Wednesday, April 1, 2015



အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။
(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက် ပိုလွန်နေသည်။
(ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်)
(မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။
(စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။
(အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက်
သင်၏ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။
(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။
ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။
(ဂျာမန်)

လိမ္မော်ရည် သံပုရာရည်တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။
(စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကိုဝတ်ပြီး အစားကို လျှော့စားပါ။
(အင်္ဂလိပ်)

အစားလျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။
(အာရပ်)
အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။
(အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။
(အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင်ဖြစ်သွားနိုင်သည်။
(ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသောသူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။
(ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တအနားယူပါ။
ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။
(လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင်ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။
လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။
(အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည်
တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။
(စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။
(စပိန်)

အစဉ်ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။
(စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။
(ဂျာမန်)



ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ
ခြေထောက်ကို အစဉ်နွေးထွေးအောင် ထားပါ။
(ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။
(ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။
(စကော့)

စောစောအိပ်၍ စောစောထသူသည်
ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။
( အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။
မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခပေးတတ်သည်။
(စပိန်)

Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!