Tuesday, April 21, 2015

၁။ မတ၇ားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါတဲ့။
၂။ နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါတဲ့။
၃။ ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါတဲ့။
၎။ အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို လှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။
၅။ ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။
၆။ အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါတဲ့။
၇။ အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါတဲ့။

Monday, April 20, 2015

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။
၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။
၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။
၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။
၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။
၆။ ဦးနှောက်က pain receptors မပါဝင် တာကြောင့် နာကျင်မှုကို မခံစား နိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြော တွေနဲ့ ခေါင်းထဲက ကြွက်သား တွေက ခံစား သိနိုင်တာပါ။
၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပစ်နိုင်ပါတယ်။
၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ် ကျကျဖြစ်အောင် ကူညီပေး ပါတယ်။
၉။ ဦးနှောက်က amygdala ကတခြားသူ တွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေး ပါတယ်။
၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက် တွေပြုလုပ် နိုင်ဖို့ သွေး၂၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။
၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ “Oxytocin” ကြောင့်ပါ။
၁၂။ ဦးနှောက်ရဲ့ သွေးကြောလေး တွေကို ဆက်ကြည့်လိုက် မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။
 ၁။ မိမိနာမည်ကို လေးနက်ခန့်ညားစွာ  မှည့်ထားရခြင်း။
  ၂။ ကိုယ်ပိုင်ဉာဏ်    စွမ်းရည်သတ္တိနှင့်  ရိုးရိုးသားသား မြင့်မြတ်စွာ  ကျင့်ကြံရခြင်း။
  ၃။ ဇွဲလုံ့လ ၀ီရိယထက်သန်စွာဖြင့် အခြေချအားပြုကာ  ကြိုးပမ်းဆောင်ရွက်ရခြင်း။
  ၄။ စာမူများကို  စက္ကူဖြူပေါ်တွင်  နက်ပြာရောင်မှင်နှင့်သာ  ရေးသားပြရခြင်း။
  ၅။ စာမူများကို  မှင်နှင့်သေသေသပ်သပ်  ရေးသားထားရခြင်း။
  ၆။ စာမျက်နှာတစ်ဖက်တည်းသာ  ရေးသားဖော်ပြရခြင်း။
  ၇။ စာမူများရေးမည့်   စာရွက်သည်  တအားမကြီးလွန်း  မသေးလွန်းရခြင်း။
  ၈။ အက္ခရာစာလုံးများကို  ရှင်းလင်းပြတ်သားပီသစွာ  ရေးသားရခြင်း။
  ၉။ စာရွက်၏  လက်ဝဲဘက်များတွင်  နှစ်လက်မခန့်ချန်လှပ်ပြီး  ရေးသားရခြင်း။
၁၀။ စာပိုဒ်စရေးလျှင်  လက်ယာဘက်သို့  တစ်လက်မခန့်တိုးပြီး   ရေးသားရခြင်း။
၁၁။ စာတစ်ကြောင်းနှင့်တစ်ကြောင်း  လေးပုံတစ်ပုံလက်မခန့် ခြားပြီး  ရေးသားရခြင်း။
၁၂။ စာမူများကို  သုံးကြိမ်ခန့်  ပြင်ဆင်ပြုပြင်ရေးသားရခြင်း။
၁၃။ စာမူများကို  မိမိကိုယ်တိုင်စိတ်ကျေနပ်သည်အထိ  ပြင်ဆင်စီစစ်ပြီးမှ  ပေးပို့ရခြင်း။
၁၄။ ဖျက်လိုသောစာလုံးများ၊ စာကြောင်းများနှင့်စာပိုဒ်များကို  ရှင်းလင်းသေချာစွာ  ပယ်ဖျက်ရခြင်း။
၁၅။ စာမူများ၏  ခေါင်းစဉ်သည်  အနက်အဓိပ္ပါယ်စုံမိပြီ  အသက်ဝင်လှုပ်ရှားနေရခြင်း။
၁၆။ စာမူများကို  သန့် ရှင်းစင်ကြယ်ကောင်းမွန်စွာ  ပြုစုအမွှမ်းတင်ထားရခြင်း။
၁၇။ စာသားများနှင့်  ဇာတ်လိုက်ကောင်တို့၏  စကားပြောများကို  ခွဲခြားဖော်ပြထားရခြင်း။
၁၈။ တိုးတက်အောင်မြင်လို့လားလျှင်  တိတိကျကျ  ပြတ်ပြတ်သားသား  ဆုံးဖြတ်ထားရခြင်း။
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို
လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ
အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို
ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့
အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့
မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို
နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက
ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင်
အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း
ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ
ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့
လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို
မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး
တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို
နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ
မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ"
လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။
တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင်
စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။


Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက်
ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ
ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။
ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်
အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို
နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ
များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့်
မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ
မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး
ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း
ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့်
တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင်
လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို
သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်
လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို
ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း
တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ
သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊
မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ
သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။
အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို
အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး
ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။


Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး
ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး
တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း
ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ
မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့
အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်
အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။
နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။
နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို
အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ
ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့
ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့
မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို
အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး လေးသန်းခန့်မှာ “

ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ် ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရ

သူများ၊ ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့် ဂျိုဗက်သက်သေ* များပါဝင်သည်။ ၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း အစီအစဉ်တစ်ရပ်အနေဖြင့်

ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤစာရင်းထဲတွင် ဟစ်တလာ နံပါတ်တစ်နေရာက ပါလာခြင်းအတွက် အထူးအထွေအံ့သြစရာတော့မရှိပါ။ ဟစ်တ

လာသည် သတ်ဖြတ်ရန်ကြံစည်မှုပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့ခဲ့ရသည်။ ထိုထဲမှ ပထမဦးဆုံးဖြစ်ရပ်မှာ ၁၉၂၁ ခုနှစ်က မိန့်ခွန်းပြောကြားအပြီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။  ၁၉၃၉ ခုန
ှစ် အောက်တိုဘာ ၅ ရက်နေ့ ၀ါဆောမြို့တွင်လည်း ပိုလန်စစ်တပ်က ချားလ်စ်ဒီဂေါပန်းခြံကို ဖြတ်သန်းစဉ် ဟစ်တလာ၏ကားကို ဖောက်ခွဲရန် ကြိုးစားခဲ့ဖူးသည်။ လူလုပ်သည့်အမှားတစ်ခြုေ

ကာင့်သာ ဗုံးပေါက်ကွဲမှု မရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်သားများက ကြံစည်ခဲ့သည့် အခြား ရူးကြောင်ကြောင်နိုင်သည့်
လုပ်ကြံမှု အစီအစဉ်တစ်ရပ်လည်း ရှိသေးသည်။ ဟစ်တလာသည် လိင်ပိုင်းဆိုင်ရာတွင် စည်းကမ်းကြီးပြီး တင်းကြပ်ခြိုးခြံသူ ပြူရီတန်တစ်ဦးဖြစ်ရာ ညစ်ညမ်းသည့်အပြာဓာတ်ပုံများ၊ ပစ္စည်းများ

အများအပြား ဟစ်တလာနေထိုင်ရာ တောင်ပေါ်သို့ကြဲချပြီး သူ့ကို ရူးသွားစေရန် ကြံစည်ခဲ့ဖူးသည် ဆို၏။ အဆိုပါစစ်သားများနှင့် ပူးပေါင်းကြံစည်ခဲ့သူ ဗိုလ်ချုပ်က ၎င်းတို့အနေဖြင့်
ဟစ်တလာကို သတ်ဖြတ်ချင်လွန်းအားကြီးသဖြင့် ထိုရူးကြောင်ကြောင် အစီအစဉ်ကို ကြံမိကြံရာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုလုပ်ကြံမှုမျာအားလုံး မည်သည်မျှ အောင်မြင်မှုမရရှိခဲ့ဘဲ

နောက်ဆုံးတွင် ဟစ်တလာသည် ဇနီးဖြစ်သူ အီဗာနှင့်အတူ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအားဖြင့်
ဇာတ်သိမ်းသွားခဲ့သည်။ ဟစ်တလာက သေနတ်ကိုသုံးခဲ့ပြီး ဇနီးက ဆိုင်ယင်နိုက်အဆိပ်ကို အသုံးပြုခဲ့သည်။


(၂) ဂရီဂေါ်ရီ ရပ်ပြူတင်
အဆိပ်ခပ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း လေးကြိမ်နှင့်၊ ရိုက်နှက်ခြင်းများ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် ရေနစ်သေဆုံးသည်။ ရပ်ပြူတင်သည် ကြမ္မာငင်သည့် ရိုမန်နော့မိသားစု၏ မသေခြင်

းသမိုင်းနှင့် ပတ်သက်နေသည်။ တချို့က သူတို့၏ အပျက်အစီးများ၏ အကြောင်းရင်းဟုပင် သူ့ကို ပြောကြသည်။ သူ့ကို တန်ခိုးစွမ်းအင်ရှိသည့် ၀ိဇ္ဇာတစ်ဦး၊ သို့မဟုတ် လူထူးလူဆန်းယ

