ပုံပြင်လေး တစ်ပုဒ်
တစ်ခါတုန်းက ရွာတစ်ရွာမှာ
ကောက်ပဲသီးနှံတွေစိုက်တဲ့ လယ်သမားကြီးတစ်ဦးရှိသတဲ့....။ သူ့ရဲ့အိမ်မှာ အဖော်
အဖြစ် ခွေးတစ်ကောင် နဲ့ ၀က်တစ်ကောင် ကိုလည်း မွေးထားသေးတယ်....။
တစ်နေ့ကျတော့ လယ်သမားကြီးက သူ့လယ်ကထွက်တဲ့ ကောက်ပဲသီးနှံတွေကိုခူးပြီး မြို့မှာသွားရောင်းဖို့ ပြင်ဆင်လိုက်တယ်...။ ကောက်ပဲသီးနှံတွေကို လှည်းပေါ်လည်း တင်ပြီးသွားရော သူ့အဖေါ်တွေဖြစ်တဲ့ ခွေးနဲ့ ၀က်ကိုလှမ်းခေါ်လိုက်သတဲ့။ ပြီးတော့ သူ သီးနှံတွေရောင်းဖို့ မြို့ကိုသွားမယ့် အကြောင်း၊ ညနေကျမှ ပြန်လာမယ့် အကြောင်း၊ သူသွားနေတဲ့ အချိန်မှာ အိမ်ရှေ့မှာရှိတဲ့ ယာခင်းကို ပြီးအောင်ထွန်ယက်ထားဖို့ လိုကြောင်း သေချာမှာခဲ့သတဲ့.....။
ဒီလိုနဲ့ လယ်သမားကြီးလည်း သီးနှံတွေတင်ထားတဲ့လှည်းကိုမောင်းထွက်သွားပြီး မြင်ကွင်းကပျောက်သွား ...ရော ခွေးကအိမ်အောက်ကိုဝင်ပြီး အိပ်နေတော့ သတဲ့....။ ၀က် ကတော့ သူ့သခင်သေချာမှာခဲ့တယ် ဆိုပြီး တစ်နေရာပြီး တစ်နေရာ၊ တစ်ထပ်ပြီး တစ်ထပ် သေချာထွန်ယက်နေလိုက်တာ ညနေစောင်းတဲ့ အချိန်သို့တောင် ရောက်သွားခဲ့တယ်....။ ညနေလည်းစောင်း၊ ယာခင်းလည်းထွန်ယက်ပြီးသွားတော့ ၀က် ခမျာ ပင်ပမ်းနေတာမို့ တဲရှေ့မှာဘဲ အိပ်ပျော်သွားလိုက်တာ.....သူ့သခင်မြို့ကပြန်လာတာကိုတောင် မသိရှာတော့ဘူးပေါ့....။ အဲဒီချိန်မှာဘဲ တစ်နေကုန် အိပ်နေတဲ့ ခွေးက
လှည်းဝင်ရိုးသံကြားပြီး အိပ်ယာက လန့်နိုးလာသတဲ့။ နိုးနိုးချင်းဘဲ လူးလိမ့်ထ၊ သူ့သခင်လာတဲ့ ရွာဝင်လမ်းကနေ အမြီးကလေးလှုပ်ပြီး သွားကြိုလိုက်သတဲ့....။ လယ်သမားကြီးလည်း အိမ်ရှေ့ရောက်တော့ ထွန်ယက်ပြီးနေတဲ့ ယာကွက်ကိုတွေ့ တဲ့အခါ ၀မ်းသာသွားတာပေါ့...။ ဒါပေမဲ့ အိမ်ရှေ့မှာ အိပ်ပျော်နေတဲ့ ၀က်ကိုလည်းတွေ့ရော ဒေါသထောင်းကနဲထွက်ပြီး.... တစ်နေကုန် ဘာမှမလုပ်ဘဲ အိပ်နေတဲ့ကောင် သွားစမ်းကွာ....ဆိုပြီး ခြေနဲ့ပိတ်ကန်ထည့်လိုက်တော့တာပေါ့....။ ၀က် ခမျာ လယ်သမားရဲ့ အကန်ခံ ရပေမယ့် တစ်နေကုန် ပင်ပမ်းထားတဲ့ ဒါဏ်ကြောင့် အသာလေး ၀ပ်နေရှာသတဲ့ .... တစ်နေကုန် အိပ်နေခဲ့တဲ့ ခွေးကတော့ အချီးမွမ်းခံရပြီး လယ်သမားကြီးကျွေးတဲ့ အစာကို မြိန်ချက်စွာ စားသောက် နေတော့သတဲ့ .....။
ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ....။
ဒီပုံပြင်လေးကတော့ ကျွန်တော်ကြားဖူးတာလေးကို ရေးပြ တာပါ...။ ကျွန်တော့်လိုဘဲ ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။
ဒီပုံပြင်လေးလိုဘဲ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်နေတာလေးတွေ ကြုံဖူးကြမယ် ထင်ပါတယ်။

အမှန်တကယ် အပင်ပမ်းခံ၊ ဒုက္ခခံပြီး
အလုပ်ကို ကြိုးကြိုးစားစားလုပ်တဲ့သူတွေက အထင်လွဲခံ ရတာကိုတွေ့ဖူး၊ ခံစားဖူးကြမှာဖြစ်သလို......
ဘာအလုပ်မှမလုပ်ဘဲ အချိန်တန်မှ အမြီးလေးတစ်နန့်နန့်နဲ့
မျက်နှာချိုသွေးအခွင့်အရေးယူတတ်တဲ့သူတွေကိုလည်း တွေ့ဖူး၊ ခံစားဖူးကြမှာပါ....။
မှားတယ်၊ မှန်တယ် ဆိုတာထက် ရှက်စရာကောင်းတယ်၊ မကောင်းဘူး ဆိုတာက ပိုပြီး
အရေးကြီးမယ်ထင်ပါတယ်....။
ဝက်လို အလုပ်လုပ်ပြီး အကန်ခံရတဲ့
အခြေအနေသို့မရောက်အောင်ကြိုးစားကြမယ်။
ခွေးလို ဘာအလုပ်မှမလုပ်ဘဲ အမြီးတစ်နန့်နန့်နဲ့ကြိုပြီး အခွင့်ကောင်းယူတဲ့ ရှက်စရာကောင်းတဲ့ အပြုအမူမျိုးကို ရှောင်ကြမယ်ဆိုရင်တော့......။
ပျော်စရာ၊ ကြည်နပ်စရာ လူ့လောကကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ ....။
ဒီပုံပြင်လေးကို မြန်မာမိသားစုဖိုရမ် မှာ ကျွန်တော်ရေးသားဖေါ်ပြခဲ့ဖူးပါတယ် ....။ အဲဒီ Post လေးအပေါ်မှာ ကျွန်တော့် မိတ်ဆွေတစ်ဦးရဲ့ ဝေဖန်သံလေး ကတော့ ....

ဇီဇ၀ါ
ပုံပြင်လေးအကြောင်း ပြန်တွေးမိတော့...ဇီဇ၀ါ့ စိတ်ထဲ မကျေနပ်တဲ့ အတွေးတစ်ခုဝင်လာတယ်...။
ခွေးနဲ့ဝက်တို့ရဲ့ သခင်လယ်သမားကြီးကိုပေါ့...။
ဘယ်သူ့ရဲ့ ဗီဇသဘာဝကတော့ ဘယ်လိုရှိတယ်..၊ ဘယ်လိုလေးတော့ဖြင့် ဖြစ်နိုင်သေးတယ်....ဆိုတဲ့အတွေးလေးတွေနဲ့ မျှတွေးမပေးနိုင်ပဲ သူ့အကျိုးအတွက် အပေါ်ယံဟန်ပြလေး လုပ်ဆောင်ပေးသွားတဲ့ ခွေးကိုကျ ဂရုတစိုက်ထမင်းကျွေးလို့...
