ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။လူတစ်ယောက်နဲ့
တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီးယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊
သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကိုဖန်တီးပေးတာကလည်း
ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့
ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကိုသတိပြုပြင်ဆင်သွားမယ်ဆိုရင်
ကိုယ်လည်းအမှတ်တက်တာပေါ့။
ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင်သတိထားကြည့်မိတဲ့
အချက်လေးတွေကို ကြည့်ရအောင်။
1. Luscious Looks
များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို
မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့
ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော???
တချို့ယောကျာ်းလေးတွေကမိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။
ဘာကြောင့်လဲသိလား??ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ
သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။
ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင်
ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့(သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင်
ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး
ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။
2. Perfect Posture
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း
အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင်
သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့မိန်းကလေးတစ်ယောက်
လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။
သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့
ကမ္ဘာကြီးတစ်ခုလုံးကိုထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့်
ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကိုသတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ
အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင်သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။
ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။
3. Your Friends
သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ
သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။တကယ်လို့ သင့်သူငယ်ချင်းတွေဟာ
အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ
အဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း
ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ။
4. Your Pout
ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း
သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။
သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီးပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။
5. Your Ever Smile
ပြုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။
ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့်စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင်
ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့သင့်သွားလေးတွေ ဖြူဖွေးပြီး
ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။
6. What You Carry Around
မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့
သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကိုပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ
အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။
သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း
သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။
ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ။
7. High Heels
ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။
ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။
ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ကိုယ့်ကိုယ်ကို
ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ။
8. How You Strut
မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း
ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင်
ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင်သင်ရပါတယ်။ လမ်းလျှောက်ဟန်က
အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။
ဆတ်တောက်ဆတ်တောက်နဲ့ ကားယားကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင်
ရပါပြီ။
9. Your Clothes
ယောကျာ်းလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ
အ၀တ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အ၀တ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း
သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ၀တ်တတ်စားတတ်ရင် ကြည့်လို့လှတယ်လေ။ အ၀တ်အစားကို
ကောင်းကောင်းမွန်မွန်ဝတ်ဖို့လိုပေမယ့် ဈေးကြီးဖို့ မလိုပါဘူး။ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့်
ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့
လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အ၀တ်အစားပဲဖြစ်ဖြစ်
ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး
ခေတ်လည်းမီတဲ့ အ၀တ်အစားလေးတွေကို ၀တ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ
လူရှိန်တယ်ဆိုတော့ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။
10. Your Attitude
ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့
အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို
ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ
စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။
အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက်ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။မိန်းကလေးတစ်ယောက်
စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိ
တာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ
စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲသင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို
ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို
ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။
Credit : OW



0 comments:
Post a Comment