လေယာဉ်ရဲ့ First Classနဲ့ Business Classမှာထိုင်တဲ့
အောင်မြင်သူတွေရဲ့အကျင့်တွေက ဘာတွေဖြစ်နိုင်မလဲဆိုပြီး
လေယာဉ်မယ်အယောက်၈ဝခန့်က သူတို့ကိုယ်တိုင်အကဲခတ်စောင့်ကြည့်ခဲ့တဲ့
အောင်မြင်သူတို့ရဲ့အပြုအမူ၊ အကျင့်တွေကို အခုလိုဖော်ပြလိုက်ပါသတဲ့။
အဲဒီအောင်မြင်သူတွေဟာ လေယာဉ်စီးချိန်မှာ စာအုပ်နဲ့လက်မခွာသူတွေရှိသလို
တချို့က မှတ်စု၊ မှတ်တမ်းရေးနေတာမျိုး၊ တချို့က စီးပွားရေးသတင်းစာတွေ ဖတ်နေတာမျိုး... ဆိတ်ငြိမ်တဲ့နေရာလပ်တစ်ခုနဲ့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်နေတတ်ကြတယ်လို့ ဆိုပါတယ်။
စာဖတ်တာဟာ အကျင့်ကောင်းတစ်ခုပါ။
စာဖတ်တိုင်း အောင်မြင်မယ်မဆိုနိုင်ပေမယ့် စာမဖတ်ရင်တော့ နောက်ကောက်ကျန်ခဲ့မှာကတော့ အသေအချာပါပဲ။
************************************
စိတ်ခံစားချက်တွေ ဘယ်လောက်ပဲဆိုးနေလည်း
အဲဒီခံစားချက်အပျက်တွေကို မျက်နှာပေါ်ထင်ဟပ်မပြပါနဲ့
ဘယ်သူကမှ အဲဒီရုပ်ကို နှစ်သက်မှာမဟုတ်လို့ပါ။
ဘယ်လောက်ပဲ ဆင်းရဲကြပ်တည်းလည်း
အဲဒီဆင်းရဲကြောင်းကို ပါးစပ်ဖျားမှာအမြဲချိတ်ဆွဲမထားပါနဲ့
ဘယ်သူကမှ အကြောင်းမရှိဘဲ ပိုက်ဆံအလကားပေးကမ်းမှာ မဟုတ်လို့ပါ။
အလုပ်တွေ ဘယ်လောက်ပဲမောပန်းလည်း မကျေမနပ်မညည်းတွားပါနဲ့
ဘယ်သူကမှ ခြွင်းချက်မဲ့ သင့်အစားလုပ်ပေးနိုင်မှာ မဟုတ်လို့ပါ။
နေ့ရက်တွေ ဘယ်လောက်ပဲပင်ပန်းလည်း ယုံကြည်ချက်တွေ မပျောက်ဆုံးပါစေနဲ့
အကြောင်းက လှပကောင်းမွန်တဲ့အရာတွေက မနက်ဖြန်မှာရှိနိုင်လို့ပါ။
အကျင့်စရိုက် ဘယ်လောက်ပဲဆိုးလည်း လူကြီးမိဘကိုရိုသေလေးစားပါ
အကြောင်းက သင်လည်း တစ်နေ့အိုရမှာမို့ပါ။
99 sanay

လာလည်သွားပါတယ်ခင်ဗျာ
ReplyDeleteအောင်မြင်တဲ့ ဘလော့တစ်ခုဖြစ်ပါစေ