Saturday, March 28, 2015

 ကျွန်တော်တို့ကွန်ပျူတာတွေမှာ Virus ကိုက်တယ်ဆိုတာ Viurs က Windows ရဲ့ System ပိုင်းကို င်ရောက် နှောက်ယှက် လို့ ပဲ ဖြစ်ပါတယ်။ Virus အများစုက စစခြင်းမှာသူ့ဘာသာသူ အသက်ဝင် လှုပ်ရှား နိုင်မှု မရှိပါဘူး။ User က Double Click နှိပ်လို့ဖြစ်စေ၊ ၄င်း Virus ကို အလိုအလျှောက် အလှုပ်ရှားနိုင်အောင် Autorun File လေးကို ကြိုတင်ရေးထားခြင်းကြောင့်သာ သက်ဝင်လှုပ်ရှားပြီး စတင်တိုက်ခိုက်ပါတယ်။ အကယ် ၍ သာ ကျွန်တော်တို့က ကွန်ပျူတာရဲ့ Auto Run System ကိုပိတ်ထားပေးမယ်ဆိုရင် ဗိုင်းရပ်စ်ကို User က Double Click မနှိပ်သ၍ ၄င်း ဗိုင်း ရပ်စ် က Media Device တွေမှ တဆင့် ကွန်ပျူတာသို့ ၀င်ရောက်ခြင်းမရှိနိုင်ပါဘူး။Antivirus Software ကို License Version ၀ယ်သုံး တယ် ပဲထား ပါဦး Update မဖြစ်ဘူးဆိုရင် Antivirus ကလည်း Virus ကို မဖမ်းဆီးပေးနိုင်ပါဘူး။ ဒီတော့ ငွေမကုန်ပဲ Virus ကို အလွယ်တကူမ၀င်နိုင် အောင် ဒီလိုလေးလုပ်ထားရင် မကောင်းဘူးလား။

ပထမဆုံး Run ထဲကနေ gpedit.msc လို့ရိုက်လိုက်ပါ။ ပြီးရင် Group Policies ထဲက User Configuration အေက်က Administrative Template ကို ဖြည်လိုက်ပါ။ ပြီးရင် System ထဲကမှ Turn Off AutoPlay ဆိုတာကို Double Click နှိပ်လိုက်ပြီး Enable ဆိုတဲ့ Radius Box လေးကို ၀န်ပေးလိုက်ပါ။ပြီးရင် Turn Off Autoplay on ဆိုတဲ့ Box လေးထဲမှာ All Drive ဆိုလေးကိုရွေးပေးပြီးApply OK နှိပ်ပေးလိုက်ပါ။

နောက်တစ်ခုအနေနဲ့ ထိုအောက်မှာပဲ Computer Configuration အောက်မှ Administrative Tool အောက် System ထဲကမှ Turn Off AutoPlay ဆိုတာကို Double Click နှိပ်လိုက်ပြီး Enable ဆိုတဲ့ Radius Box လေးကို ၀န်ပေးလိုက်ပါ။ပြီးရင် Turn Off Autoplay on ဆိုတဲ့ Box လေးထဲမှာ All Drive ဆိုလေးကိုရွေးပေးပြီးApply OK နှိပ်ပေးလိုက်ပါ။

အားလုံးပြီးရင်တော့ Run ထဲမှာ gpupdate /force ဆိုတာလေးကို ရိုက်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေ သွားပါပြီ။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!