တစ်ကယ်ပင်ပင်ပန်းပန်း ဆင်းရဲခဲ့ရှာတဲ့ ၀က်ကိုကျ...တစ်ခဏတာမြင်ကွင်းလေးနဲ့ သုံးသပ်ဆုံးဖြတ်ပြီး..
နာကျင်အောင် အမှန်တစ်ကယ်ပဲ ပြုလုပ်ခဲ့တယ်ဆိုရင်...
လယ်သမားကြီးဟာ သခင်ကောင်းတစ်ယောက် မပီသတော့ဘူးပေါ့နော်...။
ဇီဇ၀ါ တို့တွေ လက်တွေ့ရင်ဆိုင်နေရတဲ့..ဒီလူ့ပတ်ဝန်းကျင်မှာလည်း လယ်သမားကြီးလို အကြီးအကဲတွေ အများကြီး ရှိနေနိုင်တာပဲနော်...။
ဒီမိသားစုထဲက ကိုယ်တိုင်အကြီးအကဲဖြစ်နေကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေးတို့တွေလည်း ဒီအချက်လေးကို သတိပြုဆင်ခြင်နိုင်ပြီး အလယ်အလတ်လမ်းစဉ်ကျင့်သုံးနိုင်ကြပါစေလို့....။

(ဒီပုံပြင်လေး
မူရင်း ရှိ/မရှိတော့ ကျွန်တော်မသိပါဘူး ခင်ဗျာ...။ ကျွန်တော့်ဆရာတစ်ဦး ပြောပြလို့
သိတာလေးကို ပြန်ရေးပြတာပါ။ မှားတာရှိရင် ခွင့်လွှတ်နိုင်ကြပါစေ.....။)
စာဖတ်သူ မိတ်ဆွေအနေနဲ့လေး ဝေဖန်ပြောကြားစရာ စကားလေးများရှိခဲ့ရင် အောက်က Comment မှာပြောကြားနိုင်ပါတယ် ခင်ဗျာ ....
လေးစားချစ်ခင်စွာဖြင့် .....
စာဖတ်သူ မိတ်ဆွေအနေနဲ့လေး ဝေဖန်ပြောကြားစရာ စကားလေးများရှိခဲ့ရင် အောက်က Comment မှာပြောကြားနိုင်ပါတယ် ခင်ဗျာ ....
လေးစားချစ်ခင်စွာဖြင့် .....
ကမ္ဘာကျော်စာရေး
ဆရာများဧ။် အဆိုအမိန့် များ (ဘာသာပြန်)
******************Mistakes are a part of Life; you can't avoid them. All you can hope is that they won't be too expensive and that you don't make the same mistake twice.
L** Lacocca
- အမှားဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ရှောင်လွဲလို့ မရပါဘူး။ မျော်လင့်နိုင်သမျှတော့ အမှားဟာ သိပ်တန်းကြေးမကြီးဖို့ ရယ်၊ အမှားတစ်ခုတည်းကို နှစ်ခါမလုပ်မိဖို့ ရယ်ပါ။
လီးလာကောကာ
The key to everything is patience. You get the chicken by hatching the egg, not by smashing it.
Arnold H. Glasow
- အရာခပ်သိမ်းရဲ့သော့ချက်က စိတ်ရှည်သီးခံမှု ပဲ။ ကြက်ဥကိုဝပ်ခြင်းဖြင့်သာလျှင် ကြက်ကလေးတွေရတယ်။ ကြက်ဥကို ခွဲလို့ ကြက်ကလေးတွေရတာမဟုတ်ပါဘူး။
အာနိုးအိတ်ခ်ျဂလပ်ဆို
To believe with certainty we much begin with doubting.
Oliver Wandall Holmes
- ဒွိဟကင်းစွာ ယုံကြည်မှု ရှိစေရန်ကျွန်ုပ်တို့ သည် သံသယနှင့်စတင်ရမည်။
အိုလီဗာဝင်ဒယ်ဟုမ်း
People with goals succeed because they know where they are going.
