Monday, March 16, 2015



ပုံပြင်လေး တစ်ပုဒ်
တစ်ခါတုန်းက ရွာတစ်ရွာမှာ ကောက်ပဲသီးနှံတွေစိုက်တဲ့ လယ်သမားကြီးတစ်ဦးရှိသတဲ့....။ သူ့ရဲ့အိမ်မှာ အဖော် အဖြစ် ခွေးတစ်ကောင် နဲ့ ၀က်တစ်ကောင် ကိုလည်း မွေးထားသေးတယ်....။

တစ်နေ့ကျတော့ လယ်သမားကြီးက သူ့လယ်ကထွက်တဲ့ ကောက်ပဲသီးနှံတွေကိုခူးပြီး မြို့မှာသွားရောင်းဖို့ ပြင်ဆင်လိုက်တယ်...။ ကောက်ပဲသီးနှံတွေကို လှည်းပေါ်လည်း တင်ပြီးသွားရော သူ့အဖေါ်တွေဖြစ်တဲ့ ခွေးနဲ့ ၀က်ကိုလှမ်းခေါ်လိုက်သတဲ့။ ပြီးတော့ သူ သီးနှံတွေရောင်းဖို့ မြို့ကိုသွားမယ့် အကြောင်း၊ ညနေကျမှ ပြန်လာမယ့် အကြောင်း၊ သူသွားနေတဲ့ အချိန်မှာ အိမ်ရှေ့မှာရှိတဲ့ ယာခင်းကို ပြီးအောင်ထွန်ယက်ထားဖို့ လိုကြောင်း သေချာမှာခဲ့သတဲ့.....။

ဒီလိုနဲ့ လယ်သမားကြီးလည်း သီးနှံတွေတင်ထားတဲ့လှည်းကိုမောင်းထွက်သွားပြီး မြင်ကွင်းကပျောက်သွား ...ရော ခွေးကအိမ်အောက်ကိုဝင်ပြီး အိပ်နေတော့ သတဲ့....။ ၀က် ကတော့ သူ့သခင်သေချာမှာခဲ့တယ် ဆိုပြီး တစ်နေရာပြီး တစ်နေရာ၊ တစ်ထပ်ပြီး တစ်ထပ် သေချာထွန်ယက်နေလိုက်တာ ညနေစောင်းတဲ့ အချိန်သို့တောင် ရောက်သွားခဲ့တယ်....။ ညနေလည်းစောင်း၊ ယာခင်းလည်းထွန်ယက်ပြီးသွားတော့ ၀က် ခမျာ ပင်ပမ်းနေတာမို့ တဲရှေ့မှာဘဲ အိပ်ပျော်သွားလိုက်တာ.....သူ့သခင်မြို့ကပြန်လာတာကိုတောင် မသိရှာတော့ဘူးပေါ့....။ အဲဒီချိန်မှာဘဲ တစ်နေကုန် အိပ်နေတဲ့ ခွေးက

လှည်းဝင်ရိုးသံကြားပြီး အိပ်ယာက လန့်နိုးလာသတဲ့။ နိုးနိုးချင်းဘဲ လူးလိမ့်ထ၊ သူ့သခင်လာတဲ့ ရွာဝင်လမ်းကနေ အမြီးကလေးလှုပ်ပြီး သွားကြိုလိုက်သတဲ့....။ လယ်သမားကြီးလည်း အိမ်ရှေ့ရောက်တော့ ထွန်ယက်ပြီးနေတဲ့ ယာကွက်ကိုတွေ့ တဲ့အခါ ၀မ်းသာသွားတာပေါ့...။ ဒါပေမဲ့ အိမ်ရှေ့မှာ အိပ်ပျော်နေတဲ့ ၀က်ကိုလည်းတွေ့ရော ဒေါသထောင်းကနဲထွက်ပြီး.... တစ်နေကုန် ဘာမှမလုပ်ဘဲ အိပ်နေတဲ့ကောင် သွားစမ်းကွာ....ဆိုပြီး ခြေနဲ့ပိတ်ကန်ထည့်လိုက်တော့တာပေါ့....။ ၀က် ခမျာ လယ်သမားရဲ့ အကန်ခံ ရပေမယ့် တစ်နေကုန် ပင်ပမ်းထားတဲ့ ဒါဏ်ကြောင့် အသာလေး ၀ပ်နေရှာသတဲ့ .... တစ်နေကုန် အိပ်နေခဲ့တဲ့ ခွေးကတော့ အချီးမွမ်းခံရပြီး လယ်သမားကြီးကျွေးတဲ့ အစာကို မြိန်ချက်စွာ စားသောက် နေတော့သတဲ့ .....။

ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ....။
ဒီပုံပြင်လေးကတော့ ကျွန်တော်ကြားဖူးတာလေးကို ရေးပြ တာပါ...။ ကျွန်တော့်လိုဘဲ ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။
ဒီပုံပြင်လေးလိုဘဲ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်နေတာလေးတွေ ကြုံဖူးကြမယ် ထင်ပါတယ်။

အမှန်တကယ် အပင်ပမ်းခံ၊ ဒုက္ခခံပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်တဲ့သူတွေက အထင်လွဲခံ ရတာကိုတွေ့ဖူး၊ ခံစားဖူးကြမှာဖြစ်သလို...... ဘာအလုပ်မှမလုပ်ဘဲ အချိန်တန်မှ အမြီးလေးတစ်နန့်နန့်နဲ့ မျက်နှာချိုသွေးအခွင့်အရေးယူတတ်တဲ့သူတွေကိုလည်း တွေ့ဖူး၊ ခံစားဖူးကြမှာပါ....။ မှားတယ်၊ မှန်တယ် ဆိုတာထက် ရှက်စရာကောင်းတယ်၊ မကောင်းဘူး ဆိုတာက ပိုပြီး အရေးကြီးမယ်ထင်ပါတယ်....။ 
ဝက်လို အလုပ်လုပ်ပြီး အကန်ခံရတဲ့ အခြေအနေသို့မရောက်အောင်ကြိုးစားကြမယ်။
ခွေးလို ဘာအလုပ်မှမလုပ်ဘဲ အမြီးတစ်နန့်နန့်နဲ့ကြိုပြီး အခွင့်ကောင်းယူတဲ့ ရှက်စရာကောင်းတဲ့ အပြုအမူမျိုးကို ရှောင်ကြမယ်ဆိုရင်တော့......။
ပျော်စရာ၊ ကြည်နပ်စရာ လူ့လောကကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ ....။

ဒီပုံပြင်လေးကို
မြန်မာမိသားစုဖိုရမ် မှာ ကျွန်တော်ရေးသားဖေါ်ပြခဲ့ဖူးပါတယ် ....။ အဲဒီ Post လေးအပေါ်မှာ ကျွန်တော့် မိတ်ဆွေတစ်ဦးရဲ့ ဝေဖန်သံလေး ကတော့ ....

ဇီဇ၀ါ
ပုံပြင်လေးအကြောင်း ပြန်တွေးမိတော့...ဇီဇ၀ါ့ စိတ်ထဲ မကျေနပ်တဲ့ အတွေးတစ်ခုဝင်လာတယ်...။
ခွေးနဲ့ဝက်တို့ရဲ့ သခင်လယ်သမားကြီးကိုပေါ့...။
ဘယ်သူ့ရဲ့ ဗီဇသဘာဝကတော့ ဘယ်လိုရှိတယ်..၊ ဘယ်လိုလေးတော့ဖြင့် ဖြစ်နိုင်သေးတယ်....ဆိုတဲ့အတွေးလေးတွေနဲ့ မျှတွေးမပေးနိုင်ပဲ သူ့အကျိုးအတွက် အပေါ်ယံဟန်ပြလေး လုပ်ဆောင်ပေးသွားတဲ့ ခွေးကိုကျ ဂရုတစိုက်ထမင်းကျွေးလို့...
တစ်ကယ်ပင်ပင်ပန်းပန်း ဆင်းရဲခဲ့ရှာတဲ့ ၀က်ကိုကျ...တစ်ခဏတာမြင်ကွင်းလေးနဲ့ သုံးသပ်ဆုံးဖြတ်ပြီး..
နာကျင်အောင် အမှန်တစ်ကယ်ပဲ ပြုလုပ်ခဲ့တယ်ဆိုရင်...
လယ်သမားကြီးဟာ သခင်ကောင်းတစ်ယောက် မပီသတော့ဘူးပေါ့နော်...။
ဇီဇ၀ါ တို့တွေ လက်တွေ့ရင်ဆိုင်နေရတဲ့..ဒီလူ့ပတ်ဝန်းကျင်မှာလည်း လယ်သမားကြီးလို အကြီးအကဲတွေ အများကြီး ရှိနေနိုင်တာပဲနော်...။
ဒီမိသားစုထဲက ကိုယ်တိုင်အကြီးအကဲဖြစ်နေကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေးတို့တွေလည်း ဒီအချက်လေးကို သတိပြုဆင်ခြင်နိုင်ပြီး အလယ်အလတ်လမ်းစဉ်ကျင့်သုံးနိုင်ကြပါစေလို့....။
(ဒီပုံပြင်လေး မူရင်း ရှိ/မရှိတော့ ကျွန်တော်မသိပါဘူး ခင်ဗျာ...။ ကျွန်တော့်ဆရာတစ်ဦး ပြောပြလို့ သိတာလေးကို ပြန်ရေးပြတာပါ။ မှားတာရှိရင် ခွင့်လွှတ်နိုင်ကြပါစေ.....။)
စာဖတ်သူ မိတ်ဆွေအနေနဲ့လေး ဝေဖန်ပြောကြားစရာ စကားလေးများရှိခဲ့ရင် အောက်က Comment မှာပြောကြားနိုင်ပါတယ် ခင်ဗျာ ....
လေးစားချစ်ခင်စွာဖြင့် .....


ကမ္ဘာကျော်စာရေး ဆရာများဧ။် အဆိုအမိန့် များ (ဘာသာပြန်)
******************
Mistakes are a part of Life; you can't avoid them. All you can hope is that they won't be too expensive and that you don't make the same mistake twice.
L** Lacocca
 - အမှားဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ရှောင်လွဲလို့ မရပါဘူး။ မျော်လင့်နိုင်သမျှတော့ အမှားဟာ သိပ်တန်းကြေးမကြီးဖို့ ရယ်၊ အမှားတစ်ခုတည်းကို နှစ်ခါမလုပ်မိဖို့ ရယ်ပါ။
လီးလာကောကာ

The key to everything is patience. You get the chicken by hatching the egg, not by smashing it.
Arnold H. Glasow
 - အရာခပ်သိမ်းရဲ့သော့ချက်က စိတ်ရှည်သီးခံမှု ပဲ။ ကြက်ဥကိုဝပ်ခြင်းဖြင့်သာလျှင် ကြက်ကလေးတွေရတယ်။ ကြက်ဥကို ခွဲလို့ ကြက်ကလေးတွေရတာမဟုတ်ပါဘူး။
 အာနိုးအိတ်ခ်ျဂလပ်ဆို
To believe with certainty we much begin with doubting.
Oliver Wandall Holmes
 - ဒွိဟကင်းစွာ ယုံကြည်မှု ရှိစေရန်ကျွန်ုပ်တို့ သည် သံသယနှင့်စတင်ရမည်။
အိုလီဗာဝင်ဒယ်ဟုမ်း
People with goals succeed because they know where they are going.
Karl Nightingole
 - ပန်းတိုင်ရှိသူတွေ အောင်မြင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ ဘယ်သွားနေတယ်ဆိုတာသူတို့ သိကြလို့ ပဲ
 ကားလ်နိုက်တင်ဂေး
You can do anything if you have enthusiasm. Enthusiasm is the yeast that makes your hope rise to the stars.
Henry Ford
 - စိတ်အားထက်သန်မှု ရှိရင် သင်ဟာဘာမဆိုလုပ်နိုင်တယ်။ စိတ်အားထက်သန်မှု ဟာ သင့်ရဲ့မျှော်လင့်ချက်တွေကိုကြယ်များဆီ တက်ရောက်စေမည့် တဆေးဖြစ်တယ်။
ဟင်နရီဖို့ ဒ်
There is no right way to do the wrong thing.
Shakespeare
-အမှားကိုလုပ်ရန် မှန်ကန်သောနည်းလမ်းမရှိပါ။
ရှိတ်စပီးယား

What is harder than rock, or softer than water? Yet soft hollows harder rock.  Only persevere.
Ovid.
 ကျောက်တုံးထက်ပိုပြီး မာကျောတဲ့အရာ ဒါမှမဟုတ် ရေထက်ပိုပြီးနှုးညံ့တဲ့အရာ ဘာရှိပါသလဲ။ ဒါပေမဲ့ နှုးညံ့တဲ့ရေက မာကျောတဲ့ ကျောက်တုံးကို တိုက်စားသွားတယ်။ ဇွဲရှိဖို့ ပဲလိုတာပါ။
 အိုဗစ်
 ဖတ်မိသမျှ စာအုပ်များထဲမှာ ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါသည်။ မှားတာရှိရင် တောင်းပန်ပါတယ်။

