Wednesday, February 25, 2015



(၁) အီတလီကဗျာဆရာ Dante Alighieri က "ကိုယ့်လမ်းကိုယ်လျှောက်မယ် ပြောချင်တဲ့လူပြောပါစေ"လို့ ဆိုခဲ့တယ်။

(၂) (၁၉၃၃)ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် Fred Astaireက Metro-Goldwyn-Mayer, Inc. ရုပ်ရှင်ကုမ္ပဏီမှာ ပထမဆုံးအကြိမ် အစမ်းသရုပ်ဆောင်ဝင်လုပ်ခဲ့တယ်။ အဲဒီမှာရှိတဲ့ဒါရိုက်တာက စာရွက်ပေါ်မှာ "သရုပ်ဆောင်ပညာကို မတတ်သူ၊ အကအကြောင်း နားမလည်သူ" လို့ ရေးပြီး သူ့ကိုဝေဖန်ခဲ့တယ်။ နောက်ပိုင်းမှာ Fred က အဲဒီစာရွက်ကို ဘောင်သွင်းပြီး Beverly Hills က သူ့နေအိမ်မှာ ချိတ်ဆွဲထားခဲ့တယ်။

(၃) အမေရိကန်ဘောလုံးနည်းပြ Vince. Rembadi ဟာ အရင်က "ဘောလုံးအကြောင်း နားမလည်သူ၊ တိုက်ခိုက်ဖို့စွမ်းရည်နည်းသူ" လို့ အဝေဖန်ခံခဲ့ရတယ်။

(၄) ဒဿဗေဒပညာရှင်ဆိုကရေးတီးကို လူတွေက "လူငယ်တွေရဲ့အတွေးကို ကျဆုံးအောင်ဖျက်ဆီးသူ" လို့ အပြောခံခဲ့ရတယ်။

(၅) Peter J Daniel (၄)တန်းတုန်းက ဆရာမPhilipရဲ့အဆူအဆဲကို ခံခဲ့ရတယ်။ "ပီတာ.. မင်းဦးနှောက်က မကောင်းဘူး။ စာလည်းမလိုက်နိုင်ဘူး။ မင်းကိုတော့ တိုးတက်အောင်မြင်ဖို့ လမ်းမမြင်ဘူး"

အသက်(၂၆)နှစ်အထိ စာအချို့ကို ပီတာမဆိုတတ်ခဲ့သေးဘူး။ တစ်ခါက သူငယ်ချင်းတစ်ယောက်က သူ့ကို Napoleon Hill ရေးသားထားတဲ့ "Think and Grow Rich" ဆိုတဲ့စာအုပ်ကို ရွတ်ဆိုပြခဲ့တယ်။ နောက်ပိုင်းမှာ ပီတာဟာ အရင်က သူအမြဲရန်ဖြစ်နေကျလမ်းကို ဝယ်ယူခဲ့ပြီး "Miss Phillips You Were Wrong" ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေနိုင်ခဲ့တယ်။

(၆) Little Women စာအုပ်ရေးခဲ့တဲ့ ဆရာမLouisa May Alcott (1832 – 1888) ကို သူ့အိမ်က အိမ်ဖော် ဒါမှမဟုတ် အပ်ချုပ်သမလုပ်ရလိမ့်မယ်လို့မျှော်လင့်ခဲ့တယ်။

(၇) ဂီတပညာရှင် Beethoven တယောတီးသင်တုန်းက ပါးနပ်ကျွမ်းကျင်မှုမရှိခဲ့ဘူး။ ဒါကြောင့် ကိုယ်ရေးတဲ့သံစဉ်ကိုပဲ သူတီးခဲ့တယ်။ အပြောင်းအလဲလည်း မလုပ်ရဲတာကြောင့် ဆရာကသူ့ကို ဂီတနဲ့မအပ်စပ်သူလို့ပြောခဲ့တယ်။

(၈) ပြဇာတ်အဆိုတော် Karusselရဲ့ ချိုသာတဲ့အသံက ကမ္ဘာအနှံ့ပြန့်ခဲ့ဖူးတယ်။ သူ့မိဘတွေက သူ့ကိုအင်ဂျင်နီယာတစ်ဦး ဖြစ်စေချင်ခဲ့သလို သူ့ဆရာက သူ့အသံဟာအက်ရှတဲ့အတွက် သီချင်းဆိုဖို့ မသင့်လျော်ဘူးလို့ပြောခဲ့တယ်။

(၉) "The Origin of species" ရေးခဲ့တဲ့ဒါဝင်ကို ငယ်စဉ်ချိန်မှာ သူ့ဖခင်က "လုပ်သင့်တာကိုမလုပ်ဘဲ တစ်ချိန်လုံး အမဲလိုက်၊ ခွေးဖမ်း၊ ကြွက်ဖမ်းလုပ်နေရသလား"လို့ အမြဲဆူပူခဲ့တယ်။ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ဒါဝင်က "ငယ်ငယ်တုန်းက ဆရာတွေနဲ့ လူကြီးတွေက ကျွန်တော်ဟာအဖြစ်မရှိသူ အသိဉာဏ်နည်းနည်းမှမရှိသူလို့ပြောခဲ့တယ်" လို့ရေးခဲ့တယ်။

