Thursday, March 26, 2015
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁ )
ကျွန်တော်တို့ ၏ ဘဝဇာတ်ခုံ ကြီးပေါ်တွင် သမိုင်းအဆက်ဆက် ဖြတ်သန်းနေထိုင်ခဲ့ကြသော
လူသားများ၏အဖြစ်အပျက်များစွာ ထဲမှ ဖြစ်ရပ်ဆန်း ။ လုပ်ရပ်ဆန်းများ များစွာရှိခဲ့ကြပါသည်။
ထိုအထဲမှ နားလည်ရခက်တဲ့ အဖြစ်အပျက်အချို့  ကို တင်ပြခြင်းပါသည်။
( ၁၂၃၄ ) ခုနှစ်က ပြင်သစ်နိုင်ငံ ဟော့တ်ဗီလီယား တွင် ဂျင်းပိုကီယွန် ဆိုသူသည် သူခိုးအဖြစ်
နာမည်ကြီးသူတစ်ယောက်ပါ။ အမြဲတန်း ခိုးဝှတ်တက်သော သူ့ အား ထိုခေတ်က ဥပဒေ အရ
သေဒဏ်ပေးခဲ့ပါသည်။ခိုးတဲ့အပြစ်အတွက်နဲ့သေဒဏ်ဆိုတော့ ကြောက်စရာပဲနော်။
အဲဒီအချိန်လောက်က ဒီဒေသတွေမှာ သူခိုးတွေနဲ့ စုန်းဟု စွပ်စွဲ ခံရသူတွေဟာ သေဒဏ်ပေးခံရ
တာများပါတယ်။
ဒါပေမယ့် ဂျင်း အတွက်ကံကောင်းစေမှု တစ်ခုရှိပါတယ်။ ဒါကတော့ တကယ်လို့ အပျိုစင်တစ်
ယောက်ကသာ ဂျင်းကိုလိုလားနှစ်သက်ပြီး လက်ထပ်မယ်ဆိုလျှင် သေခြင်းမှလွတ်ကင်းစေ
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
ထိုအချိန်တွင် ရိုးသားပြီး သာမန်ရွက်ကြမ်းရေကြို ရုပ်ရည် ရှိသော မိဘမဲ့အမျိုးသမီးတစ်ယောက်က
သူယူပါမယ်ဟု ဆိုလာပါသည်။ဂျင်းအတွက်ကံကောင်းမှု တစ်ခု ဖြစ်ပေါ်လာပါပြီ။
ဂျင်း ကတော့ ထိုအမျိုးသမီးကို တစ်ချက်လောက် လှမ်းကြည့် ပြီးခေါင်းခါကာ ပြောလိုက်တာက
''ဟင့်အင်း ...ကျုပ် ကတော့ ကြိုးစင်နဲ့ပဲလက်ထပ်ချင်တယ်။ ဒေါက်ဖြုတ်ရမယ့် သူရေ မြန်မြန်သာ
ဒေါက်ဖြုတ်ပြီး အဆုံးစီရင်ပါတော့ဗျို့   ''  တဲ့။
ဒါနဲ့ပဲ ဂျင်းကို အချိန်မဆိုင်းပဲ ကြိုးပေး သတ်လိုက် ရပါတော့သည်။ ရိန်း မြို့ မှာပါ။
ဂျင်းဟာ သူအသက်ရှင်ဖို့ အတွက် ရိုးသားတဲ့ မိန်းကလေးကို ဒုက္ခမပေး ချင်လို့ များလား။
ဒါမှမဟုတ် သေရမှာထက် အသက်ရှင်ပြီး သားကျွေးမှု ။ မယားကျွေးမှု တွေကို ပိုကြောက်မိ
လို့ များလား ။နောက်ဆုံးဗျာ ထိုမိန်ကလေး က အတော်ရုပ်ဆိုးနေလို့ များလားဟု တွေးမိပါသည်။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ သူသာအသက်ရှင်ချင်တယ် ဆိုရင် ရုပ်ဆိုးယုံမက ။ ကြိုးကန်းနေရင်တောင်
ယူရမှာပေါ့။ ပြီးတော့ ဟိုကအပျို ။ သူက သခိုး ။
လောကကြီးကို စိတ်ကုန်နေတယ် ဆိုရအောင်ခက်သား။
ထို့ ကြောင့် မည်သို့ စိတ်ကူးဖြင့် သေးခြင်းတရား ကို ရွေချယ်သွားသည် ဆိုသည်မှာ ဂျင်းပိုကီယွန်
မှတစ်ပါး မည်သူမှသိနိုင်မည် မထင်ပါ……
ဘဝဇာတ်ခုံ မှဒီ ပြကွက်ဆန်းကတော့ '' သတ်ရင်သတ်ပစ်လိုက် ။ မိန်းမတော့ မယူဘူးလို့ ''
ဆိုရမှာပါပဲနော်………
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ........... နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၂ )
မိမိချစ်သူကိုလက်ထပ်ရ ဖို့ အတွက် ထီးနန်းစည်းစိမ်ကို စွန့် လွှတ်သွားခဲ့သော ဗြိတိန်နိုင်ငံမှ
အက်ဒွပ်ဘုရင်၏  အကြောင်းကို တော်တော်လေးသိကြပါသည်။အခုလည်းနောက်တစ်ယောက်
လာပြန်ပါပြီ ။ ဒါပေမယ့်သူ၏ အကြောင်းကတော့ နည်းနည်းထူးဆန်းနေပါတယ် ။
သူကလက်ထပ်ရမှာကြောက်သဖြင့် သူ၏ထီးနန်းကိုသာမက သူ၏ဇာတိဒေသ နှင့်  မျိုးရိုး
ဂုဏ်ကိုပါစွန့် ခွာခဲ့ပါသည်။
သူကတော့ ဆစ်ကင်းဘုရင် ဂိုင်အားမား ဖြစ်ပါသည်။ ဆစ်ကင်းပြည်ဟာ အိန္ဒိယပြည်၏
လက်အောက်ခံနိုင်ငံ ဖြစ်ပြီး အကျယ်အဝန်းက ၂၈၁၈မိုင် | လူဦးရေ ၁၂၁၅၀၀ ရှိပါသည်။
ဂိုင်အားမားသည် ငယ်ရွယ်ခြင်း ရည်မှန်းချက် ကြီးမားခြင်း နှင့်အဘက်ဘက်က လည်း
ပြည့်စုံပါသည်။ ၁၇၈၉ ခုနှစ်မှာ သူသည် သူတစ်ခါမှမမြင်ဖူးသော တိဘတ်မင်းသမီးတစ်ပါး
နှင့်လက်ထပ်ရပါသည် ။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ထိမ်းမြား ရခြင်းပါ။ထုံးစံဓလေ့အရ
မင်္ဂလာပွဲပြီးမှ သူ၏ သတို့ သမီးမျက်နှာ ကို လှစ်ဟဖွင့်ကြည့်ရပါသည်။
ထိုသို့ ကြည့်လိုက်မိချိန် ခဏ တွင် သူသည် သူမ၏ အကျည်းတန်လှသောမျက်နှာကို
မြင်ရပြီး အလွန်တုန်လှုပ်ခြောက်ခြားပြီး စိတ်ဖောက်ပြန်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒီသတို့ သမီးကို အသိအမှတ်မပြု မပေါင်းပြန်ပါလျှင်လည်းတိဘတ်နိုင်ငံ နှင့်စစ်ဖြစ်ရမှာ
သေချာသည်။ ထိုသို့ စစ်ဖြစ်ရပြီး တိုင်းပြည် ဒုက္ခရောက်ရမည်ထက်  လှည့်လည်တောင်း
ရမ်း စားသောက်ရသည့် သူတောင်းစားဖြစ်ရသည်က ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
ထို့ ကြောင့်သူတောင်းစားတစ်ယောက်အဖြစ် ရုပ်ဖျက်ကာ ထီးနန်းစည်းစိမ် နှင့်မင်းနေပြည်တော်
ပါစွန့် ခွာထွက်သွားတော့ပါသည်။ထိုအချိန်မှစ၍ သူ၏အကြောင်းကို မသိရမကြားရတော့ပါ။
တိဘတ်မင်းသမီးမှာလည်း သူမ၏ မင်းနေပြည်တော်အသစ်တွင် ခေတ္တနေထိုင်စောင့်စားခဲ့ပြီး
နောက်ဆုံးသူမ၏ တိဘတ်ပြည်သို့ ပြန်သွားခဲ့ပါသည်။ သူမလည်း လူတွေ၏မြင်ကွင်းမှ ပျောက်
ကွယ်သွားပါတော့သည်။
နားလည်ရခက်ပါတယ်။ သြော် ဒါကြောင့်လည်း ကျွန်တော်က ရေးဖို့ ရတာကိုး……………