ထာဝရပြုံးပျော်နိုင်ကြပါစေ..
အားလုံးကို လေးစားလျက်ပါ။

ကမ္ဘာ့ အကောင်းဆုံးတီထွင်မှု ၁၀မျိုး

 (၁၀) စာရွက်
စာရွက်ကိုတော့ဟန်မင်းဆက်တွေ တရုတ်ပြည်ကိုအုပ်ချုပ်တဲ့
၂ရာစု(206 BC)လောက်ကတီထွင်ခဲ့တာဖြစ်ပါတယ်။…

(၉) သံလိုက်အိမ်မြှောက်
သံလိုက်အိမ်မြှောင်ကိုလည်း တရုတ်နိုင်ငံမှာဟန်မင်းဆက်တွေအုပ်ချုပ်ခဲ့တဲ့
ရွှေရောင်ခေတ်တွေမှာစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။(၈) ပုံနှိပ်စက်
၁၄၃၉ခုနှစ်မှာ ပုံနှိပ်စက်ကို ဂျာမန်လူမျိုး Johannes Gutenberg တီထွင်ခဲ့တာဖြစ်ပြီး
စတင်တီထွင်ချိန်မှာ ဒီစက်မှတစ်ရက်ကို စာရွက်ပေါင်း ၃၆၀၀လောက်ပုံနှိပ်ပေးနိုင်ခဲ့ပါတယ်။

(၇) ရေနွေးငွေ့ စက်ခေါင်း
ရေနွေးငွေ့ စက်ခေါင်းကို ၁၇၁၂ခုနှစ်က အင်္ဂလန်နိုင်ငံသား Thomas Newcomen
မှတီထွင်ခဲ့တာဖြစ်ပြီးဒီစက်ကိုတီထွင်ပြီးနောက်ပိုင်းမှာတော့ ရထားစက်ရုံများထူထောင်ခဲ့ပြီး
ကမ္ဘာ့ နေရာအရပ်ရပ်သို့ လွယ်ကူလျှင်မြန်စွာသွားလာနိုင်ခဲ့ပါတယ်။

(၆) တယ်လီဖုန်း
ကမ္ဘာကျော်တီထွင်ရှင်ကြီး Scottish Engineer Alexander Graham Bell
တီထွင်ခဲ့တဲ့တယ်လီဖုန်းကို ၁၈၇၆မှာတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

(၅) Phonograph
Phonograph ဆိုတာကတော့ အသံဖမ်းစက်တစ်မျိုးဖြစ်ပြီး
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ Thomas Edison က ၁၈၇၇ခုနှစ်မှာ
တီထွင်ခဲ့တာဖြစ်ပါတယ်။

(၄) မီလုံး
၁၈၇၈ခုနှစ်လောက်မှာ Thomas Edison ကပဲတီထွင်ခဲ့တာဖြစ်ပါတယ်။

(၃) လေယာဉ်ပျံ
လေယာဉ်ပျံကို ၁၉၀၃ခုနှစ်မှာ Wright ညီနောင်နှစ်ယောက်တီထွင်ခဲ့တာဖြစ်ပါတယ်။

(၂) ကွန်ပျူတာ
ကမ္ဘာ့ ပထမဦးဆုံး Digital ကွန်ပျူတာစတင် အသုံးပြုခဲ့တာကတော့
အင်္ဂလန်နိုင်ငံမှာဖြစ်ပြီး စတင်အသုံးပြုချိန်မှာ အသုံးပြုတဲ့ကွန်ပြူတာအရွယ်အစားဟာ
အိမ်ခန်းတစ်ခန်းစာလောက်ရှိပါတယ်။
တီထွင်ခဲ့တာကတော့ ၁၉၄၁ခုနှစ်မှာ Konrad Zuseကတီထွင်ခဲ့တာဖြစ်ပြီး
ပထမဦးဆုံး Personal သုံးကွန်ပျူတာကိုတော့ IBM မှထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

(၁) World Wide Web (www.)
World Wide Web ကိုတော့ ၁၉၉၀ခုနှစ်က
အင်္ဂလိပ်လူမျိုးအင်ဂျင်နီယာ Sir Tim Berners-Lee က တီထွင်ခဲ့တာဖြစ်ပြီး
အင်တာနက်မှာရှိတဲ့ သန်းထောင်ပေါင်းများစွာသော website တွေ Page တွေကို
ရည်ညွှန်းထားတာဖြစ်ပါတယ်။

ကနောင် News မှ


စကားပုံများ

ကြိုက်တဲ့စကားပုံလေးတွေကို သူငယ်ချင်းအားလုံးကို မျှဝေပေးတာပါ..................
What is the use of running,when you are on the wrong road.
လမ်းမှားပေါ်ရောက်နေမှတော့ ပြေးနေတာအပိုပဲ။


The good you do is not lost,though you forget it.
သင်လုပ်တဲ့ကောင်းမှုဟာသင်ကမေ့လျော့နေတာတောင်ပျောက်ပျက်မသွားပါ။


Loss of honour is loss of life .
ဂုဏ်သရေဆုံးရှုံးတာဟာဘ၀ဆုံးရှုံးခြင်းပဲ။


Do not all you can,spend not all you have,belief not all you hear and tell not all you khow.
တတ်စွမ်းသမျှလည်းမလုပ်နဲ့ ၊ ရှိသမျှလည်းမသုံးနဲ့ ၊ ကြားသမျှလည်းမယုံနဲ့ ၊ သိသမျှလည်းမပြောနဲ့ ။


Despair gives courage to a coward. Hope is as cheap as despair.
စိတ်ပျက်အားလျော့ခြင်းဟာသူရဲဘောကြောင်သူကိုသတ္တိပေးတယ်။
မျှော်လင့်ခြင်းဆိုတာစိတ်ပျက်ခြင်းလိုပဲပေါပေါနဲ့ ရတယ်။


He that knows nothing doubts every thing.
ဘာကိုမှမသိတဲ့သူဟာအရာရာကိုသံသယရှိတယ်။


To endure what is unendurable is true endurance .
ခံနိုင်ရည်မရှိလောက်တဲ့အရာကိုခံနိုင်ရည်ရှိတာမှတကယ့်ခံနိုင်စွမ်းရည်။


He who begins many things finishes but few.
ဟိုစပ်စပ်ဒီစပ်စပ်စထားတဲ့သူဟာအပြီးသတ်ရာမှာနည်းနည်းပဲပြီးတယ်။


He is only bright that shines by himself.
သူ့ ကိုယ်သူအရောင်တင်တဲ့သူသာလျှင်အရောင်လက်တယ်။


Great works are performed not by strength but by perseverance.
ကြီးကျယ်တဲ့အလုပ်တွေကိုခွန်အားနဲ့ လုပ်ခဲ့တာမဟုတ်ဇွဲနဲ့ လုပ်ခဲ့ခြင်းသာဖြစ်တယ်။


Poverty and wealth are comparative sins.
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတာအတူတွဲနေတဲ့မကောင်းဆိုးဝါးတွေပဲတဲ့။


Nature is the best teachers.
သဘာဝတရားဟာအကောင်းဆုံးဆရာတွေပါပဲ။


Beauty is in the eye of the beholder.
အလှပဆိုတာကြည့်တတ်သူမျက်လုံးထဲမှာရှိတယ်။


The truly civilized man has no enemies.
အမှန်တကယ်ယဉ်ကျေးသိမ်မွေ့ တဲ့သူမှာဘာရန်သူမှမရှိပါဘူး။


စကားနှစ်ခွန်း လျှော့ပြောပါ

မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့်အချစ်မှာ၊ တစ်ချို့ အခြေအ နေမှာ နုတ် ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ 
"silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာ ပေးနိုင်ပါတယ်။
(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ
မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက် ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင် ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းကပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။သူ စိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ
ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်း ပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။
"အိမ်အလုပ်ကို သူ ကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?
တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်း ဖို့ သူ့ လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီ ရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင်ဆေးနိုင်ကြောင်း ပြောတယ်။
သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှမဟြေခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က "တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ ဆေးရတာ လွယ်လည်း လွယ်တယ်၊ ပြောင်လည်းပြောင်တယ်"
လို့ ပြောတော့ သူ့ စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က
"ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ"
သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွား ရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။
ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!

(၃) သူဒေါသထွက်တဲ့အခါ
အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီး ခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။
စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြည်းဖြည်း စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြည်းဖြည်း တိုးလာပြီး နေမသိ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက် တောင်းပန် လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။
(၄) သူရင်ဖွင့်လာတဲ့အခါ
အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့အနိုင်ကျင့်တာကို ခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။
အဲဒီလိုအခြေအနေမျိုးမှာ သူ့ကို ပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့ စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။
(၅) သူပင်ပန်းလာတဲ့အခါ
အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူအိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသ ထွက်လွယ်ပါတယ်။
တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက်မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ။
အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ။
(စကားနှစ်ခွန်းလျှော့ပြောပါ၊ ကိုယ့်ကို သူ ပိုချစ်လာလိမ့်မယ်)
အကြင်လင်မယားတွေအကြား ချစ်တတ်စေဖို့ ဘာသာပြန်ဆို တင်ပြထားတဲ့ ပို့စ်တခုပါ။
ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။

စိတ်ဝင်စားဘွယ်ရာလူ့ခန္ဓာ

၁။ မွေးဖွားစတွင် အရိုးစုပေါင်း(၂၇၀)ခုရှိပါသည်။
၂။ သေဆုံးချိန်တွင် အရိုးစုပေါင်း(၂၀၆)ခုရှိပါသည်။
၃။ ကြွက်သားကလေးပေါင်း(၅၂၇)ခုရှိပါသည်။
၎။ ဦးခေါင်းတွင် ကြွက်သား(၈၃)ခုရှိပါသည်။
၅။ ယေဘုယျ ကိုယ်အလေးချိန် ပေါင်(၁၃၀)ရှိပြီး၊ ကိုယ်တွင်းရေပါဝင်မှု (၇၅%)ရှိပါသည်။
၆။ လူသန္ဓေတည်သောရက်ပေါင်း(၂၈၀)ရက်ရှိပါသည်။
၇။ သာမန်လူသားတစ်ဦးသည် တစ်မိနစ်လျှင် နှလုံးခုန်ကြိမ် (၇၂) ကြိမ်ရှိပါသည်။
၈။ ၁၂-နာရီအတွင်းထုတ်လုပ်သောသွေးအားမှာ (၅)တန်မျှလေးသောကားတစ်စီးကိုမြေပြင်မှ အမြင်တစ်ပေအထိမ၍ တင်နိုင်ပါသည်။
၉။ တစ်နေ့အသက်ရှုနှုန်းမှာ ၂၃၀၄၀ ဖြစ်ပါသည်။
၁၀။ တစ်နေ့လျှင် (၅)ပေါင်မျှစားပြီး၊ (၁.၄၃)ပေါင် အညစ်အကြေးစွန့်ပါသည်။
၁၁။ ကိုယ်တွင်းလျှစ်စစ်ဖြင့် မီးထွန်းပါက ဖယောင်းတိုင် (၂၅)တိုင်အားကို (၃)မိနစ်ထွန်းနိုင်ပါ သည်။
၁၂။ သွေးသားလှည့်ပတ်မှုကို ဆန့်ထုတ်ပါက မိုင်ပေါင်း (၁၆၈)သန်းခန့် ဝေးကွာပါသည်။
၁၃။ တစ်ကိုယ်လုံးအနှံ့သွေးလှည့်ပတ်သွားရသောအချိန်မှာ (၁)မိနစ်ကြာပါသည်။
၁၄။ ပျှမ်းမျှအားဖြင့် လူ့သက်တမ်းအတွင်း လမ်းလျှောက်ရသော မိုင်ပေါင်းမှာ(၆၅၀၀၀) မိုင်ခန့်ရှိ ပါသည်။
၁၅။ သာမန်လူတစ်ယောက်သည် မိမိသက်တမ်း၏ သုံးပုံ၊တစ်ပုံကို အိပ်ရင်း အချိန်ကုန်ဆုံးစေ ပါသည်။

mail ထဲမှ

ပီမိုးနင်း၏ အချစ်ရေးရာ

အချစ်ရေးရာ
( ၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
( ၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ၊ အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ
အ၀တ်နှင့် မြူ ရပေမည်။
( ၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ ။ မုန်းလျှင်ပစ်၏ ။ တကယ်ရှိသောအရာမဟုတ် ခေတ္တခဏမျှ ကောင်းကင်၌
ပေါ်သောတိမ်ရုပ်နှင့်တူ၏ ။
( ၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
( ၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
( ၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း
ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
( ၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း
ကြောင့်ဖြစ်လေသည်။
( ၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း စိတ်ကောင်းခြင်း၌သာ တည်သည်။
( ၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။

ပီမိုးနင်း


ဗဟုသုတအတိုအထွာလေးများ

-      အသက် ၇၅ နှစ်ရှိသော လူတစ်ယောက်ဟာ အိပ်ခဲ့တဲ့အချိန် ၂၃ နှစ်ရှိပါသည်။
 

-      ကမ္ဘာပေါ်မှာ လူဦးရေထက် ကြက်ဦးရေက ပိုများပါသည်။
 

-      အင်္ဂလိပ်စာလုံးတွေထဲက “set” ဆိုတဲ့ စာလုံးဟာ အဓိပ္ပါယ်ဖွင့်ဆိုချက် ၁၉၂ မျိုးရှိပြီး
တစ်ခြားသောစာလုံးတွေထက် အဓိပ္ပါယ်ဖွင့်ဆိုချက်အများဆုံးရှိသော စကားလုံးဖြစ်ပါသည်။
 

