Friday, April 3, 2015

အပိုင်း(၁)
လူသည် သူ.အလိုအလျောက်ဖြစ်ပေါ်လာသည် မဟုတ်ပေ။လူသည် ကြီးမြတ်သောအသိဥာဏ် ဆုကျေးဇူးနှင့် အတူ အသက်ရှင်ရခြင်းသည် သနားခြင်း၊ဂရုဏာတော်လက်ဆောင်ပင် ဖြစ်သည်။ ထိုကြောင့် လူသည်သူ.ကိုဖန်ဆင်း သော ထာဝရဘုရားသခင်၏ဝိသေသများ၊ အလိုတော်များကို ဗျာဒိတ်တော်အားဖြင့်လည်းကောင်း၊ နှုတ်ကပတ်တော် အားဖြင့်လည်းကောင်း သိရှိနားလည်ရန်လိုအပ်ပေသည်။ ဤအချက်သည်ထူးဆန်းသောအချက်ဖြစ်သည်ဟု ယူဆလျှင် လူ၏မူလအစနှင့် လူဖြစ်ရခြင်း၏အကျိုးကို သိရှိနားလည်ရန် သမ္မာကျမ်းစာမှရှင်းလင်းဖွင့်ဆိုထားသော စာမျက်နှာကို
လေ့လာနေရသည်မှာ သာ၍ထူးဆန်းနေပေသည်။နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာလျှင် လူ၏သဘောသဘာဝသည် သာမန်ထက်အလွန်အရေးပါထင်ရှားသောအခြေအနေ၌ တည်နေကြောင်းဖေါ်ပြနေသလို၊ လူသည်ဘာမှအရေးမပါသော အခြေအနေ၌သာတည်နေကြောင်းကိုလည်း ဖေါ်ပြနေသည်။ထိုမျှမက လူသည်ဘုရားနှင့်နီးသောအခြေအနေ၌ တည်နေ
သလို မြေမှုန်.သက်သက်မျှသာဖြစ်သောအခြေအနေ၌လည်း တည်နေကြောင်းကိုဖေါ်ပြနေသည်။ နှုတ်ကပတ်တော်ကို နားမလည်သောသူများအတွက် ထိုအချက်များသည်ဆီလျှော်အောင်ဆက်စပ်၍မရနိင်ပဲ ရှုပ်ထွေးနေပေလိမ့်မည်။ ဓမ္မ ဟောင်းကျမ်းစာ၌ လူ၏အခြေအနေများပေါ်မူတည်၍ လူအတွက်အသုံးûပသောအမည် နာမများလည်း ကွဲပြားခြားနား စွာ သုံးနှုံးထားပေသည်။ကွဲပြားခြားနားသောအခြေအနေပေါ်မူတည်၍ အဓိကဟေဗြဲဘာသာ အသုံးအနှုံး ၄-ခုဖြင့် လူ ကိုခေါ်ဆိုထားသည်။ပထမနာမည်မှာ 'အာဒံ' (Adam) ဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ 'လူသည် မြေကြီးသား' ဖြစ်သည်။ ဒုတိယနာမည်မှာ 'အီးရှ်' (Iysh) ဖြစ်၏။ အနက်အဓိပ္ပါယ်မှာ 'လူသည်မိမိကိုယ်တိုင်ûပမူ ဆောင် ရွက်ခြင်း အခွင့်ကိုရရှိသောသူ' ဖြစ်သည်။ တတိယနာမည်မှာ 'ဧနောရှ်' (နညသတျ့ )ဖြစ်သည်။ အဓိပ္ပါယ်ကား 'လူသည်အားနည်းသောသူ၊ လူသည် မိမိဘာသာûပပြင်ပြောင်းလဲအသက်ရှင်၍မရသောသူ' ဖြစ်သည်။ စတုတ္ထ နာမည်မှာ 'ဂေဗါ' (ွနဘနမ )ဖြစ်သည်။အနက်အဓိပ္ပါယ်ကား 'လူသည်စွမ်းပကားကြီးမားသောသူ၊ မြင့်မြတ်သော သူ' ဖြစ်သည်။

