Tuesday, February 17, 2015

ညဘက်များတွင် tablet, လက်ကိုက်ဖုန်းနှင့် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည်။

သင်သည် ညမအိပ်မီ tablet နှင့် လက်ကိုင်ဖုန်း သုံးလျှင် မျက်စိမှ ၁၂ လက်မခန့် အကွာ အဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင်းကို သုတေသီများကလည်း အကြံပြုထားပါသည်။

ညဖက်တွင် အသုံးပြုနေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို LED မီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ် ပျောက်သွားတက်ပါသည်။

လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ။ ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ နှင့် လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည်။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့် အကွာ အဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင်း တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!