-      ပျား (အထီး) တွေမှာ နှာခေါင်းလေးခု ရှိပါသည်။

-      ငါမန်းတွေဟာ အသက် ၁၀၀ အထိ အသက်ရှင်နေထိုင်နိုင်ပါသည်။
-      သားပိုက်ကောင်တွေဟာ နောက်ပြန်ဆုတ်ပြီး လမ်းမလျှောက်နိုင်ပါ။
-      ကမ္ဘာ့အကြီးဆုံး နှင့်ပွင့်ဟာ အထူ ၈လက်မ ၊ အရှည် ၁၅ လက်မ ရှိပြီး
မွန်တားနား (Montana) ဒေသတွင် ၁၈၈၇ ခုနှစ်က ကြွေကျခဲ့ပါသည်။

-      အမေရိကန်သမတ္တဟောင်း ဘီလ်ကလင်တန် (Bill Clinton) ဟာ သမတ္တသက်တမ်း
၈ နှစ်အတွင်းမှာ အီးမေးလ် ၂ ခါသာ ပို့ဖူးပါသည်။

-      ရေဖဝဲတွေမှာ အသည်းနှလုံး ၃ ခု ပါရှိပါသည်။

-      မုန်လာဥများများစားရင် အသားအရေတွေဟာ လိမ္မော်ရောင်ပြောင်းသွားနိုင်ပါသည်။

-      လူတွေအယောက်ပေါင်း ၂,၀၀၀,၀၀၀,၀၀၀ မှာ ၁ ယောက်သာ အသက် ၁၆၀ ထိ အသက်ရှင်နေထိုင်နိုင်ပါသည်။

-      လူ့ခန္ဓာကိုယ်မှာ ချွေးထွက်ပေါက် ၂ သန်းမှ ၃ သန်းအထိ ရှိပါသည်။

-      ကျားငမန်းတွေဟာ သန္ဓေတည်စအချိန် မိခင်ဝမ်းအတွင်းရှိနေစဉ်မှာ တစ်ကောင်နဲ့တစ်
ကောင်အပြိုင်အဆိုင် တိုက်ခိုက်ကြရပါသည်။ အနိုင်ရတဲ့တစ်ကောင်ကိုသာ မွေးဖွားလေ့ရှိသည်။

-      ကြောင်တွေရဲ့ခြေထောက်လေးဖက်စလုံးဟာ ဘယ်သန်များဖြစ်ပါသည်။

-      ဝေလငါးတွေရဲ့လျှာ အလေးချိန်ဟာ ဆင်တစ်ကောင်ရဲ့အလေးချိန်ထက် ပိုများပါသည်။

-      ဝါးပင်တွေရဲ့ရှင်သန်မှုဟာ ၂၄ နာရီအတွင်းမှာ ၃ ပေအထိ ရှည်လျားနိုင်ပါသည်။

-      မျက်စေ့တစ်လုံးရဲ့ အလေးချိန်ဟာ ၁ အောင်စ ခန့်ရှိပါသည်။

-      အရိုးတွေဟာ သံမဏိတွေထက် ၅ ဆပိုပြီး သန်မာပါသည်။

-      လူတစ်ယောက်ဟာ ပြုံးဖို့အတွက် ကြွက်သားပေါင်း ၁၄ မျိုးသာ သုံးရပြီး မျက်မှောင်ကုတ်ဖို့
အတွက် ကြွက်သားပေါင်း ၄၃ မျိုးထိ သုံးရပါတယ် ။ ထို့ကြောင့် များများပြုံးတော်မူကြပါခင်ဗျာ .. ။


သူငယ်ချင်းတယောက်မှ နားလည်သလောက် ဘာသာပြန်ထားပါသည်  ။

ဗဟုသုတအတိုအထွာလေးများ(၂)

      ဝက်ဝံနက်တွေရဲ့ အရောင်ဟာ အမြဲတမ်းအနက်ရောင်မဟုတ်ပါ။ တစ်ခါတစ်ရံ အညိုရောင်၊ အဝါရောင်၊တစ်ခါ တစ်ရံ အဖြူရောင် ပြောင်းတတ်ပါသည်။

      နေဟာ ကမ္ဘာလုံးထက် ၃၃၀၃၃၀ ဆ ပို၍ ကြီးမားပါသည်။

      နွားမတစ်ကောင်ရဲ့ သက်တမ်းတစ်လျှောက်မှာ နွားနို့ခွက်ပေါင်း ၂ သိန်းခန့် ထွက်လေ့ရှိသည်။

      လူတစ်ယောက် အသက်ထွက်ခါနီးအချိန်မှာ တခြားသောအာရုံတွေထက် အကြားအာရုံက အရင်ဆုံး ထွက် လေ့ရှိသည်။

      ခြင်္သေ့တွေဟာ တစ်ရက်ကို အကြိမ်ပေါင်း ၅၀ ထက်မက လိင်မှုဆက်ဆံနိုင်ကြပါသည်။

♠      လင်းပိုင်တွေဟာ အိပ်တဲ့အချိန်မှာ မျက်စိတစ်ဖက်ဖွင့်ပြီးအိပ်လေ့ရှိပါသည်။

     ကမ္ဘာပေါ်မှာ သတ္တဝါအမျိုးအစားပေါင်း ၁၂,၀၀,၀၀၀ ကျော်ရှိပြီး ၊ အပင်အမျိုးအစားပေါင်း ၃၀၀၀၀၀ ကျော် ရှိ ပါသည်။ အခြားသောအမျိုးအစားမှာ ၁၀၀၀၀၀ ကျော်ရှိပါသည်။

♠     လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ညာဘက်ကအဆုတ်ဟာ ဘယ်ဘက်ကအဆုတ်ထက် ပိုပြီး လေရှူသွင်းမှု လုပ် ဆောင်ပေးပါသည်။

      ဝေလငါးတွေဟာ အစာစားလျှင် တစ်ရက်ကို တန်ချိန် ၃ တန်အထိစားနိုင်ကြပါသည်။ နောက်ပြီး  အစားမ စားပဲနဲ့လည်း ၆ လအထိ အသက်ရှင်နိုင်ကြပါသည်။

♠      မျက်စိအပြာရောင်ရှိတဲ့သူဟာ အမှောင်တွေထဲမှာ တခြားသောသူတွေထက် မြင်အားကောင်းပါသည်။

♠      အမေရိကန်က သန်းကြွယ်သူဌေးစာရင်းတွေထဲမှာ ယောင်္ကျားဦးရေထက် မိန်းမဦးရေက ပိုများပါသည်။

♠      ၁၉၃၀ ခုနှစ်မှာ အမေရိကအပြေးသမား Jesse Owens ဟာ ခွေး၊ မြင်းတွေနဲ့ အပြေးပြိုင်ပြီး အသက် မွေးဝမ်းကျောင်း ပြုခဲ့ပါသည်။

♠      ဆင်တွေရဲ့သွား အလေးချိန်ဟာ ၉ ပေါင်ခန့်ရှိကြပါသည်။

♠      လိပ်ပြာတစ်ကောင်မှာ မျက်စိပေါင်း ၁၂၀၀၀ ခန့်ရှိပါသည်။

♠      ဇီးကွက်တွေဟာ သူတို့ရဲ့ဦးခေါင်းတွေကို တစ်ပတ်ပြည့်လုနီးပါး ၂၇၀ ဒီဂရီအထိ လှည့်နိုင်ကြပါသည်။

      တရုတ်ပြည်၊ ရှန်ဟိုင်းမှာ အနီရောင်ကားတွေဟာ တရားမဝင်ပါ။

      ထိုင်းနိုင်ငံမှာ စက္ကူစွန်လွတ်ခြင်းဟာ နိုင်ငံတော်အသိအမှတ်ပြု ထားသော အားကစားတစ်မျိုးဖြစ်ပါသည်။

      ခြေထောက်ရှိသော်လည်း ခုန်လို့မရသည့်တိရ စ္ဆာန်မှာ ဆင် ဖြစ်ပါသည်။

      ပိုလာဝက်ဝံတွေဟာ လမ်းလျှောက်လျှင် နှေးတယ်လို့ထင်ရပေမယ့် ရေခဲပြင်ပေါ်မှာဆိုလျှင် တစ်နာရီကို
မိုင်ပေါင်း ၂၅ မိုင်အထိ ပြေးနိုင်ပါသည်။

      ကမ္ဘာပေါ်မှာ တစ်ပတ်အတွင်း ကုန်ထုတ်လုပ်မှုအများဆုံးနေ့ဟာ အင်္ဂါနေ့ဖြစ်ပါသည်။

ဘ၀အတွက်အဟာရဆေးစာ


၁။ မျှော်လင့်ချက်သာရှိပါစေ = ဘဝတိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပဲ
၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား = ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်

၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ = ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ

၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ

၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ

၆။ ဖန်ခွက်ထဲမှာရေတစ်စက် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်

၇။ ကံတရားပါ ကွာလို့ ပြောနေသ၍ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး

၈။ စေတနာ သည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။

၉။ သံသယ ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့် လုံးဝ ယုံကြည် နေလိုက်ဖို့ပါပဲ။

၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့် မင်းဟာလူမိုက်ပဲ။

၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပြစ်နိုင်ပါတယ်

၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃။ လူတိုင်းအမှားနဲ့ မကင်းပေမယ့် ခဏခဏတော့်မမှားသင့်ဘူးလေ

၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့်ကျောင်းပါပဲ

၁၅။ ဒုက္ခအနီးတွင် သုခရှိ၏

၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့

၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ်သူငယ်ချင်း

၁၈။ ဘဝသည် အစမ်းသဘောနေထိုင်ခွင့်မရှိသော အရာ။

၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့် စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း

၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။

၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာ တရားဆိုတာ မွေးဖွားနေဦးမှာ

၂၂။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံ အကျဆုံးအရာတစ်ခုပါ။

၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျက်ပါ


ဘယ်အရာကအရေးကြီးဆုံးလဲ

တစ်ခါတုန်းက မိန်းကလေးငယ်လေးတစ်ယောက်ဟာ ပန်းခြံထဲမှာ ဆော့ကစားနေတယ် ။ အဲဒီလိုကစားနေတုန်းတုန်း ပန်းခြုံတစ်ခုရဲ့ထောင့်စွန်းမှာ ဓါတ်ပုံလေးတစ်ပုံကိုတွေ့လိုက်ရတယ် ။ အဲဒီကောင်မလေးက ဓါတ်ပုံလေးကို ကောက် ယူသိမ်းထားလိုက်တယ် ။ ပြီးတော့ အရွယ်ရောက်ပြီး လက်ထပ်လိုက်တဲ့အထိ အဲဒီဓါတ်ပုံလေးကို သိမ်းထားခဲ့တယ် ။

တစ်နေ့တော့ခင်ပွန်းဖြစ်သူက မေးတယ် . .။ “ အဲဒီဓါတ်ပုံထဲက ကောင်လေး ကဘယ်သူလဲ ဟင် ” အမျိုးသမီးကပြန်ဖြေတယ် ။ “ ကျွန်မရဲ့ပထမဆုံးအချစ်ဦးပါ ”

------------------------------------------------------

အဲဒီဇာတ်လမ်းလေးရဲ့ အဆုံးက ဘာဖြစ်သွားကြတယ်ထင်သလဲဟင် ။

“ ခင်ပွန်းဖြစ်သူက မိန်းမဖြစ်သူကို နင် ငါနဲ့လက်ထပ်ပြီးတာတောင် ဘာလို့ ဒီကောင်လေးပုံသိမ်းထားရတာလဲ ငါ့ကိုနင့် ရင်ထဲမှာမရှိဘူးလား ” ဆိုပြယ့်ီး ဆူပူလို့ နောက်ဆုံးအိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်သွားနိုင်တာပေါ့ ။

ဒါပေမယ့် အခုပြောပြနေတဲ့ ဇတ်လမ်းထဲက ခင်ပွန်းဖြစ်သူက သူ့မိန်းမကိုသိပ်ချစ်တယ်လေ အဲဒီတော့ သူက အောက် ပါစကားလေးတစ်ခွန်းကိုပြောလိုက်တယ်။

“ အဲဒီဓါတ်ပုံလေးက ကိုယ် ခြောက်နှစ်သားအရွယ်တုန်းက ကျပျောက်ခဲ့တဲ့ ဓါတ်ပုံလေး ပေါ့ ” တဲ့ ။

------------------------------------------

တကယ်တော့ ပြဿနာဖြစ်တယ်ဆိုတယ် လွယ်ပါတယ် ပြဿနာ မဖြစ်အောင် ရှောင်တိမ်းရတာကသာခက်တာပါ ။ လမ်းတွေကတော့အမျိုးမျိုးရှိပါတယ် ။

ကိုယ်ဘယ်လမ်းကို ရွေးမလဲဆိုတဲ့အပေါ်သာ မူတည်တာပါ ။ ပုံပြင်ထဲက ခင်ပွန်းဟာ ငတုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် သူ့ဖြေရှင်းမှုကြောင့် သူ့အမျိုးသမီးက အရင်ကထက်ပိုပြီးတစ်သက်လုံးချစ်ခင်သွားသလို သူတို့အိမ် ထောာင် ရေးလည်းအဆင်ပြေချောမွေ့သွားတယ် ။