စ်ထုပ်တစ်ဦး စသည်ဖြင့် မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ သူသည်
တော်ဝင်မိသားစု၏ ချစ်ခင်မှုရရှိရန် ပါးနပ်စွာလုပ်ဆောင်နိုင်ခဲ့ပြီး စွန့်ခွာသွားရမည်ကို အလိုမရှိခဲ့ပေ။ ရပ်ပြူတင် သေဆုံးခြင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများ မှာလည်း သူ့ဘ၀ထက်ပင် ပို၍လျှို

့ဝှက်ဆန်းပြားသည်ဟု ဆိုနိုင်ပါသည်။ ရပ်ပြူတင်အားသတ်ဖြတ်ရန် ပထမဆုံးကြိုးပမ်းမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းမှ ထွက်ကြောင်းကြေးနန်းတစ်

စောင် ရပြီးခါစပင်ဖြစ်လေသည်။ သူ့အားတိုက်ခိုက်သူမှာ ဂူဆီဗာဆိုသူ
ပြည့်တန်ဆာဟောင်းတစ်ဦးဖြစ်သည်။ အမျိုးသမီးက သူ၏၀မ်းဗိုက်ဆီသို့ ဓားဖြင့်ထိုးခဲ့ပြီး အူများထွက်လာသည်အထိ သေလုသည့်ဒဏ်ရာကို ရရှိခဲ့သည်။ သူမ၏ လုပ်ကြံမှု အောင်မြင်ပြီ အ

ထင်နှင့် ဂူဆီဗာက ယေရှု၏ရန်သူတစ်ယောက်ကို သတ်လိုက်ပြီဟု အော်ဟစ်ခဲ့သည်။ သို့သော်လည်း ခက်ခဲပင်ပန်းစွာခွဲစိတ်ကုသပြီးနောက် ရပ်ပြူတင်မှာ ပြန်လည်ကျန်းမာလာခဲ့သည်။
၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ဇာရစ်ရှာ (ဇာဘုရင်၏ မိဖုရား) အပေါ် သူ၏သြဇာလွှမ်းမိုးမှုကို အင်ပါယာအတွက် အန္တရာယ်ကြီးသည်ဟု ဆုံးဖြတ်၍ မင်းသား ယူဆူပေါ့ (Yusupov) နှင့်

မြို့စား ဒီမိထရိ ပက်ဗလိုဗစ်ခ်ျ (Pavlovich) နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်လူ ဗလာဒီမာ ပူရစ်ရှ်ကီဗစ်ခ်ျ (Purishkevich) တို့ ပူးပေါင်းကာ အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က ရပ်ြ

ပူတင်ကို ယူဆူပေါ့၏ မွိုက်ကာနန်းတော် (Moika) မြေအောက်ခန်းသို့ ဖျားယောင်းခေါ်ဆောင်ကာ ကိတ်မုန့်များနှင့် ဆိုင်ယင်နိုက်အဆိပ် အလွန်အကျွံခပ်ထားသည့် ၀ိုင်နီကို တည်ခင်းဧည့်ခံ

ခဲ့သည်။ ဒဏ္ဍာရီများအရ ရပ်ပြူတင်မှာ လူငါးယောက်အား သေစေနိုင်သည့် အဆိပ်ပမာဏကို သောက်သုံးခဲ့သော်လည်း အဆိပ်သင့်ခြင်းမရှိခဲ့ဟု ဆိုသည်။ လုပ်ကြံမှုကိုအပြီးပြတ်ဆောင်ရွ

က်ရန် ဆုံးဖြတ်ထားသည့် ယူဆူပေါ့က နံနက်မိုးသောက်သည်အထိ
ရပ်ပြူတင် အသက်ရှင်နေဆဲဖြစ်နေမည်ကို စိုးရိမ်ကာ ပါဝင်လုပ်ကြံသူများကို အချိန်မဆွဲအလောင်းဖျောက်ရန် လုပ်ဆောင်ခဲ့သည်။ ယူဆူပေါ့သည် အခြားသူများနှင့် တိုင်ပင်ရန် အပေါ်ထပ်သို့

ပြေးတက်ခဲ့ပြီး ရပ်ပြူတင်၏ နောက်ကျောအား သေနတ်ဖြင့်ပစ်ရန် ပြန်လည်ဆင်းသက်လာခဲ့သည်။ ရပ်ပြူတင်သည် လဲကျသွားပြီး လုပ်ကြံသူများအဖွဲ့သည် ခဏမျှ အဆိုပါနေရာမှ ထွ

