* ကိုယ့်အကြောင်း ကိုယ်မကြာခဏ
ပြောလေ့ ရှိတဲ့သူ တွေဟာ စိတ်ကျဝေဒနာ ကိုခံစားရဖို့ ပိုပြီး လွယ်ကူ တဲ့သူတွေ လို့သုသေတန
ပြုချက် တစ်ခုက ဆိုပါတယ်။
* ကိုယ့်အကြောင်းနဲ့ ကိုယ်မှကိုယ်ပဲ ပြောလေ့ပြောထရှိသူတွေက
စိတ်ကျ ဝေဒနာနဲ့ စိုးရိမ် ပူပန်မှု တွေခံစား နေရသူများ ဖြစ်တယ်လို့ သုတေသန အသစ် တခုမှ
ဖော်ပြခဲ့ပါတယ်။
* ဂျာမန်နိုင်ငံရှိ University of Kassel မှသိပ္ပံ
ပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက် အရ "ငါ" ဆိုတဲ့ နာမ်စားကို သုံးလေ့ သုံးထ
ရှိတဲ့ လူတွေက "ငါတို့" ဆိုတဲ့ နာမ်စားကို သုံးတဲ့ လူတွေထက် စာရင် စိတ်ကျ
ဝေဒနာ ပိုပြီး ဖြစ်လေ့ဖြစ်ထ ရှိတာကိုတွေ့ရပါတယ်။
* Dr Johannes Zimmerman
ဦးဆောင်တဲ့ သုတေသန အဖွဲ့က အမျိုးသား ၁၅ယောက်နဲ့ အမျိုးသမီး ၁၀၃ယောက်ကိုမေးမြန်း လေ့လာခဲ့
ကျပြီး အများစုမှာ စိတ်ကျ ဝေဒနာနဲ့ စိတ်ပူပန်မှု ဝေဒနာ အတွက် ကုသမှု ခံယူ နေကျသူတွေ ဖြစ်
ပါတယ်။
* မေးမြန်းသူ တွေက လေ့လာ စမ်းသပ်မှုမှာ ပါဝင်ခဲ့ ကြတဲ့
လူတွေကို သူတို့ရဲ့ အတိတ်၊ လူမှုရေးနဲ့ သူတို့ ကိုယ်သူတို့သုံးသပ်မှု တွေကို မေးမြန်းခဲ့
ကြပါတယ်။
* ဒီသုတေသန အရ မိမိကိုယ်ကိုယ်
နာမ်စား အသုံးများ သူတွေက ပိုပြီး စိတ်ကျ ဝေဒနာကို ခံစားနေရသူ တွေဖြစ်ပြီး လူမှုဆက်ဆံရေး
နယ်ပယ်မှာ ပြသနာ ရှိကြသူတွေ ဖြစ်ကြ တာကို တွေ့ရပါတယ်။
* ဥပမာ အနေနဲ့ ဒီလိုလူမျိုး
တွေက သူတို့အပေါ်လူတွေရဲ့ အလေးထား မှုကို ရှာဖွေ နေကြတာ ဖြစ်ပြီး တယောက် မနေနိုင်ကြသူတွေ
ဖြစ်ကြပါတယ်။
* ဒါပေမယ့် "ငါတို့"
ဆိုတဲ့ နာမ်စား သုံးသူတွေ ကတော့ လူမှု ဆက်ဆံရေး အလွန် ကောင်းမွန်ပြီး ကျန်းမာတဲ့ လူမှု
ဆက်ဆံရေးရှိနေတတ် ကြတာကို တွေ့ရပါတယ်။
* ဒါကြောင့် တစ်ဦးနာမ်စား
အသုံးများ သူတွေက လူတွေရဲ့ အလေး ပေးမှုကို ပိုလိုအပ်နေသူတွေ ဖြစ်တယ်လို့ Dr
Zimmerman ကယုံကြည်ခဲ့ ပါတယ်။
* ဒီသုတေသန အရ ဒီလို
စိတ်ကျ ဝေဒနာနဲ့ စိတ်ပူပန်မှု ဝေဒနာ ခံစား နေရသူ တွေက ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်သက်သာမှု
ရနိုင်တယ်လို့ ဆိုပါတယ်။
* University of
Colorado Boulder မှသိပ္ပံပညာရှင် များရဲ့ တွေ့ရှိချက် အရ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းနဲ့
မိမိစိတ် ခံစားမှုကိုထိန်းချုပ်ခြင်းက စိတ်ကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။
* ဓာတ်ခွဲခန်းမှ သုတေသနသုံး
ကြွက်များကို စမ်းသပ်ပြီးနောက် ဖိအားပေးပြီး လေ့ကျင့်ခန်း လုပ်စေတာက ဖိအား မပေးဘဲလေ့ကျင့်ခန်း
လုပ်တာနဲ့ အကျိုးအမြတ် ရရှိတာခြင်း တူတယ်လို့ ကောက်ချက် ချခဲ့ကြ ပါတယ်။



0 comments:
Post a Comment