Wednesday, April 1, 2015


စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ဖို့ ပထမ ဆုံးလုပ်ရမှာက သက်တောင့်သက်သာအနား ယူပါ။ လုပ်ငန်းခွင်မှာဖြစ်စေ၊နေအိမ်မှာဖြစ်စေ တစ်မိနစ် (သို့မဟုတ်) တစ်မိနစ်ထက်လျှော့ပြီး နားကြည့်မယ်ဆိုရင် ငြိမ်းအေးမှုဆိုတာကို ခံစားလာရပါလိမ့်မယ်။

နည်းလမ်း (၁)
ခေါင်းမော့ပြီး မျက်နှာကြက်ကို အာရုံ စူးစိုက်ကြည့်ပါ။ ပြီးရင် အမှတ်စဉ် (၆၀) ကနေပြီး တဖြည်းဖြည်း သုညအထိရေတွက်ပါ။ ကျောရိုးက ဖြာထွက်တဲ့ အာရုံကြော အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု မှန်ကန်စေဖို့ ကျောရိုး ကို မတ်မတ်ထားပြီးအာရုံစူးစိုက်ကြည့်ပါ။ အဲဒီလို အာရုံစူးစိုက်လိုက်တဲ့အတွက် သွေးပေါင်ချိန်ကို လည်း ကျဆင်းစေနိုင်ပြီး အသက်ရှူနှုန်းကိုလည်းနှေးသွားစေပါတယ်။ ဒီအဆင့်ရောက်ရင် အာရုံပျံ့လွှင့်မှုကို စူးစိုက်နိုင်တဲ့အနေအထားကိုရောက်လာပါလိမ့်မယ်။

နည်းလမ်း (၂)
စိတ်ပူပင်မှုတွေ အားလုံးကို မှတ်စု စာအုပ်မှာ ချရေးလိုက်ပါ။ ပြီးရင်မနက်ဖြန်မှာ လုပ်ရမယ့် အလုပ်အဖြစ် စုစည်းထားပါ။ရင်ဆိုင် လုပ်ကိုင်ရမယ့် ပြဿနာရပ် အားလုံးကို စာရွက် ပေါ်မှာ ချရေးထားပါ။ အဲဒီလို ရေးမှတ်လိုက်တာ တွေဟာနောက်လုပ်ရမယ့် အလုပ်တွေအဖြစ် မှတ်ယူရပါမယ်။ အနားယူလိုက်တဲ့ အချိန် အတောအတွင်းမှာ အဲဒီပြဿနာရပ်အားလုံးကို လုံးဝမေ့ထားလိုက်ပါ။

နည်းလမ်း (၃)
အသက်ကို ၀အောင်ရှူပါ။ လေကို နှာ ခေါင်းပေါက်က တဖြည်းဖြည်းရှူသွင်းပြီး ထွက် လေကို ပါးစပ်က, တဆင့်ထုတ်ပါ။ အဲဒီလို အသက်ရှူတဲ့ ပုံစံကို (၁၀)ကြိမ် လုပ်ကြည့်ပါ။ ဖြည်းဖြည်းချင်း အသက်ရှူမှုဟာ နှလုံးခုန်နှုန်းကို မျှတစေပြီးခန္ဓာကိုယ် ငြိမ်သက်အေးချမ်းမှုကို ရစေပါတယ်။ လေကို ရှူသွင်းပြီး ပြန်ထုတ်တဲ့ အချိန်အတွင်းမှာ ကိုယ့်ရဲ့ ၀မ်းဗိုက်ကိုအာရုံစူးစိုက်ထားပါ။ လေကိုရှူသွင်းပြီး ပြန်ထုတ်တဲ့ အချိန်တိုင်းမှာ ၀မ်းဗိုက်ဟာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေပါလိမ့်
မယ်။ အဲဒါကိုအာရုံစူးစိုက်ထား လိုက်ပါ။ အဲဒီလို အာရုံစူးစိုက်ထားတဲ့ အချိန် အတွင်းမှာ ပြင်ပက အနှောက်အယှက်တွေဝင် မလာနိုင်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ စူးစိုက် ထားတဲ့ အာရုံဟာ တည်တည်ငြိမ်ငြိမ် ဖြစ်လာ ပါလိမ့်မယ်။ ကိုယ့်ရဲ့သမာဓိအား ခိုင်မာ ကောင်းမွန်လာတာကို ခံစားရလာမှာပါ။