က်ခွာသွားခဲ့သည်။ ယူဆူပေါ့သည် အလောင်းအား စစ်ဆေးရန် ပြန်ရောက်လာချိန်တွင် ရပ်ပြူတင်၏မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး ယူဆူပေါ့ကို အားကုန် ဆွဲယူလိုက်သည်။ ထို့နောက်

ယူဆူပေါ့၏ နားနားကပ်၍ “မင်း ကောင်ဆိုးလေးပဲ” ဟု နာကျည်းစွာ တီးတိုးပြောလိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလေသည်။ ယူဆူပေါ့နှင့် အပေါင်းပါလုပ်ကြံသူများသည် ခြံဝင်းအတွင်းသို့

ထွက်ပြေးသည့် ရပ်ပြူတင်ကို လိုက်လံဖမ်းဆီးကြပြီး သေနတ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်၍ ရာဘာတုတ်များဖြင့် ရိုက်ကြသည်။ ပြန်မထလာနိုင်တော့ကြောင်း သေချာစေရန် စောင်နှင့်ပတ်၍

ချည်နှောင်ပြီး နီဗာမြစ်အတွင်းသို့ နစ်မြုပ်သွားစေရန် ပစ်ချခဲ့သည်။ သူ၏ ခန္ဓာကိုယ်အား ပြန်လည်တွေ့ရှိရချိန်တွင် ညာဘက်လက်မောင်းမှာအပြင်ဘက်သို့ ရုန်းကန်လွတ်မြောက်နေသဖြင့်

ဤသည်မှာရေနှင့်ထိတွေ့စဉ်အချိန်ထိ သူအသက်ရှင်နေဆဲဖြစ်ပြီး လွတ်မြောက်စေရန်အတွက် သူ့ကိုယ်သူ တတ်စွမ်းသမျှ ရုန်းကန်ခဲ့ကြောင်း ညွှန်ပြနေသည့် လက္ခဏာပင် ဖြစ်သည်။ ဆေး

ပညာစစ်ဆေးမှုတွင် ၎င်းသည် ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူ၏လက်မောင်းမှာ အပေါ်ဘက်သို့ ထောင်မတ်နေပြီး ရေခဲပြင်အောက်မှ အပေါ်သို့ကုပ်တက်နိုင်ရန်ြ

ကိုးစားထားခဲ့ပုံပေါ်သည်။ (နီဗာမြစ်သည် နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၅ ရက်အကြားတွင် ရေခဲတတ်ပြီး ဧပြီလလယ်လောက်မှ ပြန်လည်အရည်ပျော်သွားလေ့ရှိသည်) သူအဆိပ် အမှန်အတ

ကယ်မိထားခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရပေသည်။ အမှန်အားဖြင့်မူ
အဆိပ်တစ်မျိုးတည်းနှင့်ပင် သူသေဆုံးဖို့အတွက် များစွာလုံလောက်ခဲ့ပြီးဖြစ်လေသည်။


ဖီဒယ်ကပ်စထရို
လုပ်ကြံမှုပေါင်း ၆၃၈ ခုမှ အသက်ရှင်ခဲ့သည်။
နာမည်ဆိုးနှင့်ကျော်ကြားသည့် ကျူးဘားအာဏာရှင်သည် ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားတစ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။ အနည်းဆုံးအားဖြင့်မူ လုပ်ကြံမှု အကြိ

မ်အရေအတွက် အများဆုံးကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်ပေသည်။ ကပ်စထရို၏အသက်အား ကာကွယ်ရန် နှစ်ရှည်လများ တာဝန်ပေးခြင်းခံထားရသည့် ဖေဘီယန် အက်စ်ကလန် (Fabian

Escalante) က CIA မှ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနှင့် အစီအမံများမှာ ခန့်မှန်းခြေ ၆၃၈ ခု ရှိခဲ့သည်ဆို၏။ ထိုထဲမှ မှတ်တမ်းမှတ်ရာ ထင်ထင်ရှားရှားမပြနိုင်သည့် တချို့မှာ ဆေြး

ပင်းလိပ်အတွင်းဗုံးထည့်မှု၊ မှိုဆိပ်သင့်ရေငုပ်ဝတ်စုံနှင့် မာဖီးယားစတိုင်လ် ပစ်ခတ်မှုတို့ ပါဝင်သည်။ ထိုထဲမှ ဇာတ်လမ်းဇာတ်ကွက်တချို့မှာ “ကပ်စထရိုအား လုပ်ကြံနည်း ၆၃၈ မျိုး” ဟု
ခေါင်းစဉ်တပ်ထားသည့် ရုပ်ရှင်မှတ်တမ်းတွင် ဖော်ပြပါရှိသည်။ ကြိုးစားမှုများထဲမှ တစ်ခုမှာ ၁၉၅၉ ခုနှစ်တွင် တွေ့ဆုံခဲ့သည့် သူ၏ ချစ်သူဟောင်း မာရီတာ လောရန့်ဇ် (Marita Lorenz)ြ