Karl Nightingole
- ပန်းတိုင်ရှိသူတွေ အောင်မြင်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ ဘယ်သွားနေတယ်ဆိုတာသူတို့ သိကြလို့ ပဲ
ကားလ်နိုက်တင်ဂေး
You can do anything if you have enthusiasm. Enthusiasm is the yeast that makes your hope rise to the stars.
Henry Ford
- စိတ်အားထက်သန်မှု ရှိရင် သင်ဟာဘာမဆိုလုပ်နိုင်တယ်။ စိတ်အားထက်သန်မှု ဟာ သင့်ရဲ့မျှော်လင့်ချက်တွေကိုကြယ်များဆီ တက်ရောက်စေမည့် တဆေးဖြစ်တယ်။
ဟင်နရီဖို့ ဒ်
There is no right way to do the wrong thing.
Shakespeare
-အမှားကိုလုပ်ရန် မှန်ကန်သောနည်းလမ်းမရှိပါ။
ရှိတ်စပီးယား
What is harder than rock, or softer than water? Yet soft hollows harder rock. Only persevere.
Ovid.
ကျောက်တုံးထက်ပိုပြီး မာကျောတဲ့အရာ ဒါမှမဟုတ် ရေထက်ပိုပြီးနှုးညံ့တဲ့အရာ ဘာရှိပါသလဲ။ ဒါပေမဲ့ နှုးညံ့တဲ့ရေက မာကျောတဲ့ ကျောက်တုံးကို တိုက်စားသွားတယ်။ ဇွဲရှိဖို့ ပဲလိုတာပါ။
အိုဗစ်
ဖတ်မိသမျှ စာအုပ်များထဲမှာ ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါသည်။ မှားတာရှိရင် တောင်းပန်ပါတယ်။
ထာဝရပြုံးပျော်နိုင်ကြပါစေ..
အားလုံးကို လေးစားလျက်ပါ။
ကမ္ဘာ့ အကောင်းဆုံးတီထွင်မှု ၁၀မျိုး
(၁၀) စာရွက်စာရွက်ကိုတော့ဟန်မင်းဆက်တွေ တရုတ်ပြည်ကိုအုပ်ချုပ်တဲ့
၂ရာစု(206 BC)လောက်ကတီထွင်ခဲ့တာဖြစ်ပါတယ်။…
(၉) သံလိုက်အိမ်မြှောက်
သံလိုက်အိမ်မြှောင်ကိုလည်း တရုတ်နိုင်ငံမှာဟန်မင်းဆက်တွေအုပ်ချုပ်ခဲ့တဲ့
ရွှေရောင်ခေတ်တွေမှာစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။(၈) ပုံနှိပ်စက်
၁၄၃၉ခုနှစ်မှာ ပုံနှိပ်စက်ကို ဂျာမန်လူမျိုး Johannes Gutenberg တီထွင်ခဲ့တာဖြစ်ပြီး
စတင်တီထွင်ချိန်မှာ ဒီစက်မှတစ်ရက်ကို စာရွက်ပေါင်း ၃၆၀၀လောက်ပုံနှိပ်ပေးနိုင်ခဲ့ပါတယ်။
(၇) ရေနွေးငွေ့ စက်ခေါင်း
ရေနွေးငွေ့ စက်ခေါင်းကို ၁၇၁၂ခုနှစ်က အင်္ဂလန်နိုင်ငံသား Thomas Newcomen
မှတီထွင်ခဲ့တာဖြစ်ပြီးဒီစက်ကိုတီထွင်ပြီးနောက်ပိုင်းမှာတော့ ရထားစက်ရုံများထူထောင်ခဲ့ပြီး
ကမ္ဘာ့ နေရာအရပ်ရပ်သို့ လွယ်ကူလျှင်မြန်စွာသွားလာနိုင်ခဲ့ပါတယ်။
(၆) တယ်လီဖုန်း
ကမ္ဘာကျော်တီထွင်ရှင်ကြီး Scottish Engineer Alexander Graham Bell