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်း ( ၇ )
ကျွန်တော်အရင်ပိုစ့်တွေထဲမှာ အစွဲအလမ်းကြီးပြီး
ကြောက်အားပိုတက်တဲ့ ဘုရင်တွေအကြောင်းတင်
ပေးဖူးပါတယ်။ အခုလည်းဒီလိုလူမျိုးတွေအကြောင်း
ဆက်လက်တင်ပြပေးပါမယ်။
တိုက်ပွဲပေါင်းများစွာကို ရဲစွမ်းသတ္တိအပြည့်နှင့်တိုက်ခိုက်
အောင်မြင်ခဲ့တဲ့ စစ်သူရဲကောင်း ဖီးမာရှယ် နီကိုလတ်စ်
အော်ဂတ်စ်တီ ဒီ မွန်ထရီဗဲလ် ( ၁၆၄၆ - ၁၇၁၆ ) ဟာ
ပြင်သစ်ဝါရင့် စစ်မှုထမ်းတစ်ယောက်ပါ။သူဟာ စစ်သေနာ
ပတိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
လာရောက်တဲ့ဧည့်သည်တစ်ယောက်ယောက်က ဆားပုလင်း
ထဲမှ ဆားတွေဖိတ်စင်သွားတယ် ဆိုရင် သေလောက်အောင်
ဟန်မဆောင်နိုင်လောက်အောင် ပေါ်လွန်စွာ ထွတ်ပေါ်လာတာပါ။
လူတစ်ကိုယ်အကြောက်တစ်မျိုးရှိတတ်ပေမယ့် သူ့ လိုစစ်သူရဲ
ကောင်းတစ်ယောက်အတွက် ဒါကတော့ နဲနဲ ပိုတာပေါ့နော်……
လောက်ဆိုတာ လူသိမခံလို လို့ မဟုတ်ပါ။ ဒီလိုအတိအကျရေတွက်
ကြည့်ပြီးရင် သူကံမကောင်းမှာစိုးလို့ ပါတဲ့။ သူသေခါနီးအချိန်မှာ
အရေအတွက်အမှန်အကန် ပါပါတယ်။ စုစုပေါင်း ၁၂၀ ယောက်ရှိပါတယ်။
တာမသိသွားရရှာပါဘူး။ သေမှလက်ထဲယူသွားတော့ရောထဖတ်နိုင်မှာလား။
တမလွန်မှာများ သွားကြွားမလို့ လားလို့ ထင်မိပါတယ်။အမှန်ကဒီလောက်
ကြောက်တတ်ရင် မိန်းမမယူ သင့်ဘူးပေါ့နော်………
ဒီခေတ်မှာတာဆို မလွယ်ပါဘူး။ ကုန်လိုက်မယ့်စားရိတ် မသိတာပဲကောင်း
ပါတယ်ဗျာ………
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ………နေခရမ်း
မူရင်း ။       ။  နေခရမ်း(ထူးဆန်းထွေလာ)
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၈ )
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများအကြောင်း
ကိုတော့ သက်ဦးဆံပိုင်ဘုရင်စနစ် အကြောင်းတွေကိုပဲ
ဆက်တင်ပေးပါမယ်။ဘုရင်စနစ်တွေ အာဏာရှင်စနစ်တွေ
ဟာအုပ်ချုပ်သူလူတန်းစား၏ စိတ်ထားပ်ါမူတည်ပြီး ပြည်သူ
အပေါ်အကျိုးသက်ရောက်မှုကြီးစွာ ဖြစ်ပေါ်ပါတယ်။အခု
ဒီအဖြစ်အပျက်လေးဟာ အုပ်ချုပ်သူတစ်ယောက်၏ ညှာတာ
မဲ့သော တရားစီရင်မှုနှင့် ရက်စက်တဲ့ အပြုအမူကြောင့်
ခံလိုက်ရသူအတွက်ကတော့ ရင်နာစရာပါ……
၁၇၈၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရစ်တနီနယ် က
မာရီအော်ဂတ်စတင်း ဆိုတဲ့ မားကွစ်( အမတ် ) ပီလဲယားဟာ
နိုင်ငံတော်အကျဉ်းသားအဖြစ် သတ်မှတ်ပြစ်ဒဏ်ချခြင်းခံခဲ့
မာရီအန်တွိုင်းနက် ဆိုသည့်တော်ဝင်မျိုးနွယ်အမျိုးသမီး
တစ်ယောက်က ပြင်သစ်ပြဇာတ်တစ်ခုကိုသွားကြည့်ပါတယ်။
သူမ က ပြဇာတ်ကြည့်ဖို့ တော်ဝင်ထိုင်ခုံ မှာထိုင်ခါနီးတွင်
ပီလဲယားက လေချွန်လိုက်တယ်ဆိုပြီး စွပ်စွဲကာ တရားစွဲခြင်း
ခံရပါတယ်။
တရားမျှတပုံကတော့ ဖမ်းဆီးသည့်အမိန့် စာမှာလည်း အလွတ်
တစ်ခုဖြစ်ပြီး ဘုရင်လူဝီ ၁၆ ၏လက်မှတ်နှင့် အဖမ်းခံလိုက်ရတာပါ။
ထိုအချိန်က အသက် ၂၂ နှစ်သာ ရှိသေးတဲ့သူဟာ တင်ပယ်လ်
အကျဉ်းထောင်မှာ ပြစ်မှုကြီးမားလွန်းလှသဖြင့် တိုက်ပိတ်အကျဉ်းချ
ပို့ ဆောင်လိုက်ပြန်ပါတယ်။
အဲဒီနောက် ပြင်သစ်တော်လှန်ရေးကြီးဖြစ်ပွားပြီး ဘုရင်နှင့်မိဖုရား
ကွပ်မျက်ခံရပါတယ်။ ဒါပေမယ့်မြေအောက်အကျဉ်းတိုက်ထဲမှ
ကိုပြန်မစစ်ဆေးခင် ၂၄ နှစ်လုံးလုံး ဆက်ပြီးအကျဉ်းချခံခဲ့ရပါတယ်။
၁၈၁၄ ခု နပိုလီယံ ပြုတ်ကျပြီးနောက်တက်လာတဲ့ တော်ဝင်တရား
စီရင်ရေးအကြီးအကဲ က အမှုတွဲဟောင်းတွေကိုပြန်ကြည့်တဲ့အခါမှာ
တရားရေးမဏ္ဍိုင်ကို စောင့်ထိမ်းတဲ့ အမှန်တရားဘက်တော်သား
ပြုခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးသူ ပီလဲယားတစ်ယောက်ကိုလွှတ်
ပေးခါနီးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နပိုလီယံဟာအယ်လ်ဘာကျွန်း
ကနေလွတ်မြောက်ပြီး ပြင်သစ်ကိုပြန်လာကာ တိုင်းပြည်မှာပြန်ပြီး
မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။
အဲဒီအကျိုးဆက်ကတော့ သနားစရာအကျဉ်းသားကြီးကို မလွှတ်
ပေးဖြစ်ဘဲ ထပ်ပြီးမေ့လျော့သွားကြပါတယ်။၁၈၃၆ အထိ
လွတ်မြောက်ဖို့ လမ်းမမြင်ခဲ့ပါ။ အဲဒီအချိန်မှာ သူ့ ကိုလေချွန်တယ်
ဆိုပြီး ဆက်ဆက်ထိမခံဖြစ်ကာ တရားစွဲထောင်ချခဲ့တဲ့
မာရီအန်တွိုင်းနက်တစ်ယောက် သေဆုံးခဲ့တာ ၄၃ နှစ်ကြာခဲ့ပါပြီ။
နောက်ဆုံး အသက် ၇၂ နှစ်ရှိနေပြီဖြစ်တဲ့ သနားစရာအကျဉ်းသား
သူပိုင်ဆိုင်တဲ့ မြေယာအဆောက်အဦပစ္စည်းအားလုံးကို အချိန်
နှောင်းမှသူ့ ထံပြန်ပေးစေခဲ့ပါတယ်။ထောင်ထဲမှာ နှစ် ၅၀ ကြာခဲ့
ပါတယ်။
ဒီအဖြစ်အပျက်မှာ အပြစ်မရှိအပြစ်ရှာတဲ့ သူကို အပြစ်တင်ရမှာ
ကိုအပြစ်တင်ရမှာလား ။ဒါမှမဟုတ်ရင်နောက်ဆုံး ကံဆိုးလွန်းတဲ့
မတွေးတတ်တော့ပါဘူးဗျာ။
ဒါမျိုးအဖြစ်အပျက်တွေဆိုတာ ရှိတတ်ကြပါတယ်။ဒီလိုကံဆိုးမှု
နဲ့  အနိုင်အထက်ပြုခြင်းများကိုမည်သူမှမခံစားရပါစေနှင့်ဟု
ဆုတောင်းရင်း……
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၀ )