ဖစ်သည်။ သူမသည် CIA နှင့် တိတ်တဆိတ်သဘောတူညီမှု ရယူခဲ့ပြီး အဆိပ်ဆေးများပါရှိသည့် နို့နှစ်အေးဗူးကို ကပ်စထရို၏အခန်းတွင်း ယူဆောင်လာခဲ့သည်။ ဤသည်ကို ကပ်စထရိုသိရှိ

ချိန်တွင် သူမအား သူ့ကိုသတ်ရန် သေနတ်ကမ်းပေးခဲ့သည်ဟု ဆိုသည်။ သို့သော် သူမနေဖြင့် သူ့ကို သတ်နိုင်သည့်အင်အား မရှိတော့ပါ။ သူ့အသက်အား လုပ်ကြံမှုအများအပြားကို ရည်ညွှန်

း၍ ကပ်စထရိုက ဤသို့ တစ်ခါက ပြောဖူးခဲ့ပါသည်။ “လုပ်ကြံမှုတွေမှာ အသက်ရှင်ကျန်ရစ်ခြင်းကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းထားမယ် ဆိုရင် ကျွန်တော် ရွှေတံဆိပ်ရမှာပဲ” ဟူ၏။ ကပ်စထ

ရိုသည် အသက် ၈၃ နှစ်အရွယ်တွင် ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။ ၆၃၉ ကြိမ်မြောက် လုပ်ကြံခံရဖို့အတွက်တော့ ဖြစ်နိုင်ဖို့ ခက်ခဲခဲ့ပြီ ဖြစ်လေသည်။


ဂျော်ဒန်ဘုရင် ဟူစိန်
လုပ်ကြံမှု ၁၂ ကြိမ်မှ လွှတ်မြောက်ခဲ့ပြီး တစ်ကြိမ်တွင် သူ၏ ယူနီဖောင်းမှ တံဆိပ်ကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့သည်။
ဟူစိန်ဘင်တလယ် (Hussein bin Talal) ခေါ် ဂျော်ဒန်ဘုရင်ဟူစိန်သည် သူ၏ဖခင် တလယ်ဘုရင်ထံမှ ၁၉၅၂ ခုနှစ်တွင် နန်းမွေဆက်ခံပြီး အုပ်ချုပ်ခဲ့သည်မှာ သူသေဆုံးသည့် ၁၉၉၉ ခုနှ

စ်မတိုင်ခင်အထိပင် ဖြစ်သည်။ သူ့ဘ၀တစ်လျှောက် အနည်းဆုံး ဆယ့်နှစ်ကြိမ်ခန့်မျှ လုပ်ကြံရန်ကြိုးစားမှု ကြုံတွေ့ခဲ့ရပြီး အများစုမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်းတွင် ဖြစ်သည်။ “

တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ စုံထောက်ဝတ္ထုတစ်ပုဒ်ထဲက အဓိက ဇာတ်ကောင်နေရာက သရုပ်ဆောင်နေရသလို ခံစားရပါတယ်” ဟု တစ်ခါက သူရေးသားခဲ့ဖူးသည်။ ပထမဦးဆုံး လုပ်ကြံ

မှုသည် ၁၉၅၁ ခုနှစ်က ဖြစ်သည်။ သူနှင့်အတူ အဘိုးဖြစ်သူ ဘုရင် အဘဒူလာရှိနေခဲ့သည်။ ဇူလိုင် ၂၀ ရက်၊ သူတို့နှစ်ဦး သောကြာဝတ်ပြုသူများ
ဗလီအတွင်းသို့ လျှောက်လှမ်းလာစဉ်တွင် ပါလက်စတိုင်းအစွန်းရောက် တစ်ဦးက ဘုရင်အဘဒူလာနှင့် မြေးတို့ကို ပစ်ခတ်ခဲ့သည်။ အဘဒူလာသေဆုံးပြီး ဆယ့်ငါးနှစ်သားသာ ရှိသေးသည့်

ဟူစိန်သည် သေနတ်သမားနောက်သို့ လိုက်ခဲ့သည်။ အကြမ်းဖက်သမားက သူ၏ သေနတ်ဖြင့် မင်းသားငယ်ကို လှည့်လည်ပစ်ခတ်ခဲ့သော်လည်း ကျည်ဆန်မှာ သူ့အဘိုးပေးထားသည့် ယူနီ

