Saturday, February 14, 2015




အမျိုးသားအတော်များများက မိန်းမတွေကို လက်ထပ်လိုက်ပြီဆိုရင် သူတို့ပျော်ရွှင်မှုအတွက် အသုံးတော်ခံအဖြစ်သာ ထင်မှတ်ထားတတ်ကြများပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်စေလိုပါတယ်…

သင့်အတွက် သူမအနေနဲ့ ဘာတွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ မိန်းမသားအများစု အိမ်ထောင်ပြုတဲ့အခါ ဒါတွေကို အနည်းအများ လုပ်ကြရတာချည်းပါပဲ။ သူမ… သူ့နာမည်ပြောင်းခဲ့ရတယ်
သူအိမ် ပြောင်းနေ ရတယ်မိသားစုကို ထားခဲ့ရတယ်သင်နဲ့အတူ အိုးအိမ်တစ်လုံး လက်တွဲထူထောင်ရတယ်
သင့်အတွက် ကိုယ်ဝန်လွယ်ပေးရတယ်ကိုယ်ဝန်ကြောင့် သူ့ခန္ဓာကိုယ် အချိုးအစားပြောင်းလဲခဲ့ရတယ်
သူမခန္ဓာကိုယ် အဆီတွေတက်လာတယ်ခံနိုင်ရည်ရှိဖို့မလွယ်ကူတဲ့ ကလေးမွေးဖွားတဲ့ နာကျင်မှုဝေဒနာတွေကြောင့် သားဖွားဆောင်တွင် သူပိုင်ဆိုင်ထားသမျှ အကုန်အစင်  စွန့်လွှတ်ခဲ့ရတယ်။ သူမွေးခဲ့တဲ့ ကလေးတွေတောင် သင့်နာမည် မည့်ပေးရတယ်။

သူသေသွားတဲ့အချိန်ထိတိုင် သူလုပ်ခဲ့သမျှ (အချက်အပြုတ်၊ အိမ်သန့်ရှင်းရေးအလုပ်၊ သင့်မိဘကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ကလေးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခြင်း၊ ဝင်ငွေရှာခြင်း၊ သင်သက်သက်သာသာရှိနေနိုင်အောင် ဖန်တီးပေးခြင်၊ မိသားစုတစ်ခုလုံးရဲ့ ဆက်
ဆံရေးကို ထိန်းချုပ်ပဲ့ကိုင်ပေးခြင်း၊ သင့်အတွက် အကျိုးဖြစ်ထွန်းစေခဲ့သမျှ အရာတွေ၊ တခါတရံ သူမအသက်၊ ဝါသနာ နဲ့ အလှအပကိုတောင် အရှုံးခံလျက်နဲ့ပေါ့။

ဒီလိုဆိုရင် တကယ် အဖြည့်ခံဘဝနဲ့ သင့်အတွက်ရှိနေပေးတာ ဘယ်သူဖြစ်မလဲ…
မိန်းမတစ်ယောက်ဖြစ်ရတာ မလွယ်ကူတဲ့အတွက် အမျိုးသားတွေ အမျိုးသမီးတွေကို ဘဝမှာ
 အမြဲတမ်း တန်ဖိုးထားနိုင်ကြပါစေ။

Credit : Trend Myanmar

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!