တီထွင်ခဲ့တဲ့တယ်လီဖုန်းကို ၁၈၇၆မှာတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။
(၅) Phonograph
Phonograph ဆိုတာကတော့ အသံဖမ်းစက်တစ်မျိုးဖြစ်ပြီး
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ Thomas Edison က ၁၈၇၇ခုနှစ်မှာ
တီထွင်ခဲ့တာဖြစ်ပါတယ်။
(၄) မီလုံး
၁၈၇၈ခုနှစ်လောက်မှာ Thomas Edison ကပဲတီထွင်ခဲ့တာဖြစ်ပါတယ်။
(၃) လေယာဉ်ပျံ
လေယာဉ်ပျံကို ၁၉၀၃ခုနှစ်မှာ Wright ညီနောင်နှစ်ယောက်တီထွင်ခဲ့တာဖြစ်ပါတယ်။
(၂) ကွန်ပျူတာ
ကမ္ဘာ့ ပထမဦးဆုံး Digital ကွန်ပျူတာစတင် အသုံးပြုခဲ့တာကတော့
အင်္ဂလန်နိုင်ငံမှာဖြစ်ပြီး စတင်အသုံးပြုချိန်မှာ အသုံးပြုတဲ့ကွန်ပြူတာအရွယ်အစားဟာ
အိမ်ခန်းတစ်ခန်းစာလောက်ရှိပါတယ်။
တီထွင်ခဲ့တာကတော့ ၁၉၄၁ခုနှစ်မှာ Konrad Zuseကတီထွင်ခဲ့တာဖြစ်ပြီး
ပထမဦးဆုံး Personal သုံးကွန်ပျူတာကိုတော့ IBM မှထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
(၁) World Wide Web (www.)
World Wide Web ကိုတော့ ၁၉၉၀ခုနှစ်က
အင်္ဂလိပ်လူမျိုးအင်ဂျင်နီယာ Sir Tim Berners-Lee က တီထွင်ခဲ့တာဖြစ်ပြီး
အင်တာနက်မှာရှိတဲ့ သန်းထောင်ပေါင်းများစွာသော website တွေ Page တွေကို
ရည်ညွှန်းထားတာဖြစ်ပါတယ်။
ကနောင် News မှ
စကားပုံများ
- Posted by Abdul Mansur on May 16, 2012 at 22:30
- View Blog
ကြိုက်တဲ့စကားပုံလေးတွေကို
သူငယ်ချင်းအားလုံးကို မျှဝေပေးတာပါ..................
What is the use
of running,when you are on the wrong road.လမ်းမှားပေါ်ရောက်နေမှတော့ ပြေးနေတာအပိုပဲ။
The good you do is not lost,though you forget it.
သင်လုပ်တဲ့ကောင်းမှုဟာသင်ကမေ့လျော့နေတာတောင်ပျောက်ပျက်မသွားပါ။
Loss of honour is loss of life .
ဂုဏ်သရေဆုံးရှုံးတာဟာဘ၀ဆုံးရှုံးခြင်းပဲ။
Do not all you can,spend not all you have,belief not all you hear and tell not all you khow.
တတ်စွမ်းသမျှလည်းမလုပ်နဲ့ ၊ ရှိသမျှလည်းမသုံးနဲ့ ၊ ကြားသမျှလည်းမယုံနဲ့ ၊ သိသမျှလည်းမပြောနဲ့ ။
Despair gives courage to a coward. Hope is as cheap as despair.
စိတ်ပျက်အားလျော့ခြင်းဟာသူရဲဘောကြောင်သူကိုသတ္တိပေးတယ်။
မျှော်လင့်ခြင်းဆိုတာစိတ်ပျက်ခြင်းလိုပဲပေါပေါနဲ့ ရတယ်။
He that knows nothing doubts every thing.
