Tuesday, February 17, 2015

၁။ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေး ဆက်သွယ်မှု ပုံစံရပ်သည် သတင်းအချက်အလက် နည်းပညာရပ်များအား အသုံပြု၍ တိုးတက် ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ ပြောင်းလဲတိုးတက်စေရန် အဓိက လုပ်ဆောင်လာသော အရာမှာ အင်တာနက်ပင် ဖြစ်ပါသည်။ အင်တာနက်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာ အသုံးပြုသူများအား ချိတ်ဆက်ပေးထားသည့် ကွန်ရက်စနစ်ပင် ဖြစ်သည်။ အင်တာနက်မတိုင်မီတွင် Main Farme Computer အား ဗဟိုပြုထားသော ကွန်ရက်စနစ် အငယ်စားများသာ ရှိခဲ့ပါသည်။ ၁၉၆၀ ခုနှစ်မှ စတင်၍ ကွန်ပျူတာ သုတေသန ပညာရှင်များဖြစ်ကြသော Levi C. Finch နှင့် Robert W. Taylor တို့မှ ဦးဆောင်၍ Packet Switching ဟုခေါ်ဆိုသော စနစ်တရပ်အား တီထွင်၍ တစ်ကွဲတစ်ပြားစီ ဖြစ်နေသော ကွန်ရက်များအား ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနှင့် ၁၉၇၀ ပြည့်လွန် နှစ်တွင် ARPANET စနစ် စတင် ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်း ARPANET စနစ်အား အမေရိကန် တပ်မတော်မှ ဖော်ထုတ် အသုံးပြုခဲ့ကြပါသည်။ ထိုကွန်ရက် စနစ်အား နည်းပညာဆိုင်ရာ၊ စစ်ရေးနှင့် သုတေသန လုပ်ငန်းအတွက်သာ ကန့်သတ် အသုံးပြုခဲ့ကြပါသည်။ ARPANET သည် အင်တာနက်၏ ရှေ့ပြေး ကွန်ရက် စနစ်ဖြစ်ရာ နောင်တွင် အင်တာနက်အဖြစ်သို့ ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းအထိ အင်တာနက်သည် အစိုးရ ထိပ်တန်း ကန့်သတ်ထားသော နည်းပညာ ဖြစ်ခဲ့ပါသည်။ စစ်ရေးနှင့် သုတေသန လုပ်ငန်းအတွက်သာ အသုံးပြုခွင့်ရှိကာ အမေရိကန် အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်း (National Science Foundation) မှ ကြီးကြပ်ခဲ့ပါသည်။ ထို့နောက် ၁၉၉၀ ခုနှစ် အစောပိုင်း ကာလမှ စတင်၍ အင်တာနက်သည် ကမ္ဘာအရပ်ရပ်ရှိ လူသား အားလုံးအတွက် ဖြစ်ပေါ်လာခဲ့ပါသည်။

၂။ အင်တာနက် အသုံးပြုမှုသည် စတင် ပေါ်ထွက်လာသည်မှစ၍ အချိန်နှင့် တပြေးညီ ကြီးမားကျယ်ပြန့် လာခဲ့ပါသည်။ ယုခုဆိုလျှင် အင်တာနက်သည် တစ်ကမ္ဘာလုံးရှိ အိမ်များ၊ စီးပွားရေး လုပ်ငန်းများ၊ ကျောင်းများ၊ ရုံးများနှင့် စာကြည့်တိုက်များသို့ပါ ရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းနှင့် စစ်ဘက်ရေးရာ ကာကွယ်ရေးအတွက်ပါ ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ အင်တာနက်အား အသုံးပြု၍ ဖိုင်များ လွှဲပြောင်းခြင်း၊ အီးမေးများ ပို့ခြင်းနှင့် USENET ဟုခေါ်ဆိုသော Fourm မှ တဆင့် သတင်း အချက်အလက်များ ပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ ထို့နောက် HTTP (Hypertext Transfer Protocol) တိုးတက် ကျယ်ပြန့်လာပြီး စာသား၊ ရုပ်ပုံ၊ အသံဖိုင်များကိုပါ ပို့ဆောင်နိုင်သော Webpage ဟုခေါ်ဆိုသော Hyperlinked Electronic Document