သင်၏ ဝမ်းနည်းကြေကွဲ စိတ်သည် သင့်ဦးခေါင်းထဲမှ အရာများကြောင့် သို့ မဟုတ် သင့်ဦးနှောက်ထဲ တွင်ရှိသော ဓာတုပစ္စည်းများ မညီမျှခြင်းကြောင့်ဟု ကျွမ်းကျင် သူများက ဆိုလာပါက သင်၏ ခံစားမှုကို မှေးမှိန်အောင်ပြု လုပ်ပြောဆို ခြင်း မဟုတ်ပါ။ လူတိုင်း၏ ဦးနှောက်သည် နေ့စဉ် ပျော်ရွှင်စရာ သို့မဟုတ် ဝမ်းနည်းစရာ သတင်းအချက်အလက်များကို သန်း ပေါင်း သန်းနှင့်ချီ၍ ပေးပို့လက်ခံလျက် ရှိသည်။ ပေးပို့လက်ခံသော သတင်းအ ချက်အလက်များ ညီမျှနေသ၍ အရာရာ အဆင်ပြေနေပါသည်။
သို့သော် ဦးနှောက်ပေါ်တွင် ဖိစီးမှု များစွာ သက်ရောက်လာသောအခါ Serotonin, Noradrenalin နှင့် Dopamine စသည့် ပျော်ရွှင်စရာ သတင်း အချက်အလက်များကို ပို့ဆောင်ပေး သော Neurotransmitter များ ကျ ဆင်းသည်ဟု Clare က ရှင်းပြသည်။ ဝမ်းနည်းကြေကွဲစိတ် ဆက်လက် ဖြစ်ပေါ်နေပါက ဝမ်းနည်းစရာ သတင်း အချက်အလက်များသည် ပျော်ရွှင်စရာ သတင်းအချက်အလက်များထက် ပို၍ များပြားလာ ပါသည်။
အချိန်ကြာလာ သည်နှင့် အမျှ လူ၏ ခံနိုင်ရည်ပေါ်မူတည် ၍ စုဝေးများပြားလာသော ၎င်းမညီမျှ မှုများကြောင့် စိတ်ကျရောဂါကို ဦးတည် နိုင်ပါသည်။ Clare ၏ အဆိုအရ သင်ဝမ်းနည်း ကြေကွဲစိတ်ခံစား ရသောအခါ ၎င်း Neurotransmitters များ ကျဆင်းသွားပြီး နုံးချည့်ခြင်းနှင့် စိတ်ဝင်စားမှု ကျဆင်း သွားခြင်းတို့ ခံစားရကြောင်း သိရသည်။ Serotonin သည် နှစ်ခြိုက်စွာ အိပ်မော ကျစေရန် အကူအညီပေးကာ ပျော်ရွှင် စရာ သတင်းအချက် အလက်ကို ပထမ ပို့ဆောင်ပေးသော ဓာတုပစ္စည်း ဖြစ်ပါ သည်။
ကိုယ်ခန္ဓာ၏ စွမ်းအင်ပေါ် သက် ရောက်မှုရှိသော Noradrenalin ပမာ ဏ ကျဆင်းသွားသောအခါ ကိုယ်ခန္ဓာ စွမ်းအင် ကုန်ခန်းသွားပါသည်။ Dopamine ပမာဏ ကျဆင်းပါက ပျော်ရွှင်မှု လုပ်ဆောင်ပေးသော စင်တာကို ဟန့် တားကာ ယခင်ပျော်ရွှင်စရာဆိုပြီး လုပ် ဆောင်ခဲ့သောအရာများကို ပျော်ရွှင်စရာ ဟု မထင်မြင်တော့ပါ။
0 comments:
Post a Comment