ထူးချွန်သူ ကျောင်းသား ကျောင်းသူတို့တွင် စာကျက်မှတ် လေ့လာပုံ အကျင့် စရိုက်ကောင်းများ ရှိကြသည်။အောက်ပါ စာကျက်မှတ်လေ့လာပုံ ၁၀မျိုးကို ဖတ်ရှုလေ့လာ၍ သင့်ထံတွင် မရှိသေးလျှင် ရအောင်ကျင့်ကြံ ကြိုးစားပါ။
၁။ တထိုင်တည်း စာတွေ အများကြီး ကျက်မှတ်ဖို့ မကြိုးစားပါနှင့်။
စာတွေ အများကြီးကို တထိုင်တည်း ကျက်မှတ်မည်ဆိုလျှင်
ပင်ပန်းနွမ်းလျပြီး စာကျက်မှတ်ေ လ့လာခြင်းမှာထိရောက်မည် မဟုတ်ပေ။ အချိန် အကြာကြီး မဟုတ်ဘဲ
နည်းနည်းစီ ခွဲပြီး ဖတ်မှတ်လေ့လာနိုင်ရန် ကြိုးစားပါ။ခေတ္တအနားယူခြင်းဖြင့် စိတ်နွမ်းနယ်ခဲ့ရသည်များ
ပြန်လည် ပြည့်ဝ လာနိုင်သည်။
၂။ စာကျက်မှတ်လေ့လာချိန် သတ်သတ်မှတ်မှတ်ထားပါ။
စာကျက်မှတ်လေ့လာချိန်ဆိုသည်မှာ ကျောင်းသင်ခန်းစာများနှင့်
သက်ဆိုင်သည်များ ပြုလုပ်နေချိန် ဖြစ်သည်။ဖတ်ရှုရန် ပေးထားသည်များကို ဖတ်မှတ်ခြင်း၊ ရေးသားရန်
ရှိသည်များ၊ ပရောဂျတ်များ သို့မဟုတ် စာမေးပွဲအတွက်ကျက်မှတ်လေ့လာခြင်း စသည်တို့ ဖြစ်သည်။
ရက်သတ္တတပတ်လုံးစာအတွက် စာကျက်မှတ်လေ့လာချိန်သတ်သတ်မှတ်မှတ်ထားရှိပါ။
၃။ နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာပါ။
နေ့စဉ် အချိန်မှန်မှန် စာကျက်မှတ်လေ့လာခြင်းဖြင့်
အိပ်ခြင်း၊ စားခြင်းတို့ကဲ့သို့ မိမိဘ၀၏ ပုံမှန် အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်လာစေနိုင်သည်။
စာကျက်မှတ် လေ့လာချိန် ရောက်ပြီဆိုလျှင် စာကျက်မှတ်လေ့လာဖို့အတွက် မိမိ၏စိတ်က အလိုလို
အသင့်ဖြစ်နေပေမည်။
၎။ စာကျက်မှတ်ချိန်များနှင့် ပတ်သက်ပြီး ရည်မှန်းချက် တိကျစွာ သတ်မှတ်ထားပါ။
ရည်မှန်းချက်ထားရှိခြင်းသည် အာရုံစိုက်ကာ
ကြိုးစားချင် စိတ်ရှိအောင် ကူညီစွမ်းဆောင်နိုင်သည်။ စာကျက်ရဦးမည်ဟု တွေးကာ ထိုင်ပြီး
စာကျက်မှတ်နေရုံသက်သက်ဆိုလျှင် အကျိုး များစွာ ဖြစ်ထွန်းလိမ့်မည် မဟုတ်ပါ။ ဘာကိုတော့ဖြင့်
ပြီးအောင် ဖတ်လိုက်မည်၊ ဘာကိုတော့ဖြင့် သိသွားအောင် ယခု စာကျက်မှတ်ချိန်အတွင်း ကျက်မှတ်လိုက်မည်ဟုတိကျစွာ
သတ်မှတ်ထားသင့်ပေသည်။
၅။ စာကျက်မှတ်ရန် သတ်မှတ်ထားချိန်တွင် စလုပ်ပါ။
သင်ခန်းစာများ ခက်ခဲသည်ဖြစ်စေ၊ သင်ခန်းစာများအား
ပြုလုပ်လိုခြင်း မရှိလျှင် ဖြစ်စေ သတ်မှတ်ထားချိန်ထက်နောက်ကျကာ စာကျက်မှတ်ချင်စိတ်များ
ဖြစ်ပေါ်နေတတ်သည်။ ထိုသို့ ဖြစ်ပြီဆိုလျှင် အချိန်မီ စာကျက်မှတ်ပြီးဆုံးနိုင်ရန်လည်း
