Tuesday, February 24, 2015

အမေရိကန် သမတရွေးကောက်ပွဲကာလမှာဖတ်လိုက်

ရတဲ့ Men's Health Magazine ထဲက Life & Style ကဏ္ဍမှာ ခေါင်းဆောင်ဖြစ်ဖို့လူတိုင်းရှိသင့်တဲ့ အခြေခံ(၁၀)ချက် ကို လူတိုင်းနားလည်လွယ်၊မြင်လွယ်အောင် ပေါ့(ပ်) မဂ္ဂဇင်းဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးလေးရေးထားတာတွေ့ တဲ့အတွက် ဘာသာပြန်မိပြီး တဆက်ထဲ မြန်မာပြည် လက်ရှိအခြေအနေ တွေ နဲ သွား ယှဉ်ကြည့်လိုက်တဲ့အခါ..

အောင်မြင်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ ဒီအခြေခံ ၁၀ ချက်အရင်ပြည့်စုံရမယ်ဆိုပဲ..... .


၁။ သူတပါးကို လေးစားတတ်ခြင်း

ဂျွန် အက်(ဖ)ကနေဒီ ဟာ ဂျာမဏီ နိုင်ငံအလည်ရောက်တဲ့အချိန်တုန်းက ဘာလင်မြို့ သူမြို့ သား တစ်သိန်း နှစ်သောင်း ရှိ တဲ့ပရိသတ်ကြီး ရှေှ့မှာ မိမိဘာသာ နှိမ့်ချပြီး သူ့  မိန့်  ခွန်းလာနားထောင်တဲ့ လူအများစုကြီးကို လေးစားတာပြတဲ့ အနေနဲ့ ၊ ကိုယ့်နာမည် ကို J.F ကနေဒီ အစား သာမာန် ဒိုးနတ်လေးတစ်ခုပါပဲ (a doughnut )လို့ ပြန်ခေါ်ပြသွားပါတယ်။ ဒါ့အပြင် ဒေသ ခံတွေရဲ့ စကားကို တစ်လုံးချင်း ကြိုးစားပြောသွားပါသေးတယ်။

(ဒါမျိုး တွေ ဗိုလ်ချုပ်အောင်ဆန်း အထုပတ္တိထဲမှာ တွေ့ နိုင်ပါတယ်။နောက်ပိုင်းတော့ ပြောတတ်ဘူး)

၂။ စိတ်ထိန်း၊ သည်းခံတတ်ခြင်း

ဂျွန်အက်(ဖ)ကနေဒီပါပဲ။ ကျူးဘား နိုင်ငံ တာဝေးပစ်ဒုံးကျည် အရေးအခင်း ကာလ မှာ ကျူးဘားမြို့ တော် ဟာဗားနား ကိုမီးတင်ရှို့ ဖို့ အချက်ပေးတာ မျိုးမလုပ်ခဲ့ ဘဲ၊ ကျူးဘားဖြစ် လက်နဲ့ လိပ်တဲ့ ဟာဗာနား တံဆိပ် ဆေးပြင်းလိပ် ကြီး တစ်လိပ် ကို မီးညှိသောက်ပြခဲ့ပြီး ဆိုဗီယက်တွေရဲ့ မာန်တွေနဲ့  ဒေါသကိုပြေလျော့ကျစေခဲ့ပါတယ် "lighting up a Havana, not lighting up Havana" လို့ ဆိုစ မှတ်ဖြစ်ခဲ့ပါတယ်။အဲဒိလို တကယ်လို့ များ နောက်တစ်ကြိမ် သင့် အလုပ် စားပွဲဘေးမှာ တယ်လီဖုန်းအနီလေး (Red Phone) တစ်လုံးအနား သင်ရောက်နေခဲ့မယ်ဆိုရင် ဒီအကြောင်းလေးတွေးလိုက်ပါတဲ့။

(Red phone ဆိုတာကတော့ အရေးအခင်းအကြီးကြီး တွေမှာ အစိုးရထိပ်သီးခေါင်းဆောင်ပိုင်းတွေ အချင်းချင်း လျို့  ၀ှက် ပြောဖို့ တိုက်ရိုက် ဆက်သွယ်ပေးထားတဲ့ တယ်လီဖုန်းလိုင်းကိုခေါ်တာပါ။ )