မှတစ်ဆင့် အင်တာနက် အသုံးပြုသူများ အချင်းချင်း ဖိုင်များအား ပို့ဆောင်နိုင်လာကြပါသည်။ ယခုအခါတွင် အင်တာနက် အသုံးပြုမှုသည် ကမ္ဘာပေါ်ရှိ လူများအချင်းချင်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး အတွက်ပါ အသုံးပြုလာကြပြီ ဖြစ်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသမျှ အားလုံးကို အင်တာနက် စာမျက်နှာပေါ်တွင် ရှာဖွေ လေ့လာနိုင်သဖြင့် ကျောင်းသား လူငယ်များနှင့် သုတေသန ပညာရှင်များအတွက် အလွန်အမင်းပင် အကျိုးကျေးဇူး ဖြစ်ထွန်းပါသည်။ အင်တာနက် အသုံးပြု၍ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ခြင်း၊ သုတေသန လုပ်ဆောင်နိုင်ခြင်း၊ ပို့ချခြင်းနှင့် သင်ရိုးညွှန်းတမ်းများ ဖြန့်ဝေနိုင်ခြင်း၊ သုတေသန ရလဒ် စာတမ်းများနှင့် ဆောင်းပါးများကို ထုတ်ဝေဖြန့်ချိနိုင်ခြင်းတို့ကို ပြုလုပ်နိုင်လာပါသည်။

၃။ အင်တာနက်အား ကုမ္ပဏီများ၊ အဖွဲ့အစည်းများသည် တစ်ဦးချင်းစီအထိ နည်းလမ်းအမျိုးမျိုးနှင့် အသုံးပြုကြပါသည်။ ကုမ္ပဏီများသည် ကြော်ငြာခြင်း၊ ရောင်းဝယ်ခြင်း၊ ကုန်စည် ဖြန့်ဖြူးခြင်းနှင့် ဖောက်သည် ၀န်ဆောင်မှု ပေးခြင်းတို့ ပါဝင်သော အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး (E-Commerce) အတွက် အင်တာနက်ကို အသုံးပြုကြပါသည်။ Online သတင်းနှင့် မိုးလေ၀သ သတင်းအတွက်သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များအတွက်ကိုပါ အသုံးပြုလာနိုင်ကြပါသည်။ အင်တာနက်အား အသုံးပြု၍ Chatting ပြုလုပ်ခြင်းနှင့် Email ပို့လွှတ်ခြင်း အားဖြင့် အလိုရှိသည့် အချိန်တွင် ဆက်သွယ်မှုများအား လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာ သတင်း အချက်အလက်များ ဖလှယ်မှုနှင့် သတင်း အရင်းအမြစ်များ ရရှိမှု (Business- to-Transaction) တို့အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။ အဖွဲ့အစည်းများသည်လည်း ဆက်သွယ်မှု ပြုလုပ်ရာတွင်လည်း Video Conference ပြုလုပ်နိုင်သည်အထိ အင်တာနက်အား အသုံးပြုလာနိုင်ကြပါသည်။ တစ်ဦးချင်းအနေဖြင့်လည်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ အချက်အလက် ရှာဖွေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မှုများကို ရောင်းဝယ်ရေးတို့ အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။

၎။ အင်တာနက် အသုံးပြုမှုများအား လေ့လာမည်ဆိုပါက အောက်ဖော်ပြပါ အကြောင်းအရာများအား လေ့လာ တွေ့ရှိရမည် ဖြစ်ပါသည်။ အင်တာနက်သို့ ၀င်ရောက်ရန်အတွက် Internet Browser ကို ဖွင့်ပြီးနောက် စတင် ထည့်သွင်းရသည့် စာလုံးမှာ WWW ပင်ဖြစ်ပါသည်။ ၎င်း WWW သည် World Wide Web ၏ အတိုကောက်ပင်ဖြစ်ပြီး Web ဟုလည်း ခေါ်ဆိုကြပါသည်။ Web သည် အင်တာနက်အား အသုံးပြုသော နည်းလမ်းများအထဲမှ တစ်ခုဖြစ်သော်လည်း အင်တာနက် အကြောင်းပေါ်ရှိ ၈၀% သည် Web