ဒီတစ်ပတ် သူငယ်ချင်းတို့ ကိုတင်ပြချင်တာက
ကမ္ဘာ့ သမိုင်းမှာတိုင်းပြည်ကို အမှန်တကယ်ရောင်းစားခဲ့တဲ့
အကြောင်းပါ။တကယ်ကို တိုင်းပြည်ကြီး အင်ပါယာကြီးတစ်ခု
လုံးကို ငွေကြေးနဲ့တန်ဖိုးဖြတ် ရောင်းခဲ့တဲ့အဖြစ်ပါ။
အေဒီ ၁၉၃ ခု ရောမနိုင်ငံတော်ကြီးမှာ ပါတီနက် ( Pertinax )
သေဆုံးပြီးနောက် တန်ခိုးသြဇာကြီးလှသော ပရေတိုရီးယန်းဂဒ်
က ရောမကမ္ဘာကြီးကို လေလံတင်ရောင်း ချဖို့ အဆိုပြုတင်ပြခဲ့
ပါတယ်။ဒါကြောင့်လည်း အလွန်ကိုချမ်းသာလှတဲ့ ရောမကုန်သည်
ကြီး ဒီဒီးယပ်စ် ဆဲလ်ဗီးယပ်စ်ဂျူလီယားနပ်စ်မားကကပ်စ် က
အခြားသူတွေထက် ဈေးပိုပေးပြီးဝယ်လိုက်ပါတယ်။
တန်ကြေးက ဒေါ်လာငါးသန်းဖိုးနဲ့ ညီမျှတဲ့ရွှေတွေ ပေးပြီး ဝယ်ခဲ့တာ
ပါ။အေဒီ ၁၉၃ ခု မတ်လ ၂၈ ရက်နေ့ မှာပါ။
ရောမဆီးနိတ်လွှတ်တော်ကလည်း ဒီဒီးယပ်စ် ရဲ့သြဇာကိုနာခံပါ့မည်ဟု
ဂတိသစ္စာပြုခဲ့ကြပါတယ်။
ဒီသတင်းကို ဗြိတိန်နိုင်ငံမှာ ရောက်ရှိစခန်းချနေတဲ့ ရောမစစ်တပ်မှ
စစ်သားများဟာ အလွန်ကိုမခံမရပ်နိုင်အောင်ဖြစ်ရပါတယ်။
ရှက်ဖွယ်ကောင်းတဲ့ နိုင်ငံတော်ရောင်းစားမှုကို ကြားသိရပြီး
ဒေါသထွက်ကာ ရောမစစ်ဗိုလ်ချုပ် ဆက်ပ်တီးမတ်စ် ဆီးဗီးရပ်စ်သည်
ရောမကိုပြန်လာကာ နိုင်ငံကိုသိမ်းပိုက်လိုက်ပါတယ်။
ဒီဒီးယပ်စ် ကို ဖမ်းဆီးထောင်ချကာ ၁၉၃ ခု ဇွန်လ ၂ ရက်နေ့မှာ သတ်ပစ်
လိုက်ပါတယ်။အဲဒီအချိန်မှ စကာ နိုင်ငံကို ဗိုလ်ချုပ် ဆီဗီးရပ်စ် မှအုပ်ချုပ်
ခဲ့ပါတယ်။
သြော် ရောင်းစားစရာ ရှားလို့တိုင်းပြည်ကိုရောင်းစားရသလား။
ဝယ်တဲ့လူကလည်း မ၀ယ်သင့်တာ ၀ယ်မိတော့ အသတ်ခံရတယ်နော်။
ဒီအကြောင်းလေးကို တိုင်းပြည်ရဲ့သယံဇာတတွေကို ရောင်းစားတဲ့
ဟိုလူတွေကို ဖတ်မိရင် ဒုက္ခ ဗျ။ သြော် ရောမမှာပြောပါတယ်နော်…ဟဲ
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ……………   နေခရမ်း
မူရင်း ။ ။ နေခရမ်း( ထူးဆန်းထွေလာ )
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ( ၉ )
ဒီတစ်ခါလည်း လွဲချော်သွားတဲ့ ဥပဒေစီရင်မှုအကြောင်းများကို
ဆက်လက်တင်ပေးပါမယ်။တရားမမျှတသော စီရင်မှုများဟာ
ခံရသူအတွက်ကတော့ ရင်နာစရာပါ။
အတွက် သေဒဏ်ချလိုက်ပါတယ်။ လူသတ်မှုသေဒဏ်ဆိုတော့
မထူးဆန်းပါဘူး။ဒါပေမယ့် နောက်ပိုင်းအယူခံရ ပြီးပြစ်ဒဏ်လျော့
ကာ တစ်သတ်တစ်ကျွန်းဖြစ်သွားပါတယ်။ဒါကြောင့် သူ့ ကို
ပြင်သစ်လက်အောက်ခံ ဂူရီယားနား မှာအကျဉ်းချထားခဲ့ပါတယ်။
သူဟာ ၂၁ နှစ်လုံးလုံးတိုက်ပိတ်အကျဉ်းချထားခံခဲ့ရပါတယ်။
၁၈၆၀ ခုနှစ်မှာတော့ ဘုရင်မင်းမြတ်အမိန့်  န့ဲအမှုကိုပြန်လည်စစ်
စစ်ပြီးပြီးချင်း ဟူးဗတ်ကို အပြစ်မရှိဘူးဆိုကာ တရားသေလွှတ်လိုက်ပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ ဟူးဗတ် လူသတ်ခဲ့တာ တခြားသူမဟုတ်
ပဲ သူကိုယ်တိုင်ပါပဲ။အရှင်းဆုံးပြောရရင် ကိုယ့်ကိုကိုယ် သေကြောင်း
ကြံသလိုပေါ့ဗျာ။
စဉ်းစားကြည့်တော့ လူသတ်တယ်ဆိုပြီး အပြင်းဆုံးအပြစ်ဒဏ်ချတယ်ဆို
ရင် သူသတ်တဲ့သူက မသေဘူးလေ။မသေလို့ ထောင်ကျခံနေတာ
မဟုတ်လား။ ရေးရတာတောင်ရှုပ်လာပါပြီ။
သေကြောင်းကြံလို့ ပြစ်မှုမြောက်တယ်ဆိုရင်လည်း ပြစ်ဒဏ်က သေဒဏ်
မဖြစ်သင့်ဘူးလေ။ သေကြောင်းကြံတဲ့လူ မသေလို့ ထပ်ပြီးသေအောင်
သေဒဏ်ပေးသလို ဖြစ်မနေဘူးလား။တော်သေးတာပေါ့ ။သေဒဏ်ကလွတ်
ဥပဒေမှာပြထမ်းထားသလို သေကြောင်းကြံတယ်လို့ မယူပဲ လူသတ်တယ်လို့ 
ဆွဲယူကာ စာအုပ်ကြီးအတိုင်းတိတိကျကျ ဆုံးဖြတ်လိုက်တာပါ။
နောက်ထပ် ဂျာမန်က ပြဇာတ်မင်းသမီးအကြောင်းတင်ပြချင်ပါတယ်။
မရီယန်ပါကား ( ၁၇၁၇ - ၁၇၈၃ )ထူးချွန်ကျော်ကြားတဲ့ပြဇာတ်မင်းသမီးတစ်ယောက်
ဟုတ်တော့လည်းဟုတ်ပါတယ်။လူမသိအောင်လုပ်ပါတယ် ဆိုတာ သူကလျောက်
ခံရတဲ့ သူတွေကပဲ ပြစ်ဒဏ်ခံရတာပါလားလို့  နေခရမ်း ကတော့ တရားရမိပါတယ်ဗျာ။
မူရင်း ။     ။နေခရမ်း( ထူးဆန်းထွေလာ )
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၆ )
ဒီတစ်ခေါက်သူငယ်ချင်းတို့ ကို တင်ပြချင်တာက
ဆန့် ကျင်ဘက်ဘဝနှစ်ခုကို ပျော်ပိုက်နေသူ
တစ်ယောက်အကြောင်းပါ။
သူကတော့ ၁၈၂၁ မှ ၁၈၃၇ အထိ အိန္ဒိယပြည် ကိုလာပူ
ပြည်နယ်ကို အုပ်ချုပ်စိုးစံသွားတဲ့ မဟာရာဂျာစော်ဘွား
ကြီး ရှားဟာဂျီ ဘာဗေဆာဟစ် ဖြစ်ပါတယ်။သူဟာ
နေ့ ဘက်မှာတော့ ခန့် ညားထည်ဝါပြီး ဂုဏ်သရေရှိတဲ့
ဘုရင်တစ်ပါးပေါ့ ။ ညဘက်ရောက်သွားရင်တော့ လုံးဝ
ဆန့် ကျင်ဘက် သူခိုး ဓားပြတစ်ယောက်ဖြစ်သွားပါတယ်။
အတွင်းမှာ တည်ရှိပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်
၃၂၁၇ ရှိပါတယ်။ ဘုရင်ကြီးဟာ သူခိုးဓားပြ အလုပ်ကို ဝါသနာ
ဗီဇ အရလုပ်တာ မဟုတ်ပဲ တကယ်ကို စီးပွားဖြစ်လုပ်တာပါ။
သူဟာ ညစဉ်တိုင်း ဓားပြတစ်ယောက်အဖြစ် ရုပ်ဖျက်ကာ
သတ်လိုဖျက်လိုစိတ်ပျင်းပြ နေတဲ့ ဓားပြဂိုဏ်းတစ်ခုကိုဦးဆောင်
ပါတယ်။ သူ့ နိုင်ငံအတွင်းက တိုင်းသူပြည်သားများ၏ ပစ္စည်းများ
ကိုလုယက် ယူငင်စေပါတယ်။ မကြာမကြာ နိုင်ငံတော့်ဘဏ္ဍာတိုက်