(မြန်မာပြည်က ၁၉၇၄၊ ၈၈၈၈ နဲ့ု စက်တင်ဘာ ရွေဝါရောင်ကာလ တွေမှာတော့ ဒီအနီရောင်ဖုန်း လိုင်းတွေပြောခွင့်ရှိသူများ ပြောနေရင်းကထိန်းချုပ်သတိချပ်သုံးသပ်ဖို့ နေနေသာသာ၊ ဒေါသ မီးတွေ ဟုန်းဟုန်းတောက်လို့ လိုင်း တွေပြတ်ကျမတတ်ဖြစ်ခဲ့ပုံ ရပါတယ်။ မြန်မာ့ ဖုန်းနီကလေးတွေ ရဲ အဲဒိ အာဃာတ စက်ကွင်းကြောင့်နောက်ဆက်တွဲ ကျောင်းသားသမ၈္ဂ အဆောက်အဦး ဒိုင်းနမိုက် စာမိခဲ့သလို ၊ လမ်းတွေပေါ်မှာ အပြစ်မဲ့ ကျောင်းသား၊ရဟန်းရှင်လူ၊ ပြည်သူအသက်ပေါင်း၊ ဘ၀ပေါင်း များစွာ ဆုံးရှုံးခဲ့ရပါတယ်။)

၃။ ပွင့်လင်းသော စိတ်ဓာတ်ရှိ ခြင်း(သို့ ) အမြင်ကျယ်ခြင်း

ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့  အကြံဥာဏ်ကောင်း လိုအပ်ပါသလား၊ သင့်ကို အမြဲတန်း သဘောမတူု ဆန့် ကျင်နေတဲ့ လူဆီကိုသွားပါ တဲ့။ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ အမေရိကန် သမတ အီဗရာဟင်လင်ကွန်း ဟာ သူ့  အစိုးရကက်ဘိနက်အဖွဲ့ ဝင်တွေကို အတိုက်အခံတွေ နဲ့ ဖွဲ့ စည်းခဲ့ပါတယ်။ ဘေ့(စ)ဘော(လ်) ချန်ပီယံ Jete အကြောင်းသိချင်ရင် သူ့ ပြိုင်ဘက် Red Sox ပရိသတ်ကိုသွား မေးကြည့်လို့ ရသလို ပေါ့။ဒီလိုပဲ အာစန်နယ် အားနည်းချက်တွေကို မန်ယူ ပရိသတ် နဲ့ ချယ်(လ)ဆီး ပန်ကာ တွေဆီ သွားမေးကြည့်၊သိနိုင်သလိုမျိုးပါ။

(မြန်မာပြည်မှာလဲ သွားမေးကြည့်နိုင်ပါတယ်။ အတိုက်အခံတွေက လင်ကွန်း ကက်ဘိနက်ထဲမှာ လို တော့မဟုတ်ပါ။ သူတို့ အများစုရှိတဲ့နေရာရောက်ဖို့ တော့ ခရီးစရိတ်က မသေးပါ။ တွေ့ ခွင့်ရချင်မှလဲရပါမယ်။ အနည်းဆုံး ဂမ်ဘာရီအဆင့် လောက်တော့ လိုမယ်ထင်တာပဲ။)

၎။ စိတ်အား ထက်သန်ခြင်း

အကောင်းဆုံး စိတ်ကူးစိတ်သန်းတွေဟာ တရားမျှတတဲ့ ဆုံးဖြတ်မှု၊ ဝေဖန် သုံးသပ်မှု တော်တော် များများကိုဆွဲခေါ် လာတတ်ပါတယ်။ ခင်ဗျားရဲ ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ အပြုံးလေးကိုသာထိန်းသိမ်းထားပါ။ တခြားသူတွေခင်ဗျား လုပ်ချင်တာ ကိုပူးပေါင်းဆောင်ရွက်လာပါလိမ့်မယ်။

(ဒါတော့စံမီပါတယ်။ ထိုင်ခုံမြဲရေး စိတ်အားထက်သန်လို့  စိတ်ကူးလေးတွေကောင်းခဲ့ လိုက်တာ ဒီပဲယင်း နဲ့ တံတားနီ ဟာ သမိုင်းမှာမရှုမလှပါပဲ။ အခွင့်အရေးတန်ခိုးနဲ့ ဝါးရင်းဒုတ်ယိမ်း ကပြီး ၀င်ရောက်ပူးပေါင်း ကြသူ လူမိုက်များလဲ ဒုနဲ့ ဒေးပါ)

၅။ တာဝန်ခံခြင်း

အမှားကြီးလေ၊ တောင်းပန်ရလေ တဲ့။အမေရိကန်သမတ ကလင်တန် ဟာ မိုနီကာ လူးဝစ်စကီး ဆိုတဲ့မိန်းမသားတစ်ဦး ကို ရှစ်ခါတိတိ ၀န်ချ တောင်းပန်စကား ဆိုခဲ့ပါတယ်။ လူတွေ မသိသေးတဲ့အရာတွေကပဲ သင့်ကို အံ့အားသင့်စေမှာဖြစ်ပါတယ်။

