၁။
အာဖရိကဆင် (African elephant) တွေကိုမည်သူမျှကျွမ်းကျင် ပိုင်နိုင်စွာမကိုင်တွယ်နိုင်ပါဘူး။
အိန္ဒိယဆင်(Indian elephant) တွေကိုသာ သင်ကြားထိန်းသိမ်းနိုင်ကြပါတယ်။
၂။
လဟာ ဂိုဘီသဲကန္တာရ (Gobi Desert) ထက် အဆပေါင်း ၁ မီလီယံဆ ပိုပြီးခြောက်သွေ့ ပါတယ်။
၃။
နီကာရာဂွါကန်ကြီး (Lake Nicaragua) ဟာ ကမ္ဘာာပေါ်မှာ တစ်ခုတည်းသော ငါးမန်းများရှိတဲ့
ရေချိုကန်ကြီး ဖြစ်ပါတယ်။
၎။
ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲမှာ သက်တမ်းအရှည်ဆုံး ဆဲလ် ကတော့ ဦးနှောက်ဆဲလ် ဖြစ်ပြီး ဘဝတစ်လျောက်လုံးရှင်သန်နိုင်ပါတယ်။
၅။
အာဖရိကမီးခိုးရောင်ကြက်တူရွေး (African Grey Parrot) ဟာ ခန့် မှန်းချေအားဖြင့် နှစ်ပေါင်း
၅၀ လောက်အသက်ရှင်နေထိုင်နိုင်ပါတယ်။
၆။
ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ ခေါင်းအုံးအဖြစ် ကျောက်တုံးတွေကို အသုံးပြုခဲ့ကြပါတယ်။
၇။
ကွင်းငါးကွင်းနှင့် အိုလံပစ်အလံ (Olympic Flag) ဒီဇိုင်းကို ၁၉၁၃ ခုတွင် Baron
Pierre de Coubertin ကဖန်တီးခဲ့ပါတယ်။
၈။
ပျူမာ တောင်ခြင်္သေ့ (Puma) နှင့် ကျားသစ် (Leopard) တို့ဟာ နို့ တိုက်သတ္တဝါတွေထဲမှာ
အမြင့်ဆုံးခုန်နိုင်ကြသူများ ဖြစ်ပါတယ်။ သူတို့ ဟာ အမြင့် ၁၆.၅ ပေ လောက်ကို အလွယ်တကူ
ခုန်နိုင်ကြပါတယ်။
၉။
ဘက်ကမ်ဟမ်နန်းတော် (Buckingham Palace) မှာ အခန်းပေါင်း ၆၀၂ ခန်း ရှိပါတယ်။
ဒီအကြောင်းကို
ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
၁၀။
ခြင်စားငါး (Minnow) တွေရဲ့ သွားတွေဟာ သူတို့ ရဲ့ လည်ချောင်းထဲ မှာရှိပါတယ်။
နေခရမ်း
0 comments:
Post a Comment