငန်း အပေါ်မှာ စဉ်းစားရမယ် ၊ ဒီလိုလုပ်ရင် ဘယ်လို ဖြစ်နိုင်တယ် ဆိုတာ ရှေ့ ကို ကြိုပြီး တွေး ခေါ် မြော်မြင်တက်ရမယ် ။ ကိုယ့်စဉ်းစား ညဏ်ကို ကောင်းကောင်းကြီး အသုံးချ တက်ဖို့ တော့ လိုအပ်ပါတယ် ။

နောက်တစ်ချက် လုပ်ငန်း အောင်မြင်လိုသူတိုင်းအတွက် အရေးကြီးတာတစ်ခုက " စိတ် "  ပါ ။ ကိုယ်တိုင် လုပ်ငန်း  တစ်ခုမှာ အောင်မြင်လိုတဲ့ စိတ် ၊ သိလို ၊ တက်လို  ၊ လေ့လာ လိုတဲ့  စိတ် ပါ ။ ကိုယ်တိုင် တစ်ခုခုကို လိုချင်တဲ့ စိတ်မရှိတဲ့ သူ ဖြတ်သန်းရတဲ့ ဘ၀ဟာ

No goals , no direction , no ambition , no vision , No Hope ! 
အဲ့လိုဘ၀မျိုး ဟာ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းတဲ့ ဘ၀ကြီး ဖြစ်မလဲ ?
လုပ်ငန်း အောင်မြင် ချင်တယ် ဆိုရင် အရင် ဆုံး 
  • ကိုယ် ဘာကို လိုချင် ၊ လုပ်ချင်တာလဲ ဆိုတာကို စဉ်းစားပါ ။
  • ကိုယ်လိုချင် တဲ့ ၊ လုပ်ချင် တဲ့ အရာတစ်ခု အတွက် ပန်းတိုင် တစ်ခု ချမှတ်ပါ ။
  • အဲ့ဒီ ပန်းတိုင်ကို ရောက်ဖို့ ၊ ကိုယ့် အရည်အချင်း အတွက် အမြဲ ကြိုးစားနေပါ ။
  • အဲ့ဒီ့နောက် စိတ် ရော ကိုယ်ပါ မြှုပ်နှံပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပါတော့ ။
  • လူတစ်ယောက် ဟာ ဘယ်လို အခြေအနေမျိုးမှာပဲ ရှိနေပစေ ၊အခုအချိန်က စပြီး ကိုယ့်ဘ၀ ကိုယ် ဘယ်လောက်ထိ အောင်မြင်အောင် ၊ ဘယ်လောက် ၀င်ငွေ ကောင်း အောင် လုပ်ချင်တာလဲ ဆိုတာဆုံးဖြတ်ပြီး ကိုယ်ရှေ့တိုးမလား ၊ဒီ အတိုင်းပဲ ဘ၀ကို ဖြတ်ကျော် မလားဆိုတာ ကိုယ့်ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ် ။
  • ပန်းတိုင် ဆိုတာကတော့ အလုပ်အောင်မြင်ချင်သူတွေ အတွက် ရှိကိုရှိရမှာပါ ။ 
  • ပန်းတိုင်ကြီး ဆိုတာထက်  ပန်းတိုင်လေးတွေ ထားသင့်ပါတယ် ။

