ဒီဆောင်းပါးမှာ တင်ပြချင်တာကတော့ လင်ကွန်းရဲ့ လူသိနည်း
သေးတဲ့ တနည်းအားဖြင့် သမိုင်းစာအုပ် တွေထဲမှာ သိပ်မပါတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တချို့ပါပဲ။
သမ္မတဟာ ငွေဝယ်ကျွန် ဆိုတဲ့ အရင်းရှင်စနှစ်ကို ဖျက်သိမ်းခဲ့တယ်။ဒါကြောင့်လည်း အမေရိကန်တောင်ပိုင်းသား
အရင်းရှင်လူတစုရဲ့ လုပ်ကြံတာကိုခံရပြီး သူ့ရဲ့ သမ္မတ သက်တမ်း တလျှောက်မှာလည်း အခက်အခဲဆုံး
ဖြစ်တဲ့ ပြည်တွင်းစစ်ပွဲကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့လည်း သူဟာ ဒါတွေကိုကောင်းစွာ
ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ တယ်။ လင်ကွန်းဟာ စိတ်သဘောထား နူးညံ့တယ်။ သနားကြင်နာ တတ်တယ်။
သည်းခံတတ်တယ်။ ဒါပေမဲ့လူညံ့တော့ မဟုတ်ဘူး။ တဖက်လူနဲ့ ပြောဆို ရာမှာ ယဉ်ကျေးသိမ်မွေ့တယ်။ဒါပေမဲ့
မိမိရဲ့ခံယူချက်နဲ့ အယူအဆတွေ ကိုတော့ တပြားသားမှ အလျှော့ မပေးဘူး။ အမှန်တရားနဲ့ ပတ်သတ်လာလျင်
အဆုံး အစွန်ထိ ပြီးမြောက် အောင် ဆောင်ရွက် တတ်သလို နိုင်ငံရေးနဲ့ ပတ်သတ်လျင်လည်း တည်ကြည်
ခိုင်ခံ့တဲ့ အယူအဆတွေရှိတယ်။ကိုယ်တိုင် အတွက်လည်း ကိုယ်ကျင့်တရားနဲ့ ပတ်သက်၍ တိကျပြတ်သားတဲ့
စံသတ်မှတ်ချက်တွေ ရှိတယ်။ကဲ..သမ္မတရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ တချို့သော အချက်လေးတွေကို
ကြည့်ရအောင် -
၁။လင်ကွန်းလုပ်ကြံခံရခြင်းနဲ့
သဘာဝလွန်ဖြစ်ရပ်။
လင်ကွန်းကို ၁၈၆၅ ခုနှစ် ဧပြီ ၁၄မှာ လုပ်ကြံခံရတာပါ။
Ford's Theatre မှာ သရုပ်ဆောင်တဦးဖြစ်တဲ့ John Wilkes Booth ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှာ
သေနတ်ဒါဏ်ရာရပြီး သေဆုံးခဲ့တာပါ။ သူလုပ်ကြံမခံရခင် တစ်ပတ်လောက် အလိုမှာ လင်ကွန်းက အိမ်မက်တခုကို
မက်ခဲ့တယ်။ အိမ်မက်ထဲမှာ အိမ်ဖြူ တော်မှာ ရှိတဲ့ စစ်သားလေး တစ်ယောက်ဟာ အခေါင်းတခုနားမှာ
ငိုကြွေး နေတာကိုတွေ့ရသတဲ့။သူလည်း အဲဒီစစ်သားလေး အနားကိုသွားပြီး ဘာကြောင့်လဲမေးတော့
အဲဒီ စစ်သားလေးက သမ္မတကြီးသေဆုံးသွားလို့ ငိုနေရကြောင်းပြောတယ်။ ဒါနဲ့ သူလည်း အခေါင်းထဲကိုလည်း
ကြည့်လိုက်ရော အလောင်းရဲ့ မျက်နှာဟာသူ ရဲ့မျက်နှာပဲ ဖြစ်နေသတဲ့။ ဒါကတော့ သဘာဝလွန်ဖြစ်ရပ်လို့ပဲ