ကိုတောင်မရှောင်ပဲ ဝင်တိုက် ဝင်ခိုးပါတယ်။ ဘဏ္ဍာတိုက်ထဲမှာ
ရှိတဲ့ ငွေတွေရော သရဖူနဲ့ နန်းစဉ်ရတနာတွေကိုပါ ယူပါတယ်။
ကိုယ့်ပစ္စည်း ကိုယ်ပြန်ဓားပြတိုက်တာ ရူးတယ်လို့ မထင်လိုက်ပါ
နဲ့။ သူ့ အကြံက ကြောက်ဖို့ ကောင်းပါတယ်။ အဲဒီနန်းစဉ်ရတနာ
တွေဟာ ဝေးကွာတဲ့  အရပ်တွေက အပေါင်ဆိုင်တွေဆီ သူက
သွားပေါင်ခိုင်းပါတယ်။ အစိုးရက အဲဒီအပေါင်ဆိုင်တွေဆီကပြန်
ပြီး နိုင်ငံတော်ကုန်ကျစရိတ်ဖြင့် ရွေးယူခြင်း သိမ်းယူခြင်းပြုရပါတယ်။
ကဲမပိုင်ဘူးလား။ ဒါတောင်ဘုရင်ကြီးက လူဆိုးဓားပြတွေကို ဥပဒေ
တွေထုတ်ပြန်ပြီး သူတော်ကောင်းဟန်ဆောင်ပါသေးတယ်။
ဓားပြတွေကို ဖမ်းမိရင် ဆုတော်ငွေများပေးသနားမယ်လို့  ကြေငြာ
ပါသေးတယ်။ဘယ်လိုလုပ်မိပါ့မလဲ။ မိရင်လည်းလက်ခွဲအသေးလေး
တွေနဲ့ အပြိုင်လုပ်တဲ့ဓားပြတွေပဲမိမှာပေါ့ ။
ဒီအကြောင်းရေးရတာတောင် ကျောချမ်းပါတယ်။တော်ကြာသူတို့ 
ကိုစောင်းရေးတယ်ဆိုမှ ဒုက္ခနော်…
ကျွန်တော်ဒီအကြောင်းလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဖတ်တုံးက
ဒီမဟာရာဂျာကြီးကို ပြည်သူတွေအပေါ်လုပ်ရက်တယ် ဆုပြီး
တော်တော်မုန်းတီးမိဖူးပါတယ်။ အခုအချိန်ပြန်ဖတ်မိတော့
ဒီမဟာရာဂျာ ကြီးကို တော်တော်သနားမိပါတယ်။
သူမို့ လို့  ဒုက္ခခံပြီးဓားပြ ထွက်တိုက်နေရသေးတယ်။
အခုခေတ်ဆိုရင် အပြင်ထွက်စရာ မလိုပဲ စားပွဲမှာထိုင်နေယုံနဲ့
ပြည်သူ့ ငွေတွေရော နိုင်ငံတော်ဘဏ္ဍာတွေကိုရော……………
သြော်…သူတို့ ဆီမှာများ ပြောပါတယ်
ဘ၀ဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများ ( ၅ )
ဒီတစ်ခါ သူငယ်ချင်းတို့ ကိုထူးထူးခြားခြား
အစွဲအလန်း ကြီးသူတွေ အကြောင်းကို
စုစည်းတင်ပြပေးပါမယ် ။
ဆွီဒင်နိုင်ငံ မှာ အူးလ်ရစ်ဒေါရဲတိုက် ဆိုတာရှိပါတယ်။
ဒီရဲတိုက်ကို ဆွီဒင်ဘုရင် တစ်ဆယ့်တစ်ဆက်မြောက်
ချားလ်စ် ကဝယ်ယူခဲ့ပါတယ်။ ဒီရဲတိုက်၏ အရင်ပိုင်ရှင်
အဆက်ဆက် အသက်ရှည်ရှည်နေထိုင်ခဲ့ကြပါတယ်။
အူးရစ်အတွက်ရည်ရွယ်  ပြီးဝယ်ယူခဲ့တာပါ ။
ဒီရဲတိုက်မှာ နေထိုင်ရင် သူ့ သားတော်လေး အသက်
ရှည်မှာသေချာတယ် လို့ ယုံကြည်ခဲ့ပါတယ် ။
ဒါပေမယ့် မင်းသားလေးကတော့ အသက်တစ်နှစ်အရွယ်
မှာ သေဆုံးခဲ့ပါတယ် ။
ဖခင်တစ်ယောက်၏ မေတ္တာနှင့် မည်သို့ ပင်ကြိုးစားခဲ့ပေ
မယ့် သေခြင်းတရားကတော့ အစဉ်အလာတွေ ကိုဂရု
မစိုက်ပါဘူး ။ အရင်ပိုင်ရှင်အဆက်ဆက် အသက်ရှည်ခဲ့
ပေမယ့် ဒီရဲတိုက်ကတော့ လူ၏သေခြင်း ရှင်ခြင်းနဲ့မသက်
ဆိုင်ခဲ့ပါဘူး ။နောက်တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ
၏ ဧကရာဇ်ဘုရင် ဖြစ်သူ လူးဝစ္စ်လီ ဒီဗွန်နဲယား(၇၇၈-၈၄၀)
မှောင်မဲသွားပြီး နေ့ ခင်းကြီးမှာ ကောင်းကင်မှာ ကြယ်လေးတွေ
အမှန်ကတော့ နေကြတ်တာပါ။
အသိအမြင်နည်းခဲ့လို့ သေဆုံးမှုပါ။ ဘုရင်ဖြစ်ပြီး ဒီလောက်ကြောက်
တက်တာတော့ နည်းနည်းလွန်တာပေါ့………
နောက်အခန်းများတွင်လည်း စိတ်ဝင်စားစရာကောင်းတာလေးတွေ
ကို ရှာဖွေ တင်ပေးပါအုံးမည်……………
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း
မူရင်း ။      ။နေခရမ်း( ထူးဆန်းထွေလာ )
ထူးထူးခြားခြားခေါင်းနှစ်လုံးသတ္တ၀ါများ
အဲရစ်ဇိုးနား ပြည်နယ်က ကြောင်လေးတစ်ကောင်ဖြစ်ပါသည် ။ အောက်ပါပုံ မီးခိုးရောင်နှင့် ကြောင်ကလေးသည် ပါးစပ်နှစ်ခု နှစ်ခေါင်း နှစ်ခု နှင့် မျက်လုံးသုံးလုံးတို
့ပါရှိပြီးနောက် ၄င်းမျက်နှာဟာ နှစ်ဖက်ဖြစ်နေပါသည် ။ ထိုအချက်များနှင့်တင်ရှားသည်မဟုတ် ၄င်းသည် ကမ္ဘာပေါ်တွင်
အသက်အကြီးဆုံးကြောင်တစ်ကောင်လဲဖြစ်ပါသည် ။ယခုဆို ၄င်းအသက်သည် 12 နှစ်ရှိပြီဖြစ်ပါသည်။ ထိုကြောင်လေးနာမည်ကတော့ နှစ်မျိုးပေးထားပါသည
Frank and Louie a gray် ဟုပေးထားကြောင်း သိရပါသည် ။
အထက်ပါပုံမှ နွားပေါက်လေးသည်မွေးရာခေါင်းနှစ်လုံးနှင့်ပုံတွင်မြင်ရသည့်အတိုင်းဖြစ်ပါသည်။
ယခုလိုဖြစ်နေတာထိုဒေသနယ်ပယ်
မှလူများကအလွန်အမင်းအံ့သြသင့်ကာမွေးခါစကဆိုလျှင် လာရောက်ကြည့်ရှု သူများအ
အထက်ပါပုံမှ အမြှီးတိုအိမ်မြှောင်လေးများဖြစ်ပါသည် ၄င်းတို့ သည်လဲ ဦးခေါင်းနှစ်ခုပါရှိပြီး ကိုယ်ထည် တစ်ခုဖြင့်သာ အသက်ရှင်နေထိုင်ပါသည် ။ ထိုအိမ်မြှောင်
လေး က Henley Brook in Perth, Australia တွေ့ ခဲ့ရခြင်းဖြစ်ပါသည် ။
ပုံတွင်မြင်တွေ နေရသည့် အပန်းရောင်နှင့် နို့ နစ်ရောင်ရောထားတဲ့ မြွေလေးနှစ်ကောင်ကတော့ တကယ့်ကိုတွေ့ ရခဲပါတယ် ဒါပေမယ့် အရုပ်တွေ အဖြစ်နဲ့ ကလေး
တွေကစားတာတော့ တွေ့ဖူးကြမယ်ထင်ပါတယ်အဲတာကို တွေ့ပြီးဒါကို အရုပ်လို့ တော့မထင်လိုက်ပါနဲ့ နော် ဒါလေးက တကယ့်အစစ်မြွေလေးဖြစ်ပါသည် ။ လေ့
လာတွေ့ ရှိသူများ၏ပြောပြချက်အရ ထိုမြွေမျိုးများသည် တွေ့ ရခဲကာ ၄င်းကိုဖမ်းမိစဉ်တွင် ၄င်းအသက် သည် 20 ကျော်ရှိပြီဖြစ်ကြောင်းအခြားအဆိပ်ပြင်းသောြေ