၁။အာဒံ (Adam)
'အာဒံ' ဆိုသောဟေဗြဲစကားလုံးသည် 'နီသော၊နီမြန်းသော' ဟူ၍အဓိပ္ပါယ်သက်ရောက်သည်။ ဧသောသည် နီသော ပဲဟင်းခွက်ကိုတောင်းသောကြောင့် 'ဧဒုံ' ဟုအမည်တွင်လေသည်။(က ၂၅း၃ဝ-'ယာကုပ်အား၊ ထိုနီသောစား စရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ထို.ကြောင့် သူ၏နာမည်ကို ဧဒုံဟုတွင်သတည်း။'    ကမ္ဘာ ၂၅း၂၅-'အဦးဘွားသောသားသည်၊ အမွေးပါသောအဝတ်ကဲ့သို.ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ.ကို'ဧသော' ဟူသောအမည်ဖြင့်မှည့်ကြ၏။') ယင်းကျမ်းချက်၌ 'ဧသော' ဟူသောအမည်ရရှိခြင်းသည်တကိုယ်လုံး အဆင်းနီသော ကြောင့် ဖြစ်သည်။ထို.အပြင်ဟေဗြဲဘာသာ စကားလုံးဖြစ်သော 'ဒန်' (Dam) ကိုလည်း ချန်လှပ်ထားပြီး လေ့လာ ၍ မရပေ။ 'ဒန်' ဆိုသောစကားလုံးသည် သွေးကိုပြောခြင်း ဖြစ်သည်။ ထိုကြောင့်သွေးဆိုသော 'ဒန်' ဆိုသည့် စကားလုံးနှင့် လူဆိုသော 'အာဒံ' ဆိုသည့်စကားလုံးနှစ်ခုတို. ဆက်စပ်လျှက် ရှိနေကြောင်းကိုတွေ.ရှိရသည်။
'အာဒ'ံ ၏နောက်တမျိုးအဓိပ္ပါယ်မှာ 'မြေကြီး၊မြေသား' ဟုအဓိပ္ပါယ်သက်ရောက်သော 'အားဒါမက်ရှ်'    (Adamash) ဖြစ်သည်။ထိုကြောင့်လူဟူသောအမည်သည် နီသောအရောင်အဆင်းကိုလက်ခံရရှိခြင်းမှ ထွက်ပေါ်လာ သည်ဟုဖွင့်ဆိုနိင်သည်။ပထမဦးဆုံးသောလူ၏အမည်ကို 'အာဒံ'ဟုခေါ်တွင်လေသည်။ ထိုကြောင့်ဓမ္မဟောင်းကျမ်း၌ လူသားမျိုးနွယ်တခုလုံးကို 'အာဒံ'ဟုခေါ်တွင်ခဲ့လေသည်။ လက်တင်ဘာသာ၌လူသည်မြေမှုန်.မှလာသည် (Homo ex humo) ဟုရေးသားထားသည်။( က ၂း၇ )၌ ''ထိုနောက်၊ထာဝရဘုရားသခင်သည်မြေမှုန်.(Adamash) ဖြင့်လူ (Adam) ကိုဖန်ဆင်း၍.....''ရေးထားသည်။

'အာဒံ'ဆိုသော ဟေဗြဲစကားလုံးသည် ဓမ္မဟောင်း၌လူသား၏အမည်မှည့်ခေါ်ခြင်းအတွက် သုံးစွဲထားသော အကြိမ်ပေါင်း ၄၆ဝကြိမ်သုံးထားသည်။ယင်းစကားလုံးသည်ဂရိဘာသာစကားလုံး၌ Anthropos ဟူ၍အဓိပ္ပါယ်ကို ပေးပြီး ဓမ္မသစ်၌အကြိမ်ပေါင်း၄၁၁-ကြိမ်သုံးထားသည်။အချို.