ပြောရလိမ့် မယ်။
၂။
စိတ်ဓာတ်ကြဆင်းမှုတွေနဲ့ ရုန်းကန်ခဲ့သူ လင်ကွန်း
လင်ကွန်းကို အများစုက ရယ်စရာတွေ ပြောတတ်သူ၊ ပုံတိုပတ်စတွေ
ပြောပြီး သူတပါးကို ပျော်ရွှင်အောင် လုပ်တက် သူအဖြစ်ပဲသိကြပါတယ်။ တကယ်တော့ လင်ကွန်းဟာ
စိတ်ဓာတ်ကျမှု (deep depression) ကိုပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသူ ဖြစ်ပါတယ်။လင်ကွန်းဟာ
တချို့သော ဟောပြောပွဲတွေမှာ ခံစားချက် ပြင်းထန်တဲ့ကဗျာတွေ ဆိုပြတတ်သလို ကိုယ့်ကိုယ်ကိုသတ်သေတဲ့
အကြောင်းတွေလည်း မကြာခဏ ပြောပြလေ့ ရှိတတ်တယ်။ လင်ကွန်းရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့
William Herdo ကလည်း "လင်ကွန်းဟာ လူမှန်းသိတတ်စ အရွယ် ကတည်းက စိတ်ဓာတ် ကျဆင်းမှုတွေ
ခံစားရလေ့ရှိသူဖြစ်တယ် ” လို့ပြောပြဖူးပါတယ်။ကဲဒါကြောင့်သူငယ်ချင်းတို့လည်း စိတ်ဓာတ်
ကျစရာတွေ ခံစားလာရရင် သမ္မတ လင်ကွန်းတောင် စိတ်ဓာတ်ကျတတ် သေးတာပဲလို့သာဖြေယူနှစ်သိမ့်ပေတော့။
၃။
တိရ စ္ဆာန်ချစ်တတ်သူ လင်ကွန်း
လင်ကွန်းဟာ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနဲ့ နဗန်း
သမားလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ပေမဲ့ သူဟာ တိရစ္ဆန် တွေကိုချစ်တတ်သူပါ။
ငါးမျှားတာတို့ အမဲပြစ်ထွက်တာတို့လဲ မနှစ်သက်ပါဘူး။ သူ့ရဲ့
အိမ်ဖြူတော်မှာ ခွေးတွေ ကြောင်တွေ မြင်းတွေ ကိုသာ မွေးထားရုံတင် မကပဲ ကြက်ဆင် တွေပါ
မွေးထားလေ့ရှိတယ်လို့ ဆိုကြပါတယ်။
၎။အရပ်အရှည်ဆုံး
အမေရိကန်သမ္မတ လင်ကွန်း
အရပ် ၆ပေ၄လက်မရှိတဲ့ လင်ကွန်းဟာ အမေရိကန် သမ္မတ တွေထဲမှာ
အရပ်အရှည် ဆုံးပါ။ စတိုဗီပိုက် အုပ်ထုပ်ရှည်မျိုး ဆောင်းလေ့ ရှိတဲ့ လင်ကွန်းဟာ အများကြားထဲမှာ
အမြဲထိုးထိုး ထောင်ထောင်ဖြစ်နေ တတ်ပါတယ်။ ဦးထုပ်ရှည်မပါ နဲ့တောင် လူအုပ်ထဲမှာ သူများထက်
ခေါင်း တစ်လုံးပိုရှည်နေတဲ့ လင်ကွန်းကို မြင်နိုင်ပါတယ်။
၅။သူသေကိုယ်သေဓားချင်းယှဉ်ခုတ်တဲ့လင်ကွန်း
သူသေကိုယ်သေ ဓားချင်းယှဉ်ခုတ် တယ်ဆိုတာ တကယ်တော့ မိုက်ရူးရဲ
ဆန်တဲ့ ကိစ္စတခုပါ။ ဒါမျိုးကို လင်ကွန်းဟာ လူငယ်ဘဝမှာ ကျူးလွန်ခဲ့ဖူး ပါတယ်။