ဖောင်းပေါ်မှ တံဆိတ်ကို တည့်တည့်ထိမှန်ပြီး လွင့်စင်သွားခဲ့သဖြင့် သီသီကလေး အသက်ချမ်းသာရာ ရခဲ့သည်။ ၁၉၇၀ တွင် သူ၏ နွေရာသီနန်းတော်အနီး ယာဉ်တန်းဖြင့်မောင်းနှင်သွားစဉ်

သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုမှလည်း ဘုရင်ဟူစိန် လွတ်မြောက်ခဲ့ဖူးသည်။ ဘုရင်က ထိခိုက်မှုမရှိဟုဆိုနိုင်သော်လည်း သူ၏ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့လေသည်။ အဆိုပါတိုက်ခိုက်မှုမှာ

အန်မန်မြို့တော် အရှေ့မြောက်အရပ် ၁၂ မိုင်အကွာ ဆွီးလက် (Sweileh) ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘုရင်က ကားအတွင်းမှ ခုန်ထွက်၍ တိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ်ခဲ့

သည်။ ၁၉၉၉ ခုနှစ်၊ အသက် ၆၃ နှစ်အရွယ်တွင် ဂျောဒန်ဘုရင်ဟူစိန် ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သည်။

အယ်ဘေးနီးယားဘုရင် ဇော့ (Zog)
သတ်ဖြတ်ရန်ကြိုးစားခြင်း ၅၅ ကြိမ် လွတ်မြောက်ခဲ့သည်။ တစ်ကြိမ်တွင် လုပ်ကြံသူကို ပြန်လည် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။
ဇော့ (၁) သို့မဟုတ် စကင်ဒါဘာ့ဂ် (၃) သည် ၁၉၂၈ မှ ၁၉၃၉ ခုနှစ်အထိ အယ်ဘေးနီးယား၏ ဘုရင်ဖြစ်သည်။ သူ၏နန်းသက်အတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုပေါင်း ၅၅ ခုကျော်မှ

အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြင့် လူအများ လေးစားခန့်ညားခြင်းကို ခံခဲ့ရသည်။ ထိုထဲမှ တစ်ခုသည် ၁၉၃၁ ခုနှစ်တွင် ပက်ဂလီယာဆီ (Pagliacci) ဖျော်ဖြေပွဲအတွက် ဗီယန်နာ အော်ပရာရံ

ုသို့ ဇော့ အလည်အပတ်ရောက်ရှိစဉ်တွင် ဖြစ်ပွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူက ဇော့
ကားအတွင်းသို့ဝင်စဉ် တိုက်ခိုက်ခဲ့သည်။ သို့သော် သွားလေရာ ကိုယ်နှင့်မကွာ ယူသွားတတ်သည့် ပစ်စတိုဖြင့် ဇော့က ပြန်လည်ပစ်ခတ်ခဲ့ပြီး အသက်ချမ်းသာရာရခဲ့သည်။

ယာဆာအာရာဖတ်
ဗုံးခွဲတိုက်ခိုက်မှု အများအပြားမှ လွတ်မြောက်ခဲ့ပြီး လေယာဉ်ပျက်ကျမှုတစ်ကြိမ်မှလည်း လွတ်မြောက်ခဲ့သည်။
ယာဆာအာရာဖတ်ကို ပါလက်စတိုင်းခေါင်းဆောင်အဖြစ် အကြမ်းဖျင်းအားဖြင့် သိကြသည်။ သူ့သက်တမ်း တစ်လျှောက်တွင် လုပ်ကြံတိုက်ခိုက်မှုပေါင်းများစွာမှ လွတ်မြောက်ခဲ့သည်။ ၁၉၈၅

ခုနှစ်တွင် သစ်သားခြေထောက်စစ်ဆင်ရေး (Wooden Leg Operation) ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် သူ၏ဌာနချုပ်အပေါ်သို့ အစ္စရေးလေတပ်၏ F-15 ဗုံးကြဲတိုက်ခိုက်မှုမှ ပွတ်ကာ

သီကာ လွတ်မြောက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင် လူပေါင်း ၇၃ ယောက် သေဆုံးခဲ့ရသည်။ တိုက်ခိုက်မှုဖြစ်ပွားစဉ် နံနက်က အာရာဖတ် လမ်းလျှောက်ထွက်နေသည့်အချိန်နှင့် တိုက်ဆိုင်နေ

ခဲ့၍ ဖြစ်ပေသည်။ ကားတိုက်မှုတစ်ခုနှင့် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက်နေ့က လစ်ဗျားကန္တာရအတွင်းသို့ သဲမုန်တိုင်းအတွင်း လေယာဉ်ပျက်ကျခြင်းမှလည်း အသက်ရှင်လွတ်မြောက်ခဲ့သေးသည်။