ခဲယဉ်းပေလိမ့်မည်။ ထို့ပြင် နောက်ကျမှ စာကျက်မှတ်ခဲ့ရသဖြင့် အချိန်မီ ကျက်မှတ်ပြီးစီးအောင်အလောသုံးဆယ်
လုပ်မိသည့်အခါတွင် အမှားအယွင်းများ ပြုလုပ်မိတတ်သည်။
၆။ အခက်ခဲဆုံး သင်ခန်းစာအား အရင်ဆုံး လုပ်ပါ။
အခက်ခဲဆုံး သင်ခန်းစာအား ပြုလုပ်ရန်အတွက်
အားစိုက်ထုတ်မှု အများဆုံး လိုအပ်ပေမည်။ ထို့ကြောင့် စာကိုစတင် ကျက်မှတ်လေ့လာချိန်သည်
စိတ်စွမ်းအားအမြင့်မားဆုံး အချိန် ဖြစ်သဖြင့် ထိုအချိန်တွင် အခက်ခဲဆုံးသင်ခန်းစာများကို
အရင်ဆုံး ပြုလုပ်သင့်ပါသည်။
၇။ သင်ခန်းစာများအား မပြုလုပ်မီ မှတ်သားထားသည်များကို ပြန်လည်ဖတ်ရှုပါ။
စာသင်စဉ်အတွင်း မှတ်သားထားသည်များကို
ပြန်လည်ဖတ်ရှုခြင်းသည် ၎င်းနှင့် သက်ဆိုင်သည့် သင်ခန်းစာများအား မှန်ကန်စွာပြုလုပ်နိုင်ရန်အတွက်
အထောက်အကူပြုသည်။ ထို့ပြင် ထိုမှတ်သားထားသည်များတွင် သင်ခန်းစာများ ဖြေဆိုနိုင်ရန်
အချက်အလက်များပင် ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။
၈။ စာကျက်မှတ်လေ့လာနေချိန်တွင်သူငယ်ချင်းများအား ဖုန်းခေါ်ဆိုခြင်း မပြုရန်
ကြိုတင် ပြောဆိုပါ။
စာကျက်မှတ်လေ့လာနေစဉ် သူငယ်ချင်းများ
ဖုန်းခေါ်ပြီဆိုလျှင် ပြဿနာ နှစ်ရပ်ဖြစ်ပွားလေ့ရှိသည်။ ပထမအချက်မှာ စာကျက်ပျက်ခြင်း
ဖြစ်ပြီး နဂိုမူလက စာကျက်မှတ်နေသည့် ဈာဉ်ကို ပြန်ဝင်အောင် ကြိုးစားရသည်မှာ မလွယ်ကူပါ။
ဒုတိယအချက်မှာ သင်ကျက်မှတ်လေ့လာရန် လိုအပ်သည့်အရာများနှင့် ပတ်သက်၍ သူငယ်ချင်းက မလုပ်ဖြစ်အောင်
ဆွယ်ချင် ဆွယ်ပါလိမ့်မည်။ အကြံပေးလိုသည်မှာ စာကျက်မှတ်လေ့လာနေချိန်အတွင်း ဖုန်းကို
ပိတ်ထားဖို့ပဲ ဖြစ်သည်။
၉။ သင်ခန်းစာတစ်ခုကို တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခြင်းငှာ မစွမ်းသာလျှင် သူငယ်ချင်းတစ်ဦးနှင့် အတူစာကျက်မှတ်လေ့လာပါ။
“ခေါင်းနှစ်လုံးက ခေါင်းတစ်လုံးထဲထက်
သာသည်”
ဆိုသည့်အတွက် ရံဖန်ရံခါတွင်သူငယ်ချင်းတစ်ဦးနှင့် ထိုသို့ လေ့လာကျက်မှတ်ပါ။
၁၀။ ရက်သတ္တပတ်ကုန်ဆုံးပြီဆိုတာနှင့် သင်ခန်းစာများကို ပြန်လည် ဖတ်ရှုမှတ်သားပါ။
ရက်သတ္တပတ်ကုန်ရက်များသည် ပျော်ရွှင်ဖို့
ကောင်းသည့် အချိန်များ ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် သင်ခန်းစာများကိုပြန်လည်နွှေးရန်
ဖတ်ရှုမှတ်သားရန်လည်း လိုအပ်ပါသည်။ သို့မှသာ တနင်္လာနေ့တွင် ကျောင်းပြန်တက်ရသည့်အခါတွင်
အရန်သင့် ဖြစ်နေပေမည်။
Credit : OW



0 comments:
Post a Comment