( ၁ ) ပြုံးရွှင်ခြင်း
ရွှင်ရွှင်ပြုံးပြုံးတဲ့
ပျော်ရွှင်နေတာသည် ကျန်းမာရေးအတွက်တော့ အလွန်အမင်ကောင်း၏။ သို့သော် ... မှတ်ဥာဏ်အတွက်ကြတော့အဆင်မပြေဘူး။
( ၂ ) အပြစ်ပြောသောဝါသနာ
လူတွေသည် တစ်ဦးတစ်ယောက်အား အပြစ်ရှာအပြစ်ပြောတတ် တဲ့အလုပ်ကို အမြဲကြည့်နေ တတ်ကြတယ်။ ဥပမာ - မြေကြီးထဲမှာမြှုပ်နှံသိုးမှီထားသော ပစ္စည်း၊ ရတနာမြေပုံ လိုက်ရှာသလိုမျိုး ၀ါသနာသိပ်ကြီးမှု ထုံးမွှမ်းတတ်ကြတယ်။
( ၃ ) လက်ရှိအချိန်
စဉ်းစားကြည့်တော့ ကိုယ်ဟာ
အချိန်ကို ဖြုန်းလိုက်တာ မဟုတ်ပါဘူး။
အချိန်တွေကသာ ကိုယ်ကိုဖြုန်းတီးခဲ့တာပါ။
( ၄ ) အားမှုမရှိသောလူ
ဘယ်သူလာပြောပြော ကျွန်တော်
အချိန်ရရင် အချိန်အားရင် လုပ်ပေးပါမယ်လို့ ပြောဆိုသောလူမျိုးသည် ဘယ်သို့သော
အချိန်ကိုမှ မရမဟုတ်သလို ဘယ်တုန်းကမှလည်း တိတိကျကျ
ဘာမှ လုပ်ဆောင်မှု့မရှိတဲ့လူမျိုးပါပဲ။
( ၅ ) လူလည်ကြသောသူ
စာပေ၊
ဗဟုသုတ ကြွယ်ဝသောသူက စကားပြောတယ်။
ဥာဏ်ပညာရှိ သူကနားထောင်တယ်။ လူလည်လူနပ်များကြတော့ သူများတွေပြောတဲ့ ဗဟုသုတများကို နားထောင်ပြီး
သူတို့ကိုသူတို့ သိသယောင် လေ့လာထားသယောင်
ပြောဆိုတတ်ကြတယ်။
( ၇ ) ကြက်ဖ
ကြက်ဖများကတော လင်းအရုဏ်တက်ချိန်မှ တွန်တတ်ကြတယ်။
ကြက်မတွေ ကြတော့ ခဏခဏ မကြာမကြာ တွန်တတ်ကြတယ်။
( ၈ ) အကောင်းမြင်ဝါဒီ
အသက်တွေကြီးရင့်လို့ နဖူးပြောင်တာကို မျက်နှာသစ်ရတော့ ပိုပြီးပင်ပန်းနွမ်း တယ်လို့ ထင်မနေပါနဲ့။
ခေါင်းကဆံပင်ကို ဖြီးရတာက သက်သက်သာသာ ဖြစ်လာတာကို
ဂုဏ်ယူဝင့်ကြွားလိုက်စမ်းပါ။
( ၉ ) မှားတဲ့အခါမှားမပေါ့
လူ့ဘ၀ဆိုတာ ဈေးဝယ်မှားတဲ့ ကားလိုပဲ
ရှေ့ကိုသွားတော့ တစ်နာရီ မိုင် ၃၀၊
နောက်ပြန်ဆုတ်တော့ တစ်နာရီ မိုင် ၉၀။
( ၁၀ ) ပျင်းတယ် - အားတယ်
လူ့လောကမှာ လူပျင်းတွေက
အားနေတတ်ကြပြီး လူအားတွေကသာ ပျင်းနေတာပါ။
ပျင်းလို့အား၊ အားလို့ပျင်းနဲ့ ကြာလာရင်တော့လူဖျင်းလူညံ့ဖြစ်သွားလိမ့်မယ်။
( ၁၁ ) အသုံးချသူနှင့်အသုံးကျသူ ခွဲခြားပါ
အသုံးချခံလိုက်ရတယ်ဆိုတာဟာ မိမိအသုံးကျနေလို့မှတ်ပါ။ အသုံးမကျလို့ရှိရင် ဘယ်ကဲ့သို့
အသုံးချလို့ ရပါမလဲ။
0 comments:
Post a Comment