ဥပမာ ကိုယ်က ဆိုင်လေးတစ်ခု ဖွင့်မယ် ပဲ ဆိုပါတော့။ စစချင်း ကိုယ်မနိုင်ပဲ နဲ့ မနိုင်ဝန်ထမ်းပြီး ဆိုင် အကြီးကြီးသွားဖွင့်ပြီး အဲ့ဒီဆိုင်မှာ customer စိတ်ကြိုက် ၀န်ဆောင်မှု့ မျိုး မပေးနိုင်ပဲနဲ့ဆိုင်အကြီးကြီးသာ ဖွင့်ပြီး သူများ အမြင်မှာတော့ ကြည့်လို့ကောင်းပေမယ့် တကယ်တမ်း ထင်သလောက် မရောင်း ရ ၊ အောင်မြင်မှု့ မရှိရင်လည်း အလကားပါပဲ ။  အဲ့ဒီလို တွေ လုပ်မယ့်အစား  
  • ကိုယ့် ငွေအား ၊ ကိုယ်အရည်အချင်းနဲ့ သင့်တော်တဲ့ ဆိုင်ခန်းလေး ကို အရင်ဖွင့် ။
  •  ဖောက်သည်ရအောင် အရင်လုပ် ။
  • ကိုယ့် ပစ္စည်း ဈေးကွက်မှာ နေရာတစ်နေရာရအောင်လုပ် ။
  •  ကိုယ့် ပစ္စည်း အရည်အသွေး အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနိုင်ရမယ် ။
  • ၀န်ဆောင်မှု့ ကောင်းရမယ် ။
အဲဒီံ ဆိုင်လေးကနေ ကိုယ့်ပစ္စည်း ဈေးကွက် မှာ နေရာတစ်ခုရသွားပြီဆိုရင် 
  • ပန်းတိုင်သေးလေးတွေ ( လုပ်ငန်းလေးတွေ ) ထပ်ချဲ့ပါ ။ 

လူ တော်တော်များ က လုပ်ငန်းလေးတွေ လုပ်ဖို့ သိပ်စိတ်မပါကြဘူး ။ ကိုယ့်ကို သူများ အထင်သေးခံရမှ စိုးကြတယ် ။ ဘယ်လုပ်ငန်းမဆို စတင်လုပ်တဲ့ အချိန်မှာ ငွေကြေး အင်အား တော်တော်လေး တက်နိုင်သူ တွေကလွဲပြီး ဘယ်သူမှ လုပ်ငန်းကြီး စတင်မလုပ်နိုင်ကြပါဘူး ။
  • အသေးစား လုပ်ငန်းလေးတွေ စတင်လုပ်ရင်း ၊ ဈေးကွက် မှာ ကိုယ့် နာမည် တစ်ခုရအောင် ကိုယ်ကြိုးစားလာနိုင်တဲ့ အချိန်မှာ လုပ်ငန်း ထပ်ချဲ့ရင်း ချဲ့ရင်း လုပ်ငန်း ကြီး ဖြစ်သွားကြသူတွေ အများကြီးပါ ။
  • အဲ့ဒီ့အတွက် တော့ ကိုယ်မှာ လုံလောက်တဲ့ အရည်အချင်း ၊ ကြိုးစားအားထုတ်မှု့ရှိနေရမှာပါ ။
  • ကိုယ်တိုင် အောက်ခြေ ခိုင်ဖို့ ၊ အောက်ခြေသိမ်း လုပ်တက်နေဖို့လည်း လိုပါတယ် ။