၁၈၄၂ ဝန်းကျင်မှာလင်ကွန်းဟာ စာနယ်ဇင်းသမားအဖြစ် ထမ်းဆောင်ချိန်မှာသူဟာ
ဂျိမ်းရှီးလ်ဆိုသူ ဒီမိုကရက် သမားတယောက်ရဲ့ စာတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်
ရှုပ်ချထားတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ အဲဒီ ဆောင်းပါးက ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးဂျိမ်းဟာ
သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါစော်ကားခံရ သလို ဖြစ်တာကြောင့် မကျေမနပ်ဖြစ်ပြီး လင်ကွန်းကို
ဓားချင်းယှဉ်ခုတ် ဖို့စိန်ခေါ်ပါ တော့တယ်။
သူတို့ရာစုပိုင်းက လူတွေကဒီလိုပဲ မကျေနပ်ရင် လူလယ်ခေါင်မှာ
ဓားချင်း ယှဉ်ခုတ် လေ့ရှိတယ်။ လင်ကွန်းကလည်း ဒီလို ဓားချင်းယှဉ်ခုတ် တာဟာအဓိပ္ပါယ် မရှိတဲ့လုပ်ရပ်မှန်းသိပေမဲ့
စိန်ခေါ်ခံရမှ နောက်ဆုတ်ရင်သတ္တိ ကြောင်တယ်လို့ ပြောခံရမှာ စိုးတာကြောင့် လက်ခံလိုက်တယ်။
မစ်စ္စပီမြစ်ဘေးက Blood Island မှာပါ။ ကွင်းပြင်ရှေ့နှစ်ဦး
ထိတ်တိုက် တွေ့ချိန်မှာတော့ လင်ကွန်းလည်း အတော်လေးကို ကြောက်နေခဲ့တယ်။ဒါပေမဲ့ ကံကောင်းစွာနဲ့
နှစ်ဦးဖက်က လူတွေ ဝိုင်းဝန်းဖြောင်းဖြ တာကြောင့် ရန်ပွဲကပြီးဆုံးပါတယ်။
လင်ကွန်းလည်း အဲဒီအချိန်ကစပြီးအတော်လေး နောင်တရသွားတယ်။နောက်ပိုင်း
လင်ကွန်းသမ္မတဖြစ်ပြီး ချိန်မှာလည်း ဂျိမ်းဟာ လင်ကွန်းရဲ့ အမှုထမ်းဖြစ်လာခဲ့ပြီး သူဟာ
အမေရိကန်ပြည်တွင်း စစ်ပွဲအတွင်းမှာလည်း အရာရှိအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
အချို့ချို့သော ရန်သူတွေဟာ တစ်ချိန်မှာ မိတ်ဆွေဖြစ်လာနိုင်ဆိုတာ
ဒါပါပဲ။ဒီနေရာမှာ လင်ကွန်းရဲ့ရန်သူကို မိတ်ဆွေလုပ်ရဲတဲ့ သတ္တိနဲ့ မိတ်ဆွေဖြစ်သွား တဲ့
အထိ ပြုနိုင်တဲ့အစွမ်းကို တွေ့ရမှာပါ။
၆။နဗန်းသမား
တဖြစ်လဲ လင်ကွန်း
လင်ကွန်းဟာ လူငယ်ဘဝမှာ နဗန်းသမားလည်းဖြစ်ခဲ့ဖူးသလို အလေး
လည်း မခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်က လင်ကွန်းဟာ တိုက်ခိုက် သတ်ပုတ်ရတာ ဝါသနာထုံတယ်။
တချိန်မှာ သူနေတဲ့ ကိုးလ်စ် ကန်ထရီ မြို့လေးက နာမည်ကြီး လူမိုက် ဒန်နီရယ် နစ်မင်းဆိုသူကို
အနိုင်ထိုးခဲ့ နိုင်တာကြောင့် လူမိုက်အဖြစ်လည်း နာမည်ကြီး ခဲ့ပါသေးတယ်။