မွများထက် ကြောက်စရာကောင်းမွန်ကြောင်း နှင့်ရိုင်းစိုင်းသော မြွေတစ်ကောင်ဖြစ်ကြောင်းသိရပါသည် ။ ယခုလို ခေါင်းနှစ်လုံးနှင့် တွေ့ရသည့်အတွက် ကျွှန်တော်
တော့ တကယ်ပဲ အံ့သြမိကြောင်းသိရပါသည် ။အထက်မှ လိပ်လေးကတော့ နှစ်ကောင်ပူး နေတဲ့လိပ်လေးတစ်ကောင်တည်းဖြစ်ပါသည် အရောင်အသွေးကလဲ
အင်မတန်လှပသလို ခေါင်းကလဲ သာမာန် လိပ်လေးများထက် အနည်းငယ်လေးကြီးနေကာ ဘယ်လိုအမျိုးစိတ်လဲဆိုတာ သုသေတန ပြုချက်များအရ မှန်းရခက်ေ
နပြီးတကယ့်ကို လှပပေမယ့် ရုပ်ဆိုးတဲ့လိပ်ကလေးပါပဲဗျာ...။
ဘ၀ဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများ ( ၄ )
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှပြကွက်ဆန်းများ နဲ့ပတ်သက်
ပြီးတော့ အမျိုးသမီးတွေနှင့်သက်ဆိုင်တဲ့အကြောင်းအရာများ
ကိုတင်ပေးပါမယ် ။
၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ တတိယမြောက်
ကွန်ရက်ဘုရင်ကြီး ဟာ  ဂျာမနီနိုင်ငံ ဝိုင်းစဘတ်မြို့  ကိုသိမ်းပိုက်
နိုင်ခဲ့ပါတယ် ။ သိမ်းပြီးတဲ့အခါ ဘုရင်ကြီးက '' မြို့  တွင်းရှိ အမျိုး
သည်။ ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်
အရာကိုမဆို သယ်ဆောင်သွားနိုင်သည်…'' လို့ အမိန့် ချခဲ့ပါ
တယ်။ ထိုအခါအမျိုးသမီးများက သူတို့ တနိုင် သယ်ရမယ့်အရာ
တွေကို မနိုင်မနင်း ဖြင့် မရရအောင် ထမ်းပိုးသယ်ဆောင်သွား
ကြပါတယ်။ သူတို့ သယ်သွားတာက ရွှေတွေ ငွေတွေ အဝတ်
အထည်တွေ မဟုတ်ပဲ သူတို့ ၏ယောကျာ်းများကို မနိုင်မနင်း
ချီပိုးသယ်ဆောင်သွားကြပါတယ်ခင်ဗျာ ။
 သူတို့ အတွက် ခင်ပွန်းသည် ယောကျာ်းများက ရွှေ ငွေ ထက်
တန်ဖိုးကြီးတာပေါ့ ……ကျွန်တော်တစ်ခုစဉ်းစားမိတာက
ကျွန်တော်လို လူမျိုးတွေကတော့ ကံဆိုးမှာပဲနော်။ ကိုယ့်ကို
သယ်မယ့်သူမရှိရင် ကျန်နေခဲ့မှာ…… :) :) :')
ဆက်လက်ပြီးတင်ပြချင်တာ က အစ်စ်ဘဲလားဆိုတဲ့ အမျိုးသမီး
ဘဝပါ ။ ၁၂၀၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့ မှာ အင်ဂိုလိန်း
လက်ထပ်ပွဲမှာ အင်္ဂလန်ပြည့်ရှင် ဘုရင်ကြီးဂျွန် ကိုလည်း ဖိတ်
ကြားပါတယ်။ အဲဒီလို ဖိတ်ကြာခဲ့လို့ လည်း အစ်စ်ဘဲလား ကို
ဘုရင်ကြီးကိုယ်တိုင် သိမ်းပိုက်လက်ထပ်ယူလိုက်ပါတယ် ။
နောက် ၁၆ နှစ်အကြာ ဘုရင်ကြီးနတ်ရွာစံ တော့မှ အစ်စ်ဘဲလား
ဟာ ဟုဂ်နဲ့ ပြန်ပြီးလက်ထပ်နိုင်ခဲ့ပါတယ် ။
ကံကောင်းတာလား ပြောရခက်ပေမယ့် နောက်ဆုံးအရင်လူနဲ့
ပြန်လည်ဆုံစည်း ခွင့်ရတာကိုတော့ ဝမ်းသာမိပါတယ် ။
သူငယ်ချင်းတို့ လည်း ချစ်သောသူနှင့် အမြန်ဆုံးပေါင်းဖက်
နိုင်ကြပါစေလို့  ဆုတောင်းပေးပါတယ် ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း
မူရင်း ။      ။ နေခရမ်း(ထူးဆန်းထွေလာ)
လက်ရာမြောက်လှသောသိုးမွေးဒီဇိုင်းများ
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၅)
လူဘ၀ ဇာတ်ခုံတစ်လျှောက် ကြုံတွေ့ရတတ်တဲ့ သင်ခန်းစာယူစရာ၊
ဗဟုသုတ ဖြစ်စရာ အဖြစ်လေးတွေကို ဆက်လက်တင်ပေးပါအုံးမည်။
ဒီတစ်ခါတင်ပြမည့် အကြောင်းအရာလေးကတော့ သက်ဦးဆံပိုင် ဘုရင်
ဖြစ်နေသော်လည်း အနီးရှိ မြှောက်ပင့်တတ်တဲ့ အမတ်များကို ပညာပေးတဲ့
ဘုရင်တစ်ယောက်အကြောင်းပါ။
ဒိန်းမတ်ပြည့်ရှင် ကနွတ်ဘုရင်သည် ခရစ်နှစ် ၉၉၅ မှ ၁၀၃၅ ခုနှစ်အတွင်း
ပေါ်ပေါက်ခဲ့သောမင်းတစ်ပါး ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကပင် ဖခင်ဘုရင်
ကြီးနှင့်အတူ အင်္ဂလန်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သူပါ။ ၁၀၁၄ တွင်
ဖခင်သေဆုံးချိန်တွင် ထီးနန်းဆက်ခံကာ အင်္ဂလန်ပြည်ကို ဆက်လက်တိုက်
ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၁၀၁၆ တွင် အင်္ဂလန်တစ်ပြည်လုံးအား သိမ်းပိုက်ကာ
အုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ဒိန်းမတ် နှင့် အင်္ဂလန်နိုင်ငံ သာမကပဲ နော်ဝေးနိုင်ငံ
ထီးနန်းကိုလည်း ၁၀၂၈ တွင် ရရှိခဲ့ပါတယ်။
အလွန်တန်ခိုးထက်တဲ့ မင်းတစ်ပါးပေါ့။ သူသည် တိုင်းပြည်များကို တရားမျှတ
စွာဖြင့်အုပ်ချုပ်ပြီး ခိုင်မာတဲ့ဥပဒေများ ကိုလည်း ပြဌာန်းခဲ့ပါတယ်။သိမ်းပိုက်ထား
တဲ့ တိုင်းပြည်များကို တရားမျှတစွာဖြင့် အုပ်ချုပ်သဖြင့် တည်ငြိမ်အေးချမ်းခဲ့ပါတယ်။
ဒီလို တန်ခိုးထက်တဲ့ ဘုရင်ဆိုတော့ အနီးမှာ မြှောက်ပင့် ပြီး ဖားနေတတ်တဲ့ အမတ်
များကလည်း များပါတယ်။ ဒီအမတ်များက ဘုရင်ဘုန်းကြီးကြောင်း ၊ မည်သည့်
အရာ လုပ်လုပ် ဘုန်းတန်ခိုးကြောင့် အလိုလို ပြည့်စွမ်းနိုင်ကြောင်း လျှောက်တင်
ပြောဆိုကြပါတယ်။
ဒါပေမယ့် ကနွတ်ဘုရင်ဟာ အမှန်တရားကို သိပြီး လူတွေအကြောင်း နားလည်နေ
သူသာဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နေ့ ပင်လယ်ကမ်းစပ်တွင် ခုံတစ်လုံးဖြင့်
ထိုင်နေကာ တဖြည်းဖြည်း တတ်လာနေသော ဒီရေ ကို မတတ်လာရန် လက်ညှိုးထိုးကာ
အမိန့်ပေးနေပါတယ်။ ဒီရေကတော့ တတ်မြဲတတ်ကာ ကနွတ်ဘုရင်၏ ခြေထောက်ကို
ပင် မြှုပ်လာပါပြီ။
