Thursday, April 16, 2015



ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်သည့်အခါ “နေကောင်းလား၊ အခြေအနေဘယ်လိုလဲ” စသည်ဖြင့် ပါးစပ်ကမေးရုံသာမက ကိုယ်ထိလက်ရောက် နှုတ်ဆက်ကြသည်မျိုးလည်းရှိပါသည်။ 

ကျွန်တော်တို့ မြန်မာလူမျိုး ရင်းနှီးသည့်သူငယ်ချင်း အချင်းချင်းနှုတ်ဆက်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် ပုခုံးပုတ်၊ လည်ပင်းဖက်ကာ ရယ်မောမေးမြန်းကြသလို မိန်းကလေးများကျပြန်တော့ တစ်ယောက်လက်တစ်ယောက်ကိုင်၊ တစ်ယောက်လက်မောင်း တစ်ယောက်ကိုင်ကာ ရောက်တတ်ရာရာ ရေပက်မ၀င်ပြောတတ်ကြသည်။ ဒါပေမယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေကျတော့ ဒီလိုမျိုးမဟုတ်ပြန်။

 ဒီလိုဆိုလျှင် ကမ္ဘာ၏အခြားဘက်က လူသားတို့သည်လည်း တစ်ယောက်နှင့်တစ်ယောက် မည်သို့နှုတ်ဆက်ကြ သနည်းဆိုသည်က စိတ်ဝင် စားစရာဖြစ်မည်။ ယဉ်ကျေးမှုအမျိုးမျိုးအလိုက် နှုတ်ဆက်ပုံတွေလည်း အမျိုးမျိုးရှိမည်မှာမလွဲ။ အောက်တွင်တော့ အင်္ဂလိပ်စကားပြော နိုင်ငံတို့၏ ထုံးစံ နှုတ်ဆက်ပုံတွေထဲက အခြေခံအကျဆုံးနှင့်အသုံးအ၀င်ဆုံး လက်ဆွဲနှုတ်ဆက်ခြင်းဓလေ့ကို လေ့လာနိုင်မည်ဖြစ်သည်။ လက်ဆွဲနှုတ်ဆက်ခြင်းဓလေ့အား ကျွန်တော်တို့ သိထားသည်နှင့် ဘယ်လောက်နီးစပ်သည်၊ ဘယ်လောက်ကွာခြားသည်ကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

လက်ဆွဲနှုတ်ဆက်ခြင်း the Handshake
လက်ဆွဲနှုတ်ဆက်ခြင်း handshake သည် စီးပွားရေးလုပ်ငန်းတွေ့ဆုံမှုများတွင် အလွန်အသုံးများ သည့် နှုတ်ဆက်ခြင်းပုံစံတစ်မျိုးဖြစ်သည်။ ၄င်းသည် လူတစ်ယောက်အပေါ် ရှေးဦးထင်မြင်ချက် first impression ပေါ်တွင်ကြီးမားသည့်သက်ရောက်မှုရှိသည်။ အောက်ပါပုံသည် လက်ဆွဲနှုတ်ဆက်ခြင်း မည်သို့လုပ်ရမည်ကို သရုပ်ပြထားသည်။
တစ်ခါမှမဆုံဖူးသည့် သူစိမ်းတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ပုံ အဆင့်ဆင့်များ
1. Step Forward towards the other person.
တစ်ဖက်လူထံသို့ ခြေလှမ်း တိုးလှမ်းပါ။
2. Extend your right hand.
ညာဘက်လက်ကိုကမ်းလိုက်ပါ။
3. Take the others person's right hand in your right hand.
တစ်ဘက်လူ၏ ညာလက်အား မိမိညာလက်အတွင်းဆုပ်ကိုင်ပါ။
4. Look the other person in the eyes, smile and say "How do you do?"  Then, say your name and surname: “I’m Brian Conrad."  
တစ်ဘက်သား၏မျက်လုံးကိုတည့်တည့်ကြည့်ကာ ပြုံး၍ "How do you do?"  ပြောပါ။
ထို့နောက်တွင် မိမိနာမည်နှင့် မျိုးရိုးအမည်ကိုပြောပါ။
If the other person tells you their nameယ repeat it back (this will help you remember it).  အကယ်၍တစ်ဘက်လူမှ သူ့နာမည်ပြောပြလျှင် သံယောင်လိုက် ရွတ်ကြည့်ပါ။ (သူ့နာမည်အား မှတ်မိဖို့အထောက်အကူပြုပါသည်။)
ဥပမာ-
A: How do you do? I'm Brian Conrad.
B: How do you do? Alexandra Scott.
A: Pleased to meet you, Alexandra.
** ဤတွင် သတိထားရမည့်အချက်မှာ How do you do? ဟူသည့်နှုတ်ဆက်စကားအား How do you do? ဆိုသည့် ခွန်းတုံ့ စကားနှင့်ပင် တုံ့ပြန်ရမည်ဖြစ်သည်။
5. Shake the other person's hand, moving it up and down once or twice. Use a good, solid firm, handshake (not too hard and definitely not limp ).
တစ်ဘက်သား၏လက်အား တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ် အပေါ်အောက်ခါ၍နှုတ်ဆက်ပါ။ (အမေရိကန်တို့က firm grip အားပါ၍ခိုင်မာသောဆုပ်ကိုင်မှုကို သဘောကျ ကြသည်ဟုဆိုသည်။ သို့ရာတွင် ပြုတ်တူကဲ့သို့လဲ မကြမ်း၊ လျော့တိလျော့ရဲလည်းမဖြစ်သင့်ပါ။)
6. Finally, take your hand back, and step back.
နောက်ဆုံးတွင် လက်ပြန်ရုတ်ကာ နောက်တစ်လှမ်းပြန်ဆုတ်ပါ။

