Be happy ပျော်ရွှင်ရမယ်
ဘာကိုပြောချင်တာလဲဆိုတော့ကိုယ်လက်ထပ်တော့မယ်လို့တွေးလိုက်
တာနဲ့စိတ်လေးနေတာမျိုး စိတ် ညစ်ရမယ်ဆိုတဲ့စိတ်မျိုးမရှိရဘူး ၊စိတ်လှုပ်ရှားပြီး သူနဲ့ဘဝတခုတည်ဆောက်ဖို့ပျော်ရွှင်နေရမယ်
။
Be trust သူ့ကိုယုံကြည်နေရမယ်
သံသယတွေမရှိစေရဘူး
။အစစအရာရာ ယုံကြည်နေရမယ် မယူရသေးဘူး ။သံသယတွေ သိပ်များနေရင် အဆင်သိပ်မပြေနိုင်ဘူး ။
Be faithful သစ္စာရှိရမယ်
ဒါတော့အရေးကြီးတဲ့အချက်ပဲ။အနေဝေးပါစေ
သူ့ရဲ့သစ္စာဟာခိုင်မာနေရမယ် ။
အခြေအနေပေးပါစေ
- အခွင့်အရေးပေးပါစေမဖောက်ပြန်တဲ့လူမျိုးဖြစ်ဖို့လိုတယ် ။
Be simple ဘဝ စိတ်ဓာတ် လူနေမှု အစစအရာရာရိုးရှင်းရမယ်
ဒီအချက်ကတော့
မပါလည်းအကြောင်း မဟုတ်ဘူး ။ဒါပေမဲ့ ရှုပ်ထွေးတဲ့ ဘဝထဲ ကိုယ်ဝင်ရောက်သွားရင်
ရှုပ်ထွေးတဲ့လူနဲ့ပတ်သက်မိရင်
စိတ်ဓာတ်အပြုအမူ မရိုးရှင်းရင်စိတ်ဆင်းရဲမှုတော့ဖြစ်နိုင်တယ် အရမ်းချစ်လွန်းရင်တော့ရှေ့ဆက်တိုးချင်တိုး
ဒါပေမဲ့ တသက်လုံးခံနိုင်ရည်င်္ရှိပါ့မလားဆိုတဲ့ မေးခွန်း တော့ ကိုယ့်ပါသာ ပြန်မေးဖို့လိုတယ်
။
Be loved အဓိကကတော့ ကိုယ့်ကိုချစ်နိုင်ဖို့လိုတယ်
ကိုယ်ကလည်းချစ်ဖို့လိုတယ်
လေ ကိုယ့်ကိုမချစ်တဲ့လူကိုရယူဖို့ ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ ပေးဖို့ ကြိုးစားသလိုပဲ
။ကိုယ်ကလည်းချစ်ဖို့လိုတယ် ။ကိုယ်ကမချစ်ပဲ အိမ်ထောင်ပြုဖို့ကြိုးစားခြင်းက
ကိုယ့်ကိုကိုယ်နှောင်ဖွဲ့ပြီးပိတ်လောင်
မွန်းကျပ်စေတယ် ။အိမ်ထောင်ဖက်အဖြစ် လက်တွဲတော့မယ်ဆို အချက်ပေါင်းများစွာရှိကောင်း ရှိနိုင်တယ်နားလည်မှု
၊ သည်းခံမှု ၊ ကြင်နာမှု အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ လူတယောက်ကို တကယ်ချစ်ရင် ခဏခဏတော့
စိတ်ဆင်းရဲအောင်ဘယ်သူမှ မလုပ်ချင်ကြဘူး ။ စိတ်ဆင်းရဲအောင် ခဏခဏလုပ်နေတဲ့လူမျိုးဆိုရင်လည်း
လက်တွဲဖော်ဖြစ်ဖို့မထိုက်တန်တော့ဘူး ။ မျက်စိမှိတ်ဇွတ်တိုးချင်ရင်တောင် တခါလောက်ပြန်စဉ်းစားဖို့လိုတယ်။
စိတ်ဆင်းရဲစရာဆိုတာ
လူငယ်ချစ်သူဘဝခံနိုင်ရည်ရှိပေမဲ့ ၊အိမ်ထောင်သည် ဘဝအသက်ရလာတဲ့အခါ ခံနိုင်ရည်မရှိတော့ဘူး
။အဲဒီတော့ အမြဲလိုလိုစိတ်ဆင်းရဲနေရမဲ့ လက်တွဲဖော်တယောက်ကို အိမ်ထောင်ပြုတော့မယ်ဆိုရင်
တခါလောက်တော့ပြန်စဉ်းစာဖို့လိုပါတယ် ။ အဓိကကတော့ ကိုယ် လက်ထပ်တော့မယ်လို့ စဉ်းစားလိုက်တဲ့လူဟာ
ရင်ခုန်ပျော်ရွှင်စရာကောင်းပြီး သူနဲ့ဆိုဘဝကိုရင်ဆိုင်ဖို့ သတ္တိတွေနဲ့သေချာနေတဲ့လူမျိုးတော့ဖြစ်ဖို့
လိုတာပေါ့ ။သူငယ်ချင်းတွေ အားလုံးအိမ်ထောင်ဖက် ဘဝ အဖေါ်မွန်ကောင်းတွေ တွေ့နိုင်ကြပါစေနော်
။
0 comments:
Post a Comment