၁။
သင်သည် သင်၏ အမျိုးသမီးကို မညားမီအခါက
ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေး၊ လက်ဆောင်ကလေးအစ ပေးလျက် ရှိပါသေးသလား၊မညားမီကကဲ့သို့ သင်၏ အမျိုးသမီးအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယပိုက်ထွေးခြင်း ရှိပါသေးရဲ့လား။
၂။
အခြားလူများရှေ့တွင် သင့်အမျိုးသမီးကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်းမျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။
၃။
သူ သဘောကျသလို သုံးစွဲနိုင်ရန် သင့်အမျိုးသမီးကို အိမ်စရိတ်အပြင် ငွေပိုများ ပေးပါရဲ့လား။
၎။
သင့်အမျိုးသမီး၏ အလိုဆန္ဒတို့ကို ကောင်းစွာသိရှိအောင် သင်ကြိုးစားပါရဲ့လား။သင့်အမျိုးသမီးသည် ပင်ပန်းနွမ်းနယ်လျက်ရှိသောအခါ၌လည်းကောင်း၊ စိတ်မအီမသာ ဖြစ်နေသည့်အခါ၌လည်းကောင်း၊ သင့်သည် သင့်အမျိုးသမီးကို အကူအညီပေးပါရဲ့လား။
၅။
သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ၍ သင့်အမျိုးသမီးနှင့် အတူတူ ကြည်ဖြူစွာ
နေထိုင်ပါရဲ့လား။
၆။
သင့်အမျိုးသမီး၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင့်မိခင် သို့မဟုတ် ( ကိုရွှေ ) အမျိုးသမီး၏ အချက်အပြုတ်အိမ်ထောင်ထိန်းသိမ်းမှုထက် ညံ့သည်ဟု
မပြောဘဲ ပို၍ကောင်းသည်ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။
၇။
သင့်အမျိုးသမီး ဖတ်ကြားသော စာအုပ်များ သင့်အမျိုးသမီး၏ အပေါင်းအဖော်များ၊ မြို့ရွာအရေးနှင့်စပ်လျဉ်း၍
သင့်အမျိုးသမီး၏ ယူဆချက်များအပေါ်တွင် သင်သည် အသေအချာ
စိတ်ဝင်စားပါရဲ့လား။
၈။ သင်သည်
သ၀န်ကြောင်သော စကားမျိုးကို မသုံးဘဲနှင့် သင့်အမျိုးသမီးအား အခြားအမျိုးသားများနှင့်အတူ စကားပြောဆိုသည် ကိုလည်းကောင်း၊ မိတ်ဆွေတို့ဘ၀ ဂရုတစိုက်ပြုစု သည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။
၉။
အခွင့်အလမ်းများ ပေါ်တိုင်း သင့်အမျိုးသမီးကို ချီးကျူးရန်နှင့် မြှောက်စားရန်အတွက် သင့်မှာ အသင့် ရှိပါရဲ့လား။
၁၀။
သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊
သင့်ခြေအိတ်ပေါက်နေသည် ဖာပေးခြင်း၊ သင့်အ၀တ်အစားများကိုဖွပ်လျှော်ပေးခြင်းစသော အလုပ်ကလေးများအတွက် သင်သည် သင့်အမျိုးသမီးကို ကျေးဇူးတင်စကားများ ပြောကြားပါရဲ့လား။
0 comments:
Post a Comment