များပင် ဖြစ်ပါသည်။ ၎င်း Web ကြောင့်ပင် အင်တာနက်သည် ပိုမို ထင်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။ World Wide Web အား ဗြိတိသျှလူမျိုး ရူပဗေဒ ကွန်ပျူတာ သိပံ္ပပညာရှင် Timotty Beaners Lee မှ ၁၉၈၉ ခုနှစ်တွင် တီထွင် ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နျူကလီးယား သုတေသနဆိုင်ရာ ဥရောပအသင်း (CERN) တွင် သုတေသန လုပ်ဆောင် ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် Web အား အများပြည်သူနှင့် စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ အင်တာနက် အသုံးပြုမှုအား ပိုမို၍ လွယ်ကူစေသော ၀န်ဆောင်မှုတစ်ရပ်မှာ Web လမ်းညွှန်း Search Engine ပင်ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ်တွင် ကျောင်းသားတစ်ဦးဖြစ်သော Jerry Yang က Yahoo Search Engine အား ဖော်ထုတ်နိုင်ခဲ့ပါသည်။ Yahoo Search Engine ပြီးနောက် ပေါ်ထွက်လာသော Search Engine မှာ Google Search Engine ပင်ဖြစ်ပါသည်။ Google Search Engine အား စတန်းဖိုဒ့် တက္ကသိုလ်မှ လာရီပေ့ခ်ျနှင့် ဆာဂျီ ဘရင် ကျောင်းသား နှစ်ဦးတို့မှ ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။

၅။ အင်တာနက်ပေါ်တွင် သတင်း အချက်အလက်များ ရှာဖွေရန် Search Engine အသုံးပြုခြင်း သာမက တစ်ဦးချင်းနှင့် အဖွဲ့အစည်း၊ စီးပွားရေး လုပ်ငန်းများအား ဆက်သွယ်ရန် အင်တာနက်အား မဖြစ်မနေ အသုံးပြုနေသော နည်းပညာ တစ်ရပ်မှာ Email နှင့် Chatting ပင်ဖြစ်ပါသည်။ မိမိ ဆက်သွယ်လိုသော သူများအား အချိန်မရွေး၊ နေရာမရွေး Email မှ တစ်ဆင့် ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ ကိုယ်ပိုင် Mail Account နှင့် Chatting Account အား အလွယ်တကူ ရရှိနိုင်ခြင်းနှင့် ၎င်းတို့အား အသုံးပြုနိုင်ရန်အတွက် ကိုယ်ပိုင် ကွန်ပျူတာ မလိုအပ်ဘဲ အင်တာနက် ချိတ်ဆက်ထားသည့် မည်သည့် ကွန်ပျူတာမှမဆို အသုံးပြုနိုင်ခြင်း တို့အတွက်ကြောင့် အင်တာနက်နှင့် Email အသုံးပြုမှုသည် အရှိန်အဟုန် ပိုမို ကြီးမားလာခဲ့ပါသည်။

၆။ ယနေ့ခေတ်ကာလတွင် အင်တာနက်အား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေး ရူဒေါင့်တွင် ကြီးမားသော အခန်းကဏ္ဍ အနေဖြင့် တည်ရှိနေလေသော အကြောင်းအရာများမှာလည်း Forum ၊ Blog နှင့် Social Network များပင်ဖြစ်ပါသည်။ အင်တာနက် Forum များတွင် အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်ပြီး မိမိလိုချင်သည့် အကြောင်းအရာ ခေါင်းစဉ်ကို တင်ပြနိုင်ပါသည်။ ထို့အတူ အခြားသူများ၏ မှတ်ချက်များနှင့် တုံ့ပြန်မှုများကို Forum တွင် ၀င်ရောက် ဖတ်ရူနိုင်ပါသည်။ သို့ဖြစ်ပါ၍ အင်တာနက် Fourum သုံးစွဲမှုသည် အင်တာနက် အသုံးပြုသူများ သတင်း အချက်အလက် ရှာဖွေရန်အတွက် အထူးပင် ရေပန်းစား အသုံးများလာခဲ့ပါသည်။ အခြား ထင်ရှား