လောကကြီးမှာ ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာ ကိုသိတဲ့လူတွေက ပြဿနာအားလုံကို သိမ်မွေ့စွာ ဖြေ ရှင်းနိုင်ကြတယ် ။

သက်တန့်ချို
A picture in the bush အားဘာသာပြန်သည်


ဘဝအတွက်သတိပြုချက်များ

  • မပြုလုပ်မီသတိပြုစစ်ဆေးပါ။
  • စကားကိုပြောသင့်မှပြောပါ။
  • ကျေးဇူးအတုံ့အပြန်ကိုမမျှော်လင့်ပါနှင့်။
  • အပြောချိုသာခြင်းသည်အောင်မြင်မှုတစ်ခုဖြစ်သည်ကိုသတိပြုပါ။
  • သူ့ဖက်ကကြည့်မှသူ့အမြင်ကိုစာနာတတ်သည်ကိုသတိပြုပါ။
  • သိတိုင်းပြောခြင်းသည်အန္တရာယ်ဖြစ်စေနိုင်သည်။
  • အပြောကြီးခြင်းကြောင့်သိက္ခာကျစေနိုင်သည်။
  • ဥာဏ်ရှိသော်လည်းလုံ့လကူမှ
  • အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ပါ။
  • နှုတ်မလုံမှုကြောင့်အကျိုးများပျက်စီးနိုင်သည်ကိုသတိပြုပါ။
  • အဟောင်းကိုစွန့်မှအသစ်ကိုရှိခံစားနိုင်မည်။
  • အချိန်ရှိခိုက်ဘဝအရင်းအနှီးကိုရှာသင့်သည်။
  • ခွင့်လွှတ်တတ်ခြင်းသည်အကျိုးများစေသည်။
  • ဖြစ်သမျှအကြောင်းအကောင်းထားတတ်မှစိတ်ချမ်းသာသည်။
  • လူ့လောကတွင်အတုံ့အလှည့်ရှိသည်ကိုသတိပြုပါ။
  • အဘိဇ္ဈာများခြင်းသည်မိမိစိတ်မောရုံသာဖြစ်သည်။
  • မိမိဘဝအတွက်အပြစ်တွေ့သမျှမိမိအပေါ်တွင်အပြစ်တင်ပါ။
  • စိတ်ကိုထိန်းနိုင်ခြင်းသည်ဘဝကိုထိန်းနိုင်ခြင်းဖြစ်သည်။
  • မိမိကိုယ်ကိုမိမိမနိုပ်စပ်မိစေရန်သတိပြုပါ။
  • မလိုအပ်လျှင်ကြားဝင်မဖြန်ဖြေပါနှင့်။
  • မိမိအပြစ်ကိုမိမိအကုစားလျှင်အမုန်းအပယ်ခံရတတ်သည်။
  • အိုနာသေဘေးအချိန်မရွှေးရောက်လာနိုင်သည်။

  • အနိုင်ကျင့်လေသမျှပြန်၍ဆပ်ပေးရတတ်သည်။

မှတ်သားဖွယ်တန်ဖိုးရှိစကားလေးများ(၂)


အသိလွယ် အကျင့်ခက်
၁။ အကောင်းဆုံးနေ့                 ဒီနေ့
၂။အကောင်းဆုံးအချိန်             လက်ရှိအချိန်
၃။အကောင်းဆုံးနေရာ             အတတ်ပညာသင်တဲ့နေရာ
၎။အကောင်းဆုံးလက်ဆောင်     ခွင့်လွတ်ခြင်း
၅။အသိဆုံးပုဂ္ဂိုလ်                   အလ္လာဟ်အရှင်မြတ်
၆။ကျေးဇူးအများဆုံးပုဂ္ဂိုလ်         မိဘ
၇။အချမ်းသာဆုံးနိုင်ငံ               နိဗာန်(ဂျန္နတ်)
၈။အကြီးမားဆုံးအရာ               မေတ္တာတရား
၉။အရေးအကြီးဆုံးအချိန်          သေဆုံးချိန်
၁၀။ အကြီးဆုံးအဟန့်အတား    အကြောက်တရား
၁၁။အကြီးဆုံးအမှား               လက်လျော့အရှုံးပေးခြင်း
၁၂။အကြီးဆုံးပိတ်ဆို့မှု            အတ္တ
၁၃။ အသုံးမကျဆုံးပိုင်ဆိုင်မှု          မာန
၁၄။အလွယ်ဆုံးအလုပ်              တစ်ဘက်သားကိုအပြစ်ရှာခြင်း
၁၅။အဆိုးဆုံးဆင်းရဲမှု           စိတ်မပါ၊လက်မပါဖြစ်ခြင်း
၁၆။အညံ့ဖျင်းဆုံးသူ              အသိပညာအတတ်ပညာမဲ့သူ၊အချိန်ဖြုန်းတဲ့သူ
၁၇။အငြင်းပွားရဆုံးလူ          အမြဲတမ်းညည်းတွားတတ်သူ
၁၈။အလိုအပ်ဆုံး     အများတွေးသလို၊မြင်သလိုတွေးတတ်မြင်တတ်မှု။
၁၉။စိတ်ချမ်းသာစရာအကောင်းဆုံး   အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ပြီးစီးတဲ့အချိန်။
၂၀။အပျော်ဆုံးနေ့      အောင်မြင်မှုရရှိတဲ့နေ့။
၂၁။အပျက်စီးဆုံးစိတ်      အမုန်းစိတ်။

၁။ပင်လယ်ရေဆိုတာများတော့များတယ်သောက်လို့မရဘူး။
 
ဒီလိုပဲအပေါင်းအသင်းတွေများပေမဲ့ မိတ်ဆွေကောင်းရှားပါတယ်။


၂။အမူအကျင့်ဟာအရေးကြီးပါတယ် ဘာမှမဟုတ်တဲ့အမူအရာလေးတွေကပဲ
ပြောင်းလဲမှုတွေအများကြီးပေးပါတယ်။

၃။မျှော်လင့်ချက်ဆိုတဲ့ အရာကို ကူညီအားဖြင့်ပေးနိုင်တာ ယုံကြည်ချက်ပဲ။

၎။ဘ၀ဆိုတာသစ်ပင်တစ်ပင်လိုပဲ မြေသြဇာကိုတော့ ကိုယ်တိုင်ရှာရမှာပါ။

၅။ မည်သည့်ကိစ္စကိုမဆို အချိန်ဖြုန်းလျှင် အကြိမ်ကြိမ် ရှုံးတတ်တယ်။

၆။မိမိကိုယ်တိုင် အရှုံးမပေးရင် မည်သူမှ မိမိကိုရှုံးအောင်လုပ်၍မရပါ။

၇။     အချိန်ကိုမလေစားလျှင်
       
အလုပ်ကိုမလေးစားလျှင်
       
လုပ်သင့်သည်ကိုမလုပ်လျှင်
       
မလုပ်သင့်သည်ကိုလုပ်လျှင်
         
လုပ်သမျှချွတ်ယွင်းမှုနှင့်အပျက်အစီးများလာလျှင်
         
အပျင်းထူလျှင်
       
အလုပ်ကိုခိုကပ်လျှင် ဘေးတွေ့တတ်သည်။

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။
၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ် ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

၆။ ၃ ပုံပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီး အနေ နဲ့ အသုံးပြုတတ် ကြပါတယ်။

၇။ မိုဘိုင်း ဖုန်းဆိုတာ ပြန်လည်အသုံးပြု (Re-cycle)လုပ်လို့ရတယ်ဆိုတာ အမေရိကန် မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်း မျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။

၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက် လွမ်းမိုးနိုင်တဲ့ အတွက် ဘယ်ဘက် နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေ ပြထားပါတယ်။

၉။ ကမ္ဘာ့ အရောင်းရဆုံး ဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

၁၀။ Appleရဲ့ iPhoneတစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိက လေတပ်မှာ အသုံးပြု တဲ့ စက် များအားလုံးရဲ့ လုပ်ဆောင်ချက် များထက် ပိုမိုစွမ်းရည် မြင့်မားပါတယ်။

၁၁။ Nokia ဖုန်းမှာ ဘက်ထရီ ကုန်သွားပြီး အရေးတကြီး ဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကိုနှိပ်ပါက ဘက်ထရီ အားပြန် ပြည့်ပါတယ်။

၁၂။ နံပါတ် 112ကတော့ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကို နှိပ်လိုက်ရင် သူ့နေရာ ဒေသအ လိုက် အရေးကြီး ဖုန်းနံပါတ် များကို Operator မှ ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ ပိုက်ဆံ မကျန်တော့ ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကို ခေါ် ပါက Emergency Number ဟုပေါ်လာပြီး ရဲစခန်း ဖုန်းနံပါတ်၊ မီးသတ် ဖုန်းနံပါတ်၊ အရေးပေါ် လူနာတင် ယာဉ် ဖုန်း နံပါတ် အစရှိ သဖြင့် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။
မှတ်ချက်။    ။ဖေ့ဘွတ်မှပြန်လည်မျှဝေပါသည်။

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။ သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ ရဲ့  ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။ အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။ သြဇာအာဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။ သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ ကိုယ့်အကျိုး သူ့ အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

လူလူချင်းနားလည်မှုရှိစွာ ပေါင်းသင်းဆက်ဆံရေး အကြံပြုချက်(၃)ချက်


၁။ ရှိသင့်ရှိအပ်တဲ့ အရည်အချင်း'စံ'တွေနဲ့ ပြည့်စုံတဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူးဆိုတဲ့ အချက်ကို လက်ခံထားရပါလိမ့်မယ်။
ကိုယ်ကနခြားသူထက်ပြည့်ဝပေမဲ့ ကိုယ်လိုပဲတခြားသူတွေရှိရမယ်လို့ သတ်မှတ်လို့မဖြစ်ပါဘူး။ လူ့သဘာဝကိုက လူဆိုတာမှားတတ်တယ်၊ ချွတ်ယွင်းချက်မကင်းဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။

၂။ တဖက်လူတွေမှာ ကွဲလွဲခွင့်ရှိသလို ဆန့်ကျင်မှုလည်းရှိနိုင်တယ်ဆိုတာသိထားပါ။
ကိုယ်နဲ့ အမူအကျင့်၊ ဓလေ့စရိုက်မတူတာနဲ့ ဒိလူကိုကြည့်မရဘူးလို့ မဖြစ်သင့်ပါ။ အထူးသဖြင့် ဝတ်စားဆင်ယင်မှု၊ ဘာသာအယူဝါဒ၊ အပေါင်းအသင်း ကွဲပြားတာနဲ့ မကြိုက်ဖူးလို့ပြောလို့မရပါ။ တခြားသူတွေ ဘယ်လိုပုံစံရှိရမယ်လို့ 'စံ'သတ်မှတ်လို့မရသလို သူ့အပြုအမူတွေအပေါ်လည်း ကြိုက်မကြိုက် မူချလို့မဖြစ်ပါ။

၃။ ပြုပြင်ရေးသမား မလုပ်ချင်ပါနဲ့။
လူတိုင်းဟာ ကိုယ့်ပုံစံနဲ့ကိုယ် လူဖြစ်လာကြတာချည်းပါပဲ။ ဒီတော့ သူ့ပုံစံနဲ့သူ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ ဒသနကို ခေါင်းထဲသွင်းထားပါ။ လူများစုက 'မင်းမှားနေတယ်'လို့ အပြောခံရမှာကို မလိုလားကြပါ။

ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ထားနိုင်ပေမဲ့ ထုတ်မပြောဘဲ မြုံနေတာပိုကောင်းပါတယ်။

စာရေးဆရာ ညီညီနိုင် (တိမ်မြင့်စံအတွေးများ၏ အံ့ဖွယ်တန်ခိုး) The Magic Of Thinking Big စာအုပ်မှ နှစ်သက်မိသည့်အနည်းငယ်


Khurshiid Baeghum

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ အပိုင်း(၁)

 (၁) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေ နိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ ရာခိုင် နှုန်း၊ ကျောက် ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ်အပိုင်းတွေ မရှိရင် တောင်လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ်။
(၂) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ။
(၃) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီးအရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့ စည်းထားပါတယ်။
(၄) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (၁)ပိုင့် မကထုတ် လုပ်ပါတယ်။
(၅) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်း အရင်းက - အစာအိမ် နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလို အစားထိုးနေလို့ပဲဖြစ်ပါတယ်။
(၆) နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့ အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။
(၇) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင် တည်ဖို့ လုံလောက်ပါတယ်။
(၈) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။
(၉) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။
(၁၀) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက် တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ် ဇီဝ ကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ ကြီးထွားမှုနှုန်းဟာ ခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ ပဲဖြစ်ပါတယ်။

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ အပိုင်း(၂)

 (၁၁) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အ တွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။
(၁၂) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲ နေနိုင် တာပါ ....တဲ့။
(၁၃) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီး တစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလား အလာရှိပါတယ်။
(၁၅) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။
(၁၆) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြု နိုင်သေးပေမယ့်သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းတွေ ရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
(၁၇) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့ မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။
(၁၈) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါ တယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက် ဆီဂျင်ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ။
(၁၉) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်း ပါ။
(၂၀) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ အပိုင်း(၃)