ကိုယ်က ကိုယ်မလုပ်ချင်လို့ ၊ မလုပ်အားလို့ အလုပ်သမား ကို ခိုင်းတယ် ဆိုဦးတော့ ကိုယ်က  ကိုယ့် လုပ်တဲ့ အလုပ် ကို အာက်ခြေသိမ်း လုပ်တက်နေမှ အလုပ်ရဲ့ အခြေခံ သဘောတရားတွေကို နားလည်နေမှ   အလုပ်သမား ကို ခိုင်းတဲ့ အခါမှာ စနစ်ကျမှာပါ ။
နောက်တစ်ခု က အချိန် ။ လူတိုင်း လူတိုင်း တူညီတဲ့ အချိန်ကိုယ်စီရရှိကြတာချည်းပါပဲ ။ လူတိုင်း တစ်နေ့ကို ၂၄ နာရီ  ၊ တစ်နှစ်ကို ၃၆၅ ရက် ရရှိကြသူတွေ ချည်းပါပဲ  ။ အောင်မြင်တဲ့ လူအများစု ဟာ အလုပ်ကြွေး မထားကြပါဘူး ။ ဒီနေ့ ပြီးစီးအောင်လုပ်ရမယ့် အလုပ်ကို မနက်ဖြန်အထိ မရွှေ့ဆိုင်းပါဘူး ။ ဒီနေ့ပြီး အောင်လုပ်သွားတယ် ။ ကုန်ဆုံးသွားတဲ့ အချိန်ဟာ ဘယ်တော့မှ ပြန်မရနိုင်မှန်း သိတဲ့ အတွက် အချိန်ကို အကျိုးရှိရှိ တန်ဖိုးထား အသုံးချတယ် ။ 
  • ကိုယ့် အချိန်ကို ကောင်းကောင်းစီမံ ခန့်ခွဲမှု့ မရှိဘူးဆိုရင် အောင်မြင် မှု့ဟာလည်း ကိုယ် နဲ့ အလှမ်းဝေးနေဦးမှာပါပဲ ။ 
  • လုပ်ငန်း အတွက်  ရည်မှန်းချက် မြင့်မြင့် ထားပါ ။
  • သင့်ရဲ့ ဆုံးဖြတ်ချက် ၊ လုံ့လ၀ီရိယ ၊ အလျှော့မပေး တဲ့ စိတ်က ဘ၀မှာ သင် လိုချင်တဲ့ အရာကို ရရှိဖို့ ဆောင်ကြဉ်းပေးနိုင်မှာပါ  ။
  • ဘ၀မှာ တန်ဖိုးရှိတဲ့ အရာမှန်သမျှ လွယ်လွယ်နဲ့ရတဲ့ အရာ တစ်ခုမှ မရှိပါဘူး ။
  • ကိုယ် လိုချင်တဲ့ပ လုပ်ငန်းအောင်မြင်မှု့ ကို ရနိုင် မရနိုင် ဆိုတာ ကတော့ ကိုယ့်ရဲ့ ကြိုး စားအားထုတ်မှု့ အရည်အချင်း ၊အရည်အသွေး တွေကို ကျွမ်းကျင်စွာ အသုံးချ နိုင်မှု့ အပေါ်မှာ မူတည်နေပါတယ် ။
  • အလျှော့မပေးပဲ စိတ်ရှည်ရှည် ဇွဲလုံလ နဲ့သာ ကြိုးစားလုပ်မယ်ဆိုရင် ကိုယ့် လုပ်ငန်းမှာ ကြုံတွေ့ရမယ့် အနှောင့်အယှက် အတားအဆီးတွေကို ရင်ဆိုင် ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို ရောက်ရှိနိုင်မှာ အသေအချာပါ ။ 
  • ကိုယ့်ကို ကိုယ် ယုံကြည်မှု့ ရှိပါ ။ ( self-confidence ) က အရမ်းကို အရေးကြီးပါတယ်
  • Creative ဖန်တီးနိုင်စွမ်း ကောင်းမွန်ရပါမယ် ။
  • လူငယ်တွေကို စီးပွားရေးလုပ်စေချင်တာက ငယ်တဲ့အရွယ်မှာ အကြံညဏ်စိတ်ကူးကောင်းတွေ အများကြီးထွက်နေတာပါ ။
  • ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ စိတ်ကို မွေးပါ ။
  • ကိုယ့်မှာသာ ဖြစ်ချင်နေတဲ့ ဆန္ဒရှိရင် အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းလည်း ရှိကို ရှိပါတယ် ။ 
  • Don't Stop Believing .
  • Create The Life You Want .
  • Pull Yourself together and use what you have .
  • Never Give Up .
  • Now it's Time  For Action !
ဒါတွေကတော့ လုပ်ငန်းအောင်မြင်ဖို့် အတွက် အခြေခံ အချက်တွေ ပါ ။ ထပ်ချဲ့ မယ်ဆိုရင်တော့ အများကြီးပါပဲ ။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!