ထိုဖြစ်ရပ်တွင် လေယာဉ်မှူးနှစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး အာရာဖတ်မှာလည်း ထိခိုက်ဒဏ်ရာရရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ အသက် ၇၅

နှစ်အရွယ်တွင် ပါရီမြို့ဆေးရုံ၌ အာရာဖတ် ကွယ်လွန်ခဲ့သည်။ အာရာဖတ်သေဆုံးရသည့် အကြောင်းရင်းကို လုံးဝ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ယနေ့ချိန်ထိ ပဟေဠိတစ်ခုအဖြစ် တည်ရှိေ

နသေး၏။ အစ္စရေးနှင့် နောက်ကွယ်တွင် တစ်နည်းနည်း ပတ်သက်နေနိုင်သည် ဟူသည့် မေးခွန်းထုတ်မှုများကို ပါလက်စတိုင်းအာဏာပိုင်များက အလျင်အမြန် ပယ်ချခဲ့သည်။ အာရာဖ

တ်သည် မိန်းမလျာတစ်ဦးတစ်သည်ဟု ဆယ်စုနှစ်တစ်စု ကြာမျှ ကောလာဟလအမျိုးမျိုး
ပျံ့နှံခဲ့ပြီး သူ၏သေဆုံးမှုအပေါ် ခန့်မှန်းချက် အများစုနှင့် ပတ်သက်ဆက်နွယ်နေသည့် လျှို့ဝှက်အခြေအနေများအရ ၎င်းမှာ AIDS ရောဂါနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယူဆစရာ ဖြစ်နေပေ

သည်။
လူအများစုဟာ ဦးနှောက်ဘယ်ဘက်အခြမ်းကိုပဲ အသုံးပြုနိုင်ကြတယ်။ညာဘယ်ခြမ်းကို ဂီတ၊ပန်းချီ စတဲ့အနုပညာရှင်တွေ ၊ အာရုံထူးခြားသူတွေလောက်သာ အနည်းအကျဉ်းအသုံးပြုနိုင်တာ

ဖြစ်တယ်။ ဘယ်ဘက်ခြမ်းဟာ သာမန် အသိစိတ်နဲ့ သက်ဆိုင်ပြီးတော့ ညာဘက်အခြမ်းဟာ မသိစိတ်နဲ့ သက်ဆိုင်နေတယ်။ စိတ်ညှို့ ပညာကို အသုံးပြုပြီးတော့ ဖန်တီးစွမ်းရည်တွေရှိတဲ့ ညာ

ဘက်ခြမ်းကို နိုးထစေတယ်။ ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းပါနှစ်ခြမ်းစလုံး အသုံးပြုနိုင်အောင် စိတ်ညှို့ ပညာက စွမ်းဆောင်နိုင်ကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် မသိစိတ်နယ်မှာရှိတဲ့

ညာဘက်ခြမ်းက ဖန်တီးစွမ်းရည်တွေကို စိတ်ညှို့ ပညာက မသိစိတ်ထဲက ဆွဲထုတ်ပေးလိုက်တာ ဖြစ်တယ်။ ဂီတတို့ ၊ ပန်းချီတို့ စတဲ့ အနုပညာတွေဟာ ဓါတ်ပုံရိုက်တာ ၊ ကက်ဆက်ခွေနဲ့ 

ကူးတာမျိုးမဟုတ်ဘူး။ဗလာဒီမာရိုင်ကော့ဗ်ဟာ ဂီတကျောင်းတက်နေတဲ့ ဂီတကျောင်းသားတစ်ဦးကိုစိတ်ညှို့  လိုက်တယ်။ သူက တစ်ကယ်တော့ စိတ်ညှို့ ပညာရှင်တစ်ယောက်ဖြစ်တယ်။ပထ

မအစ ညှို့ ချက်မိသွားတော့ – “မင်းဟာ တယောဆရာကြီး ခရိုက်စလာဖြစ်သွားပြီ။ ခရိုက်စလာသေပြီးနောက် လူ့ ဘ၀ကို မင်းအဖြစ်နဲ့ ဝင်စားလာတာဖြစ်တယ်။မင်းဟာလူဝင်စား ခရိုက်စလာ

ပဲ။အရင် ခရိုက်စလာဘ၀က တယောထိုးသလို မင်းလည်း တယောထိုးနိုင်တယ်။” ဟု ဆက်ဂျက်ရှင်းတွေပေးလိုက်တဲ့အခါ
မှာကျောင်းသားက သူဟာ တကယ်ပဲ ခရိုက်စလာဝင်စားတယ်လို့ ယုံကြည်လက်ခံသွားတယ်။ ခရိုက်စလာတယောထိုးသလောက်နီးပါးကောင်းအောင် တယောထိုးနိုင်လာတယ်။ သာမန် ဂီ