ရေပန်စားလာသော အင်တာနက် အသုံးပြုမှု တစ်ရပ်မှလည်း Blogs များပင်ဖြစ်ပါသည်။ မူလအစတွင် Blogs သည် စာသားများ၊ ရုပ်ပုံများနှင့် အခြားသော မီဒီယာများကို ဖော်ပြရန် ဖန်တီးသူအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သော Web စာမျက်နှာ (Static Webpage) များပင်ဖြစ်ပါသည်။ အင်တာနက် အသုံးပြုမူ ပိုမို လွယ်ကူလာစေခြင်းနှင့် Website တစ်ခုလုံး ဖန်တီးခြင်းထက် မိမိအတွေး (Idea) များကိုသာ ဝေမျှချင်ကြသည့်အတွက် Blogs သို့မဟုတ်၊ Web Blogs များသည် ထင်ရှားလာခြင်း ဖြစ်ပါသည်။ Blogs သည် တစ်ဦးခြင်း သို့မဟုတ်၊ အသင်းအဖွဲ့များမှနေ၍ အခြား တစ်စုံတစ်ဦးထံသို့ ဆက်သွယ်စေနိုင်ပါသည်။ Blogs နှင့် Forum များမှတစ်ဆင့် သဘောထား မှတ်ချက်များ၊ သတင်းများ၊ ခံယူချက်များ ဝေမျှနိုင်ပါသည်။ ထိုကဲ့သို့ မိမိတို့ အတွေး၊ အဘောထား၊ ခံယူချက်များကို အင်တာနက်ပေါ်တွင် ဝေမျှရာတွင် အသုံးပြုသော အခြားဆန်းသစ်သည့် နည်းလမ်း တစ်ရပ်မှာ Social Network လူမှုရေးကွန်ရက်များပင် ဖြစ်ပါ သည်။ အင်တာနက်ပေါ်ရှိ လူမှုရေး ကွန်ရက်များသည် အင်တာနက် အသုံးပြုသူ တစ်ဦးချင်းစီ၏ နေ့စဉ် ဘ၀အတွင်းသို့ ၀င်ရောက် နေရာယူလာပြီ ဖြစ်ပါသည်။ ၎င်းလူမှုရေး ကွန်ရက်များတွင် တစ်ဦးချင်းစီ၏ ကိုယ်ပိုင် စာမျက်နှာများ ဖွင့်လှစ်နိုင်ကြပြီး အဆွေ ခင်ပွန်းဖွဲ့မှုကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်ကြပါသည်။ ထင်ရှား ကျော်ကြားသော လူမှုရေး ကွန်ရက် နှစ်ခုမှာ Facebook.com နှင့် Myspace.com တို့ ဖြစ်ကြပါသည်။ Social Network ၊ Forum နှင့် Blogs များ၏ အားသာချက်များမှ ကမ္ဘာအရပ်ရပ်ရှိ မိမိတို့နှင့် သဘောထား အကြိုက်တူ ညီသောသူများအား တစ်နေရာတည်းတွင် စုစည်း တွေ့ရှိနိုင်ပြီး အဆွေခင်ပွန်း တိုးပွားစေခြင်းပင် ဖြစ်ပါသည်။ ထိုသို့သာမက Online Dating ကဲ့သို့သော ၀န်ဆောင်မှုအား အသုံးပြု၍ ဘ၀ လက်တွဲဖော် ရှာဖွေရာတွင်လည်း အထူးပင် အကျိုးကျေးဇူး ရရှိစေပါသည်။ Social Network ၊ Blogs နှင့် Forum များအား အသုံးပြု၍ Knowledges Sharing ကြောင့် သာမန်လူများအား အသိပညာ အတက်ပညာရပ်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တက်ကျွမ်းလာကြပါသည်။ သူတစ်ပါးအား မှီခို အားထားမှုပြုနေရခြင်း သည်လည်း လျော့နည်းလာပြီး မီဒီယာ၏ အခန်းဏ္ဍသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့ပြီး အရည်အချင်း မြင့်မာသော နိုင်ငံသားများ ဖြစ်ပေါ်လာစေခဲ့ပါသည်။