 (၂၁) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်း ဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။
(၂၃) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေ မယ့် ဒူးအတွင်းမှာရှိ တဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ် အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့် ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။
(၂၄) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင် ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။
(၂၅) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။
(၂၆) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့ အမွှေးအမျှင် ထက် ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့ အချက်ဖြစ်ပါတယ် ။
(၂၇) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။
(၂၈) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။
(၂၉) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီး သွားလေ့ ရှိကြပါတယ်။
(၃၀) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

လူသားခန္ဓာကိုယ်ရဲ့ ထူးဆန်းအံ့သြဖွယ် အချက်အလက်များ နှင့် မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ။ နိဂုံးပိုင်း

 (၃၁) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြား နေရာ ထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။
(၃၂)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာသေဆုံးနေကြပါတယ်။
(၃၃) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ် ချောင်းစီရှိကြ ပါတယ် ။
(၃၄) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိ နေနိုင် ပါသေးသတဲ့။
(၃၅) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ် မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ် ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက် အနည်းငယ် အိပ်ရေး ပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင် နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ် ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသား ဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင် မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။
(၃၆) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ် နေလေ့ ရှိပါသတဲ့ ... ။
(၃၇) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုး အစားက တော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင် တွေ့ရှိ ခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။
(၃၈) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံး အဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ် ပြီး ဒီဇိုင်းထုတ် ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက် ဆုံးရှုံးခြင်းတွေဖြစ် ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိ ပါတယ်..တဲ့ ။
(၃၉) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင် နဲ့တစ် ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။
(၄၀) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။
(၄၁) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင်သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။
(၄၂) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။

လူသဘောတရားနှင့် စကားပုံများ

လူဖြစ်ကာမျှနှင့် မြတ်နိုးစရာမဟုတ်သေး၊ လူကောင်းဖြစ်ရခြင်းသည်သာလျှင်မြတ်နိုးစရာ အစစ်ဖြစ်သည်။ (ဆိုကရေး တီးစ်)

လူတစ်ဦး၏ ပထမဆုံးဂုဏ်ပုဒ်မှာ မိမိ၏ နှုတ်ကို စောင့်စည်းမှုဖြစ်သည်။ (ကာတို)

နေ့စဉ် မျက်မှောက်၌ ဖြစ်ပျက်နေသော ကိစ္စတို့ကို သိခြင်းသည် လူ၏ အဓိကညာဏ်ပညာ ဖြစ်၏။ (မီလ်တန်)

ကောင်းသောဂုဏ်အချင်းအရာ မရှိပါက လူ၏မွေးဖွားရာဇာတိ မည်မျှကောင်းစေကာမူ အချည်းနှီးသာတည်း။ (မော်လီ ဟေး)

မျှတမှုသည် လူလူချင်း ဆက်ဆံရာ၌ တိကျမှန်ကန်သော တရားသူကြီးဖြစ်လေသည်။ (ဘာခ်)

ပိုးကောင်သည် အ၀တ်ကိုကိုက်၍ ဖျက်ဆီးသကဲ့သို့၊ မနာလိုဝန်တိုမှုမည်သည် လူတစ်ဦးကို ဖျက်ဆီးတတ်ပေသည်။ (အရစ်ဆိုတပ်)

လူတစ်ယေက်၏ နှုတ်မှထွက်သော စကားတို့၌ အပြစ် လေးမျိုး ရှိသည်။မမှန်ကန်ခြင်း၊ ပုံပြင်ဆန်ခြင်း၊ ကြမ်းတမ်းရုန့် ရင်းခြင်း နှင့် အကျိုးမဲ့ခြင်းတို့ဖြစ်သည်။ (ဖရန်ကလင်း)

ဒုက္ခရောက်နေသူကို သနားခြင်းသည် လူပီသသည်။ ထိုဒုက္ခမှ လွတ်မြောက် ကူညီပေးသူသည် လူအပီသ ဆုံးဖြစ် သည်။ (အဲလ်ဖရက်မန်း)

အကျိုးမဲ့သော လူ့ဘ၀ဟူသည် ကမ္ဘပေါ်တွင် ရှင်လျှက်နှင့် သေနေသော ဘ၀မျိုးကိုဆိုလိုသည်။ (ဂါထေး)

လူ့ဘ၀ဟူသည် တိုတောင်းလှ၏။ မျှော်လင့်ချက် အနည်းငယ်၊ စိတ်ကူးယဉ်ခြင်း အနည်းငယ်ကို ပြုလုပ်ပြီးနောက် အိပ်ချိန်သို့ရောက်လေသည်။(လီယွန်ဒီမွန်တီနက်တင်း)

လူတစ်ယေက်သည် ပညာတတ်မြောက်ခြင်း မရှိသေးသမျှ ကာလပတ်လုံး လူတစ်လုံး သူတစ်လုံး ဖြစ်သည်ဟုမ ဆိုနိုင်သေးပေ။ (အိပ်ချမန်း)

သာမာန်လူများထက်ထူးကဲသော ပညာရှိ သူတော်စဉ်တို့၌ပင် ဦးနှောက်၏တစ်ထောင့်တစ်နေရာ၌ ရူးမိုက်တတ်သော သဘော ကိန်းအောင်းနေတတ်သည်။(အရစ္စတော်တယ်)

စကားလုံးများ၏ သတ္တိကို မသိသောသူသည် လူတို့၏ အကြောင်းကိုလည်းမသိပေ။ (ကွန်ဖြူးရှပ်)

လေ့လာမှတ်သားခြင်း မပြုသော လူတစ်ယောက်၏ မျက်လုံးသည် မည်သို့မှ အကျိုးမရှိပေ။ (ပက်စန်တွဒ်)


သုတေသီ ဘုန်းမြင့်သွေး၏လူ့ဘ၀၊ လူ့အဓိပ္ပါယ်နှင့် လူသာပဓာနစာအုပ်မှထုတ်နှုတ်တင်ပြသည်။

သင်သိပြီးပြီလား

ခန္ဓာဗေဒ (၂)
မွေးစကလေးငယ်တွေမှာ လျှာသာမက ပါးစပ်အတွင်းပိုင်းကလည်း အရသာကို ခံစားနိုင်စွမ်းရှိပါတယ်။ အရွယ်ရောက်လာတာနဲ့ အမျှ လျှာကသာ အရသာခံစားနိုင်စွမ်းရှိပါတော့တယ်။
သုံးပတ်သား သန္ဓေသားရဲ့ အရွယ်ဟာ ပဲစေ့သာသာလောက်ပဲရှိပါတယ်။
လေးလသား အရွယ်သန္ဓေသားဟာ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေပေမယ့် စူးရှတဲ့အလင်းရောင်ကို ခံစားနိုင်သလို ကျယ် လောင် တဲ့ အသံကိုလည်း ခံစားနိုင်စွမ်းရှိပါတယ်။
ဆေးသိပ္ပံပညာလေ့လာချက်အရ အရွယ်ရောက်ပြီး အမျိုးသမီးများရဲ့ နှလုံးခုန်နှုန်းဟာ အမျိုးသားများထက် အနည်း ငယ် ပိုမြန်နေတယ်လို့ သိရပါတယ်။
သင့်ခန္ဓာကိုယ်ထဲက မိနစ်၃၀အတွင်း ထွက်လာတဲ့ အပူချိန်ဟာ ရေဂါလံဝက်ကို ပူစေနိုင်တဲ့ အစွမ်းရှိပါတယ်။
ခြေတစ်လှမ်းလျှောက်ဖို့ခြေထောက်ရှိ ကြွက်သား ၂၀၀ ကို အသုံးပြုရပါတယ်။
လူ့သွေးထဲမှာ Plasma ခေါ်၊ သွေးရည်ကြည်(အ၀ါဖျော့ဖျော့) ၅၄ရာခိုင်နှုန်း၊ Platelet သို့မဟုတ် White Blood Cellလို့ခေါ်တဲ သွေးဖြူဥ(ဖြူ/ပြာရောင်) ၁ ရာခိုင်နှုန်းနဲ့  Red Blood Cell ခေါ် သွေးနီဥ(အနီရောင်) ၄၅ ရာခိုင်နှုန်းတို့ ပါ     ၀င်ပါတယ်။
ကမ္ဘာ့လူဦးရေသန်းပေါင်း ၇၀၀၀ မှာ လက်ဗွေရာ တစ်ယောက်နဲ့ တစ်ယောက်မတူကြသလို မျက်လုံးအိမ်၊ လျှာတို့က လည်း မတူကြပါဘူး။
သာမန်စားနေကျထက်ပိုပြီး ဗိုက်တင်းအောင် စားလိုက်တဲ့အခါ အကြားအာရုံလျော့သွားတတ်ပါတယ်။
လူ(ယောက်ျား)ရဲ့ ခန္ဓာကိုယ်တွင်းမှာ သွေးပမာဏ ၅.၆ လီတာရှိပြီး၊ လူ(မိန်းမ)တွေမှာ ၄.၆လီတာ ပျမ်းမျှ ရှိကြပါ တယ်။
လူတွေရဲ့ အဆုတ်နှစ်ဖက်မှာ သွေးကြောမျှင်ငယ်(Capillaries) ၃ သိန်းခန့်ရှိပါတယ်။ သူတို့အားလုံးကို တစ်ဖြောင့် တည်း ဆက်လိုက်ရင် မိုင် ၁၅၀၀ခန့်ရှည်ပါလိမ့်မယ်။
အဆက်အစပ်မရှိဘဲ သီးခြားရှိနေတဲ့ လူ့အရိုးငယ်တစ်ခုက လည်ချောင်းအတွင်းမှာ ရှိတဲ့ Hyoid Bone ဖြစ်ပါတယ်။
နှာချေလိုက်တဲ့အခါ နှလုံးအပါအ၀င် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအချို့ ခေတ္တရပ်သွားတတ်ပါတယ်။
နှာချေတဲ့အခါ ထွက်သွားတတ်တဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲက အမှုန်အမွှားတွေဟာ တစ်နာရီ မိုင် ၁၀၀နှုန်းခန့် မြန်ဆန်ပါ တယ်။
လူသေသွားပြီးတဲ့အခါ သွေးလည်ပတ်မှု ရပ်တန့်သွားတဲ့အတွက် ဆံပင်၊ ခြေသည်း၊ လက်သည်းတွေ ရှည်ထွက်လာ တယ် ဆိုတာ မဖြစ်နိုင်ပါဘူး။
လူ့ခန္ဓာအစိတ်အပိုင်းမှန်သမျှ သွေးလည်ပတ်မှုကို လိုအပ်ပါတယ်။ ဒါပေမဲ့သွေးလည်ပတ်မှုမလိုတဲ့ တစ်ခုတည်းသော  အင်္ဂါအစိတ်အပိုင်းက မျက်ကြည်လွှာ(Cornea)ဖြစ်ပါတယ်။ သည်မျက်ကြည်လွှာက လေထဲက အောက်ဆီဂျင်ရနေသ မျှနဲ့ လုံလောက်ပါတယ်။
ပြုံးရယ်တဲ့အခါ မျက်နှာမှာရှိတဲ့ ကြွက်သား ၁၇ ခုသာ လှုပ်ရှားရပေမယ့် မျက်မှောင်ကုပ်၊ မဲ့ရွဲ့တဲ့အခါ ကြွက်သား ၄၇ခုကို လှုပ်ရှားစေရပါတယ်။
အကြားအာရုံဟာ ဗိုက်ဆာတဲ့အချိန် ပိုကောင်းတတ်ပါတယ်။
KMT

သိပါသလား? အပိုင်း(၂)

ကမ္ဘာ့အကြီးဆုံးမျက်လုံးပိုင်ရှင်မှာ ဧရာမရေဘ၀ဲကောင်ဖြစ်သည်။

ငှက်ကုလားအုတ်၏ မျက်လုံးသည် ၄င်း၏ဦးနှောက်ထက် ပို၍ကြီးမား၏။

ကြွက်သည် ကုလားအုတ်ထက် ရေမရှိပဲ အချိန်ကြာမြှင့်စွာ အသက်ရှင်နိုင်သည်။

လင်းပိုင်သည် မျက်လုံးတစ်ဖက်ဖွင့်၍ အိပ်စက်သည်။

မိချောင်းသည် ၄င်း၏ လျှာကိုအပြင်သို့မထုတ်နိုင်ပါ။

 ရွှေငါးတစ်ကောင်၏ မှတ်ဥာဏ်မှာ သုံးစက္ကန့်မျှသာရှိသည်။

ကုလားအုတ်များသည် စိတ်အနှောင့်အယှက်ပြုခံရလျှင် တံတွေးဖြင့် ထွေးတတ်သည်။

ခြင်အမများသာ ကိုက်တက်သည်။

 နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသောငှက်မှာ “ငှက်ပိတုန်း” ဖြစ်သည်။
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သိပါသလား? အပိုင်း(၃)

- နို့တိုက်သတ္တ၀ါ၏သွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင် အသီး သီးဖြစ်ကြသည်။

- ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာဝါးစားစေသည်။

- ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။

- လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။

- ကျားများ၏သားမွေးများသည် အစင်းကျားများဖြစ်ရုံသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။

- သစ်ကုလားအုတ်၏ နှလုံးသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။

- ဆင်များသည် ကြွက် ကိုမကြောက်ပါ။

- ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။

- ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။ 

သိပါသလား? အပိုင်း(၄)

- မြွေများသည် ၄င်းတို့၏ကိုယ်ပိုင်အဆိပ်ကို ခံနိုင်စွမ်းရှိသည်။

- အမြန်ဆုံးပျံသန်းနိုင်သော ငှက် မှာ "ပယ်ရာဂရင်းန်" လင်းယုန်ငှက်ဖြစ်ပြီး တစ်နာရီလျှင် မိုင်(၁၉၀) နှုန်းမက ပျံ သန်းနိုင်သည်။

- ခြင်များသည် အခြားအရောင်များထက် အပြာရောင်၏ ဆွဲဆောင် ခြင်းကို ပို၍ခံရသည်။

- ကြောင်များသည် ချိုသောအရသာကိုမခံစားနိုင်ပါ။

- ကမ္ဘာ့အကြီးဆုံးဥမှာ ငှက်ကလားအုတ်၏ ဥဖြစ်ပြီး၊ အလျှား (၈) လက်မ၊ အချင်း (၆) လက်မရှိသည်။
 -နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်။

- ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်။

- ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်။

- ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်(အချိုင့်)ပေါင်း (၃၃၆) ခု ရှိပါတယ်။
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။ 

သိပါသလား? အပိုင်း(၅)

  • သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှုမဖြစ်စေရန်ဂရုစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်။
  • ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင်ကမ္ဘာကို အပတ် 60ပတ်မိ မှာဖြစ်ပါတယ်။
  • လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်။
  • ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်။
  • နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်။ အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်က တည်းက နေ၀င်ပြီးသွားပါပြီ။
  • လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့အစားအစာကတော့ ပျားရည်ဖြစ် ပါတယ်၊၊
  • အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ twyndyllyngs ဖြစ်ပြီး အမွှာ စုံတွဲများ လို့အဓိပွါယ်ရပါတယ်။
  • ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊
  • မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေး ပါတယ် ။

စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။ 

သိပါသလား? အပိုင်း(၆)

အက်စ်ကီးမိုး လူမျိုးတွေမှာဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး (hello) ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊အမေရိကတိုက်မှ 14 ယောက် နှင့်အာဖရိကတိုက်မှ 8 ယောက်စီရှိ မှာဖြစ်ပါတယ်၊၊ထိုအထဲမှတစ်ယောက်တည်းကသာလျှင်ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိတရွယ်တည်းဖြစ်ပြီး ၊ နှာခေါင်းနှင့် နား ရွက်မှာမူ ကြီးထွားမှုနုန်းရပ်တန့်သွားခြင်းမရှိပေ၊၊

အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီစင်တီဂရိတ်ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထို အပူချိန်မှာနေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်၊၊

ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှအပြာရောင်ကိုမြင်နိုင်သောတစ်ခုတည်းသော ငှက်မှာဇီးကွက်ဖြစ်သည်၊၊

ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000ကျော် ပြောပြီးချိန်တွင် အမျိုး သမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊

ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000ကျော် ဖြတ်သန်းနားရောက်ရပြီး ခရီး မိုင်ပေါင်း 55000 ကျော်ပျံသန်းရပေသည်၊၊

ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသောနို့တိုက်သတ္တ၀ါကတော့ဆင်ဖြစ်ပါတယ်၊၊

 ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာကစကော့တလန်ပြည်မှ စတင်တီထွင် ခဲ့တယ်လို့ဆို ပါတယ်၊၊သူတို့ဟာ အဲ့ဒီကစားနည်းကို “Gentlemen Only Ladies Forbidden” လို့ သတ်မှတ်ထားရာ ကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီးစတင်ကစားကြတာ ဖြစ်ပါတယ်၊၊ also call Game Of Lazy Fallows.
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။ 

သိပါသလား? အပိုင်း(၇)

- ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်းငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီးနေ့စဉ် ခြကောင်ရေသုံးသောင်းထိ
မွေးဖွားပေးနိုင်ပါတယ်၊၊

- သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)ဖြစ်ပါတယ်။

- ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်။

- သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်းခံရပါတယ်၊၊ သမ္ဓတကနေဒီ ကတော့ အထက်လွှတ်တော်အမတ် အဖြစ်1946 ခုနှစ်မှာရွေးချယ်ခံရပါတယ်၊၊

- သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီးသမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ် လာခဲ့ပြန်ပါတယ်၊၊

- သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီးသမ္ဓတကနေဒီရဲ့ အတွင်းရေးမှူး နာမည် ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်

- သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ရင်သွေးတစ်ဦးစီ ဆုံးပါးသွား ခဲ့ရပြန်ပါတယ် သမ္ဓတနှစ်ဦးစလုံးဟာသောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ ကျည်ဆန် ထိ မှန်သေဆုံးခဲ့ရပါတယ်၊၊

- သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ဂျွန်ဆင်ကြောင့်ပဲအောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ
ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ် သမ္ဓတကြီးလင်ကွန်းကိုနိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန် ဆင်ဟာ 1808 ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့ တဲ့လန်ဒန်ဂျွန် ဆင် ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊

-သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာမွေးဖွားသူဖြစ် ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံခဲ့သူ ဟာဗေး အော့ဝေါ့ဒ် မှာ1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊

- သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာလုပ်ကြံခြင်းခံခဲ့ရပြီး သမ္မတ ကနေဒီကတော့ (Ford) ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်း လို့ ခေါ်ပါတယ်

- သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှထွက်ပြေးလွတ်မြောက် သွားခဲ့ပြီးကုန်တိုက် တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခု ကနေ ထွက်ပြေးသွား ခဲ့ပြီး ပြဇာတ်ရုံ ထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊

- သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ်(Monroe) မွန်ရိုးရပ် ကွက်မှာရှိနေခဲ့ပါ တယ်၊၊ သမ္မတ ကနေဒီကတော့လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး Marilyn Monroe မာရီ လင်မွန် ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊

- သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကိုတရားရုံးမှ ပြစ်ဒဏ်မချမှတ်ရသေး ခင်မှာပဲလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သိပါသလား? အပိုင်း(၈)

-ပျမ်းမျှအားဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ တနေ့ကို မေးခွန်းပေါင်း၄၃၇ ခုထိ မေးမြန်းနိုင် ပါတယ်၊၊

-နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နောက်ကိုပြန်မြင်နိုင်တဲ့သတ္တ၀ါနှစ်မျိုးကတော့ ယုန် နဲ့ကြက်တူရွေး တို့ပဲ ဖြစ်ပါတယ်၊

-ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ခြေထောက်နှစ်ချောင်းမှာခြေချောင်း ခြောက်ချောင်းစီ ရှိ ပါတယ်၊၊

-ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ 5,940 billionbillion metrictons [SIZE=-1] ဖြစ်ပါတယ်။

-သင့်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင်ဟာ အစားအသောက်အလေးချိန်ပေါင်း 60,000 pounds စားသောက်နိုင်ပါတယ်၊၊အဲ့ဒီ အလေးချိန်ဟာ ဆင်ခြောက်ကောင်ရဲ့အလေးချိန်နဲ့လည်းညီမျှပါတယ်

-လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကိုပဲ ကွေ့သွားတက်ပါတယ်၊၊

-အမျိုးသားတွေရဲ့ ရှပ်အင်္ကျိတွေမှာ ကြယ်သီးက ညာဘက်မှာရှိပြီးအမျိုးသမီးဝတ်ရှပ်အင်္ကျိတွေမှာတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ်။

-တိုင်တန်းနစ်သဘောင်္တည်ဆောက်ရာတွင် 7 million dollars ကုန်ကြခဲ့ပြီး တိုင်တန်းနစ်ရုပ်ရှင် ရိုက်ကူး မှုအတွက်မှာမှု 200 million dollarsသုံးစွဲခဲ့ရပါတယ်။

-နေ့စဉ်တိုင်းနေ့စဉ်တိုင်းတွင် ကလေးငယ်ပေါင်း 400,000 မွေးဖွားနေပြီးလူဦးရေပေါင်း 140,000 ခန့်သေဆုံးနေပါတယ်။

-ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သည် တယ်လီဖုန်းခေါ်ဆိုခြင်းသို့မဟုတ်လက်ခံပြောဆိုဖူးခြင်းမရှိပေ၊၊
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သိပါသလား? အပိုင်း(၉)

  • အလုပ်မဖြစ်သော ဂြိုလ်တုပေါင်း ၈၀၀၀ ကျော် ကမ္ဘာကို လှည့်ပတ်လျက် ရှိသည်။
  • ၁၉၈၈ ခုနှစ်က ပူဒယ်ခွေးတစ်ကောင် မြင့်မားသော အဆောက်အအုံ တစ်ခုပေါ်မှ ပြုတ်ကျလာ မှုကြောင့် လူပေါင်းသုံးဦးတိတိ သေခဲ့ရသည်။ တစ်ဦးမှာ ခေါင်းပေါ် တည့်တည့် သို့ ခွေးပြုတ် ကျသောကြောင့် နှလုံးရောဂါဖောက်ကာ သေ ဆုံးရခြင်းဖြစ်သည်။
  • အီရတ်နိုင်ငံတွင် မင်္ဂလာဆောင်နှင့် အခြားအခမ်းအနားများအတွက် အောင် ပွဲခံသေနတ်များ ပစ်ဖောက်မှုကြောင့် နှစ်စဉ်လူ ၂၀၀ ခန့် အသက်ဆုံးရှုံးလျက် ရှိသည်။
  • ကင်ဆာရောဂါမဖြစ်ပွားနိုင်သည့် သင့်ခန္ဓာကိုယ်၏ တစ်ခုတည်းသော အစိတ် အပိုင်းမှာ မျက်လုံးအတွင်းရှိ မှန်ဘီလူး ဖြစ်သည်။
  • ကမ္ဘာမြေကြီး၏ အလယ်ဗဟိုနှင့် အပေါ်ယံမျက်နှာပြင်တို့ အကွာအဝေးမှာ ၃၇၀၀ မိုင် ဖြစ်သည်။
  • ဘိုးလင်း (Bowling) ကစားနည်းကို ဘီစီ ၅၀၀ တစ်ဝိုက်က အီဂျစ်နိုင်ငံတွင် တီထွင်ခဲ့သည်။
  • ဒက်မင်ရှန်ခွေးများသည် မွေဖွားလာစဉ်ကတည်းက အစက်အပြောက်များ ပါရှိ ခြင်း မရှိပါ။
  • လင်းပိုင်များသည် အိပ်ပျော်နေစဉ် အမြဲတမ်း မျက်လုံးတစ်ဖက်ကို ဖွင့်ထား ကြသည်။
          ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့အကြား ရွက်လွင့်ရန်ကြာသည့် အချိန်သည် ကျွန်တော်တို့ လက်သည်းများပေါက်ရန် ကြာသည့်အချိန်နှင့် အတူ တူပင် ဖြစ်သည်။
         ကမ္ဘာပေါ်တွင် အပူပြင်းဆုံးဒေသမှာ လစ်ဗျားနိုင်ငံရှိ အလ်အဇီဇီယာမြို့ ဖြစ်သည်။
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သိပါသလား? အပိုင်း(၁ဝ)

  •  ကြိုးကြာငှက်များ၏ အမွှေးအရောင်များ ပန်းရောင်နှင့် အနီရောင်ဖြစ်လာပါက လိင်မှုဆိုင်ရာ ရင့် ကျက်ဖွံ့ဖြိုး သည့်အဆင့် ရောက်လာခြင်းကို ပြခြင်းဖြစ်သည်။ သူတို့သည် မွေးဖွားလာစဉ်က အဖြူရောင်ရှိပြီး သက်တမ်း တစ်နှစ်ကြာပြီးနောက် တဖြည်းဖြည်း အရောင်များထွက်ပေါ်လာသည်။
  •  ဟမ်းဘောခ့်ဝေလငါးတစ်ကောင်၏ သီချင်းဆိုသံသည် ၁၉၀DB ရှိသည်။ ယင်း သည် ဘိုးရင်းလေယာဉ် ပျံကြီး ပျံထွက်စဉ် ထွက်ပေါ်လာသော အသံနှင့် ညီမျှ သည်။
  •  ဝေါတ့်ဒစ္စနေးတွင် ကြွက်များကို အလွန်အမင်းကြောက်ရွံ့သောရောဂါ ရှိသည်။
  •  ကမ္ဘာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းတွင် ‘အံဆုံးသွား’ ချို့တဲ့သည့် မျိုးရိုးဗီဇကြောင့် ဖြစ် သည့် ရော ဂါရှိ သည်။
  •  ရုရှား လျှို့ဝှက်အဖွဲ့အစည်း KGB ၏ အရှည်မှာ Komitel Gosudar-stvennoy ဖြစ်သည်။
  • သားပိုက်ကောင်များနှင့် Emu ဟုခေါ်သော သြစတြေးလျငှက် ကုလားအုတ် များ သည် နောက်ပြန် သွားနိုင်ခြင်းမ ရှိပါ။ ယင်းအချက်ကြောင့်ပင် ယင်းအကောင် များကို သြစတြေးလျတိုက်၏ သင်္ကေတ များ အဖြစ် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။
  •  လျှာတွင်ပါသော အရသာခံဖုလေးများသည် ၁၀ရက်သာ အသက် ရှင်နိုင်ကြ သည်။
စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