တကျောင်းသားလက်သံထက် အများကြီးသာသွားတယ်။ ဗလာဒီမာရိုင်ကော့ဗ်ဟာ ဒီလိုစိတ်ညှို့ ပြီး တယောဆရာကြီး ခရိုက်စလာ ၀င်စားစေတယ်။ခရိုက်စလာကို တယောထိုးစေတဲ့ အကြိမ်

ပေါင်း (၃၀) လောက်စမ်းသပ်လေ့ကျင့်ရတယ်။ပြီးသွားတဲ့အခါမှာ သာမန်ဂီတကျောင်းသားတွေထက်အများကြီးသာသွားပြီးတော့ ဂီတပညာရှင်အဆင့်ထိရောက်
သွားတယ်။နောက်ထပ်သင်တန်းသားတစ်ဦးကိုလည်း ပန်းချီဆရာရီပင် ၀င်စားတယ်ဆိုပြီး စိတ်ညှို့ ပညာနဲ့ ဆက်ဂျက်ရှင်းတွေပေးလိုက်တယ်။ အကြိမ်နှစ်ဆယ်လောက် ပေးလိုက်တယ်။ေ

နာက်ဆုံးမှာ တန်းဝင်ပန်းချီဆရာအဆင့်ကိုရောက်သွားပါတယ်။နောက်ထပ် ဥပမာတစ်ခုကိုပြောပြပါဦးမယ်…
ဆရာကြီး ရွှေဥဒေါင်းဟာ ငယ်စဉ်က ရေမကူးတတ်ဘူး။တစ်နေ့ မြစ်ဆိပ်မှာ ကစားနေရင်း သူ့ သူငယ်ချင်းတွေက ရေထဲခုန်ချနေကြတာမြင်တော့ သူလည်းခုန်ချလိုက်ပြီး ရေကူးတယ်။ သူ့ 

ကိုယ်သူ ရေကူးတတ်တယ်လို့ ယုံကြည်ပြီး ခုန်ချလိုက်တာ ရေကူးတတ်သွားတာဖြစ်တယ်လို့ ဆရာကြီးရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းမှာရေးထားတယ်။ ယုံကြည်ရင် တစ်က

ယ်တတ်သွားတာကို သာဓကပြတာပါ။ လူတစ်ယောက်အား စိတ်ညှို့ ပြီးမသိစိတ်ထဲမှာ သူဟာ ပန်းချီဆရာကြီး၊စာရေးဆရာကြီးလို့ ယုံကြည်သွားအောင် ဆက်ဂျက်ရှင်းပေးလိုက်ရင် ယုံသွားမှာ

ဖြစ်တယ်။ ဒါပေမယ့် သိစိတ်ကိုတော့ ဒီလိုသွားပြောရင်တော့ ယုံမှာမဟုတ်ဘူး။ သိစိတ်က လူလည်ဗျ။ ယုံမှာမဟုတ်ဘူး။ ဒီတော့ လူတွေမှာ မခန့်မှန်းနိုင်တဲ့ စိတ်အင်အားစွမ်းရည်တွေရှိကြ

တယ်။ရှိလို့ ရှိမှန်းမသိကြလို့ အသုံးမပြုနိုင်တာ။ ဒီလို မိမိမှာရှိတဲ့ စွမ်းရည်ပုန်းတွေကိုစိတ်ညှို့ ပညာနဲ့ ထုတ်ဖော်သုံးနိုင်တယ်။ဒီလို ထုတ်ဖော်သုံးရင် မိမိနိုင်ငံအတွင်း ပန်းချီပညာရှင်တွေ ၊ အဆို

တော်တွေ ၊ နိုင်ငံအကြီးအကဲတွေ ၊ဘောလုံးသမားတွေ၊ ဂုဏ်ထူးဆောင် ကျောင်းသားတွေဖြစ်နိုင်တယ်ဆိုတာကို သတင်းကောင်း ပေးလိုက်ရတာ ပါပဲခင်ဗျား။

Ref: Dead of Mind by C K Jolly
တင်ပြသူ – Dr.ထက်အောင်လှိုင်(စိတ်ပညာ)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?

ဇနီးဖြစ်သူ။ ။ ဟင့်အင်း… ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?

မောင်ချစ်။ ။ ဟင့်အင်း… ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။
Subscribe to RSS Feed Follow me on Twitter!