ထိုတော့မှ အနီးရှိ အခြွေအရံများဘက် လှည့်ကာ “ဘုရင့် အာဏာဟူသည် မည်သို့မျှ
အဖိုးမတန် ၊ ဘုရင့် ဘုန်းတန်ခိုးကြောင့် မည်သည် အရာမဆို ဖြစ်နိုင်ကြောင်း လျှောက်
ထားသူများသည် မိုက်မဲစွာ မြှောက်ပင့်နေသူများ ဖြစ်တယ်” ဟု ပြောလိုက်ပါတယ်။
ကိုယ်တိုင် ဧကရာဇ်ဘုရင်ဖြစ်နေသော်လည်း မိုက်မဲစွာ မြှောက်ပင့်နေသူ များ၏
စကားကို မသာယာပဲ အရှိကို အရှိအတိုင်း နားလည်လက်ခံတတ်တဲ့ သူ၏ စိတ်ဓာတ်
ဟာ ချီးကျူးစရာပါ။ ရှိပေမယ့် ရှားတယ်လို့ ပြောရမည့် လူစားပေါ့။
ဒီတစ်ခါတော့ လှည့်ပတ်မြှောက်ပင့် တဲ့ အမတ်အကြောင်းမဟုတ်ပဲ အမှန်ကို အချက်ကျကျ
ထောက်ပြတတ်တဲ့ အမတ်တစ်ယောက်အကြောင်း တင်ပြချင်ပါသေးတယ်။
လူဝီ ၁၄ ဘုရင်ကြီး
လူဝီ ၁၄ ဘုရင်ကြီးဟာ အန်စာကစားဘက် တစ်ဦးနှင့် ကစားရင်း ငြင်းခုန်နေကြပါတယ်။
အနားမှ နန်းတွင်းသူ ၊ နန်းတွင်းသား များကတော့ မည်သို့မှ ၀င်မပြောပဲ ငြိမ်နေကြ
ပါတယ်။ ထိုအချိန် ပညာရှိအမတ် ဒီဂရန်မွန် ဟာ အခန်းထဲ ၀င်လာပါတယ်။
ဘုရင်ကြီးလည်းမြင်တာနဲ့ ၀မ်းသာအားရ အမတ်ကြီးကို လှန်းမေးလိုက်တယ်။
“ဒီဂရန်မွန်ရေ… ဒီကိစ္စ ဘယ်သူမှန်လဲ ၊ ဘယ်သူမှားလဲ လျှောက်တင်စမ်းကွာ”
လို့ဆိုလိုက်ပါတယ်။ ဒီတော့ ဒီဂရန်မွန်က အန်စာပွဲကို မကြည့်ပဲ ချက်ချင်းပဲ
“အရှင်မင်းကြီး မှားနေပါတယ်” ဟု လျှောက်လိုက်ပါတယ်။
ဒီတော့ ဘုရင်ကြီး ဒေါပွပြီပေါ့။ ဘာမှ မကြည့် ၊ မစဉ်းစားပဲ၊ သူ့ကိုမှားတယ်ပြောတော့
စိတ်ဆိုးပြီး ပြောလိုက်ပါတယ်။
“နေပါဦး၊ ပညာရှိကြီးရဲ့။ ဘာတွေဖြစ်ပြီး ငြင်းခုန်နေကြတယ်ဆိုတာ မမေးမြန်း
မစုံစမ်းတော့ဘူးလားဟ” ဟု ဆိုလိုက်ပါတယ်။ထိုတော့မှ အမတ်ကြီးက
“အရှင်မင်းကြီးကသာ မှန်နေရင် အနားမှာ ရှိတဲ့ နန်းတွင်းသားတွေက
သဲသဲလှုပ် ဆူညံနေအောင် ထောက်ခံနေကြမှာ သေချာပါတယ်” ဟုဆိုလိုက်ပါတယ်။
ဒါလည်း မှန်တာပဲနော်။ ဘုရင် မှန်ရင်သာ အားပေးထောက်ခံတတ်ပြီး ၊ မှားနေတာ
ကြတော့ မသိချင်ယောင်ဆောင် ငြိမ်နေတတ်ကြတာ သဘာဝလိုပါပဲ။
မှားနေတာကို မထောက်ခံတာ တော်သေးတယ်လို့ ဆိုရပါမယ်။ တစ်ချို့က မှား
နေမှန်းသိသိကြီးကို ဖုံးကွယ်ကာ မှန်ကြောင်းလျှောက်တင်တတ်ကြပါသေးတယ်။
မြန်မာရာဇ၀င်မှာ လည်း ဒီဂရန်မွန်ကဲ့သို့ အမတ်ကောင်းများများစွာ ပေါ်ပေါက်ခဲ့ပါတယ်။
ယောအတွင်းဝန် ဦးဘိုးလှိုင် ၊ ပခန်းမင်းကြီး ဦးရန်ဝေးတို့ စသည်ဖြင့် စံတင်လောက်
သည့် အဖြစ်အပျက်များရှိပါတယ်။ အမှန်ကို တင်လျှောက်တတ်တဲ့သူတို့အကြောင်း
တိုက်ဆိုင်လျှင် ရေးပါအုံးမည်။ အခုခေတ်လည်း များစွာလိုပါပြီ။ များစွာပေါ်ပေါက်
လာကြပါစေဟု ဆုတောင်းရင်း……..
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၄)
သူငယ်ချင်းတို့ကို ဒီတစ်ခါအပြောင်းအလဲလေးဖြစ်သွားအောင်
စိတ်ထားဖြူစင်ပြီး မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင် ဆရာဝန်တွေ
အကြောင်းတင်ပြချင်ပါတယ်။ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၃) တွင်လည်း ကိုယ့်အသက်
သေမည်ကိုသိရဲ့နဲ့ အသက်စွန့်ကယ်တင်ခဲ့တဲ့ ပထမဆုံးသားဖွား
ဆရာဝန်တစ်ယောက်အကြောင်း တင်ပေးဖူးပါတယ်။
ယခုတင်ပြမယ့် အင်္ဂလန်နိုင်ငံမှ အိုလီဗာဂိုးစမစ် ဟူသည့်ဆေးဆရာ
ဟာငယ်စဉ်တည်းက ဆေးပညာကိုသင်ယူခဲ့သူတစ်ယောက်ပါ။
ဒါပေမယ့်သူဟာ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပြဇာတ်ဆရာအဖြစ်ပါ
ကျော်ကြားလူသိများတဲ့ စွယ်စုံပညာရှင်တစ်ယောက်ပါ။
သူဟာ အနုပညာရှင်ပီသစွာ သနားကြင်နာမှု ၊ ပေးကမ်းရက်ရောမှု
တွေရှိတဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူ့တွင် ပိုလျှံမှုတွေမရှိ
သလောက်ကျပ်တည်းနေတက်ခဲ့ပါတယ်။
တစ်နေ့ သူ့ထံသို့အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမ၏ အမျိုးသား
နေမကောင်းနေပါသဖြ**့လိုက်ကြည့်ပေးရန် ပြောပါသည်။ဂိုးစမစ်လည်း
လိုက်သွားခဲ့ပြီး ကြည့်ပေးလိုက်ပါတယ်။ထိုအိမ်မှာ အတော်စုတ်ချာနေပြီး
တော်တော်ဆင်းရဲနေတယ်ဆိုတာ သူခန့်မှန်းမိပါတယ်။ဂိုးစမစ် လည်း
လူနာအားသေသေချာချာစမ်းသပ် ပေးပြီးမေးမြန်းကာ ရောဂါ၏
အကြောင်းအရင်းကို သိလိုက်ပါတယ်။
ဒါကြောင့်အမျိုးသမီးအား ညနေပိုင်းတွင် သူ့အိမ်သို့ ဓာတ်စာလာယူရန်
မှာကြားပြီး ပြန်ခဲ့ပါတယ်။အိမ်ရောက်မှ လိုအပ်သော ဓာတ်စာကို
သေသေချာချာထုတ်ပိုးပြီး ပြင်ဆင်ထားလိုက်ပါတယ်။
ညနေ အမျိုးသမီးရောက်လာပြီး ဓာတ်စာထုတ်ကိုယူကာ ဆေးဖိုးပေးစရာ
မရှိကြောင်း တောင်းပန်ခဲ့ပါတယ်။ထိုအခါ ဆရာ ဂိုးစမစ် က “ကဲ ၊ မိန်းကလေး
ဆေးညွှန်းအထဲမှာပါပြီးသားပါ။ အိမ်ရောက်မှ ကြည့်။ဆေးဖိုးလည်း ပေးစရာမလိုပါဘူး။
ဒီဓာတ်စာမျိုးလည်း ငါ့မှာတော်တော်နဲ့ ရှိမှာမဟုတ်ဘူးကွ။ချက်ချင်းတော့
ငါ့ဆီ ပြန်လာမနေနဲ့အုံး ” ဟုပြောလိုက်ပါတယ်။
ထိုအမျိုးသမီး အိမ်ပြန်ရောက်ကာ ဓာတ်စာထုတ်ကို ဖွင့်လိုက်ချိန်တွင်
ရွှေဒင်္ဂါးပြား ၅၀ ထွတ်လာပါသည်။နောက်ထပ်စာရွက်တစ်ရွက်မှာတော့