၇။ အင်တာနက် အသီးအပွင့်များကို ခံစားနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြရ ငွေကြေး ၀န်ဆောင်မှု၊ အေဂျင်စီ လုပ်ငန်းများ အများအပြား ပေါ်ထွက်လာခဲ့ကြပါသည်။ ယခုအခါတွင် လေယာဉ် လက်မှတ် ၀ယ်ရန်၊ စာအုပ် ၀ယ်ရန်၊ ငွေလွှဲရန်၊ လောင်းကစား ပြုလုပ်ရန်၊ ဈေးဝယ်ရန်၊ ကြော်ငြာ ထည့်ရန်နှင့် လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် အင်တာနက်အား အသုံးပြုလာပြီ ဖြစ်ပါသည်။ နိုင်ငံရေးအနေဖြင့်လည်း သတင်းများ ထုတ်ပြန်ခြင်းနှင့် ဆိုက်ဘာ တိုက်ပွဲဟု ခေါ်ဆိုရသော သတင်း အချက်အလက် စစ်ပွဲအတွက် အင်တာနက်အား အသုံးပြုကြပါသည်။ Internet အသုံးပြုမှု တစ်နေ့တခြား များပြားခြင်း နည်းတူ ရင်ဆိုင် ကြုံတွေ့နေရသော နည်းပညာ စိန်ခေါ်မှု တစ်ရပ်မှာ သတင်း အချက်အလက် လုံခြုံမှုပင် ဖြစ်သည်။ Hacker များ၏ တရားမ၀င် ခိုးယူ ၀င်ရောက် သုံးစွဲမှုနှင့် ၎င်းတို့ ဖန်းတီးထားသည့် Virus များကြောင့် သတင်း အချက်အလက် လုံခြုံမှုသည် ပိုမိုရူပ်ထွေးလာခဲ့ရပါသည်။ ဈေးကွက် Company ကြီးများသည် ဖောက်သည်များ၏ ကိုယ်ရေး အချက်လက်များအား မှတ်တမ်း တင်ထားရှိပြီး ပုံမှန် ရောင်းချနိုင်ခွင့် ရရှိရန် ကျိုးပမ်းကြပါသည်။ အစိုးရနှင့် လူမှု အဖွဲ့စည်းများမှ စုဆောင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တိုင်းတာ လေ့လာရေး၊ ကုန်စည် တိုးမြုင့်ရေး နှင့် အမျိုးသား လုံခြုံရေး ကိစ္စရပ်များအတွက် အသုံးပြုကြပါသည်။ ၎င်းအချက်အလက်များသည် မသမာသူများ လက်သို့ ရောက်ရှိသွားသောအခါတွင်မူ မလိုလားအပ်သော ပြဿနာရပ်များစွာ ပေါ်ပေါက်လာရပါတော့သည်။

၈။ Internet ခေတ်သို့ ရောက်ရှိလာသောအခါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်တို့တွင် အရာရာ အဆင်ပြေ တိုးတက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ တိုးတက်လာခြင်းနည်းတူ ဆိုးကျိုးများသည်လည်း ပေါ်ပေါက်လာခဲ့ရပါသည်။ ယခုအခါ Internet Chatting သည် အလွန် အသုံးပြုများ Internet သုံးစွဲမှု တစ်ရပ်ပင် ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး မဆုံတွေ့ဘူးသူများသည် Internet ပေါ်တွင် မိတ်ဖွဲ့၍ ဆက်သွယ် ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကောင်းမွန်စွာ ဆက်သွယ်မှု ပြုလုပ်ခြင်း နည်းတူ Internet ရာဇ၀တ်မှု ပြုလုပ်ခြင်းကိုလည်း တွေ့ရှိရပါသည်။ ထိုရာဇ၀တ် ပြုလုပ်ပုံအား ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် တိုက်ခိုက်မည့်သူမှ ပစ်မှတ်အား Chatting နှင့် Email မှတဆင့် ရင်နှီးမှု ရရှိအောင် ပထမဦးစွာ မိတ်ဖွဲ့လေ့ရှိကြောင်း တွေ့ရှိရပါသည်။ ပစ်မှတ် ယုံကြည်မှုအား ရရှိအောင် တည်ဆောက်ပြီး မိမိအလိုရှိရာသို့ သိမ်သွင်း၍ ရအောင် ကြိုးပမ်းလေ့ရှိပါသည်။ ပစ်မှတ်အနေဖြင့် ယုံလွယ်တက်ခြင်း၊ Internet လုံခြုံမှုဆိုင်ရာ ဗဟုသုတ နည်းခြင်း၊ စပ်စု တက်ခြင်းနှင့် လောဘ အစရှိသော သဘော သဘာဝများ ရှိပါက တိုက်ခိုက်သူမှာ ထိန်းချုပ်မှု ရရှိစေရန် ပိုမိုလွယ်ကူစေ ပါသည်။ ပစ်မှတ်၏ ယုံကြည်မှု ရရှိပြီးသောအခါ တိုက်ခိုက်သူမှာ အတွင်းရေး အစရှိသော ကိစ္စရပ်များနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းပါသည်။ ထို့နောက် ထိုအချက်အလက်များကို အသုံးချ၍ ခြိမ်းခြောက်ခြင်း၊ မိမိအလိုရှိရာသို့ ခိုင်းစေခြင်း အစရှိသည်တို့ကို ပြုလုပ်လေ့ရှိပါသည်။ ထင်ရှားသော အဖြစ်အပျက် တစ်ရပ်မှာ Online မှတဆင့် မိတ်ဖွဲ့၍ Internet ရာဇ၀တ်မှုကြောင့် မိမိကိုယ်ကို သတ်သေသွားသော Korea ရုပ်မြင်သံကြား သရုပ်ဆောင် မင်းသမီး Jeong Da Bin နှင့် ပေါ့အဆိုတော် Yuni တို့၏ အဖြစ်အပျက်များပင် ဖြစ်ပါသည်။