နေရာများ၌'သေကြေပျက်စီးတတ်သောသူ' ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။'အာဒံ'ဆိုသည့်နာမည်မှာလူသားအားလုံးအတွက်အများပိုင်နမ်ဟူ၍ အမြဲတမ်းယူဆ၍ မရနိင် ပေ။ (ယောဘ ၃၁း၃၃ )၌ ''ငါသည်လူ (Adam) ûပတတ်သကဲ့သို.၊ကိုယ်ဒုစရိုက်ကိုဖုံး၍... '' ဆိုရာ၌ ပထမဦးဆုံး သော'အာဒံ' ကျဆုံးသောအခြေအနေကိုကိုးကား၍ ပြောနေခြင်းဖြစ်သည်။ (ဟောရှေ ၆း၇)၌ ''သူတို.သည်အာဒံကဲ့သို. ပဋိညာဉ်ကိုလွန်ကျုးကြပြီ...''ဟုရှင်းလင်းစွာဖေါ်ပြထားသည်။ထိုကြောင့်အဓိပ္ပါယ်ကိုဖွင့်ဆိုရာတွင် နေရာချအသုံးûပထား သည့်အခြေအနေပေါ်ဖွင့်ဆိုနားလည်နိင်သည်။
'အာဒံ' ဆိုသောဟေဗြဲစကားလုံးသည်လူသား၏သဘာဝအခြေအနေနှင့်လူသားမျိုးနွယ်ကိုရည်ညွန်းကြောင်း ဓမ္မဟောင်းကျမ်း၌ဖွင့်ဆိုအသုံးûပထားသည်။ ဖန်ဆင်းရှင်ထာဝရဘုရားသခင်နှင့်လူသည်ခြားနားကြောင်း၊လူတို.မကြံစည် နိင်သောဖန်ဆင်းခြင်းအားဖြင့် ပေါ်ပေါက်လာရသောလူ၏နိမ့်ကျသောအခြေအနေကိုလည်း ဖေါ်ပြရန်အသုံးûပထားသော စကားလုံးဖြစ်သည်။ထိုအချက်ကို ထွက် ၃၃း၂ဝ တွင် ''ငါ့မျက်နှာကိုမြင်လျှင်အသက်ရှင်ရသောလူတစုံတယောက်မျှ မရှိ ဟူ၍၄င်း၊....'' ထို.အပြင် မာလခိ ၃း၈ တွင်''လူသည်ဘုရားသခင်ဥစ္စာကိုလုယူရမည်လော။... '' စသည်ဖြင့်ရှင်း လင်းစွာဖေါ်ပြထားသည်။ လူသား(children of God) ဟူသောအဓိပ္ပါယ်အတွက်'အာဒံ' ဆိုသောစကားလုံးကို အသုံးûပ ဖေါ်ပြထားသည်ကို (က ၁၁း၅ ) တွင်တွေ.ရှိရသည်။ထို.အပြင် လူသား (son of man) ဟူ၍အဓိပ္ပါယ် ဆောင်သော အသုံးûပခြင်းကိုလည်းတွေ.ရသည်။

ယေဇေကျေလအနာဂတ္တိကျမ်း၌ ၅၇ ကြိမ်သုံးထားပေသည်။ (ဒံယေလ ၈း၁၇) ၌လည်း တစ်ကြိမ်တွေ.ရသည်။ ထိုအချက်များကိုစုစည်း၍ နားလည်သဘောပေါက်ရသော အဓိက အချက်မှာလူတစ်ဦး တစ်ယောက်စီတိုင်း အာဒံမှဆင်းသက်ခဲ့သောသား၊သမီးများဖြစ်ကြောင်းနှင့် မြေကြီးမှဖန်ဆင်း ထားသောခန္ဓာကိုယ်ရှိသော အာဒံ မိသားစုမှပေါက်ဖွားလာခဲ့ရသောမျိုးနွယ်ပင်ဖြစ်ကြောင်းပင် ဖြစ်သည်။ အခြားသတ် မှတ်ဖို.ရန်အကြောင်းမရှိပေ။ သခင်ယေရှုခရစ်တော်သည် သူ၏တပည့်တော်များကို မကြာခဏမိန်.တော်မူသည်မှာ   ''သူသည်ကောင်းကင်မှဆင်းသက်ခဲ့သူ ဖြစ်ကြောင်း'' နှင့် ''ခမည်းတော်စေလွတ်လိုက်ကြောင်း'' ဖြစ်သည်။ ထို.