၁။ မိမိနာမည်ကို လေးနက်ခန့်ညားစွာ မှည့်ထားရခြင်း။
၂။ ကိုယ်ပိုင်ဉာဏ် စွမ်းရည်သတ္တိနှင့် ရိုးရိုးသားသား မြင့်မြတ်စွာ ကျင့်ကြံရခြင်း။
၃။ ဇွဲလုံ့လ ၀ီရိယထက်သန်စွာဖြင့် အခြေချအားပြုကာ ကြိုးပမ်းဆောင်ရွက်ရခြင်း။
၎။ စာမူများကို စက္ကူဖြူပေါ်တွင် နက်ပြာရောင်မှင်နှင့်သာ ရေးသားပြရခြင်း။
၅။ စာမူများကို မှင်နှင့်သေသေသပ်သပ် ရေးသားထားရခြင်း။
၆။ စာမျက်နှာတစ်ဖက်တည်းသာ ရေးသားဖော်ပြရခြင်း။
၇။ စာမူများရေးမည့် စာရွက်သည် တအားမကြီးလွန်း မသေးလွန်းရခြင်း။
၈။ အက္ခရာစာလုံးများကို ရှင်းလင်းပြတ်သားပီသစွာ ရေးသားရခြင်း။
၉။ စာရွက်၏ လက်ဝဲဘက်များတွင် နှစ်လက်မခန့်ချန်လှပ်ပြီး ရေးသားရခြင်း။
၁၀။ စာပိုဒ်စရေးလျှင် လက်ယာဘက်သို့ တစ်လက်မခန့်တိုးပြီး ရေးသားရခြင်း။
၁၁။ စာတစ်ကြောင်းနှင့်တစ်ကြောင်း လေးပုံတစ်ပုံလက်မခန့် ခြားပြီး ရေးသားရခြင်း။
၁၂။ စာမူများကို သုံးကြိမ်ခန့် ပြင်ဆင်ပြုပြင်ရေးသားရခြင်း။
၁၃။ စာမူများကို မိမိကိုယ်တိုင်စိတ်ကျေနပ်သည်အထိ ပြင်ဆင်စီစစ်ပြီးမှ ပေးပို့ရခြင်း။
၁၄။ ဖျက်လိုသောစာလုံးများ၊ စာကြောင်းများနှင့်စာပိုဒ်များကို ရှင်းလင်းသေချာစွာ ပယ်ဖျက်ရခြင်း။
၁၅။ စာမူများ၏ ခေါင်းစဉ်သည် အနက်အဓိပ္ပါယ်စုံမိပြီ အသက်ဝင်လှုပ်ရှားနေရခြင်း။
၁၆။ စာမူများကို သန့် ရှင်းစင်ကြယ်ကောင်းမွန်စွာ ပြုစုအမွှမ်းတင်ထားရခြင်း။
၁၇။ စာသားများနှင့် ဇာတ်လိုက်ကောင်တို့၏ စကားပြောများကို ခွဲခြားဖော်ပြထားရခြင်း။
၁၈။ တိုးတက်အောင်မြင်လို့လားလျှင် တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားရခြင်း။

0 comments:
Post a Comment