Monday, April 6, 2015

၁) လူတော သိပ်မတိုးတဲ့သူတွေဟာ တစ်ခါတစ်လေမှာ လူမှုရေးခေါင်းပါးတဲ့သူတွေ မဟုတ်ကြတာ ကို တွေ့ ရတတ်ပါတယ်။ သူတို့ဟာ ဟန်ဆောင်လောကကြီးနဲ့ အယောင်ဆောင်လူတွေကို သည်းမခံနိုင်ကြ လို့ ဖြစ်ပါတယ်။
၂) သုတေသနပြုလုပ်ချက်တွေအရ ဘယ်သန်တွေဟာ တီထွင်နိုင်စွမ်းပိုမြင့်မားပြီး ပိုတော်တဲ့ အနုပညာ ရှင် ကောင်းတွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
၃) ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေအပေါ် ၂၀ % လောက် ပိုမိုကောင်းမွန်စေပါတယ်။
၎) သင်တကယ်ချစ်တဲ့သူအပေါ် အမြဲဒေါသထွက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ၃ ရက်ထက်ပိုပြီး ဒေါသ ထွက်နေမယ်ဆိုရင် သူ့ကိုသင်မချစ်တော့လို့ပါပဲ။
၅) တစ်စုံတစ်ခုကိုရဖို့ သင်အချိန်ကြာကြာစောင့်ဆိုင်းရလေလေ အဲ့ဒီအရာကို ရရှိတဲ့အခါ သင်ပိုပြီး ကျေနပ်နှစ်သိမ့်မှုရှိလေလေပါပဲ။
၆) အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ် ဒေါသထွက်တတ်တာမျိုးကို Misophonia လို့ခေါ်ပါတယ်။ သင့်ဘေးမှာ တစ်ယောက်ယောက်က အသက်ခပ်ပြင်းပြင်းရှူနေတာတို့ အစားအစာကို အသံမြည်အောင် စားနေတာတို့အပေါ် ဒေါသထွက်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
၇) ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဘယ်တော့မှ မဆုံးရှုံးခဲ့ကြပါဘူး။ ဘယ်သူတွေက မိတ်ဆွေ သူငယ်ချင်းအစစ်တွေလဲဆိုတာကိုသာ လေ့လာသိရှိခဲ့ရတာဖြစ်ပါတယ်။
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!