အပြင် သခင်ခရစ်တော်ယေရှုသည် လူစင်စစ် ဖြစ်သည်။ ထိုသို.ဆိုသော် ခရစ်တော်ယေရှုသည် လူသားစင်စစ်၊ဘုရားစင်စစ် ဖြစ်သည် ဆိုသည့်အချက်ကို နားမလည်သောသူများလည်း ရှိပေသည်။ ထို.ပြင် အဘယ်ကဲ့သို. ဘုရားစင်စစ်၊လူစင် စစ် ဖြစ်လို.ရသနည်း? ဟု မေးမြန်းစရာရှိနေပါသည်။ အဖြေကို သမ္မာကျမ်းစာ၌တိကျစွာ ဖေါ်ပြထားပါသည်။ သခင်ခရစ်တော်ယေရှုသည် လူတစ်ဦးတစ်ယောက်ထံမှဆင်းသက်မွေးဖွါးလာသောသူမဟုတ်ပေ။ လူကို လူပဲလမ်းပြ၍ရ သည်ဖြစ်သောကြောင့် လူဇာတိကိုခံယူခြင်းသာဖြစ်သည်။ လူအားဖြင့်မွေးဖွါးလာခြင်းလုံးဝမဟုတ်ပေ။(မှတ်ချက်။ ဤ ဆောင်းပါးတွင် အသေးစိတ်တိကျသောအချက်များဖြင့် ရှင်းလင်းဖေါ်ပြခြင်းမပါဝင်နိင်တော့ပေ )လူဇာတိကိုခံယူထား သောကြောင့် သခင်ယေရှုခရစ်တော်သည် သူ.ကိုယ်ကိုယ် 'လူသား' ဟူ၍ခေါ်ဆိုထားသည်။ ဒုတိယအာဒံဟူ၍လည်း ခရစ်တော်ယေရှုကို ခေါ်ဆိုထားသည်ကို သမ္မာကျမ်းစာ၌ တွေ.ရှိရသည်။ တချိန်တည်းမှာပင် ''ဘုရားသားတော်'' ဖြစ်ကြောင်းကိုလည်းရှင်းလင်းစွာခေါ်ဆိုထားသည်။

အချို.နေရာများတွင် 'အာဒံ' ဆိုသောဟေဗြဲစကားလုံးသည် လူသဏ္ဍာန်ကို ဖေါ်ညွန်းနေသည့်အကြောင်း၌ အသုံးûပသည်။ ဒံယေ ၁ဝး၁၆-၁၈ ၌ 'ထိုအခါလူသား၏သဏ္ဍာန်ရှိသော..' ကျမ်းစကားလုံးတွင် လူ(Adam ) ဟု အဓိပ္ပါယ် မသက်ရောက်ပါ။ 'လူသား၏သဏ္ဍာန်''ဟူ၍ဖွင့်ဆိုထားခြင်းသည် 'လူဇာတိကိုမခံယူသေးသောကြောင့်' ဖြစ် သည်။ ထို.အပြင် (ယေဇကျေလ ၁း၅,၇,၁ဝ,၊ ၁ဝး၈,၁၄ ) တို.တွင် 'လူ၏ပုံသဏ္ဍာန်..' 'လူလက်' 'လူမျက်နှာ' စသည် ဖြင့် ရှင်းလင်းစွာဖေါ်ပြ ရေးသားထားသည်။ (ယေဇေကျေလ ၁း၂၆,၂၈) တွင် 'လူသဏ္ဍာန်နှင့်ဘုန်းတော်သဏ္ဍာန်' ကို ရှင်းလင်းစွာဖေါ်ပြထားသည်။ယေဇေကျေလတွေ.မြင်သည်မှာလူသဏ္ဍာန်ကိုတွေ.မြင်ရသော်လည်း ဘုရားသခင်၏ဘုန်း တော်အားဖြင့် လွမ်းûခံထားသည်။ထိုကြောင့်ထိုအချိန်၌လူ (Adam) ၏သားမဟုတ်ပေ။လူ (Adam) သဏ္ဍာန်ရှိသော .. အခြေအနေကိုဖေါ်ပြထားခြင်းဖြစ်သည်။

