Monday, April 20, 2015

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။

‘ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင်၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင်၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ’

ကိုယ့်ဘ၀ကိုယ် ပြန်တွေးပြီး ဒီလိုပြောခဲ့ဖူးသလား။

‘ ဘာကြောင့်များ တခြားလူတွေက သိပ်ပြီး ပါရမီထူးနေကြ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြတာလဲ ’

‘ ငါ သူတို့လို စိတ်ချမ်းသာမှုရအောင် ဘယ်လို လုပ်နိုင်မလဲ ’

ကျနော်တို့ အတော်များများမှာ ဒီလိုအတွေးမျိုးတွေ ရှိကြပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ အလွန်အရေးကြီးတဲ့အချက်က -

ပင်ကို အရည်အချင်းရှိတာ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသူတွေ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာတစ်ဝန်းမှာ အများကြီးပဲ။ အဲဒီလူတွေကို

ကျနော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူတွေ၊ ရုပ်ချောသူတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတောင် ကောင်းသေးတယ်။

အေဘရာဟမ် လင်ကွန်း၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဒီတို့လို သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မ

ဟုတ်ကြပါဘူး။

ရည်ရည်ချောတာ၊ ဥာဏ်ကောင်းတာတွေထက် ကျနော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းတွေကတော့ ရိုးသားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း၊ စိတ်ထားမွန်မြတ်ခြင်းနဲ့ မိမိကိုယ်မိမိ နှိမ့်

ချခြင်းတို့ပဲ ဖြစ်ပါတယ်။

အဲဒီစာရင်းလေးကို ကြည့်လိုက်ပါ။ သင့်အနေနဲ့ စိတ်ဝင်စားစရာ တစ်ခုခု တွေ့ပါလိမ့်မယ်။ သင်ဟာ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒီအရည်အချင်း

တွေရအောင် ပြုစုပျိုးထောင်ယူရပါမယ်။

ဘယ်သူကမဆို ဒီအရည်အချင်းတွေ ရှိလာနိုင်ပါတယ်။

ကိုယ်တကယ်လိုချင်ရင် ဒါတွေ ရနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားမှုနဲ့ တခြားသူတွေက ကိုယ့်ကို ရိုသေလေးစားဖို့အတွက် ဥာဏ်ပညာ ထက်မြက်ထူးချွန်နေဖို့ ဒါမှမဟုတ် စူပါမော်ဒယ်လ်ဖြစ်နေဖို့ မလိုပါဘူး။

ကိုယ်ပိုင် ရိုးသားမှု၊ ဆုံးဖြတ်နိုင်မှု၊ စိတ်ထားမွန်မြတ်မှု၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်မှုနဲ့ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကို ဂုဏ်အင်္ဂါရပ်လို့ ခေါ်ပါတယ် ။

အတိုအထွာစကား

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

( Happiness Now by Andrew Matthews ကို ကျော်ဋ္ဌေး(ဘီအေစီ) မြန်မာပြန်

=============
အတုယူဖွယ်

ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ် ...။ အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်း

ရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ ...။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ် ...။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူ

တတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော်

အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"

"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မ

လဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။

ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ .

.။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....

ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့

သူနာပြုဆရာမကို သွားတွေ့သတဲ့...။

သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွ

န်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။

မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

(author & title : unknown)
Translated by အလင်္ကာမေကျော်

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!