မကြာခင်မှာပဲ သူတို့မြို့က နာမည်ကြီးနဗန်းသမား ဂျက်အမ်စရောင်း
ကလည်း လင်ကွန်းကို စိန်ခေါ် ခဲ့ပြီး ဒီပွဲမှာလည်း လင်ကွန်းက မမျှော်လင့်ပဲ ဂျက်အမ် စရောင်းကို
အလဲထိုးလိုက် နိုင်တာကြောင့် အနိုင်ရခဲ့ပါသေးတယ်။
၇။
မုတ်ဆိတ်အရှည်ထားတဲ့ အမေရိကန်သမ္မတ
လင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲမှာ ပထမဆုံး မုတ်ဆိတ် အရှည်
ထားခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ သူဟာ၁၈၆၀ သူ့ရဲ့ရွေးကောက် ပွဲမှာ အနိုင်ရပြီး ကတည်းက စလို့
မုတ်ဆိတ်အရှည် ထားတဲ့ အကျင့်ကို စခဲ့တာပါ။ ဒီလို မုတ်ဆိတ် အရှည် ထားတာကြောင့် သူ့ရဲ့
ကြမ်းတမ်းပုံပေါက် တဲ့မျက်နှာ ဟာပိုပြီး ကြည့်ကောင်းလာတယ် လိုလည်းဆိုကြ ပါသေးတယ်။
၈။
တီထွင်တာဝါသနာပါတဲ့ လင်ကွန်း
-လင်ကွန်းဟာ စက်ပစ္စည်းကိရိယာတွေကို ဖြုတ်ကြည့် တပ်ကြည့်ရတာစိတ်ဝင်စားသလို
သူကိုယ်တိုင်လည်း တီထွင်ရတာဝါသနာပါပါတယ်။သူဟာ ၁၈၄၉မှာ Vessel ရေကြောင်း အချက်ပြကိရိယာ
“A Device for Buoying Vessels Over Shoals” ကိုတီထွင်ခဲ့ပြီး မူပိုင်ခွင့်လည်း ရရှိခဲ့ပါ
တယ်။ အမေရိကန် သမ္မတတွေထဲမှာ တဦးတည်းသော မူပိုင်ခွင့်ရရှိသူ ဖြစ်ပါတယ်။
၉။
ယုံကြည်ချက်ပြင်းထန်ပေမဲ့ ဘုရားကျောင်းတတ်လေ့မရှိတဲ့ လင်ကွန်း
လင်ကွန်းဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ သူဟာဘာသာ တရားမှာ သက်ဝင်ယုံကြည်ပေမဲ့
အစွန်းရောက် တာလည်း မဖြစ်သလို ဘယ်ဂိုဏ်းခွဲ တွေမှာမလည်းပါဝင်ခြင်းမရှိပါဘူး။ ပြီးတော့
ဘုရားကျောင်းလည်း မည်သည့် အခါမှ တက်လေ့မရှိပါဘူးတဲ့။ အမေရိကန်နိုင်ငံ တောင်နဲ့ မြောက်ကြားမှာ
ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပွဲ အတွင်းမှာ လင်ကွန်းဟာ
"ဘုရားသခင်ထံမှ တရားမျှတခြင်း ပေးဖို့နဲ့ သူကိုယ်တိုင်လည်း ဘုရားသခင်နဲ့ အတူ တရားမျှတ
ခြင်းဖက်မှာ ရပ်တည်ခွင့်ရဖို့" ဆုတောင်းခဲ့ပါတယ်။
၁၀။
သမ္မတလင်ကွန်းနဲ့ ငယ်ချစ်
လင်ကွန်းဟာ သူ့ရဲ့ဇနီး မေရီတော့ဒ်နဲ့ လက်မထက်ခင်မှာ အန်ရူဒ်လစ်
ဆိုတဲ့ မိန်းခလေးနဲ့ ချစ်ကျွမ်းဝင်ခဲ့ ပါသေးတယ်။ သူတို့ဟာ ၁၈၃၃ ခုနှစ် ကတည်းက သိကျွမ်းခဲ့တယ်။