(ကျောင်းသား နဲ့ ရဟန်းတွေအပေါ်ကျူးလွန်မိတဲ့ အပြစ်လေးတွေ အတွက် တောင်းပန် စကား ပြောဖို့  ၀န်လေးလို့ ၊ အဖြစ်မှန်တစ်ခု ကို အမှန်အတိုင်းဖော်ပြဖို့ တောင်းဆို တာကို ငြင်းပယ်ခဲ့လို့ ၊ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလို ၈၈၈၈ နဲ့  စက်တင်ဘာအရေး အခင်းတွေဖြစ်ခဲ့တဲ့အပေါ် တာဝန်ခံမည့်သူ ရှိခဲ့ပါပီလား။)

၆။ နှိမ့်ချတတ်ခြင်း

George W Bush ဟာ လူမည်း (အာဖရိကန်) ကချေသည်တွေ နဲ တွဲကခဲ့တာ ချစ်ကြည်ရေး အတွက်ရည်ရွယ်ခဲ့ပေမယ့် အဆုံးမှာ သူဟာ YouTube က ဟာသ တစ်ခု ပြကွက်တစ်ခုလို ရယ်မောဖွယ် အဆုံးသတ်ပြခဲ့တယ်။ ကိုယ့် ရဲ့ အားနည်းချက်ကို သိခြင်းဟာကိုယ့်ရဲ့ အားသာချက်အစွမ်းအစတွေကို မြှင့်တင်ပေးဖို့ လိုသလောက်ကို အရေးကြီးပါတယ်တဲ့။

(နှိမ့်ချသလားဆိုတော့၊ မနေ့ ကပဲ ခေတ်ပြိုင် မှာ သတင်းဖတ်လိုက်ရတယ်။ သတင်းက ဘယ်လောက်သေချာသလဲတော့မသိဘူး။ ကြားရတာတော့ မကောင်း။ ဘီလိယက်ထိုးဂေါ့ဖ်ရိုက်နေတဲ့ ၀န်ကြီးကိုဘီယာငှဲ့ ပေးရတဲ့ တာဝန်ပေးခံရလို့ ဝန်ထမ်းတွေစိတ်ဓါတ်ကျ နေတဲ့အကြောင်း၊ သစ်ပင်ရှင်အောင် မစိုက်ရင်ထမင်းအိုးလဲကွဲမှာဖြစ်ကြောင်း။
၇။ စာနာ၊ နားလည်တတ်ခြင်း

တခြားသူများကျင်လည် ရှင်သန်နေရတဲ့ သူ တို့ ကမ္ဘာ၊ ဘ၀ နဲ့ ယှဉ်ပြီး စာနာဆုံးဖြတ်ပါ။ ပါပူးဝါးနယူးဂီနီ က ယောကျာ်းတွေ အရှက်လုံ ၊အင်္ဂါလုံရုံ လောက်ဖုံးထားတဲ့ လန်ကွတ်တီ နံပိုင်းလေးဝတ်ထားတာကို သွားပြီး အသုံးမကျတဲ့ အလကားလူတွေလို့  သွားပြောမယ်ဆိုရင် သူတို့ ကလဲ ဆီတစ်ဂါလံ ၁၅ မိုင်လောက် သွားဖို့ ပဲသုံးနိုင်တဲ့ SUV ကားကြီး စီးနေတဲ့ ခင်ဗျား ကိုဘယ်လိုဆုံးဖြတ်မလဲတွေးကြည့်ပါ တဲ့။

(နိုင်ငံတကာထောက်ပံ့မှု အပြည့် ခံစားခွင့်မရခဲ့ဘဲ၊ ဖား ငါးရှာစားကြလို့ အကြံပေးခံရတဲ့ နာဂစ် ဒါဏ်ခံရတဲ့ပြည်သူတွေ က၊ ပြည်သူ့ အခွန်ငွေတွေနဲ့ စင်္ကာပူဆေးသွားကုမယ့် လူများကိုဘယ်လိုမြင်ပါလဲ လို့ တွေးကြည့်ခိုင်းသလိုမျိုး ထင်တာပဲ)


၈။ တာဝန်သိခြင်း

စစ်မြေပြင်မှာ ခင်ဗျားဟာ စစ်ဦးချုပ်ကြီ်းဖြစ် နေ တာ၊ တပ်ခွဲ တပ်စုမှုးကလေးဖြစ်နေတာ ဆိုတဲ့ အချက်တွေက အရေးမကြီးပါဘူး။ ကိုယ်ဦးစီးရတဲ့ ကိုယ့်တပ်ဘာတွေလုပ်နေတာ မသိရင်ခင်ဗျားဟာ စစ်မြေပြင် ရဲ့ အလွန်အလှမ်းဝေးတဲ့ဆီ မှာ ဖယ်ရှားခံအဖြစ်ရောက်နေသလိုမျိုးပဲဖြစ်လိမ့်မယ်။