(၁ဝ) ပြင်သစ်ပန်းပုပညာရှင် Auguste Rodinရဲ့ဖခင်က သူ့မှာ တုံးအတဲ့သားတစ်ယောက်ရှိတယ်လို့ အမြဲတမ်း စိတ်ပျက်လက်ပျက် ညည်းညူခဲ့တယ်။ ဆရာတွေရဲ့အကြည့်မှာ Rodinရဲ့ အနာဂတ်ဟာ မည်းမှောင်နေတယ်။ အနုပညာကျောင်းကို သုံးကြိမ်တိတိဖြေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဦးလေးဖြစ်သူကသူ့ကို "ကယ်တင်ဖို့ ဆေးမရှိတဲ့တုံးအသူ"လို့ ပြောခဲ့တယ်။

(၁၁) "စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ကိုရေးခဲ့တဲ့ လီယိုတော်စတွိုင်းတက္ကသိုလ်တက်စဉ်က စာမလိုက်နိုင်လို့ ကျောင်းထုတ်ခံခဲ့ရတယ်။ ဆရာကသူ့ကို "စာသင်ဖို့ ဦးနှောက်မပါခဲ့သူ၊ သင်ယူဖို့ဝါသနာမပါသူ" လို့ဆိုခဲ့တယ်။

တကယ်လို့ ဒီလူတွေဟာ "ကိုယ့်လမ်းကိုယ်လျှောက်သူတွေ" မဟုတ်ခဲ့ရင်၊ သူတစ်ပါးရဲ့ဝေဖန်ကဲ့ရဲ့တာကို ဂရုစိုက်ခဲ့ရင် ကိုယ်ပိုင်အောင်မြင်မှုကို သူတို့ဆွတ်ခူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တကယ့်အောင်မြင်တဲ့ဘဝက အောင်မြင်မှုအကြီးအသေးနဲ့ မဆိုင်ပါဘူး။ တကယ်ကြိုးစားပြီး ကိုယ့်ထင်မြင်ချက်၊ အယူအဆအတိုင်း လုပ်ဆောင်ခဲ့သလား၊ ကိုယ်ရွေးတဲ့လမ်း၊ ကိုယ်ပိုင်လမ်းကို ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းခဲ့သလား ဆိုတာနဲ့ပဲဆိုင်ပါလိမ့်မယ်။

-----

မူရင်း-- J Man (
丁滿)ပြုစုတဲ့ The Secret of success inspiring စာအုပ်မှ

နိုင်းနိုင်းစနေ (Friday, December 25, 2009)

 တကယ်လို့ လောကကြီးက မြစ်တစ်စင်းဆိုရင် ကျွန်တော်တို့က အဲဒီမြစ်ထဲက ငါးတွေပဲဖြစ်မယ်။ အဲဒီမြစ်ထဲကနေ ခုန်မထွက်နိုင်ခဲ့သည့်တိုင် မြစ်ကိုဆန်လိုက်စုန်လိုက်နဲ့ ကျွန်တော်တို့ကူးခတ်နေခဲ့တယ်။ ကျွန်တော်တို့မှာ စိတ်ပျက်ဝမ်းနည်းဖို့အချိန်တွေ မရှိခဲ့ဘူး။ စိတ်ပျက်ဝမ်းနည်းတာတွေကို မေ့လိုက်ချိန်ပဲရှိခဲ့တယ်။

တကယ်လို့ နောင်ဖြစ်လာနိုင်တာတွေကို မမွေးခင်ကတည်းက ကျွန်တော်တို့ကြိုသိနိုင်ခဲ့ရင် ဒီလောကထဲ ကျွန်တော်တို့ရောက်လာရဲခဲ့ကြမယ် မထင်ဘူး။ ရောက်လာပြီဆိုမှတော့ ဖြစ်ပျက်သမျှကို သတ္တိရှိရှိရင်ဆိုင်ဖို့ပဲရှိခဲ့တယ်။

သမ္မတ Franklin က "လူတွေက ဘဝအတွက် မွေးခဲ့တာမဟုတ်ဘူး။ မွေးခဲ့လို့ ဘဝဆိုတာရှိလာတာ" လို့ပြောခဲ့တယ်။ Gothicက "လောကကြီးထဲ ကျွန်တော်တို့ ဝင်လာရဲရင် လောကဓံရဲ့ခါးသီးမှုတွေကိုလည်း ကျွန်တော်တို့ခံရဲရမယ်" လို့ဆိုခဲ့တယ်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!