Tuesday, April 14, 2015

ကျွန်တော်တို့ လူငယ်တိုင်းမှာ မတူညီတဲ့ အမြင်၊ အတွေးအခေါ်၊ ဆုံးဖြတ်ချက်၊ ခံယူချက်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် တူညီတဲ့ ရည်ရွယ်ချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ အောင်မြင်ချင်တဲ့စိတ် ပါဘဲ။ ဒါပေမယ့် အောင်မြင်မှုကို ကြိုးစားတဲ့ အချိန်မှာတော့ မှန်ကန်တဲ့ လမ်းက လျှောက်တဲ့လူရှိသလို၊ အလွယ်တကူ ဖြတ်လမ်းနည်းက လိုက်တဲ့လူတွေလဲ ရှိပါတယ်။ 

မှန်ကန်တဲ့လမ်းကို လျှောက်ခဲ့တဲ့ လူတွေအတွက် အားသာချက်ကတော့ အောင်မြင်မှုက ကြာရှည်ခံတာပါဘဲ။ အလွယ်တကူ ဖြတ်လမ်းနည်းကို လျှောက်ခဲ့တဲ့လူကတော့ အောင်မြင်မှုရခဲ့ရင်တောင် ကြာရှည်မခံပါဘူး။ မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး လျှောက်ခဲ့သူတိုင်းလဲ အောင်မြင်မှု မရကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ကြိုးစာမှု၊လုံ့လ၀ီရိယ၊ ဖြတ်ထိုးဥာဏ် တွေနဲ့ ပေါင်းစပ် ပြီးမှသာ ရရှိမှာပါ။ 

ဒီထက် ပိုခက်တာက အောင်မြင်မှုကို ထိန်းသိမ်းတာပါဘဲ။ နားလည်မှု၊စာနာမှု၊ လေးစားမှု၊ ဦးဆောင်မှု ဆိုတာတွေနဲ့ ထိန်းကျောင်းပြီး ဆက်လက် ထိန်းသိမ်းရမှာပါ။ အခက်အခဲတွေ ကြုံတွေ့ခဲ့ရင် ဒီအခက်အခဲတွေကို သေချာ သုံးသပ်ပြီး "ဘာကြောင့်" ဆိုတာကို အဖြေရှာရပါမယ်။ ဒီအခက်အခဲတွေကို အကြိမ်ကြိမ်စဉ်စားပြီး စိတ်ညစ်ခံနေရင် စိတ်ဓါတ်ကျသွားပါလိမ့်မယ်။ အဲဒါဆိုရင် ဘာလုပ်လုပ်အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကို လုပ်နိုင်တယ် ဆိုတာ ယုံကြည်တော့မှာ မဟုတ်သလို သိမ်ငယ်မှုတွေ ခံစားနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ စိတ်ညစ်မခံပါနဲ့။ စိတ်ညစ်လဲ ခဏဘဲ ဖြစ်ပါ။

အဲဒီအလုပ်ကနေ ကိုယ် Professional အလုပ်အတွက် ဘာရနိုင်သလဲ စဉ်းစားပါ။ ရနိုင်သလောက် လေ့လာပါ။ သင်ယူပါ။ အားငယ်ချိန်တွေ၊ စိတ်ဓါတ်ကျချိန်တွေကို ကိုယ်ဝါသနာပါရာ တစ်ခုခုနဲ့ အစားထိုးပါ။ ကိုယ်လုပ်တဲ့ အလုပ်ကို ဘာကြောင့်လုပ်တယ်။ ဘယ်လိုဆက်စပ်ပြီး လုပ်လို့ရတယ်ဆိုတာကို လေ့လာပါ။ ကျွန်တော်တို့  Google မှာ ကိုယ်သိချင်တဲ့အကြောင်းအရာတွေနဲ့ ပက်သက်ပြီး အများကြီးလေ့လာလို့ ရပါတယ်။ 

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!