၁။ သင့်အမျိုးသား၏ အလုပ်တွင် ၀င်မစွက်ဘဲ သီးသန့်နေပါရဲ့လား။ သူ့အပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘယ်သူဟာ လူရှုပ်ပဲ အစရှိသည်ဖြင့်
အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌
ဝင်ရောက်ပြောဆိုခြင်း၊ သူသွားလာလည်ပတ်ရာ၌
ဆူပူခြင်း များမှ ကင်းလွတ်ပါရဲ့လား။
၂။ သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်အမျိုးသားသည် စိတ်ဝင်စားနေအောင် သင်သည်
အစွမ်းကုန် ကြိုးစားပါရဲ့လား။
၃။ ယနေ့တော့
ဟိုဟင်းကြီးကို စားရဦးတော့မှာပဲ ဟူ၍ စိတ်ထဲမှာ
မတွေးတောနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကိုသင်ကိုယ်တိုင် စီမံ၍ သင့်အမျိုးသားအား ချက်ပြုတ် ကျွေး မွေး ပါ ရဲ့လား။
၎။
သင့်အမျိုးသားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်အမျိုးသား၏ အလုပ်အကြောင်းကို သင်သည်
လေ့လာပါရဲ့လား။
၅။
စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူလုပ်ပုံကိုက ဒီလိုဖြစ်မှာပေါ့ အစရှိသည်ဖြင့် သင့်အမျိုးသားကို ဆူပူခြင်း မလုပ်ဘဲ အေးအတူ ပူအမျှ
ခံနိုင်သော သတ္တိသင့်မှာ ရှိပါရဲ့လား။
၆။
သင့်အမျိုးသား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုးဉာတိများနှင့်သော်လည်းကောင်း သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုစားပါရဲ့လား။
၇။
အ၀တ်အစားဝတ်ရာ၌လည်း သင့်အမျိုးသား မကြိုက်သောအဆင်နှင့်အ၀တ်အစားများကို ရှောင်ရှားပြီးလျှင် သင့်အမျိုးသားကြိုက်သောအဆင်နှင့် အ၀တ်အစားများကို ၀တ်ဆင်ပါရဲ့လား။
၈။
လင်မယားချင်း သင့်မြတ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။
၉။
သင့်အမျိုးသားနှင့် အားလပ်ချိန်များတွင် အတူနေနိုင်ရန် သင့်အမျိုးသား ၀ါသနာပါသော( အားကစား
) သို့မဟုတ် များကို သင်ကိုယ်တိုင် သင်ကြားထားပါရဲ့လား။
၁၀။
သင့်အမျိုးသား၏ ပညာပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်းထူးများ၊ စာအုပ်သစ်များ အကြံအစည်သစ်များကို သင်ကိုယ်တိုင်စုဆောင်းပေးပါရဲ့လား။
0 comments:
Post a Comment