A Age
အသက် ဖြစ်ပါတယ်။ ကိုယ်နဲ့ အိမ်ထောင်ပြုမယ့် သူဟာ အသက် ကွာခြားချက် ကြီးလို့မရပါဘူး။
အသက် ( ၅ ) နှစ်ဟာ ခေတ်တစ်ခေတ် ကွာပါတယ်။ အတွေးအခေါ် အယူအဆ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ပေးသင်ခန်းစာ
တူဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ်။
B Beauty
အလှအပ ဖြစ်ပါတယ်။ ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဘက်ဟာ ကိုယ်နဲ့ လိုက်ဘက်တဲ့ ရုပ်ရည် ရူပကာ
ရှိသင့် ပါတယ်။
C Character
အကျင့် စာရိတ္တ။ ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ အကျင့် စာရိတ္တ ကောင်းမွန်ဖို့လိုပါမယ်။
D Director
ဦးဆောင်နိုင်စွမ်း။ ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ အိမ်ဦးနတ်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်
ကျရာတာဝန်မှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ သူတစ်ဦး ဖြစ်ဖို့လိုပါတယ်။
E Education
ပညာရေး။ အိမ်ထောင်တစ်ခုမှာ ပညာရေးကွာခြားလို့ မရပါဘူး။ ပညာရေး ကွာခြားချက်ကြီးမားတာနဲ့
အမျှ အတွေးအခေါ် အယူအဆတွေ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကွာခြားလာပါတယ်။ အဲ့အတွက် ကိုယ့်ရဲ့
လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်အတွက်ပါ ထိခိုက်လာ နိုင်ပါတယ်။
F Facility
အထောက် အကူပြုပစ္စည်း။ ဒီနေရာမှာ ဘ၀ အတွက် အထောက် အကူပြုနိုင်တဲ့ အရာပေါ့ဗျာ။ ငွေကြေးပဲထားပါတော့။
သိပ်တော့ အရေး မကြီးပါဘူး။ ဒါပေမယ့် ထည့်သွင်း စဉ်းစားရမယ့်အချက် တစ်ခုအနေနဲ့ ထည့်
ထားတာပါ။
G Generation
မျိုးဆက်(သို့)မျိုးရိုး။ ကိုနဲ့ အိမ်ထောင်ပြုမယ့်သူဟာ မျိုးရိုးကောင်းဖို့ လိုပါမယ်။
ဒါက ထွေထွေထူးထူး ပြောနေစရာကိစ္စမဟုတ်ပါဘူး။
H Health
ကျန်းမာရေး။ ဒါကတော့ ပြောနေ စရာကို မလိုတာ။ ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ဖာသာကို စစ်ဆေးခိုင်းပေါ့ဗျာ။
0 comments:
Post a Comment