အထက်ပါအချက်များကြောင့် ဖန်ဆင်းခြင်းခံရသောအရာများထဲမှ လူသည် အမြင့်ဆုံးသောအခြေနေ၌ ရယူ ရပ်တည်လျှက် အသက်ရှင်နိင်ကြောင်း ရည်ညွန်းလျှက်ရှိသည်။ ထို.အပြင် အမြင့်ဆုံးသောဘုရားသခင်၏အိမ်တော် သားအဖြစ် အသက်ရှင်ခံစားနိင်ရန် မူလအစကပင် လူ၏ပုံသဏ္ဍာန်၊သဘာဝထဲ၌ ပါဝင်နေကြောင်းကို ရှင်းလင်းစွာ နားလည်နိင်သည်။ (ယော ၁း၁၄) ၌'' နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊ ပြည့်စုံလျက်ငါတို.တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တည်တပါးတည်းသော သားတော်၏ဘုန်းတော်ကဲ့သို. သူ၏ဘုန်းတော်ကိုငါတို.မြင်ကြရပြီ။' ဟုရှင်းစွာဖေါ်ပြထားသည်။ ပရောဖက် ယေဇကျေလ တွေ.မြင်ခြင်းသည် ရူပါရုံဖြစ်ပြီး၊ ယောဟန်တွေ.မြင်သောအရာသည် အမှန်စင်စစ်တည်ရှိသော အရာ ပင်ဖြစ်သည်။ (၁ယော ၁း၁ ) ၌ 'ရှေ.ဦးစွာကပင်ဖြစ်၍၊ငါတို.သည်ကိုယ်တိုင်ကြားလျက်၊ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာ ကိုသင်တို.အားပြသကြ၏။' ဟုတိကျစွာရှင်းပြထားသည်။
စိတ်ဝင်စားဖွယ်ရာကျမ်းပိုဒ် ၂ပိုဒ်မှာ (၂ရာ ၇း၁၈-၁၉ )နှင့်(၁ရာချုပ် ၁၇း၁၇)ဖြစ်သည်။(၂ရာ ၇း၁၈-၁၉ )တွင် 'အိုအရှင်ထာဝရဘုရား၊လူတို.သည်ထိုသို.စီရင်လေ့ရှိပါသလော ( Is this the manner of man , O Lord God ? ) တွင် 'စီရင်' ဆိုသော (manner) နှင့် (၁ရာချုပ် ၁၇း၁၇ )၌ 'အိုထာဝရအရှင်ဘုရားသခင်၊ အကျွန်ပ် ကိုဘုန်းကြီးသောသူကဲ့သို.မှတ်တော်မူပါသည်တကား..;..(...and have regarded me according to the rank of a man of high degree, O Lord God. )  တွင် 'သူကဲ့သို.' ဆိုသော (the rank of) တို.သည် 'ပညတ် (Towrah) ဟုအဓိပ္ပါယ်သက်ရောက်သည်။ ထိုကြောင့် အချို.သောကျမ်းစာတတ်သူများက ပထမအပိုဒ် ( ၂ရာ ၇း၁၈း၁၉ ) ကို And this is the law ( Towrah ) of man ဟူ၍လည်းကောင်း၊ ဒုတိယအပိုဒ် (၁ရာချုပ် ၁၇း၁၇) ကို Thou hast regarded me according to the law ( Towrah ) of the man from on high ဟုပြန်ဆိုသင့်ကြောင်းရှင်းလင်းချက်များလည်းတွေ.ရှိရသည်။

ဦးအူလုံအောင်ဂျာ
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!