၉။ Internet အသုံးပြု တိုက်ခိုက်မှု ပုံစံများသည် တစ်ဦးချင်း ကိုယ်ကျိုးအတွက် တိုက်ခိုက်လေ့ရှိရာမှ ယခုအခါတွင်မူ နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေး ကိစ္စရပ်များတွင်ပါ အကျိုးအမြတ် ရရှိအောင် အသုံးပြုလာကြောင်း တွေ့ရှိရပါသည်။ Google Internet Company ၊ PC World ၊ New York Time သတင်းစာများနှင့် အခြား သတင်းဌာနများ၏ သတိပေးချက်အရ တရုတ် နိုင်ငံ၏ Cyber ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် အခြားသူများ Online မိတ်ဖွဲ့မှုအား အသုံးပြု၍ အချက်အလက်များ စုဆောင်းကြောင်း (CNN) သတင်းဌာနမှ သတင်းထုတ်ပြန်ကြောင်း သိရှိရပါသည်။ ၎င်းစုဆောင်းရရှိသော အချက်အလက်များအား အသုံးပြု၍ ပစ်မှတ်များ၏ Email များအတွင်းသို့ ၀င်ရောက်ကာ သတင်း အချက်အလက် စုဆောင်းပြီး ရောင်းစားခြင်း ပြုလုပ်သည်ဟု သိရှိရပါသည်။ Ghost Net ဟုခေါ်ဆိုသော Internet သူလျှို ကွန်ရက် အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ရှိသော အစိုးရ၊ သံရုံး၊ နေတိုးအဖွဲ့၊ သတင်းမီဒီယာ အချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်း ပိုင်သော Computer တစ်ထောင်ကျော် အတွင်းသို့ ၀င်ရောက်ပြီး သတင်း အချက်အလက်များ ရယူခဲ့ကြောင်း ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါနိုင်ငံ ပညာရေး အဖွဲ့အစည်းများ၏ သုတေသီမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသတင်း အချက်အလက် စုဆောင်းရေး သူလျှို ပြုလုပ်မှု ပုံစံအား လေ့လာရာတွင်လည်း ပစ်မှတ် အဖွဲ့အစည်းများရှိ လူပုဂ္ဂိုလ်များအား Online Chatting၊ Datting၊ Social Website နှင့် Blogs များမှတဆင့် ရင်းနှီးမှုရအောင် ပထမဦးစွာ ပြုလုပ်ကြကြောင်း တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်များ၏ Computer များမှတဆင့် ပစ်မှတ် အဖွဲ့အစည်း အတွင်းရှိ Computer များတွင်ရှိသော အချက်အလက်များနှင့် Email များသာမက Video Camera များနှင့် Microphone အသုံးပြု၍ စကားပြောသော အကြောင်းအရာများကို ရယူသွား ကြောင်း သိရှိရပါသည်။ ထိုကြောင့် Nato အဖွဲ့သည် Internet အား စစ်မြေပြင် တစ်ခုအနေဖြင့် သိမြင်လာကြပြီး စစ်နည်း ဗျူဟာတစ်ခု ကျင့်သုံးဖို့ လိုကြောင်း သဘောပေါက်လာကြခြင်း ဖြစ်ပါသည်။