“ခံတွင်းတွေ့မယ့် အစာ ၀ယ်စားပေးပါ။ ရောဂါ ကျိမ်းသေပျောက်မှာပါ” ဟု
ရေးထားပါသည်။
အမှန်တော့ ဆင်းရဲလွန်း၍ အဟာရဖြစ်မယ့်အစားအစာ မစား နိုင်သဖြ**့
အဟာရပြတ်ကာ နေမကောင်းနေတာကို ဂိုးစမစ် စစ်ဆေးခန့်မှန်းမိပြီး
ဆင်းရဲတာကိုလည်းသိနေသဖြ**့ လူနာအတွက်အကောင်းဆုံး ဓာတ်စာကို
ပေးလိုက်ခြင်းဖြစ်ပါသည်။ ဆေးဖိုးမရနိုင်တာကိုလည်း သူသိပြီးသားဖြစ်ပါသည်။
ရလျှင်လည်း ဒီလောက်ရွှေဒင်္ဂါး အပြား၅၀ တော့မရနိုင်ပါ။လူတစ်ဖတ်သား၏
ဘ၀ကို စာနာနားလည် ဖြည့်ဆီးပေးတဲ့ သူရဲ့စိတ်ထားလေးက အမှန်မြတ်နိုးချင်
စရာပါနော်။
သူ့လိုပဲ နောက်ထပ် စိတ်နှလုံးကောင်းတဲ့ ဆရာဝန်တစ်ယောက်ကို တင်ပြပေး
ချင်ပါသေးတယ်။
ဒေါတ်တာ လူးဝစ်မိုရင်း
သူကတော့ ပြင်သစ်ပြည် ၊ ပဲရစ်မြို့မှ ဒေါတ်တာ လူးဝစ်မိုရင်း(Dr.Louis Morin)
(1636 – 1715) ပဲဖြစ်ပါတယ်။သူဟာ ဆင်းရဲသားများအတွက် ဖွင့်ထားတဲ့
ဆေးရုံရဲ့ အကြီးအကဲ တစ်ယောက်ပါ။သူဟာ ချမ်းသာသူတစ်ယောက် မဟုတ်ပဲ
ငွေကြေးကျပ်တည်းနေတက်သူတစ်ယောက်ပါ။ ဒါပေမယ့် ဆေးရုံက သူ့ကို
လစာ ပေးပါတယ်။ အဲဒီ သူရတဲ့လစာငွေတွေ အားလုံးကို ဆေးရုံက ဆင်းရဲ
သားတွေအတွက် ထားတဲ့ အလှူခံသေတ္တာပုံးထဲ ကို အမြဲထည့်တက်ပါတယ်။
ဒီလို လစာငွေတွေ အကုန်လုံးကို ပြန်ပြီး လှူခဲ့တာဟာ (၃၆) နှစ်တိုင်တိုင်
ဖြစ်ပါတယ်။ ကိုကိုယ်တိုင်က ဆင်းရဲပေမယ့် ပရဟိတ အပေါ်ထားတဲ့ သူ့ရဲ့
စိတ်စေတနာနှင့် အကြီးအကဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ကို လေးစားမိ
ပါတယ်။
သူငယ်ချင်းတို့ရေ ဒီတစ်ခေါက် အပိုင်းလေးကတော့ လောကကို တစ်နိုင်တပိုင်
အလှဆင်ခဲ့ကြတဲ့ နှလုံးလှ ဆရာဝန်တွေအကြောင်းတင်ပေးလိုက်ပါတယ်။
နောက်ထပ်အပိုင်းများကြမှ လူ့လောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြား
အဖြစ်အပျက်များကို ဆက်လက်တင်ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ………………….. နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၃)
သူငယ်ချင်းတို့ ၁၈၄၀ ခုနှစ်ခန့်က အီဂျစ်တိုင်းပြည်က အဖြစ်အပျက်
လေးတစ်ခုကို တင်ပြချင်ပါတယ်။
ထိုအချိန်က စစ်မှုထမ်းရတဲ့ ဘဝဟာ အလွန်ကို ခက်ခဲပင်ပန်းဆင်းရဲ
ကြပါတယ်။ ဒါကြောင့်အီဂျစ်လူမျိုးတွေက စစ်မှုမထမ်း စစ်ထဲမဝင်လို
ကြလို့ သူတို့ ရဲ့မျက်လုံးတစ်လုံးကို ထိုးဖောက်ပြီး ကန်းအောင်လုပ်လိုက်
ကြပါတယ်။အင်္ဂါမစုံရင် စစ်မှုမထမ်းရတော့ဘူးပေါ့။
ဒါပေမယ့် အီဂျစ်ဘုရင် မိုဟာမက်အလီက တပ်ရင်းကြီးနှစ်ခု ကိုအသစ်
ဖွဲ့စည်းလိုက်ပါတယ်။ ဒီတပ်နှစ်တပ်မှာ မျက်စိတစ်ဘက် ကန်းနေတဲ့
သူတွေချည်းပဲပါဝင်ဖွဲ့စည်းလိုက်ပါတယ်။ဒီတပ်ရင်းနှစ်ခုဟာ နောင်နှစ်
ပေါင်း ငါးဆယ်ကြာ အောင်ဆက်လက်တည်ရှိခဲ့ပါတယ်။
စစ်ထဲဝင်ရမှာကြောက်လို့ မျက်စိတစ်လုံး ကန်းအောင် လုပ်မိလိုက်တာ
အပိုဖြစ်သွားရှာတာပေါ့နော်။
အခုဆက်လက်တင်ပြချင်တဲ့အကြောင်းလေးက မမျှော်လင့်ပဲတွေ့ရှိချက်
လေးတစ်ခုကြောင့် ရာဇဝတ်ပြစ်ဒဏ်သင့်ပြီး ဒုက္ခရောက်ရမယ့်ဘေးက
ကယ်ဆယ်နိုင်ခဲ့တဲ့အဖြစ်လေးပါ။
မာရီယာ ဖီယိုဒိုရီဝနာ နှင့် တတိယမြာက် အလက်ဇန္ဒား
မာရီယာ ဖီယိုဒိုရီဝနာ ဟာ မမျှော်လင့်ဘဲသူမရဲ့ကြင်ယာတော်
တတိယမြာက် အလက်ဇန္ဒား ရဲ့ အမိန့် စာမှ မှတ်ချက်ကလေး
တစ်ခုကိုတွေ့မြင်လိုက်ရပါတယ်။
အဲဒါကတော့ အမိန့်စာရဲ့အောက်မှာဘုရင့်လက်ရေး
နဲ့ရေးထားတာပါ။ဒါကတော့……
Pardon impossible, to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်မဖြစ်နိုင် | ဆိုက်ဗေးရီးယားသို့ ပို့ ရန်။
ဒီမှတ်ချက်လေးကို မာရီယာ မှ စာသားတွေကိုမပြောင်းလဲဘဲ ပုဒ်ဖြတ်
ကော်မာလေး ကို နေရာရွှေ့လိုက်ပါတယ်။ ဒီအခါ……
Pardon, impossible to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုကိပါ။ ဆိုက်ဗေးရီးယားသို့ ပို့ရန်မဖြစ်နိုင်ပါ။
ဒီလိုပြောင်းလဲမှုကြောင့်ပဲ ရာဇဝတ်ပြစ်ဒဏ်ခံရမယ့် သူတွေဟာလွတ်
မြောက်ခဲ့ကြပါတယ်။
နောက်ထပ်အပိုင်းများကြမှပဲ ထူးခြားတဲ့အဖြစ်အကျက်လေးများကို
ဆက်လက်တင်ပြပေးပါ့မယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……… နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၂)
သူငယ်ချင်းတို့ ကိုဒီတစ်ခါလည်း နားလည်ရခက်တဲ့ အမိန့် အာဏာ
မမျှတမှုတွေအကြောင်းကို တင်ပေးချင်ပါတယ်။ပထမမြောက် နိကိုလပ် ဇာဘုရင်
ရုရှားပြည် ပထမမြောက် နိကိုလပ် ဇာဘုရင်(၁၈၂၅ -၁၈၅၅)
လက်ထက်ကပါ။သူလက်ထက်မှာ သူ၏စစ်သားရဲဘော်အသစ်တွေ
ကို စစ်ရေးလေ့ကျင့်မှု တစ်ခုမဖြစ်မနေလုပ်စေပါတယ်။ဘယ်လိုလဲ
ထည့်ထားတဲ့ ဖန်ခွက်တစ်ခုကိုတင်ပေးထားပါတယ်။ပြီးတော့ လူကို
တစ်နေရာတည်းမှာ မြဲမြဲ ခိုင်ခိုင်ရပ်စေပြီး ခြေထောက်ကိုမြှောက်ချည်
ချချည် လုပ်ခိုင်းပါတယ်။ဒါကတော့ လေ့ကျင့်သားပြည့်ဝအောင်လုပ်ခိုင်းတာမို့ မဆိုးပါဘူး။
