၁ ။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက
ပြောကြတယ် ပိုက်ဆံရှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော
ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား ။ ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင်
အများစုကို သင့်ဘ၀ရဲ့အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ
လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား
ဆိုပြီးသောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့။ ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လေ့လာသင်ယူပါ။ သင့်မှာ တကယ်လို့ ဘွဲ့ဒီဂရီ တခု ရှိထားတယ်ဆိုရင်
သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့
လေ့လာသင်ယူပါ။ အလုပ်ဟာ တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ သင်လေ့လာခဲ့တာထက်ပိုပြီးတော့
အတွေ့အကြုံတွေ အတွေးအခေါ်တွေကို သင်ပေးပါလိမ့်မယ်။ ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့။ ဆက်တိုက်သင်ယူနေပါ။
ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။ အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ
ဝယ်နိုင်တဲ့ သူဆိုတာရှားပါတယ၊်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
မိဘတွေ
ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့။ သူတို့ကို စာနာနားလည်ပေးပါ။ သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက်
သူတို့ရဲ့ မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ။ သူတို့ကို ပျော်ရွင်အောင်ထားပါ။ မတတ်နိုင်ရင်တောင်
အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကိုစိတ် ချမ်းသာစေပါတယ်
၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေရရှိလာပါလိမ့်မယ်။
၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
မိတ်ဆွေ
သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်။ ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုး
တွေချည်းနဲ့ပဲ သင့်အချိန်ကို မကုန်ပါစေနဲ့။ အနည်းဆုံးတော့ ကိုယ်အခက်အခဲရှိတဲ့အချိန်မှာ
ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို ကောင်းကောင်းဆက်ဆံပါ။ သူတို့တွေ
ဆင်းရဲ သည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ
သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်ဆိုတာ ကောင်းပါတယ်။ လောကမှာ
အချစ်အရေးကြီးဆုံးဆိုတဲ့ သူတွေပြောစကားကို နားမယောင်ပါနဲ့ တကယ်က တာဝန် ယူ နိုင် စွမ်းကသာ
အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကိုနားလည်ဖို့ခက်ပါတယ်။ သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ။
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ အတု အ ယောင် တော့မဟုတ်ပါဘူး
ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့
စွမ်းရည်တွေ ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ်။ မျက်စိမှိတ်ပြီး မယုံသင့်ပါဘူး၊
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ
အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။ လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်
တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး ကြောက်လန့် နေ တတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက်
မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀ အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတစ်ပွင့်နဲ့တူပါတယ်။
ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်။ ရင့်ကျက်တဲ့ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်
တန်ဖိုးထား တတ်မှာပါ။ ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက် ရူးရူးမူးမူး ကြိုးစားနေမဲ့
အစား အသက် ၃၀ မတိုင်ခင်မှာတယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။
၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ
အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ၊ ဓာတ်ပုံရိုက်တာ စသဖြင့်
ဝါသနာတွေရှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်းမပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ်။
ဒါပေမဲ့ ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလိုဝါသနာတွေအတွက် အချိန်နဲ့
စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့ မတတ်နိုင်တော့ပါဘူး။ စိတ်ဝင်စားမှု ၀ါသနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ။
အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး။
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ
စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင် စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ
အကောင်းမြင်သဘောထားရှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ။ မှားယွင်း သွား ရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ။ဘအရှုံးပေးတာဟာ
ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို အတိတ်မှာပဲ
အဆုံးမသတ်လိုက်ပါနဲ့။ ထပ်ကြိုးစားလို့ အောင်မြင်ရင် အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်။
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊
ကိုယ်နဲ့တွေ့တဲ့သူတွေကို မေတ္တာထား ဆက်ဆံပါ
လူတွေမှာ
အားကျစရာ လူတွေရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ။ သူတို့ကို အတုခိုးပြီး
လိုက် လုပ် တာ ပင်ပန်းပါတယ်။ ဘာလို့လဲဆိုတော့သင်ဟာ သင်ပါပဲ။ ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင်လဲ
မဝေဖန်ပါနဲ့ လူတွေမှာ သူတန်ဖိုးနဲ့ သူရှိကြပါတယ်။ သူတို့ကို နားမလည်နိုင်ဘူးဆိုရင်လက်ခံနိုင်ဖို့
အားထုတ်ပါ၊
၁၀။ တာဝန်ယူ စိတ် ရှိပါစေ
အရင်တုန်းက
ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး မှန်ကန်ယုံကြည်ရတဲ့ လူဖြစ်အောင်
ကြိုးစားပါ။ ယောက်ျားလေးတွေဟာ အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့
စိတ်ရှိဖို့လိုပါတယ်။ ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့။ နောက်ဆုံး အိမ်ထောင်ဖက်
ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ တာဝန်ယူရဲတဲ့ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။
၁၁၊၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည်
ချောမောမှုကို ဦးစားမပေးပါနဲ့။ ကြင်နာတဲ့ နှလုံးသား၊ သန့်ရှင်းတဲ့စိတ်၊ ရိုးသားတဲ့
ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်။ လူတွေကရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့သူကို ပိုသဘောကျပါတယ်။
တကယ်လို့ ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့။
ဒီလိုလူမျိုးတွေက
အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊
၁၂၊၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊
အရက်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာတွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့
မကြိုးစားပါနဲ့။ အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ ကွာခြားသွားပါတယ်။
ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်။ မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။
ဒါကြောင့်ပုံမှန်ကျန်းမာဖို့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
၁၃၊၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခုအချိန်အထိသင်ဟာ
အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပြီး စိုးရိမ်မနေပါနဲ့။ အလုပ်ကို ပုံမှန်လုပ်ပြီး
အသိပညာကိုသာ လေ့လာပါ။ သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင် မှုကိုလှမ်းယူပါ။
၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
အခုလက်ရှိအလုပ်ဟာ
ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ
အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ။
အောင်မြင်တဲ့လူဆိုတာ အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲ့စိတ်ထားနဲ့
အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ အနာဂတ်အတွက် အရေးကြီးပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို
ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ ၀ယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့။
သင့်အတွက် အချိန်ကုန်ပါတယ်။ မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေ့မှာ မဟုတ်ဘူး။
ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကိုပဲ။ ချစ်တယ်ဆိုတဲ့ စကား လုံး
လေး တလုံးကသာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ် ရရှိစေပါတယ်။ လောကမှာတခြားသူထက်
ပိုပေးနိုင်တာထက် စစ်မှန်တဲ့ ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်။
၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့
ထားပါ
တခါတလေမှာ
ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို ထားတတ်ဖို့လိုပါတယ်။ အ ပြစ် ကင်း တာ တုံးအတာ
မဟုတ်ပါဘူး။ ဖြူစင်တာပါ။ စိတ်ထား ဖြူစင်မှသာ
တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ။
ဘ၀မှာ
အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို ဖြူစင်တဲ့ စိတ်ထား လေး နဲ
့ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ။
Credit : OW
0 comments:
Post a Comment