၁၀။ ယခုအခါတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကိစ္စအရပ်ရပ်များသည် Internet ကွန်ရက်ပေါ် မှီခိုအားထားလာရသည် ဖြစ်သဖြင့် မသမာသူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ နေ၍ Internet တိုက်ခိုက်မှု နည်းလမ်းများအား အသုံးပြု၍ အမျိုးမျိုး အနှောက်အယှက် ပေးလာကြောင်း သိရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် ဂျာမနီ အပါအ၀င် နေတိုး အဖွဲ့ဝင် နိုင်ငံများသည် အတွင်းစည်း Cyber လုံခြုံရေး ဗဟိုဌာန တစ်ခု Estonia နိုင်ငံ Tallin မြို့တွင် တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းဌာနတွင် ၀န်ထမ်းပေါင်း ၃၃ ဦးရှိပြီး Internet ပေါ်မှတဆင့် တိုက်ခိုက်နိုင်သော Computer Virus များ၊ အန္တရယ်ရှိသော Social Network အသုံးပြုသူများနှင့် Meeting ပြုလုပ်မှုများအား စဉ်ဆက် မပြတ် လေ့လာဆန်းစစ်ကာ သတိ ထုတ်ပြန့်မှုများနှင့် ကာကွယ်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

၁၁။ တရုတ်နိုင်ငံတွင်လည်း ၎င်း၏ တပ်မတော်သားများအား Blogs ရေးသားခြင်း၊ Social Network များ အသုံးပြု၍ Online Dating နှင့် Chatting ပြုလုပ်ခြင်းများအား တားမြစ်ထားသည့် စည်းကမ်းချက်များ ထုတ်ပြန့်ထားကြောင်း လေ့လာ သိရှိရပါသည်။ တရုတ်နိုင်ငံ တပ်မတော်ရှိ တပ်မတော်သား ၂.၃ သန်းကျော်အား သတင်းပေါက်ကြားမှု ထိန်းသိမ်းရန် Internet မှတဆင့် ချိန်းဆို ဆက်သွယ်မှု ပြုလုပ်ခြင်းအား တားမြစ် ပိတ်ပင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ် တရုတ်သတင်းစာနှင့် Media များတွင် တွေ့ရှိရပါသည်။ ထိုတားမြစ် ပိတ်ပင်ရာတွင် ကိုယ်ပိုင် Blogs များ ရေးသားခြင်း၊ Chatting ပြုလုပ်ခြင်း၊ Social Website များသို့ ၀င်ရောက် အသုံးပြုခြင်း၊ Forum များသို့ ၀င်ရောက် ဆွေးနွေးခြင်း၊ Message များ ပေးပို့ခြင်းနှင့် Internet Cafe များသို့ သွားရောက် အသုံးပြုခြင်းတို့အား တားမြစ်ထားကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါ Internet အသုံးပြုမှုများမှတဆင့် မိမိတို့၏ Online မှ အသိမိတ်ဆွေများအား မိမိတို့ တပ်ဖွဲ့အကြောင်းများ၊ သွားရောက်ရမည့် နေရာ၊ အသုံးပြုသော ယာဉ်များ၊ ကိုင်ဆောင်ရသော လက်နက်များနှင့် တပ် တည်နေရာ အစရှိသော စစ်ရေးဆိုင်ရာ သတင်းများကို Internet မှ ဆက်သွယ် အသုံးပြုရာတွင် အမှတ်တမဲ့ ပြောဆိုမိတက်ကြသောကြောင့် ဖြစ်ပါသည်။ ၎င်းအချက်များကို အခွင့်ကောင်းယူ၍ ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ အကျိုးအမြတ် ရယူသွားခြင်းကို ကာကွယ်ရန်အတွက် ပိတ်ပင်ခြင်း ဖြစ်ကြောင်း ယူဆရပါသည်။

၁၂။ အထက်ပါ အချက်အလက်များပေါ် မူတည်၍ သတင်း အချက်အလက် နည်းပညာ ပြိုင်ဆိုင်မှုများနှင့် ထပ်မံပေါ်ပေါက်လာသော နည်းပညာရပ်များအား မိမိတို့အနေဖြင့် အချိန်နှင့် တပြေးညီ သိရှိရမည့်နည်းတူ လုံခြုံရေးအသိ ရှိရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။ Internet အသုံးပြုမှု လုံခြုံရေးနှင့် ပတ်သက်၍ လေ့လာရာတွင် အခြေခံ အချက်အနေဖြင့် ၄ ပိုင်း တွေ့ရှိရပါသည်။ ၎င်းတို့မှာ