အဲ…ဆိုးတာက သူအပြစ်ပေးတဲ့ပုံစံကတော့နဲနဲ နားလည်ရခက်ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်နေရင်း ခေါင်းပေါ်ကဖန်ခွက်ထဲက ရေတွေဖိတ်
စင်သွားရင်…ရေတစ်စက်ကျရင် နောက်တစ်နှစ်စစ်မှုဆက်ထမ်းရပါတယ်။
ကျသွားတဲ့ ရေစက်တိုင်းကို ရေတွက်ပြီး စစ်မှုထမ်းသက်ကိုတစ်နှစ်စီတိုး
ကာမဖြစ်မနေ ထမ်းဆောင်ရပါတယ်။
တစ်ဖန်ခွက်လုံးများမှောက်ကျသွားရင်တော့ မတွေးဝံ့ စရာနော်။
နောက်ထပ် အဖြစ်လေးကလည်း တစ်မျိုးဆန်းနေပါတယ်။
၁၈၁၅ ခုနှစ်ကပါ။ ဗြိတိသျှတပ်မတော်(ယော့ရှိုင်းယားနှင့်လန်ကက်စ်တာ)
တပ်ရင်း အမှတ်(၈၄)က တပ်သား ပရိုက်ဗိတ် ဂျွန် ဝီလ်ဆန် ကို အထက်အရာရှိ
ပါတယ်။ဒါကတော့ အာဏာဖီဆန်မှုထဲမှာ စစ်သားများနေ့ စဉ်သောက်ဖို့ ပေးတဲ့
ရမ်အရက်ရာရှင်ကို လက်ခံရန်ငြင်းပယ်ခြင်း ဆိုတာ ပါဝင်နေပါတယ်။
၁၈၁၅ နိုဝင်ဘာလ ထဲ အိန္ဒိယပြည် ဘန်ဂလောမှာသူ့ ကိုစစ်ခုံရုံးတင်
စစ်ဆေးခဲ့ပါတယ်။ သူကတော့
သေရည်သေရက်ကို တစ်သက်လုံးရှောင်ဖို့ သစ္စာပြုထားသူပါလို့ ခုံရုံးမှာ
အသနားခံတင်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး
သူ့ ကို ပစ်သက်လိုက်ကြပါတယ်။ဘန်ဂလော က အက်ဂရမ်သင်္ချိင်းမှာ
မြှုပ်နှံပေးပြီး ကမ္ပည်းကျောက်စာကိုတော့ သင့်သလိုရေးပေးထားပါတယ်။
သြော်…အရက်မသောက်တာ အာဏာဖီဆန်တာလားဗျာ။ကျန်တဲ့ပြစ်ချက်
တွေကြောင့် သေရတယ်ဆိုတောင် ဒီစွဲချက်တစ်ခုကတော့ အရုပ်ဆိုးပါ
တယ်။တကယ်လို့ အပြစ်မရှိပဲ အထက်အရာရှိတွေက မတည့်လို့ လုပ်တာ
ဆိုရင်ဖြင့် ………
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၁ )
သူငယ်ချင်းတို့ ကိုဒီတစ်ခါ တင်ပြချင်တာက အာဏာရှိသူ
အဖြစ်အပျက်ကိုပါ။
တတိယမြောက် နပိုလီယံ
၁၈၅၁ ခုနှစ်။တတိယမြောက် နပိုလီယံ အာဏာသိမ်းယူစဉ်
အချိန်မှာပါ။လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသူအမတ်ကြီး
ကောင်ဒီစိန့် အာနော့ တစ်ယောက်ချောင်းဆိုးတဲ့ရောဂါ အပြင်း
အထန်ခံစားနေရပါတယ်။တာဝန်တွေ အရေးကြီးနေချိန်မှာ
မခံမရပ်နိုင်အောင်ချောင်းဆိုးနေသဖြင့် သူဟာအလွန်ကိုဒေါသထွက်
စိတ်ပျက်နေပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာချောင်းဆိုးလွှန်းလို့ စိတ်ဆိုးနေတဲ့
အမတ်ကြီးက ''သေခြင်းဆိုးချောင်း ''('' Ma sacree toux!'')  လို့ 
ကိုယ့်ဟာကိုယ် ကြိမ်ဆဲလိုက်ပါတယ်။
အဲဒီအသံကို လက်ထောက်အမတ်က ''Massacrez tous''ကြားသွား
ပါတယ်။အဓိပ္ပာယ်ကတော့ ''လူတိုင်းကို သတ်ပြစ်လိုက်''ပါတဲ့။
အသံထွက်ကလည်း ဆင်တာကိုး။
ဒါနဲ့ လက်ထောက်အမတ်ကလည်း ပြန်လည်မမေးမြန်းတော့ပဲ
တာဝန်ကိုတိတိကျကျပြတ်ပြတ်သားသား ဆောင်ရွက်ပါတော့တယ်။
ထောင်ပေါင်းများစွာသောသူများဟာ အာဏာရှိသူများရဲ့
မှားယွင်းမှု | မစဉ်းစားမဆင်ခြင်မှု တို့ ကြောင့်အသက်တွေကိုပေးဆပ်
ခဲ့ရပါတယ်။
တိုက်ဆိုင်မှုကိုအပြစ်ဆိုရမလား။မစဉ်းစားမဆင်ခြင်စွာ  ဆောင်ရွက်တာ
ကိုပဲအပြစ်တင်ရမလား.....
ကျွန်တော်တို့ အရှေ့ တိုင်းမှာလည်းဒါမျိုးအဖြစ်အပျက်တွေများစွာရှိဖူးပါတယ်။
အဖြစ်တစ်ခုကတော့ သီရိဓမ္မာအာသောကမင်းကြီးပါ။
အာသောကမင်းဟာ သာသနာပြုမင်း |မင်းကောင်းမင်းမြတ်တစ်ပါးဆိုတာသိကြ
ပါတယ်။တစ်နေ့ သီလပြည့်စုံအကျင့်မှန်ကန်သော ရဟန်းစစ်များသည်
ရဟန်းအတုအယောင်များနှင့် အတူတူ ဥပုပ်ဆောင်မဝင်ရန်ဆုံးဖြတ်ကြသည်။
ထိုအခါတာဝန်ယူရသောအမတ်တစ်ဦးက မင်းကြီးကို လျှောက်တင်ပါသည်။
မင်းကြီးက သာသနာစည်ပင်စေလိုသော ဆန္ဒပြင်းစွာဖြင့် ဥပုပ်ဆောင် ဝင်ရန်
သာ မဖြစ်မနေစီစဉ်ခိုင်းပါသည်။
ဒီအခါ စဉ်းစားဆင်ခြင်မှုကင်းမဲ့သော အမတ်က ဥပုပ်ဆောင်မဝင်သော ရဟန်းစစ်
များကို ဝင်မလားမေး။ မဝင်တဲ့အခါ သတ်ပစ်လိုက်ပါတော့တယ်။
ဒါဟာဝမ်းနည်းကြေကွဲစရာ ကောင်းသောအဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုအဖြစ်မျိုးတွေကမ္ဘာမှာ ဘယ်လောက်ဖြစ်ခဲ့ကြသလဲမသိပါ။
ကျွန်တော် နေခရမ်း ဟာ ဒီဘဝဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ကိုရေးရခြင်း
ဟာ ယနေ့ ကျွန်တော်တို့ ခေတ်မှာဖြစ်ပျက်နေတာတွေသည် အရင်ကလည်း
ဖြစ်ခဲ့ဖူးတယ် ဆိုတာဗဟုသုတအဖြစ် ပြန်လည်တင်ပြခြင်းပါ။
ကျွန်တော်မှတ်သားဖူးတဲ့ အဆိုအမိန့်များမှာ
''သမိုင်းသင်ရတာက မအ အောင်လို့ ပါ''
ဟု မှတ်သားဖူးပါတယ်။အခြားအဆိုအမိန့် တစ်ခုမှာ
 ''သမိုင်းကို လေ့လာရခြင်းဟာ အရင်က အမှားမျိုးထပ်မမှားအောင်''
 ဟုမှတ်သားဖူးပါတယ်။မှန်ပါတယ်။ ကျွန်တော်တို့ သမိုင်းထဲမှ အဖြစ်အပျက်
များမှ အသိအမြင်တိုးပွားရသလို သူတစ်ပါးပြောတိုင်းမယုံ |အလိမ်မခံရပါ။
သမိုင်းဖြစ်ရပ်အထွေထွေမှ သင်ခန်းစာများကို ရယူရင်း နောင်ဒီလိုအမှားမျိုး
ထပ်မမှားကြရအောင် ရည်ရွယ်ရင်း ဒီပိုစ့်များကို ရေးရခြင်းဖြစ်ပါတယ်။
အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်ပါကြောင်း ပန်ကြားရင်း...
Categories:
0 comments:
Post a Comment
Subscribe to RSS Feed Follow me on Twitter!