နည်းလမ်း (၄)
ခန္ဓာကိုယ်ပေါ်မှာ အာရုံစူးစိုက်ထားသ လို ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ တိမ်တွေပေါ်မှာ လေ ထဲမှာ လွှင့်မျော နေသလိုမျိုးစဉ်းစားကြည့်ပါ။ ကိုယ့်အနားကို ဖြတ်သွားတဲ့ အရာအား လုံးကို မြင်တွေ့ရသလိုမျိုး ခံစားရပါလိမ့်မယ်။ လမ်းညွှန်မှုပါတဲ့ တွေးတောဆင်ခြင်မှုဟာ အင် တိုက်အားတိုက် ကမ္မဌာန်းထိုင်တဲ့ သဘောမျိုးဖြစ် လာပြီး အဲဒီလိုကမ္မဌာန်း ထိုင်ပေးလိုက်တဲ့အ တွက် နေ့စဉ်တွေ့ကြုံနေရတဲ့ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာရာရစေပါတယ်။ ခန္ဓာ ငါးပါး၊ရုပ်နာမ်နှစ်ပါးစလုံးကို ထည့်သွင်း ရှုမြင် ကြည့်ပါ။ မြင်တာကို မြင်တယ်လို့မှတ်ပါ။ ကြား တာကို ကြားရတယ်လို့ မှတ်ပါ။
အနံ့ရရင်လည်း အဲဒီအနံ့ကို မှတ်ပါ။ ထိတာသိရင်လည်း မှတ် ကြည့်ပါ။ ခန္ဓာကိုယ်က ခံစားနေရတဲ့အရာအား လုံးကိုမှတ်နေခြင်းဟာ ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်နေတဲ့သဘော ဖြစ်နေတာကြောင့် ဒီတဒင်္ဂ အချိန်လေးဟာ ပူပင်သောက၊ ဗျာပါဒတွေနဲ့ စိတ်ဖိစီးမှုတွေ မရှိတော့ဘဲ ငြိမ်းချမ်းတဲ့ သုခချမ်းသာခြင်းကို ရရှိလာနိုင်ပါတယ်။

နည်းလမ်း (၅)
ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို တဖြည်းဖြည်းချင်း လျော့ချပါ။ ကိုယ့်ရဲ့ ဦးခေါင်း ကနေ ခြေဖျားအထိ တောင့်တင်းနေတာတွေကို တဖြည်းဖြည်းနဲ့လျော့ချလိုက်ပါ။ စိတ်ရဲ့ ဖိစီးမှုဒဏ်က ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကိုလည်းတောင်းတင်းစေတတ် ပါတယ်။ အဲဒီလိုဖြစ်လာရင် နာကျင်တာတွေ၊ ကိုက်ခဲတာတွေ၊ သက်တောင့်သက်သာ မဖြစ်တာတွေကို ခံစားလာရပါတော့တယ်။ ခန္ဓာကိုယ် ကကြွက်သားတွေ အကြောမျှင်တွေ လျှော့ချ လိုက်တဲ့အတွက် စိတ်ရဲ့ပူပင်သောကတွေကို လည်း လျော့ကျစေပါတယ်။
စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ ကင်း ဝေးစေဖို့ ယခုချက်ချင်း လက်တွေ့လုပ်ဆောင် ကြည့်လိုက်ပါ။ စိတ်ရဲ့ချမ်းသာသုခကို လက်တွေ့ခံစားလာရပါလိမ့်မယ်။
Credit : Original Writer

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!