၁။ Network Security Policy
၂။ Administrator’s Skill
၃။ Realtime Monitoring
၎။ အသုံးပြုသူများ၏ လုံခြုံရေးအသိ ဟူ၍ ဖြစ်ပါသည်။

၁၃။ Network Security Policy အနေဖြင့် မိမိအဖွဲ့အစည်း၏ လုံခြုံရေး အန္တရယ် ဖြစ်စေနိုင်သော Online ဆက်သွယ်မှုများ ပြုလုပ်မှုနှင့် Social Network များအား အသုံးပြုမှုများအား မိမိ Network အတွင်းတွင် အသုံးပြုခွင့် မရရှိစေရန် ပိတ်ပင်ထားခြင်းအား ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း အသုံးပြုသူ၏ အမှန်တကယ် လိုအပ်ချက်ပေါ် မူတည်၍ အဆင့် သတ်မှတ်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ အမှန်တကယ်အားဖြင့် Network Security Policy သည် သက်ဆိုင်ရာဌာန၏ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်ပေါ်တွင်သာ မူတည်ပါသည်။ Administrator ၏ ကျွမ်းကျင်မှုမှာလည်း Internet လုံခြုံမှုဆိုင်ရာ အစိတ်အပိုင်းတွင် အရေးကြီးသော အပိုင်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာ ဌာန၏ ချမှတ်ထားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များအား အကောင်အထည်ဖော် လုပ်ဆောင်ရသောသူ ဖြစ်သောကြောင့် ဖြစ်ပါသည်။ Real time Monitoring ပြုလုပ်၍ မိမိ Network အတွင်းရှိ Internet အသုံးပြုမှုအား စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်ပြီး အန္တရယ်ရှိသော ဆက်သွယ်မှုများအား ပိတ်ပင်ရန် Security Group အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်မှာလည်း အင်မတန်မှ အရေးကြီးလှပါသည်။ မည်သို့ပင် လုံခြုံရေး တင်းကြပ်သော Network Security ပိုင်းဆိုင်ရာ တားမြစ်ချက်များ ချမှတ်ထားစေကာမူ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ပါသည်။ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာရှိမှုသည် Network Administrator ပေါ်တွင် မူတည်ပါသည်။ Network Administrator အနေဖြင့် မိမိ Network အတွင်ရှိ Internet အသုံးပြုသူများအား လုံခြုံရေးဆိုင်ရာ အသိပညာ ရရှိစေရန် ဟောကြားခြင်း၊ ညွှန်ကြားခြင်း အစရှိသည်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ မိမိတို့၏ Network တွင် အန္တရယ်ရှိသော Internet သုံးစွဲမူ မရှိစေရန်အတွက် Content Filtering၊ Instant Messaging Interception System၊ Mail Filter System နှင့် Interception System အစရှိသည့်တို့အား သုံးစွဲထားသင့်ပါသည်။ လုံခြုံရေး အသိရှိစွာဖြင့် Internet အား အသုံးပြုမည်ဆိုပါက Internet သည် အသုံးပြုသူအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါသည်။ ထို့ကြောင့် Internet အသုံးပြုမှုဆိုင်ရာ လုံခြုံရေး အသိရှိစေရန် ကြိုးစားသင့်ပါသည်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!