ဘာကိုမှမသိတဲ့သူဟာအရာရာကိုသံသယရှိတယ်။
To endure what is unendurable is true endurance .
ခံနိုင်ရည်မရှိလောက်တဲ့အရာကိုခံနိုင်ရည်ရှိတာမှတကယ့်ခံနိုင်စွမ်းရည်။
He who begins many things finishes but few.
ဟိုစပ်စပ်ဒီစပ်စပ်စထားတဲ့သူဟာအပြီးသတ်ရာမှာနည်းနည်းပဲပြီးတယ်။
He is only bright that shines by himself.
သူ့ ကိုယ်သူအရောင်တင်တဲ့သူသာလျှင်အရောင်လက်တယ်။
Great works are performed not by strength but by perseverance.
ကြီးကျယ်တဲ့အလုပ်တွေကိုခွန်အားနဲ့ လုပ်ခဲ့တာမဟုတ်ဇွဲနဲ့ လုပ်ခဲ့ခြင်းသာဖြစ်တယ်။
Poverty and wealth are comparative sins.
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတာအတူတွဲနေတဲ့မကောင်းဆိုးဝါးတွေပဲတဲ့။
Nature is the best teachers.
သဘာဝတရားဟာအကောင်းဆုံးဆရာတွေပါပဲ။
Beauty is in the eye of the beholder.
အလှပဆိုတာကြည့်တတ်သူမျက်လုံးထဲမှာရှိတယ်။
The truly civilized man has no enemies.
အမှန်တကယ်ယဉ်ကျေးသိမ်မွေ့ တဲ့သူမှာဘာရန်သူမှမရှိပါဘူး။
စကားနှစ်ခွန်း လျှော့ပြောပါ
မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့်အချစ်မှာ၊ တစ်ချို့ အခြေအ နေမှာ နုတ် ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။"silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာ ပေးနိုင်ပါတယ်။
(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ
မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက် ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင် ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းကပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။သူ စိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။
(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ
ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်း ပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။
"အိမ်အလုပ်ကို သူ ကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?
တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်း ဖို့ သူ့ လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီ ရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင်ဆေးနိုင်ကြောင်း ပြောတယ်။
သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှမဟြေခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က "တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ ဆေးရတာ လွယ်လည်း လွယ်တယ်၊ ပြောင်လည်းပြောင်တယ်"
လို့ ပြောတော့ သူ့ စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က
"ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ"
သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွား ရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။
ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!
(၃) သူဒေါသထွက်တဲ့အခါ
အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီး ခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။
စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြည်းဖြည်း စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြည်းဖြည်း တိုးလာပြီး နေမသိ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက် တောင်းပန် လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။
(၄) သူရင်ဖွင့်လာတဲ့အခါ
အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့အနိုင်ကျင့်တာကို ခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။
အဲဒီလိုအခြေအနေမျိုးမှာ သူ့ကို ပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့ စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။
(၅) သူပင်ပန်းလာတဲ့အခါ
အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူအိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသ ထွက်လွယ်ပါတယ်။
တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက်မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ။
အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ။
(စကားနှစ်ခွန်းလျှော့ပြောပါ၊
ကိုယ့်ကို သူ ပိုချစ်လာလိမ့်မယ်)
အကြင်လင်မယားတွေအကြား ချစ်တတ်စေဖို့ ဘာသာပြန်ဆို တင်ပြထားတဲ့ ပို့စ်တခုပါ။
ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။
အကြင်လင်မယားတွေအကြား ချစ်တတ်စေဖို့ ဘာသာပြန်ဆို တင်ပြထားတဲ့ ပို့စ်တခုပါ။
ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။
စိတ်ဝင်စားဘွယ်ရာလူ့ခန္ဓာ
၁။ မွေးဖွားစတွင် အရိုးစုပေါင်း(၂၇၀)ခုရှိပါသည်။၂။ သေဆုံးချိန်တွင် အရိုးစုပေါင်း(၂၀၆)ခုရှိပါသည်။
၃။ ကြွက်သားကလေးပေါင်း(၅၂၇)ခုရှိပါသည်။
၎။ ဦးခေါင်းတွင် ကြွက်သား(၈၃)ခုရှိပါသည်။
၅။ ယေဘုယျ ကိုယ်အလေးချိန် ပေါင်(၁၃၀)ရှိပြီး၊ ကိုယ်တွင်းရေပါဝင်မှု (၇၅%)ရှိပါသည်။
၆။ လူသန္ဓေတည်သောရက်ပေါင်း(၂၈၀)ရက်ရှိပါသည်။
၇။ သာမန်လူသားတစ်ဦးသည် တစ်မိနစ်လျှင် နှလုံးခုန်ကြိမ် (၇၂) ကြိမ်ရှိပါသည်။
၈။ ၁၂-နာရီအတွင်းထုတ်လုပ်သောသွေးအားမှာ (၅)တန်မျှလေးသောကားတစ်စီးကိုမြေပြင်မှ အမြင်တစ်ပေအထိမ၍ တင်နိုင်ပါသည်။
၉။ တစ်နေ့အသက်ရှုနှုန်းမှာ ၂၃၀၄၀ ဖြစ်ပါသည်။
၁၀။ တစ်နေ့လျှင် (၅)ပေါင်မျှစားပြီး၊ (၁.၄၃)ပေါင် အညစ်အကြေးစွန့်ပါသည်။
၁၁။ ကိုယ်တွင်းလျှစ်စစ်ဖြင့် မီးထွန်းပါက ဖယောင်းတိုင် (၂၅)တိုင်အားကို (၃)မိနစ်ထွန်းနိုင်ပါ သည်။
၁၂။ သွေးသားလှည့်ပတ်မှုကို ဆန့်ထုတ်ပါက မိုင်ပေါင်း (၁၆၈)သန်းခန့် ဝေးကွာပါသည်။
၁၃။ တစ်ကိုယ်လုံးအနှံ့သွေးလှည့်ပတ်သွားရသောအချိန်မှာ (၁)မိနစ်ကြာပါသည်။
၁၄။ ပျှမ်းမျှအားဖြင့် လူ့သက်တမ်းအတွင်း လမ်းလျှောက်ရသော မိုင်ပေါင်းမှာ(၆၅၀၀၀) မိုင်ခန့်ရှိ ပါသည်။
၁၅။ သာမန်လူတစ်ယောက်သည် မိမိသက်တမ်း၏ သုံးပုံ၊တစ်ပုံကို အိပ်ရင်း အချိန်ကုန်ဆုံးစေ ပါသည်။
mail
ထဲမှ
ပီမိုးနင်း၏ အချစ်ရေးရာ
အချစ်ရေးရာ( ၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
( ၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ၊ အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ
အ၀တ်နှင့် မြူ ရပေမည်။
( ၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ ။ မုန်းလျှင်ပစ်၏ ။ တကယ်ရှိသောအရာမဟုတ် ခေတ္တခဏမျှ ကောင်းကင်၌
ပေါ်သောတိမ်ရုပ်နှင့်တူ၏ ။
( ၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
( ၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
( ၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း
ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
( ၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း
ကြောင့်ဖြစ်လေသည်။
( ၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း စိတ်ကောင်းခြင်း၌သာ တည်သည်။
( ၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။
ပီမိုးနင်း
ဗဟုသုတအတိုအထွာလေးများ
- အသက် ၇၅ နှစ်ရှိသော လူတစ်ယောက်ဟာ အိပ်ခဲ့တဲ့အချိန် ၂၃ နှစ်ရှိပါသည်။- ကမ္ဘာပေါ်မှာ လူဦးရေထက် ကြက်ဦးရေက ပိုများပါသည်။
- အင်္ဂလိပ်စာလုံးတွေထဲက “set” ဆိုတဲ့ စာလုံးဟာ အဓိပ္ပါယ်ဖွင့်ဆိုချက် ၁၉၂ မျိုးရှိပြီး
တစ်ခြားသောစာလုံးတွေထက် အဓိပ္ပါယ်ဖွင့်ဆိုချက်အများဆုံးရှိသော စကားလုံးဖြစ်ပါသည်။
- ပျား (အထီး) တွေမှာ နှာခေါင်းလေးခု ရှိပါသည်။
- ငါမန်းတွေဟာ အသက် ၁၀၀ အထိ အသက်ရှင်နေထိုင်နိုင်ပါသည်။
- သားပိုက်ကောင်တွေဟာ နောက်ပြန်ဆုတ်ပြီး လမ်းမလျှောက်နိုင်ပါ။
- ကမ္ဘာ့အကြီးဆုံး နှင့်ပွင့်ဟာ အထူ ၈လက်မ ၊ အရှည် ၁၅ လက်မ ရှိပြီး
မွန်တားနား (Montana) ဒေသတွင် ၁၈၈၇ ခုနှစ်က ကြွေကျခဲ့ပါသည်။
- အမေရိကန်သမတ္တဟောင်း ဘီလ်ကလင်တန် (Bill Clinton) ဟာ သမတ္တသက်တမ်း
၈ နှစ်အတွင်းမှာ အီးမေးလ် ၂ ခါသာ ပို့ဖူးပါသည်။
- ရေဖဝဲတွေမှာ အသည်းနှလုံး ၃ ခု ပါရှိပါသည်။
- မုန်လာဥများများစားရင် အသားအရေတွေဟာ လိမ္မော်ရောင်ပြောင်းသွားနိုင်ပါသည်။
- လူတွေအယောက်ပေါင်း ၂,၀၀၀,၀၀၀,၀၀၀ မှာ ၁ ယောက်သာ အသက် ၁၆၀ ထိ အသက်ရှင်နေထိုင်နိုင်ပါသည်။
- လူ့ခန္ဓာကိုယ်မှာ ချွေးထွက်ပေါက် ၂ သန်းမှ ၃ သန်းအထိ ရှိပါသည်။
- ကျားငမန်းတွေဟာ သန္ဓေတည်စအချိန် မိခင်ဝမ်းအတွင်းရှိနေစဉ်မှာ တစ်ကောင်နဲ့တစ်
ကောင်အပြိုင်အဆိုင် တိုက်ခိုက်ကြရပါသည်။ အနိုင်ရတဲ့တစ်ကောင်ကိုသာ မွေးဖွားလေ့ရှိသည်။
- ကြောင်တွေရဲ့ခြေထောက်လေးဖက်စလုံးဟာ ဘယ်သန်များဖြစ်ပါသည်။
- ဝေလငါးတွေရဲ့လျှာ အလေးချိန်ဟာ ဆင်တစ်ကောင်ရဲ့အလေးချိန်ထက် ပိုများပါသည်။
- ဝါးပင်တွေရဲ့ရှင်သန်မှုဟာ ၂၄ နာရီအတွင်းမှာ ၃ ပေအထိ ရှည်လျားနိုင်ပါသည်။
- မျက်စေ့တစ်လုံးရဲ့ အလေးချိန်ဟာ ၁ အောင်စ ခန့်ရှိပါသည်။
- အရိုးတွေဟာ သံမဏိတွေထက် ၅ ဆပိုပြီး သန်မာပါသည်။
- လူတစ်ယောက်ဟာ ပြုံးဖို့အတွက် ကြွက်သားပေါင်း ၁၄ မျိုးသာ သုံးရပြီး မျက်မှောင်ကုတ်ဖို့
အတွက် ကြွက်သားပေါင်း ၄၃ မျိုးထိ သုံးရပါတယ် ။ ထို့ကြောင့် များများပြုံးတော်မူကြပါခင်ဗျာ .. ။
သူငယ်ချင်းတယောက်မှ နားလည်သလောက် ဘာသာပြန်ထားပါသည် ။
0 comments:
Post a Comment