"
ဟေ့ . . မင်းဖုန်းက Bluetooth ကိုဖွင့်လိုက် . . ငါ့ ဖုန်းထဲက Ringtone အမိုက်စားလေးပေးမလို့
" အဲ့ဒီလို စကားမျိုးကို ကိုယ်တိုင်မပြောဖူး မကြုံဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ
ပြောနေသံကို
လူတော်တော်များများ
ကြားဖူးပါလိမ့်မယ် ။ Bluetooth လို့ နာမည်ဆန်းဆန်းလေးပေးထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက်
လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်းလေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာ
အတော်လေး
ရင်းနှီး ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset , Bluetooth Keyboard စတဲ့
အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင်တနေရာရာမှာတော့ တွေ့မြင်နေကျဖြစ်မှာပါ ။
အရင်ဆုံး
Bluetooth ဆိုတဲ့ နာမည် အကြောင်းကို အရင်ပြောပါရစေ -
စကင်ဒီနေးဗီးယန်း
ဘာသာစကား Blåtand/Blåtann ကို အင်္ဂလိပ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့ ဒီ Bluetooth ဆိုတဲ့စကားလုံးဟာ
၁၀ ရာစုနှစ်များလောက်က ဒိန်းမတ်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင်
တည်ထောင်ခဲ့တဲ့ ဘုရင် Harald Blåtand ရဲ့အမည်ကို အတိုချုပ်ထားခြင်းဖြစ်ပါတယ်
။ ဒီ Bluetooth ဆိုတဲ့နာမည်ကိုအရင်ဆုံး စဉ်းစားမိတဲ့ Jim Kardach က စာရေးဆရာ Frans
Gunnar Bengtsson ရေးတဲ့
The
Long Ships about Vikings and king Harald Bluetooth ဆိုတဲ့ သမိုင်းဝတ္ထု တစ်အုပ်ကို
ဖတ်ရာကနေ အကြံရသွားတယ်လို့ ဆိုပါတယ် ။ ဒဏ္ဍာရီတွေရဲ့ အဆိုအရတော့ အဲ့ဒီ ဘုရင်ကြီးဟာ
Blueberry အသီးတွေကိုကြိုက်နှစ်သက်လို့ အမြဲစားရာကနေသူ့ ရဲ့ သွားတွေဟာ ပြာကုန်လို့
ဒီနာမည်တွင်သွားရတာပါတဲ့ ။
အက္ခရာတွေကို
စုပေါင်းထပ်ပြီးရေးသားတဲ့ ရှေးခေတ်အရေးအသားတစ်ခု ကနေဆင်းသက်လာတဲ့ Bluetooth ရဲ့
Logo ကတော့ (Hagall) (ᚼ)
နဲ့ (Bjarkan) (ᛒ) ဆိုတဲ့ စကားလုံးတွေကိုပေါင်းရေးထားတဲ့ Harald Bluetooth ဆိုတဲ့ အဓိပ္ပါယ်ပါ ။
ဒါဆို
Bluetooth ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာဆက်ပြီး ကြည့်ရအောင် -
၁၉၉၄
မှာ Errison ဆိုတဲ့ Telecom ကုမ္ပဏီက စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်တော့
၁၉၉၈ မှာ Errison ကုမ္ပဏီဟာ တခြား မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Intel , Nokia , Toshiba
တို့နဲ့ ပူးပေါင်းပြီး Bluetooth Special Interest Group (SIG) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို
နည်းပညာပြန့်ပွားဖို့ တည်ထောင်ခဲ့ပါတယ် ။ SIG ဟာ Bluetooth နည်းပညာ ပြန့်ပွားရေးကို
သာ အဓိကထားတဲ့ အဖွဲ့အစည်းဖြစ်လို့အခုဆိုရင် အသင်းဝင် ကုမ္ပဏီပေါင်း တစ်သောင်းခွဲလောက်တောင်
ရှိနေပါပြီ ။
Bluetooth
ရဲ့ အလုပ်လုပ်ပုံကတော့ ဒီလိုပါ -
ရေဒီယိုနည်းပညာကို
အသုံးပြုထားပြီး Frequency 2.4 - 2.485 GHz အတွင်းမှာ အလုပ်လုပ်တဲ့ Personal Area
Network (PAN) လို့ ပညာရှင်များအသိအမှတ်ပြုကြပါတယ် ။ ကွန်ပျူတာ နဲ့ ဖုန်း ဒါမှမဟုတ် ဖုန်း အချင်းချင်း သတင်း ဒေတာ အချက်အလက်တွေပေးပို့
တဲ့နေရာမှာ အဓိက အသုံးပြုပါတယ် ။ SIG ထွက်ပေါ်လာပြီး ၂၀၀၀ ပြည့်နှစ်လောက်မှာမှ ဖုန်းတွေမှာ
တပ်ဆင်အသုံးပြုနိုင်ခဲ့ပါတယ် ။ Version အမျိုးမျိုးနဲ့ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာဟာ
အခုဆို Version 4 အထိတောင် ရောက်ခဲ့ပါပြီ ။ နာမည်ကြီး ဖုန်းအမျိုးအစားဖြစ်တဲ့
iPhone 4s မှာ Bluetooth 4.0 ကို အထောက်အပံ့ပေးထားပါတယ် ။ ဗားရှင်းတွေမြင့်လာတာနဲ့
အမျှ ပါဝါ စားသုံးမှုတွေကိုလည်း တဆင့်ပြီး တဆင့် လျော့ချနိုင်ခဲ့သလို အာရုံခံ တဲ့ အပိုင်းမှာလည်းပိုမို
အဆင့်မြင့်လာပါတယ် ။ အခုဆိုရင် SIG အဖွဲ့အစည်းမှာ အသင်းဝင်တွေများလာလိုက်တာ နည်းပညာလောကရဲ့
နာမည်ကြီး Apple တောင် Board of Directors ဖြစ်လို့နေပါပြီ ။
အချုပ်ဆိုရရင်တော့
ဒီ Bluetooth ဟာ နည်းပညာလောကအတွက် အထောက်အကူ အများကြီးဖြစ်ခဲ့သလို ကိုယ်ကျိုးမဖက်တဲ့
အဖွဲ့အစည်းများ
ကောင်းမှုကြောင့်
ဆက်လက်ပြီးလည်း ရှင်သန် တိုးတက် အသုံးဝင်နေမှာ မလွဲပါပဲ ။
Cyra
( TSJ Tech Team )
0 comments:
Post a Comment