တစ်ကယ်တော့လည်း အဆင့်ပေါင်းများစွာခွဲပြောနေရသော်လည်း ၄င်းတို့သည် တစ်ပြိုင်နက်တည်းဆိုသလိုဖြစ်သွားရမည့်အရာဖြစ်သည်။
ရှောင်ရန်များ Things to avoid
  • Don’t move too much , invading the other person’s personal space!
တစ်ဘက်သား၏ ပိုင်နက်ကိုမကျူးလွန်မိရန် သိပ်မရွှေ့ပါနှင့်။
Personal space သည် စကားပြောဆိုရာတွင် တစ်ယောက်နှင့်တစ်ယောက် သက်တောင့် သက်သာ အနေအထားဖြစ်သည့် အကွာအဝေးဖြစ်သည်။ ၄င်းသည် ယဉ်ကျေးမှုအရ ကွာခြားမှုရှိနိုင်သဖြင့် သတိပြုသင့်သည်။ ယေဘုယျအားဖြင့် လက်တစ်ကမ်းအကွာအဝေးသည် စိတ်ချရသည့် အကွာအဝေးဖြစ်သည်။
  • Don’t do more than three shakes.
သုံးကြိမ်ထက်ပို မခါပါနှင့်။
  • Don’t hold onto the other person’s  hand and refuse to let go!
တစ်ဘက်သား၏လက်ကိုဆွဲထားပြီး သူ့လက်ပြန်သိမ်းမရအောင် ကိုင်ထားခြင်းမပြုပါနှင့်။
  • Don’t offer your finger tips!.
အမျိုးသမီးများသား သူတို့၏လက်အစွန်အဖျားလေးများအား ကမ်းတတ်ကြသည်။ ယောက်ျားများက တော့လုပ်လေ့မရှိပါ။ သို့ရာတွင် ကျား/မ မရွေး မည်သူမျှမလုပ်သင့်ပါ။
  • Don’t grasp the other person’s arm
     တစ်ဘက်သား၏လက်မောင်းကို ဆုပ်မကိုင်ထားရပါ။
  • Don’t hold onto the other person’s elbow or shoulder.
     တစ်ဘက်သား၏ တံတောင်ဆစ်ကိုသော်လည်းကောင်း၊ ပုခုံးကိုသော်လည်းကောင်း မကိုင်ရ။
  • Don’t squeeze too hard.
     တစ်ဘက်သား၏လက်အား အရမ်းမညှစ်ရ။
  • Don’t pull the other person towards you aggressively.
     တစ်ဘက်သားကို မိမိဘက်သို့ အတင်းမဆွဲရ။
  • Don’t offer the other person a wet or sweaty hand- dry it first.
     တစ်ဘက်သားအား ရေစိုလက်၊ (သို့မဟုတ်) ချွေးစိုလက်နှင့် မနှုတ်ဆက်ရ။ လက် ခြောက်အောင် အရင်လုပ်ပါ။
  • Don’t twist your hand so that your hand is covering theirs in a bid to dominate them.
     တစ်ဘက်သားကို လွှမ်းမိုးရန်ကြိုးစားသည့်အနေနှင့် မိမိလက်အား သူတို့လက်အပေါ်အုပ်မိုး မိစေရန် မလိမ်ပါနှင့်။

  • Don’t pull your hand away too quickly.
မိမိလက်အား ချက်ခြင်းမရုတ်လိုက်ပါနှင့်။
  • Don’t wipe your hand on your clothes after shaking the other person’s hand.
     တစ်ဘက်သားလက်ကို ကိုင်နှုတ်ဆက်ပြီးနောက် မိမိလက်အား အ၀တ်အစားနှင့်မသုတ်ပါနှင့်။
အောက်ပါစကားများသည် တစ်ယောက်ယောက်အား ပထမဦးဆုံးအကြိမ်တွေ့ဆုံသည့်အခါ မိတ်ဆက် ပြောဆိုသည့်စကားများဖြစ်သည်။
  • Hi, I'm Nicola Simmonds. It’s great to meet you. (တွေ့ရတာဝမ်းသာပါတယ်။)
  • How do you do?
  • Pleased to meet you. (တွေ့ရတာဝမ်းသာပါတယ်။)
  • {Amelia Best). It’s a pleasure to meet you.
  • It’s an honour to meet you. (တွေ့ခွင့်ရတာအထူးဂုဏ်ယူမိပါတယ်။)
 [to someone really important,  Famous, etc.]
အောက်ပါစကားများသည် တစ်ယောက်ယောက်အား ခွဲခွာနှုတ်ဆက်စကား ပြောဆိုသည့် စကားများဖြစ်သည်။
  • It was a pleasure to meet you. (တွေ့ရတာဝမ်းသာပါတယ်။)
  • It’s been great talking to you.  (လူကြီးမင်းနဲ့စကားပြောခွင့်ရတာ ကောင်းလှပါတယ်။)
  • I look forward to doing business with you. (ခင်ဗျားနဲ့လုပ်ငန်းလုပ်ဖို့မျှော်လင့်နေပါတယ်)
  • Thank you so much for meeting with me. (ကျွန်တော့်ကိုတွေ့တဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။)
  • It was nice to meet you. (တွေ့ရတာဝမ်းသာပါတယ်။)
 ဇာနည်(MyWay)
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!