Wednesday, April 8, 2015

ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်..။
၁။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ မြင်မြင်သမျှလက်ညိုးထိုး ပူဆာတတ်တဲ့မိန်းမ။(ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )

၂။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးကမသိမသာဖြစ်စေ၊ သတိလက်လွတ်၍သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသောအခါလူရှေ့သူရှေ့ မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ။(အရှက်ကွဲလိမ့်မည်။လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မ
ကြာခဏခံစားရလိမ့်မည်)

၃။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲနွဲ့ ပြောဆိုဆက်ဆံတတ်သောမိန်းမ (အစပိုင်းကာလတွင်မတော့သင့်အတွက်သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။သို့သောကြာလေကြာလေစိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင်သင်စိုးရွံလာလိမ့်မည်၊မူးချင်သလိုအန်ချင်သလိုလိုခံစားလာရလိမ့်မည်)

၎။သင့်စကားတစ်လုံးအားဖင်ပြန်ခေါင်းပြန်တွေးကာအခဲမကြေတစ်နုံ့နုံ့နှင့်သတိရလျင်ရသလိုစကားနာထိုး
နားကိုနှိပ်စက်တတ်သောမိန်းမ(သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ် တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်)

၅။သင်နှင့်တွေ့ဆုံသည့်အခါတိုင်းသူမအကြောင်းထက်သူတစ်ပါးအကြောင်းကိုဟုတ်တာရောမဟူတ်တာပါ
တစ်တွတ်တွတ်ပြောတတ်သောမိန်းမ( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက် သင်ရှေ့နေကောင်းကောင်း လိုအပ်လာပါလိမ့်မည်)

၆။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာအလွန်ပါသော်လည်း စာဖတ်ရန်
လုံးဝ ဝါသနာမပါသောမိန်းမ (သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင်ချောမော လှပနေစေကာမူ စာဖတ်နည်းသည့်အတွက် အပေါ်ယံရွှေမှုန်ကြဲအထဲကနောက်ချေးခံ အလှမျိုးသာဖြစ်လိမ့်မည်..။ )

ရ။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှအိပ်ရာဝင်သူမမည်သူနှင့်မည်သည့်စကားပြောသည်မည်သည့်အ
ရာစားသည်.။တစ်နေ့တစ်နေ့မရိုးသောပြဿနာပေါင်းစုံအား သင့်စိတ်အခြေအနေကိုမမေး သူချည်းသာ တစ်တွတ်တွတ်ပြောတတ်သောမိန်းမ( အဓိပါယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်း မလိုအပ် သောကိစ္စတော်တော်များများကိုနေ့စဉ်ကြားလာရသောအခါအတော်စိတ်ပျက်စရာကောင်းလာပါလိမ့်မည်)

၈။ ဆေးလိပ်မသောက်ရ၊အရက်မသောက်ရ၊KTV မသွားရ၊CLUB မတက်ရ ဟုချုပ်ချယ် တားမြစ် သည်မှာမှန်သော်လည်း .ဘောလုံးပွဲမကြည့်ရ၊Game မကစားရ၊သူငယ်ချင်းများနှင့် မသွားမလာရ ဟုတားမြစ်တတ်သောမိန်းမ(ယောင်္ကျားလေးတိုင်းအထက်ဖော်ပြပါအရာများအားလုံးနှင့်မကင်းသူများရှိသလို.အချို့နှင့်မကင်းသူများလည်းရှိသည်..လုံးဝကင်းကွာနေနိုင်သူတစ်ယောက်မှမရှိဟုထင်ပါသည်..။ မလိုအပ်ပဲတားမြစ်ပိတ်ပင်သောကြောင့်သင့်စိတ် ထောင်ကျ သလိုခံစားလာရလိမ့်မည်)

၉။ သင့် ညီမ. ၊ အမ ၊အမေအဒေါ်များနှင့်ပင်သွားလာစားသောက်သည်ကို သိပါက သင့်ကိုရန်ရှာ စိတ်ကောက်တတ်သောမိန်းမ။တစ်လောကလုံးတွင်သူမမှလွဲ၍မည်သည့်အမျိုးသမီးကိုမှဦးစားပေးမဆက်ဆံစေချင်သောမိန်းမ(သင့်ဘဝတစ်သက်တာလုံး စိတ်ကျဉ်းကျပ်စွာနေထိုင်သွားရပါလိမ့်မည်)

၁၀။သင်နှင့်စိတ်အခန့်မသင့်တိုင်းသင့်မကောင်းကြောင်းမှန်သမျှကိုသင့်မိသားစု၊သူငယ်ချင်းများအား
လိုက်လံတိုင်ကြားပြောဆိုတတ်သောမိန်းမ(သင်ထိုမိန်းမအားလက်ထပ်ပေါင်းသင်းမိပါကသင်တစ်သက်တာဂုဏ်သရေယုတ်လျော့ကာသင့်လုပ်ငန်းများတွင်သင်ပြောသမျှမအောင်မြင် လူအထင်သေးခံ ရဖွယ်ဖြစ်ပါ လိမ့်မည်)
မနတ်သမီး

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!