သိပါသလား? အပိုင်း(၁၁)

  •  ရွှေရောင်ငါးကလေးများကို အမှောင်ထဲတွင် ထားလျှင် နောက်ပိုင်းတွင် အဖြူရောင်သို့ ပြောင်းသွား တတ်ကြသည်။
  • ခရုပတ်ကျိများသည် (၃) နှစ်အထိ အိပ်နိုင်ကြသည်။
  • မိုနာလီဇာတွင် မျက်ခုံးမွေး လုံးဝမရှိပေ။ ထိုခေတ်အချိန်တွင် မျက်ခုံးမွေးများ ရိတ်ခြင်းသည် ဖက်ရှင် တစ်ခု လို ဖြစ်သည်။
  • ကြက်သွန် လှီးနေစဉ် ပီကေ၀ါးခြင်းဖြင့် မျက်ရည်ထွက်မှုကို လျှော့နည်းစေသည်။
  • ပုရောဆိတ် သတ္တ၀ါများသည် ၄င်းတို့၏ မျက်စိကို မမှိတ်နိုင်ကြပါ။
  • သံလွင်ပင်သည် နှစ်ပေါင်း (၁၅၀၀) အထိ သက်တမ်းရှည်ကြသည်။
  • သဘာဝ ပုလဲများကို ရှာလကာရည်နှင့် စိမ်ထားလျှင် ပျော့ပျောင်းသွား တတ်ကြသည်။
  • ပုစွန်ဆိတ်များ၏ နှလုံးသည် ၄င်းတို့၏ ဦးခေါင်းပင် ဖြစ်သည်။ 

သိမှတ်ဖွယ်ရာ ဗဟုသုတ ကမ္ဘာ့စာစုများ


(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့်ညီမျှသောပမာဏ အလေးချိန်ကို " ဂါလံ " လို့ သတ်မှတ်ခဲ့ပါတယ် ။

(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင်" 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့...
အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။

(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို
ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေးခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။

(၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။" ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရပါသည် ။

(၅)"ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist "(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။" Noisy ghost " ( ဆူညံသော သရဲ) လို့ အဓိပ္ပါယ်ရပါတယ် ။

(၆) အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့စမေးကြပါတယ် ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru" လို့ဖြေကြပါတယ် ။ဒါနဲ့ပဲ...တိုးဘော့ကြီးတွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် ။
အမှန်တော့ သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက
"We don"t understand your words " ( ခင်ဗျားပြောတာ ကျနော်နားမလည်ဘူး )လို့ပြောနေတာပါတဲ့ ဟုဖော်ပြပါသည်။

(၇) နံပါတ် 40 ကလွဲလို့ ကျန်တဲ့ တစ် ကနေ infinity ထိ ဘယ်ကိန်းကိုမဆို အင်္ဂလိပ်လိုစာလုံးပေါင်းရေးရင် အစဉ်အတိုင်း မဖြစ်ပါဘူး ... f - o - r - t - y .. ဆိုပြီး အင်္ဂလိပ်အက္ခရာ ငယ်စဉ် ကြီးလိုက် သွားတာကို ဆိုလိုပါတယ် ။

(၈) " Cemetery" (သချိုင်း)ဆိုတာ ဂရိဘာသာစကား " Koimetirion" ကလာတာပါတဲ့ ..အဓိပ္ပါယ်ကတော့ " အိပ်ခန်း" ပါတဲ့လေ...

(၉) " Hazard" ဆိုတဲ့ အင်္ဂလိပ် စကားလုံးက အာရေဗျဘာသာစကား " အယ်လ်ဇား " မှဆင်းလာတာဖြစ်ပြီး မူရင်းအဓိပ္ပါယ်မှာ " အန်စာတုံး " ဖြစ်ပါတယ်။

(၁၀) "သတ္တိ ဗျတ္တိ " ဆိုတဲ့ စကားကို လူတော်တော် များများပြောတတ်ကြပါတယ် ။" ဗျတ္တိ " ဆိုတာ ဘာလဲလို့ မေးကြည့်တော့ သေသေချာချာ မသိဘူးတဲ့ ...
ကျမ ဖတ်ဖူးတာကတော့ " ဗျတ္တိ " ရဲ့အဓိပ္ပါယ်က " အသိအလိမ္မာတို့နဲ့
အားလုးံပြည့်စုံ၍ လူအများ၏ မှီခိုအားထားခြင်းတို့ကို ခံနိုင်၇ည်စွမ်းရှိခြင်း " ပင်ဖြစ်သည် လို့ဆိုလိုပါတယ်။

(၁၁) အနောက်နိုင်ငံသားတွေဟာ (၁၃) ဂဏန်းကို နိမိတ်မကောင်းဘူးလို့အယူရှိကြပါတယ် ။
အမှန်တော့ သောကြာနေ့ ၁၃ ရက် နေ့ ကို နိမိတ်မကောင်း ဟု ယုံကြည်ကြတာများပါတယ် ။ ဘာလို့လဲဆိုတာ ယေရှု့ ခရစ်တော် အတူနောက်ဆုံးညစာစားခဲ့တဲ့သာဝကကြီး (၁၃ ) ပါး ရှိလို့ ၁၃ ဂဏန်းကို နိမိတ်မကောင်းဘူးလို. အယူရှိကြခဲ့ကြတာပါ။

(၁၂) အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲ အပြီး မှာ အောက်မြန်မာပြည်တ၀ှက်ကို အင်္ဂလိပ်တွေ
သိမ်းပိုက်ထားပြီးပါပြီ။ အဲဒီအချိန်ထဲက အင်္ဂလိပ် အစိုးရဟာ " ထီ " ကို စဖွင့်ပေးခဲ့တာပါ ။အစကတော့ Lottery ကို မြန်မာတွေက " လောထီ " လို့ခေါ်ကြတယ် ...နောက် တဖြေးဖြေးကြာလာတော့ " လောထီ" ကနေ " ထီ " ဆိုပြီး ဖြစ်လာတာပါ။

(၁၃) တစ်စုံတစ်ယောက်က နှာချေတဲ့ခါ သုံးတဲ့ " ဟတ်ချိုး .. ဘုရား " ဆိုတဲ့ စကားအသုံးအနှုန်းဟာ ခရစ်နှစ် 590 မှာ ရောမ နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို.သိရပါတယ် ။ အဲဒီအချိန်တုန်းက လူတိုင်း ရုတ်တရက် နှာချေတဲ့ရောဂါဆန်းတစ်မျိုးစွဲကပ်နေပြီး မြို့တော်ကြီး တစ်ခုလုံးမှာ ကပ်ဆိုးကြီး တစ်ခု အဖြစ် ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ် ။
ဒီတော့ ပုပ်ရဟန်းမင်းကြီး မောင့်ဂိုမာရီ က အမိန့်ဒီကရီ တစ်ခုချမှတ်ပြီး ထုတ်ပြန်ကြေငြာတယ် ။ မည်သူမဆို နှာချေတဲ့ခါ Dio Ti Benedica ( God Bless You )လို့ရွတ်ဆိုရမယ်ဆိုတဲ့ အမိန့် ဒီကရီ ပါပဲ ။
မြန်မာလိုကတော့ " ဟတ်ချိုး .. ဘုရား " ပါလိုခေါ်တွင်ခဲ့ပါတယ်။
အားလုံးဘဲ လေ့လာမှတ်သားနိုင်စေရန်ပြန်ပြီးဝေမျှပေးလိုက်ပါတယ်နော်...

အရူးလွယ်အိတ်မှ လွမ်းသူမေ(အဝေးရောက်) ၏ပိုစ့်အားပြန်လည်မျှဝေပါသည်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်(၂၀)

 (၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင် ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မည်။အောင်မြင်မှုမှာတော့ ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေး ကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
မေးလ်ထဲမှ

အချိန်ရဲ့တန်ဖိုး

တစ်နှစ်ရဲ့တန်ဖိုးကို သိလိုလျှင် စာမေးပွဲကျသောကျောင်းသားကို မေးကြည့်ပါ။
တစ်လရဲ့တန်ဖိုးကို သိလိုလျှင် လမစေ့ဘဲ ကလေးမွေးသောမိခင်ကို မေးကြည့်ပါ။
တစ်ပတ်ရဲ့တန်ဖိုးကို သိလိုလျှင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။
တစ်နေ့ရဲ့တန်ဖိုးကို သိလိုလျှင် ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့ နေ့စားအလုပ်သမားတစ်ယောက်ကို မေးကြည့်ပါ။
တစ်နာရီရဲ့တန်ဖိုးကို သိလိုလျှင် ဆုံစည်းခွင့်ကို စောင့်နေတဲ့ချစ်သူကို မေးကြည့်ပါ။
တစ်မိနစ်ရဲ့တန်ဖိုးကို သိလိုလျှင် ရထားမမှီလိုက်တဲ့ခရီးသည်ကို မေးကြည့်ပါ။
တစ်စက္ကန့်ရဲ့တန်ဖိုးကို သိလိုလျှင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ယာဉ်မောင်းကို မေးကြည့်ပါ။
တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိလိုလျှင် အိုလံပစ်ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။
                                                                      ထွန်းမြတ် (ဘိုတထောင်)

အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြား ခြားနားချက်။


အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gordan Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုး ခွဲခြားလို့ ရပါတယ်။



အထက်လူကြီးက လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။

အထက်လူကြီးက အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။

အထက်လူကြီးက ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။

အထက်လူကြီးက “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။

အထက်လူကြီးက ပြဿနာ ဖြစ်လျှင် အပြစ်တင်သည်။
ခေါင်းဆောင်က ပြဿနာကို ကုစားသည်။

အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။

MMDailyNews မှ ပြန်လည်ဖော်ပြပါသည်။

ခြေဗလာလမ်းလျှောက်ခြင်းရဲ့ ကောင်း ကျိုး လေး များ

 -ပေါက်ပေါက်
ကျောက်စရစ် ခဲလုံးလေးတွေပေါ် ဖိနပ်မပါဘဲလမ်းလျှောက် နေတာကိုမြင်ဖူးကြမှာပါ။
မြေပြန့်ပေါ်မလျှောက်ဘဲ ဘာ့ကြောင့် တကူးတက ခဲလုံး ပေါ် လမ်းလျှောက်ကြရတာလဲ?
ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်ကြရတာလဲ?