(ဒါတော့ နံပါတ် ၂ နဲ့ ၅ က အဖြစ် တွေနဲ့ ဆက်စပ်နေတယ်ထင်တာပဲ။ သိကျွမ်းသူများဖြည့်စွက်သွားနိုင်ပါတယ်။ဲ)

၉။ အစပျိုးပြီးလမ်းဆောင်ပြတတ်ခြင်း

အတိတ်က ကိုယ်ဘာတွေလုပ်ခဲ့ပြီးပြီ ဆိုတာတွေကိုထိုင် ပြောနေမယ့်အစား ကိုယ်ဘာလုပ်ချင်တယ်၊ ဘာလုပ်မယ်ဆိုတာကို ပိုပြီးပြောပြပါ။ သင့် resume ကိုယ်ရေးအချက်အလက်အကျဉ်း ကို စိတ်အ၀င်စားဆုံးလူဟာ အဲဒါကို မိတ္တူဆွဲပြီး Staples ချုပ်စက် နဲ့ ဖိုင်တွဲပေးရမယ့်လူပဲဖြစ်တယ်။

(လူနေမှု ၀န်းကျင် အခြေခံအဆောက်အဦးဖြစ်တဲ့၊ ပြည်သူ့ အခွန်ငွေတွေနဲ့ ဆောက်တဲ့ တံတားတွေ၊ လမ်းတွေ ချည့်၊ ပဲ ထိုင်ထိုင်ပြောနေမယ့်အစား၊လွန်ခဲ့တဲ့အနှစ် ၂၀ ထဲက ချမှတ်ထားတဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊လှုမှုရေး ဦးတည်ချက်တွေဘယ်တော့ပြည့်အောင်လုပ်နိုင်မလဲပဲ ကြားချင်ပါတယ်။ မလုပ်နိုင်တော့လဲ လုပ်နိုင်မယ့်လူ လုပ်ပါစေ။ မြန်မာကာရာအိုကေအခွေတွေ ကြည့်တိုင်း ၊အဲဒါတွေကျော်ကျော်နေရတာ လဲအများပြည်သူ၊ လက်ညောင်းလှပါပြီ။ )

၁၀။ သံတမန်ဆန်ခြင်း

ဒီအချက်ကိုတော့အင်မတန်ပေါ့ပါးတဲ့ဥပမာလေးနဲ့ ပြသွားပါတယ်။ သင့် ရည်းစားဖြစ်သူက သူဘယ်လို နေလဲ၊ကြည့်ပါဦး လို့ သင့်ကိုမေးလာတဲ့အခါမှာ၊ နူကလီးယား လက်နက်ပုံကြီး ပေါ်ဖင်ခုထို င် ရင်းဖြေရှင်းရမယ့် နိုင်ငံရေးအလား သူ (သို့ )သူမ ကို အရေးတယူဖြေပြပါတဲ့။ အငြင်းပွားဖွယ်အလျဉ်းမရှိသော ပြဿနာဖြေရှင်း ခြင်းနည်းလမ်း သာလျင် နှစ်ဖက် ယုံကြည်မှုနှင့် ဆက်ဆံရေးပျက်ပြားမည့်အရေးကိုရှောင်လွဲနိုင်မည့် စိတ်အချရဆုံး သော နည်းလမ်းဖြစ်ပေသည်။

အဲဒိ ၁၀ ချက်ကတော့ Men's Health Magazine တစ်ခုက Life & Style ကဏ္ဍမှာရေးထားတဲ့ အချက်တွေပါ။
POPမဂ္ဂဇင်းဆိုတော့သိပ်အလေးအနက် တည်တည်တံ့တံ့ကြီးတွေတော့မပါ ပါဘူး။ ခေါင်းဆောင်ကောင်း ရဲ့  ဂုဏ်အင်တွေသေချာလေ့လာချင်ရင်တော့စာအုပ်တွေများပါတယ်။ ယူတတ်ရင် ၅၅၀ ဇာတ်နိပါတ်ထဲမှာ တောင်ပါပါသေးတယ်။ ဒီပေါ့(ပ်)မဂ္ဂဇင်းထဲက အများမြင်လွယ်မယ့် ဥပမာလေးတွေပေးပြီး ခေါင်းဆောင် ဖြစ်သင့်တဲ့အခြေခံ အင်္ဂါရပ်တွေကို အပေါ်ယံလေးရေးပြထားတာပါ။သိပ်မနက်နဲပေမယ့် မှတ်သားစရာတွေပါ။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!