အဲဒီ မတိုင်ခင်မှာ အန်ရူဒ်ဟာ ကုန်သည် တစ်ဦးနဲ့ လက်ထက်ခဲ့ပြီး မကြာခင်မှာပဲ လမ်းခွဲကာ
လင်ကွန်းနဲ့ ချစ်ကြိုက်ခဲ့ တယ်။
သူတို့နှစ်ဦးဟာ လက်ထက်ဖို့ အထိ ရည်စူးခဲ့ကြပေမဲ့ ကံမကောင်း
စွာနဲ့ အန်ရူဒ်ဟာ ဖျားနာပြီး သေဆုံးခဲ့တာကြောင့် လင်ကွန်းလည်း အကြီးအကျယ် စိတ်ထိ ခိုက်ခဲ့ရတယ်။
လင်ကွန်းဟာ အဲဒီအချိန် တွေမှာ ဘယ်လောက်တောင် စိတ်ထိခိုက်ခဲ့သလဲ
ဆိုရင် စိတ်နဲ့ကိုယ်တောင် မကပ်နိုင်တော့ဘဲ နေ့စဉ် မစ်စ္စပီမြစ်ဘေးက သစ်တော တွေထဲမှာ
တစ်ကိုယ်တည်း လမ်းလျှောက်တာမျိုးတွေ လုပ်ခဲ့ တယ်။ တချိုကတော့ လင်ကွန်းရဲ့ စိတ်ဓာတ်ကျတတ်မှုတွေက
အန်ရူဒ် သေဆုံးပြီးမှ ပိုဆိုးရွားလာတယ် လို့ဆိုကြတယ်။
ဒီလိုနဲ့ ၁၈၄၂ မှာ လင်ကွန်းဟာ မေရီတော့ဒ်နဲ့ လက်ထပ်တယ်။
လင်ကွန်းနဲ့ သူထက်အသက် ၁၀ နှစ်ငယ်တဲ့ မေရီတော့ဒ်တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာလှတယ် တော့လည်း
မဟုတ်ပါဘူး။ လူသိများခဲ့ရတဲ့ သမ္မတနဲ့ သူ့ဇနီး တို့ရဲ့ အိမ်တွင်း အချင်းများတဲ့ ပြသနာ
တခုလည်းရှိပါတယ်။ အဲဒါကတော့ သမ္မတ လင်ကွန်းဟာ ဧည့်သည်များနဲ့ရှိစဉ် သမ္မတကတော် မေရီတော့ဒ်က
သမ္မတမျက်နှာကို ကော်ဖီပူနဲ့ လှမ်းပက်ခဲ့တယ် ဆိုတာပါပဲ။
ဒါတင်မကသေး မေရီတော့ဒ်ဟာ လင်ကွန်းကို အာလူးတွေနဲ့ ပစ်ပေါက်
တာမျိုး ရှိခဲ့သလို မျက်နှာကို ရိုက်နှက်တာမျိုး တွေလည်း လုပ်တတ် ပါတယ်။ မည်သို့ပင်ဖြစ်ပစေ
သမ္မတလင်ကွန်း လုပ်ကြံခံ ရပြီးနောက် မေရီတော့ဒ်ဟာ
သမ္မတရဲ့ စာပန အခမ်းအနားကို လိုက်ပါ ပို့ဆောင်ခြင်းတော့
မရှိခဲ့ပါဘူး။ကဲ ဒါကြောင့် သူငယ်ချင်းတို့ရေ လောကကြီးမှာ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ
ကြီးမားပါစေ အခက်အခဲတွေ ဘယ်လောက်ပဲ များပြားပါစေ ကိုယ်သွားရမည့် ခရီးကို သည်းခံခြင်းတွေနဲ့
အတူ ဆုံးအောင်သွားနိုင်ဖို့ ကြိုးစားနိုင်ရမယ်။
မိမိကိုယ်တိုင် အတွက်လည်း ကာကွယ်နိုင်ရမှာဖြစ်သလို အများအကျိုး
ကိုလည်း သယ်ပိုးနိုင်ရမယ်။ လောကကြီးထဲမှာ ဒီလိုလူမျိုးတွေပဲ ကြံ့ကြံ့ ခံနိုင်မှာဖြစ်သလို
ဒီလိုလူမျိုးတွေပဲ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။
Mya Mon
0 comments:
Post a Comment