(၁) သွေးကျစေပါတယ်
**************************
အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီး ရွယ်အိုများကို ရက်သတ္တတစ်ပတ်လျှင် သုံးနာရီဖြင့် အချိန် ကာလလေးလကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာ ဖြင့်လမ်းလျှောက်စေခဲ့ရာ သိသိသာသာ သွေးတိုးကျသွား ပါတယ်။ သွေးတိုးရောဂါသည်များ အဲဒီလို လျှောက်ပေး ခြင်းက မြေပြင်ညီပေါ်ဖိနပ်စီး၍ ပုံမှန်လမ်းလျှောက်ခြင်း ထက် ပိုမိုကောင်းကျိုးဖြစ်စေတယ်လို့ ၂ဝဝ၅ခုနှစ်ထုတ် The American Geriatrics Society (ခေါ်)အမေရိကန် သက်ကြီးရွယ်အို လူ့ဘောင်အဖွဲ့လို့အမည်ရတဲ့ဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။
(၂) အာရုံစူးစိုက်မှုကောင်းလာစေပါတယ်
*********************************************
အာရုံစူးစိုက်ပြီးခြေလှမ်းတိုင်းကို ဖြည်းဖြည်းနဲ့ မှန်မှန်လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင်ရာအသိအာရုံ ကောင်းမွန်တိုးတက်လာပါ တယ်။
(၃) စိတ်တက်ကြွမှုဖြစ်စေပါတယ်
************************************
ဘဘာဝပထဝီမြေကြီးဓာတ်ရဲ့ထူးခြားသော အကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ် ပိုင်းဆိုင်ရာပါကောင်းကျိုးပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်သောကများကို အလိုအ လျောက်ပြေလျော့သွားတယ်လို့ဆိုပါတယ်။
(၄) ခြေဖဝါးအနှိပ်ခံသကဲ့သို့ ထိရောက်မှုဖြစ်စေပါတယ်
************************************************************
ခြေဖဝါးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့အကြော စုံဖြစ်သလို ခန္ဓာကိုယ်တွင်းကလီစာများနှင့်လည်း ဆက် နွှယ်နေလို့ ခြေဖဝါးနှိပ်နယ်ကုသမှုခံယူနေကြခြင်းဖြစ်ပါ တယ်။ ယခုလို ကျောက်စရစ်ခဲတုံးလေးတွေပေါ် ခြေဗလာ ဖြင့်လမ်းလျှောက်ခြင်းက လက်ဖြင့်နှိပ်နယ်ခံရသကဲ့သို့ အ ကျိုးအာနိသင်ရှိစေလို့ ငွေမကုန်ဘဲ ရောဂါသက်သာစေ တဲ့နည်းလမ်းကောင်းပါပဲ။
(၅) ကြွက်သားများကို ကျန်းမာစေပါတယ်
*********************************************
ကျောက်စရစ်ခဲများ ပေါ် ခြေကြွလမ်းလျှောက် ခြင်းကြောင့် ခြေဖနောင့်၊ ခြေဖဝါးအလယ်၊ ခြေချောင်း စသည်ဖြင့် ခြေဖဝါးတစ် ပြင်လုံး သွေးလည်ပတ်မှု ကောင်းစေကာ ဖြေဖဝါး ကြွက်သားများကို ကျန်းမာကြံ့ခိုင်လာစေပါတယ်။ လွန်ခဲ့ သောအနှစ်၂ဝဝဝခန့်က ခြေနင်းဖိနပ်လုံးဝမစီးဘဲ ခြေဗလာဖြင့် လှည့်လည်သွားလာရှင်သန်ခဲ့ကြသည့် ဇူးလူးလူ မျိုးတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုများကို ပြန်လည်လေ့ လာဆန်းစစ်ကြည့်ရာ ယနေ့ခေတ်အရိုးစုနဲ့မတူ ခြေချောင်း ရိုးလေးများ သန်မာကြကြောင်း လေ့လာတွေ့ရှိရပါတယ်။
(၆) ခြေထောက်ယောဂလေ့ကျင့်ခန်းယူခြင်းတစ်မျိုးပါပဲ
*************************************************************
ခြေဖဝါးကိုဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ်ထိန်း ပြီး ကိုယ်ကိုမတ်မတ်ထားကာ ခြေဆန့်လမ်းလျှောက်ခြင်း ကြောင့် ကြွက်သားနှင့်အရိုးစပ်ကြားရှိအရွတ်ကြောလုံးများ၊ ခြေတစ်ချောင်းစီရဲ့အရိုး
များကိုဆက်သွယ်ထားသည့် အရွတ်ပြားများနှင့် အရိုးအဆစ် အဆက်များကို ကျန်းမာကြံ့ခိုင်စေသည့်အပြင် ဒူးနာ၊ ခါးနာတို့ကိုပါပျောက်ကင်းစေလို့ ခြေထောက်ယောဂ ကျင့်စဉ် အထူးလုပ်နေစရာ မလိုတော့ပါဘူး။
(၇) ညဘက်နှစ်ခြိုက်စွာအိပ်မောကျစေပါတယ်
****************************************************
နှစ်ခြိုက်စွာအိပ်မောကျစေလို့ နာတာရှည်အိပ်မပျော် သူများအတွက် အကောင်းဆုံးကုထုံးလို့ဆိုပါတယ်။
(၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံတိုးတက်စေပါတယ်
*******************************************************
လူ့ခန္ဓာကိုယ်ကို ရေဓာတ်ရာခိုင်နှုန်း ၆ဝနဲ့ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ကမ္ဘာပထဝီမြေကြီးရဲ့အစိတ်အ ပိုင်းတစ်ခုဖြစ်တဲ့ ကျောက်စရစ်ခဲထဲမှာ သံဓာတ်များပါရှိပါ တယ်။ ထိုကျောက်စရစ်ခဲပေါ်ခြေဗလာလမ်းလျှောက်ခြင်း ဖြင့် ခြေဖဝါးအပူဓာတ်ကနေ သံဓာတ်များ ကိုယ်ခန္ဓာထဲစီး ဝင်လာပြီး အဆိပ်အတောက်ပြေစေခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို သက်သာစေခြင်း၊ ဟော်မုန်းမျှတခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာစေခြင်း စသည်ဖြင့် ကောင်းကျိုး များ ခံစားရစေပါတယ်။ ရေစွတ်စိုသောသဲသောင်ပြင်ပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းကလည်း ထိုကျန်းမာရေး အကျိုးကျေးဇူးများကို ရနိုင်ပါတယ်။
(၉) ပျော်ရွှင်စရာလေ့ကျင့်ခန်းတစ်မျိုးပါ
********************************************
နေခြည်နုနုအောက် လေကောင်းလေသန့်ရှုရှိုက်ရင်း ကျောက်စရစ်ခဲလမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှန်လမ်း လျှောက်ကာ မိမိအားသန်ရာသီချင်းသီဆိုခြင်း (သို့မဟုတ်) ဘုရားစာရွတ်ဖတ်ခြင်း (သို့မဟုတ်) တရားရှုမှတ်ခြင်းဖြင့် လူးလာတုံ့ခေါက်လျှောက်ခြင်းက စိတ်နှလုံးအေးချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာအားကစားလေ့ကျင့်ခန်းလေးပါပဲ။
(ကိုးကား…Health Benefits of Bare foot )

ကျောင်းသင်ခန်းစာမှာမသင်တဲ့အရာ

၁) လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက "လျှာ"ဖြစ်တယ်။

၂) လူတွေဟာ မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။

၃) တံဆိပ်ခေါင်း (သို့) စာအိပ်တွေကိုကပ်ဖို့ လျှာနဲ့လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁ဝပုံ ၁ပုံ ကို သင်
လျှက်မိသားဖြစ်သွားပြီ။

၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ်ရှည်ကြတယ်။

၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်တွေဖြစ်တယ်။

၆) မိကျောင်းတွေကလျှာရှည်သလောက် သူတို့လျှာကို အပြင်ထုတ်လို့မရဘူး။

၇) ခြင်္သေ့တချို့က တစ်နေ့ကို အကြိမ်(၅ဝ)မိတ်လိုက်နိုင်တယ်။

၈) ငှက်ကုလားအုတ်တွေရဲ့မျက်လုံးက ဦးနှောက်ထက်ကြီးတယ်။

၉) ကြယ်ငါးတွေမှာ ဦးနှောက်မပါဘူး။

၁၀) ခွေးလေး(သန်း)တွေက သူတို့ခန္ဓာကိုယ်ထက် အဆ ၃၅ဝ အမြင့်ကိုခုန်နိုင်တယ်။

၁၁) ခေါင်းဖြတ်ခံထားရတဲ့ ပိုးဟပ်တစ်ကောင်ဟာ (၉)ရက်အထိ အသက်ရှင်နိုင်သေးတယ်။ (၉)ရက်နောက်ပိုင်း သေဆုံးသွားရတာက ဆာလောင်လို့ပဲဖြစ်တယ်။ 

၁၂) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။

၁၃) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။

၁၄) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။

၁၅) အင်္ဂလိပ်ဘာသာက စကားလုံးအများဆုံးစာဖြစ်ပြီး အရေအတွက် (၁)သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာရှိတယ်။

၁၆) ပုတ်သင်ညိုတစ်ကောင်ရဲ့လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။

၁၇) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က အရောင်ကို ပြောင်းနိုင် စွမ်းရှိသေးတယ်။

၁၈) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှား နိုင်တယ်။

၁၉) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာဆွဲခဲ့ရတယ်။

၂ဝ) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်းပိုကောင်းတယ်။

၂၁) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက်ကြာရှည်ခံတယ်။

အင်တာနက်ပေါ်မှာ ဖတ်မိသမျှကို ဘာသာပြန်မျှဝေပါတယ်... @ Nine Nine Sanay

အောင်မြင်မှုရဲ့ အဓိကလိုအပ်ချက်များ

★★★  အပြုံးအနည်းငယ်ပိုပါ။
★★★  နှုတ်အနည်းငယ်ချိုပါ။
★★★  လှုပ်ရှားမှုအနည်းငယ်မြန်ပါ။
★★★  အလုပ်အနည်းငယ်ကြိုးစားပါ။
★★★  သဘောထားအနည်းငယ်ကြီးပါ။
★★★  ဦးဏှောက်အနည်းငယ်ရှင်းထားပါ။
★★★  ထိရောက်မှုအားအနည်းငယ်မြှင့်ပါ။
★★★  အကြောင်းပြချက်အနည်းငယ်လျှော့ပါ။
★★★  အကျင့်ဆိုးအနည်းငယ်လျှော့ပါ။
★★★  စကားပြောအနည်းငယ်နည်းပါ။

နှစ်သက်မိသော စာစုလေးများ

ဖတ်မိသော စာအုပ်မှနှစ်သက်သော စာစုလေးများကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။
မနေ့သည် အိပ်မက်၊
မနက်ဖြန်သည် မျှော်မှန်းချက်၊
ယနေ့သည် လက်တွေ့ဘ၀။
Yesterday is only a dream, tomorrow is only a vision , but today is life .
အတွေးအခေါ် နှင့် ဘ၀ကို ပတ်ဝန်းကျင်က ပြုပြင်ပေးသည်။
Environment influence one'e mode of life and thought.
အသုံးမ၀င်သော အသက်ရှည်ခြင်းသည် စောစော သေခြင်းပင်ဖြစ်သည်။
A uneless life is an early death.
ဘ၀ဆိုတာ ဘာမှမဟုတ်သော်လည်း ရုန်းကန်မှု တစ်ရပ်ဖြစ်သည်။
Life is nothing but a struggle .
ပျင်းရိခြင်းသည် အသက်ရှင်နေသူအား(ဘ၀အား) သဂျြိင်္လ်ခြင်းဖြစ်သည်။
Lazy is a burial of a living man.
အသက်ရှင်နေသရွေ့ ဘယ်လိုနေထိုင်ရမည်ကို အမြဲ လေ့လာဆည်းပူးနေပါ။
As long as you live, keep learning how to live.
အသက်ရှင်ခြင်း(ဘ၀) ဟူသည် တိုက်ပွဲပင်ဖြစ်သည်။
To live is to do battle .
အချစ်သည် သူ့အလိုအလျောက်ပေး၏။ ၀ယ်ယူလို့ မရပေ။
Love gives itself ,it is not bouhgt.
အချစ် နှင့် ချောင်းဆိုးခြင်းကို ဖုံးကွယ်ထားလို့မရပေ။
Love and cough can not be hid. 
ဘ၀သည် ပန်းဖြစ်ပြီး အချစ်သည် ၀တ်ရည်ဖြစ်ပေသည်။
Life is a flower of which love is the honey.
ဘ၀၏ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အကောင်းဆုံးမှာ အချစ်ပင်တည်း။
The greatest pleasure of life is love.
အချစ်တွင် မျက်စေ့မရှိပါ။
Love is blind . 
အချစ်စစ် အချစ်မှန်သည် ဘယ်သောအခါမှ မဟောင်းနွမ်းပေ။
Ture love never grows old .
အချစ်သည် ကမ္ဘာကြီးကို တည်ဆောက်ထားသည်။
Love made the world . 
အချစ်သည် အရာရာကိုအောင်နိုင်၏ ။
Love conqueror all things.
ကျွန်ုပ်သည် အရူးဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ကောင်းတာမှန်သမျှကို ချစ်၏။
I am a fool anything that is good .
စောစီးစွာ အိမ်ထောင်ပြုခြင်းသည် အချစ်တာရှည်၏။
Early marriage ,long live.
ငယ်ချစ်သည် မပျောက်ပျက်။
Old love does not rust. (ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ )
ဒေါသသည် မိုက်မဲမှုဖြင့် စတင်ခဲ့ပြီး နောင်တရရှိခြင်းဖြင့် အဆုံးသတ်သည်။
Anger begins with folly, and ends with repentance.
ဒေါသကြီးသူ စကားတို။
A short tempered person's speech is short.
မီးပြင်းတဲ့အခိုက် ရေလိုက်လို့လည်းမနိုင်။
While the fire is raging, water can do nothing.
ဒေါသဖြစ်နေသူသည် သူ၏မျက်စိကိုပိတ်ထားပြီး သူ၏ပါးစပ်ကိုပိတ်ထာ၏။
An angry man opens his mouth and shuts up his eyes.
ဒေါသကို ကုစားဖို့ရာ အကြီးမားဆုံး သောနည်းလမ်း ကား အချိန်ဆွဲထားရန်ပင်ဖြစ်သည်။
The gratest for anger is delay.
ဒေါသဖြစ်ခြင်းသည် ခေတ္တခဏ ရူးသွပ်ခြင်းဖြစ်သည်။
Anger is short madness.
လူတစ်ယောက်ဒုက္ခရောက်ခြင်းသည် မချမ်းသာရသော်လည်း အသိပညာတိုးပွားလာလေသည်။
Advesity makes a man wise , not rich.
ကြံသာ အစဉ်ချိုသည်၊ လူ သည် အစဉ်မချို။
Only sugar-cane is always sweet , not man.
တောင်ထိပ်ရောက်သောသူတိုင်း အောက်က တက်၏။
Whoever has reached the peak , had to begin the climb at the foot of the hill.
တုံဆိုင်းသောလူသည် ရှုံးနှိမ့်သည်။
The man who hesitates is lost.
လူတစ်ယောက်သည် ပျော်ရွှင်နေသောအခါ နာရီထိုးသံပင် မကြားပေ။
When a man happy he does not hear the clock strike.
လူကြီးနှင့်လူငယ်သည် ဘယ်တော့မှ သဘောထားခြင်းတိုက်ဆိုင်မည် မဟုတ်။
Youth and age will never agree.
သုတေသီ ဘုန်းမြင့်သွေး










































0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!