လူအများစုဟာ ဦးနှောက်ဘယ်ဘက်အခြမ်းကိုပဲ အသုံးပြုနိုင်ကြတယ်။ညာဘယ်ခြမ်းကို ဂီတ၊ပန်းချီ စတဲ့အနုပညာရှင်တွေ ၊ အာရုံထူးခြားသူတွေလောက်သာ အနည်းအကျဉ်းအသုံးပြုနိုင်တာ
ဖြစ်တယ်။ ဘယ်ဘက်ခြမ်းဟာ သာမန် အသိစိတ်နဲ့ သက်ဆိုင်ပြီးတော့ ညာဘက်အခြမ်းဟာ မသိစိတ်နဲ့ သက်ဆိုင်နေတယ်။ စိတ်ညှို့ ပညာကို အသုံးပြုပြီးတော့ ဖန်တီးစွမ်းရည်တွေရှိတဲ့ ညာ
ဘက်ခြမ်းကို နိုးထစေတယ်။ ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းပါနှစ်ခြမ်းစလုံး အသုံးပြုနိုင်အောင် စိတ်ညှို့ ပညာက စွမ်းဆောင်နိုင်ကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် မသိစိတ်နယ်မှာရှိတဲ့
ညာဘက်ခြမ်းက ဖန်တီးစွမ်းရည်တွေကို စိတ်ညှို့ ပညာက မသိစိတ်ထဲက ဆွဲထုတ်ပေးလိုက်တာ ဖြစ်တယ်။ ဂီတတို့ ၊ ပန်းချီတို့ စတဲ့ အနုပညာတွေဟာ ဓါတ်ပုံရိုက်တာ ၊ ကက်ဆက်ခွေနဲ့ 
ကူးတာမျိုးမဟုတ်ဘူး။ဗလာဒီမာရိုင်ကော့ဗ်ဟာ ဂီတကျောင်းတက်နေတဲ့ ဂီတကျောင်းသားတစ်ဦးကိုစိတ်ညှို့  လိုက်တယ်။ သူက တစ်ကယ်တော့ စိတ်ညှို့ ပညာရှင်တစ်ယောက်ဖြစ်တယ်။ပထ
မအစ ညှို့ ချက်မိသွားတော့ – “မင်းဟာ တယောဆရာကြီး ခရိုက်စလာဖြစ်သွားပြီ။ ခရိုက်စလာသေပြီးနောက် လူ့ ဘ၀ကို မင်းအဖြစ်နဲ့ ဝင်စားလာတာဖြစ်တယ်။မင်းဟာလူဝင်စား ခရိုက်စလာ
ပဲ။အရင် ခရိုက်စလာဘ၀က တယောထိုးသလို မင်းလည်း တယောထိုးနိုင်တယ်။” ဟု ဆက်ဂျက်ရှင်းတွေပေးလိုက်တဲ့အခါ
မှာကျောင်းသားက သူဟာ တကယ်ပဲ ခရိုက်စလာဝင်စားတယ်လို့ ယုံကြည်လက်ခံသွားတယ်။ ခရိုက်စလာတယောထိုးသလောက်နီးပါးကောင်းအောင် တယောထိုးနိုင်လာတယ်။ သာမန် ဂီ
တကျောင်းသားလက်သံထက် အများကြီးသာသွားတယ်။ ဗလာဒီမာရိုင်ကော့ဗ်ဟာ ဒီလိုစိတ်ညှို့ ပြီး တယောဆရာကြီး ခရိုက်စလာ ၀င်စားစေတယ်။ခရိုက်စလာကို တယောထိုးစေတဲ့ အကြိမ်
ပေါင်း (၃၀) လောက်စမ်းသပ်လေ့ကျင့်ရတယ်။ပြီးသွားတဲ့အခါမှာ သာမန်ဂီတကျောင်းသားတွေထက်အများကြီးသာသွားပြီးတော့ ဂီတပညာရှင်အဆင့်ထိရောက်
သွားတယ်။နောက်ထပ်သင်တန်းသားတစ်ဦးကိုလည်း ပန်းချီဆရာရီပင် ၀င်စားတယ်ဆိုပြီး စိတ်ညှို့ ပညာနဲ့ ဆက်ဂျက်ရှင်းတွေပေးလိုက်တယ်။ အကြိမ်နှစ်ဆယ်လောက် ပေးလိုက်တယ်။ေ
နာက်ဆုံးမှာ တန်းဝင်ပန်းချီဆရာအဆင့်ကိုရောက်သွားပါတယ်။နောက်ထပ် ဥပမာတစ်ခုကိုပြောပြပါဦးမယ်…
ဆရာကြီး ရွှေဥဒေါင်းဟာ ငယ်စဉ်က ရေမကူးတတ်ဘူး။တစ်နေ့ မြစ်ဆိပ်မှာ ကစားနေရင်း သူ့ သူငယ်ချင်းတွေက ရေထဲခုန်ချနေကြတာမြင်တော့ သူလည်းခုန်ချလိုက်ပြီး ရေကူးတယ်။ သူ့ 
ကိုယ်သူ ရေကူးတတ်တယ်လို့ ယုံကြည်ပြီး ခုန်ချလိုက်တာ ရေကူးတတ်သွားတာဖြစ်တယ်လို့ ဆရာကြီးရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းမှာရေးထားတယ်။ ယုံကြည်ရင် တစ်က
ယ်တတ်သွားတာကို သာဓကပြတာပါ။ လူတစ်ယောက်အား စိတ်ညှို့ ပြီးမသိစိတ်ထဲမှာ သူဟာ ပန်းချီဆရာကြီး၊စာရေးဆရာကြီးလို့ ယုံကြည်သွားအောင် ဆက်ဂျက်ရှင်းပေးလိုက်ရင် ယုံသွားမှာ
ဖြစ်တယ်။ ဒါပေမယ့် သိစိတ်ကိုတော့ ဒီလိုသွားပြောရင်တော့ ယုံမှာမဟုတ်ဘူး။ သိစိတ်က လူလည်ဗျ။ ယုံမှာမဟုတ်ဘူး။ ဒီတော့ လူတွေမှာ မခန့်မှန်းနိုင်တဲ့ စိတ်အင်အားစွမ်းရည်တွေရှိကြ
တယ်။ရှိလို့ ရှိမှန်းမသိကြလို့ အသုံးမပြုနိုင်တာ။ ဒီလို မိမိမှာရှိတဲ့ စွမ်းရည်ပုန်းတွေကိုစိတ်ညှို့ ပညာနဲ့ ထုတ်ဖော်သုံးနိုင်တယ်။ဒီလို ထုတ်ဖော်သုံးရင် မိမိနိုင်ငံအတွင်း ပန်းချီပညာရှင်တွေ ၊ အဆို
တော်တွေ ၊ နိုင်ငံအကြီးအကဲတွေ ၊ဘောလုံးသမားတွေ၊ ဂုဏ်ထူးဆောင် ကျောင်းသားတွေဖြစ်နိုင်တယ်ဆိုတာကို သတင်းကောင်း ပေးလိုက်ရတာ ပါပဲခင်ဗျား။
Ref: Dead of Mind by C K Jolly
တင်ပြသူ – Dr.ထက်အောင်လှိုင်(စိတ်ပညာ)

😃
ReplyDelete